ပဲခူးမြို့ရှိ ဟံသာဝတီမြို့ဟောင်းကျုံးအတွင်း ဆယ်ကျော်သက်အရွယ်ကလေး (၃)ဦး ရေဆင်းကစားရာမှ ရေနစ်သေဆုံးမှုဖြစ်ပွား

 897

Pearl (NP News) - ဇွန် ၂၅

ပဲခူးမြို့၊ ဟံသာဝတီမြို့ဟောင်းကျုံးအတွင်း ဆယ်ကျော်သက်အရွယ် ယောက်ျားလေးတစ်ဦးနှင့် မိန်းကလေး (၂)ဦးတို့ ရေဆင်းကစားရာမှ ရေနစ်သွားခဲ့ကြောင်း ပဲခူးမြို့နယ် မီးသတ်စခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဇွန်လ ၂၄ ရက်) ၊ ညနေ (၃)နာရီခွဲ အချိန်ခန့်တွင် ပဲခူးမြို့ ၊ ရှင်စောပုရပ်ကွက်၊ ဟံသာဝတီကျုံးကူး တံတားအနီး၊ ဟံသာဝတီမြို့ဟောင်းကျုံးအတွင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပဲခူးမြို့ ၊ ဥဿာ (၆)ရပ်ကွက်တွင် နေထိုင်သော မောင်သုတထက် (၁၈)နှစ်၊ မထက်ပွင့်ဖြူ (၁၈)နှစ် နှင့် မသက်နှင်းစံ (၁၃)နှစ်တို့သည် အဆိုပါကျုံးအတွင်းရေဆင်းကစားရင်း မောင်သုတထက်သည်ရေနစ်သွားခဲ့ပြီး ၎င်းအား ဆင်းကယ်ရာမှ (၃)ဦးလုံး ရေနစ်သွားခဲ့ကြောင်း သိရသည်။

"သူတို့က စက်ဘီးနဲ့လာပြီး ရေဆင်းကစားတဲ့ပုံစံမျိုး၊ ကျုံးဟောင်းကလျှောဆင်းပြီး ရေဆော့တာမျိုးပေါ့။ အဲဒီလို လျှောဆင်းပြီး တစ်‌ယောက်က ရေနစ်တော့ ဆင်းကယ်ရင် (၃)ယောက်လုံးနစ်သွားတာ"ဟု ပဲခူးမြို့နယ်မီးသတ်၏ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါရေနစ်သူများအနက်မှ မထက်ပွင့်ဖြူအား ဇွန်လ ၂၄ရက် ၊ ညနေ (၄)နာရီအချိန်ခန့်တွင် သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ပြီး မသက်နှင်းစံအား ယနေ့ (ဇွန်လ ၂၅ ရက်) ၊ နံနက် (၈)နာရီ အချိန်ခန့်တွင် ၎င်းရုပ်အလောင်းအား ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ကျန်ရှိသော မောင်သုတထက်အား ရှာဖွေရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း အထက်ပါ တာဝန်ရှိသူမှ ဆက်လက်ပြောဆိုထားသည်။

zawgyi version
ပဲခူးၿမိဳ႕ရွိ ဟံသာဝတီၿမိဳ႕ေဟာင္းက်ဳံးအတြင္း ဆယ္ေက်ာ္သက္အ႐ြယ္ကေလး (၃)ဦး ေရဆင္းကစားရာမွ ေရနစ္ေသဆုံးမႈျဖစ္ပြား
Pearl (NP News) - ဇြန္ ၂၅

ပဲခူးၿမိဳ႕၊ ဟံသာဝတီၿမိဳ႕ေဟာင္းက်ဳံးအတြင္း ဆယ္ေက်ာ္သက္အ႐ြယ္ ေယာက္်ားေလးတစ္ဦးႏွင့္ မိန္းကေလး (၂)ဦးတို႔ ေရဆင္းကစားရာမွ ေရနစ္သြားခဲ့ေၾကာင္း ပဲခူးၿမိဳ႕နယ္ မီးသတ္စခန္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (ဇြန္လ ၂၄ ရက္) ၊ ညေန (၃)နာရီခြဲ အခ်ိန္ခန႔္တြင္ ပဲခူးၿမိဳ႕ ၊ ရွင္ေစာပုရပ္ကြက္၊ ဟံသာဝတီက်ဳံးကူး တံတားအနီး၊ ဟံသာဝတီၿမိဳ႕ေဟာင္းက်ဳံးအတြင္း ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ပဲခူးၿမိဳ႕ ၊ ဥႆာ (၆)ရပ္ကြက္တြင္ ေနထိုင္ေသာ ေမာင္သုတထက္ (၁၈)ႏွစ္၊ မထက္ပြင့္ျဖဴ (၁၈)ႏွစ္ ႏွင့္ မသက္ႏွင္းစံ (၁၃)ႏွစ္တို႔သည္ အဆိုပါက်ဳံးအတြင္းေရဆင္းကစားရင္း ေမာင္သုတထက္သည္ေရနစ္သြားခဲ့ၿပီး ၎အား ဆင္းကယ္ရာမွ (၃)ဦးလုံး ေရနစ္သြားခဲ့ေၾကာင္း သိရသည္။

"သူတို႔က စက္ဘီးနဲ႔လာၿပီး ေရဆင္းကစားတဲ့ပုံစံမ်ိဳး၊ က်ဳံးေဟာင္းကေလွ်ာဆင္းၿပီး ေရေဆာ့တာမ်ိဳးေပါ့။ အဲဒီလို ေလွ်ာဆင္းၿပီး တစ္‌ေယာက္က ေရနစ္ေတာ့ ဆင္းကယ္ရင္ (၃)ေယာက္လုံးနစ္သြားတာ"ဟု ပဲခူးၿမိဳ႕နယ္မီးသတ္၏ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါေရနစ္သူမ်ားအနက္မွ မထက္ပြင့္ျဖဴအား ဇြန္လ ၂၄ရက္ ၊ ညေန (၄)နာရီအခ်ိန္ခန႔္တြင္ ေသဆုံးလ်က္ျပန္လည္ေတြ႕ရွိခဲ့ၿပီး မသက္ႏွင္းစံအား ယေန႔ (ဇြန္လ ၂၅ ရက္) ၊ နံနက္ (၈)နာရီ အခ်ိန္ခန႔္တြင္ ၎႐ုပ္အေလာင္းအား ျပန္လည္ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ က်န္ရွိေသာ ေမာင္သုတထက္အား ရွာေဖြေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း အထက္ပါ တာဝန္ရွိသူမွ ဆက္လက္ေျပာဆိုထားသည္။

Related news

© 2021. All rights reserved.