နေအိမ်ခြံဝန်းအတွင်း စိုက်ပျိုးထားသည့် ကျွန်းပင်များကို မှတ်ပုံတင်ထားပါက နိုင်ငံပိုင်အဖြစ်သတ်မှတ်မည်မဟုတ်

 6063

ယွန်း (NP News) - ဇွန် ၂၅

မိမိနေအိမ်ခြံဝန်းအတွင်း စိုက်ပျိုးထားသည့် ကျွန်းပင်များကို မှတ်ပုံတင်ပြီးဖြစ်ပါက နိုင်ငံပိုင်အဖြစ် သတ်မှတ်ခြင်းမရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ မီဒီယာများသို့ အသိပေးပြောဆိုထားသည်။

နိုင်ငံတော်အတွင်း မည်သည့်နေရာဒေသများတွင်မဆို ပေါက်ရောက်နေသော ကျွန်းပင်သည် နိုင်ငံတော်ပိုင်ဖြစ်ကြောင်း ၂ဝ၁၈ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ ၈ ပုဒ်မခွဲ(က)တွင် ပြဋ္ဌာန်းထားရှိပြီးဖြစ်ကြောင်း သိရသည်။

သို့သော် သစ်တောဥပဒေပုဒ်မ ၈ ပုဒ်မခွဲ(ခ)အရ စိုက်ပျိုးထားသည့် ကျွန်းပင်များနှင့်စပ်လျဥ်းပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ ၂ဝ၂ဝ ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်တွင် ထုတ်ပြန်သော အမိန့်ကြေညာစာ အမှတ် ၁၁၃/၂ဝ၂ဝ ဖြင့် လုပ်ကိုင်သည့် သက်ဆိုင်ရာ ကုမ္ပဏီ၊ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများသို့ ပိုင်ဆိုင်ခွင့်ပြုသည်ကို ကြေညာထားကြောင်း သိရသည်။

အဆိုပါ အမိန့်ကြော်ငြာစာအရ သစ်တောမြေပြင်ပ၊ နေအိမ်ခြံဝန်း၊ ပုဂ္ဂလိက ပိုင်ဆိုင်သည့်မြေ၊ အများပိုင်မြေ၊ သာသနာ့မြေ၊ ဌာနဆိုင်ရာနှင့် တပ်ရင်းတပ်ဖွဲ့ပိုင်မြေများတွင် စိုက်ပျိုးထားပြီး သက်ဆိုင်ရာသစ်တောဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် ကျွန်းပင်များကို စိုက်ပျိုးလုပ်ကိုင်သူများကို ပိုင်ဆိုင်ခွင့်ပြုထားကြောင်း ဝန်ကြီးဌာနက ဆိုသည်။

ထို့ကြောင့် နေအိမ်ခြံဝန်းအတွင်းစိုက်ပျိုးထားသည့် ကျွန်းပင်များကို သစ်တောဥပဒေပုဒ်မ ၈ ပုဒ်မခွဲ(ခ) အရ သက်ဆိုင်ရာ သစ်တောဦးစီးဌာနတွင် မှတ်ပုံတင်ထားရမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် သစ်တောဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ မှတ်ပုံတင်ရေးသွင်း၍ မှတ်ပုံတင်စာရင်းရေးသွင်းမှုကိုလည်း လာရောက်လျှောက်ထားသူများအား လက်မှတ်ထုတ်ပေးကြောင်း ဝန်ကြီးဌာနက အသိပေးပြောဆိုထားသည်။

အဆိုပါ ဆောင်ရွက်မှုများသည် သစ်တောဦးစီးဌာနအနေဖြင့် နေအိမ်ခြံဝန်းအတွင်း စိုက်ပျိုးထားသည့် ကျွန်းပင်များနှင့် ပတ်သက်ပြီး သစ်တောဥပဒေပုဒ်မ ၈ ပုဒ်မခွဲ(ခ)နှင့်အညီ မှတ်ပုံတင်ပေးထားခြင်းသာဖြစ်ပြီး နိုင်ငံပိုင်သတ်မှတ်ခြင်းမရှိကြောင်း သိရသည်။

ထို့ပြင် နေအိမ်ခြံဝန်းအတွင်း ပေါက်ရောက်နေသည့် ကျွန်းပင်များကို တံဆိပ်ရိုက်မှတ်ခြင်းလည်း မရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

zawgyi version
ေနအိမ္ၿခံဝန္းအတြင္း စိုက္ပ်ိဳးထားသည့္ ကြၽန္းပင္မ်ားကို မွတ္ပုံတင္ထားပါက ႏိုင္ငံပိုင္အျဖစ္သတ္မွတ္မည္မဟုတ္

ယြန္း (NP News) - ဇြန္ ၂၅

မိမိေနအိမ္ၿခံဝန္းအတြင္း စိုက္ပ်ိဳးထားသည့္ ကြၽန္းပင္မ်ားကို မွတ္ပုံတင္ၿပီးျဖစ္ပါက ႏိုင္ငံပိုင္အျဖစ္ သတ္မွတ္ျခင္းမရွိေၾကာင္း သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဦးစီးဌာနမွ မီဒီယာမ်ားသို႔ အသိေပးေျပာဆိုထားသည္။

ႏိုင္ငံေတာ္အတြင္း မည္သည့္ေနရာေဒသမ်ားတြင္မဆို ေပါက္ေရာက္ေနေသာ ကြၽန္းပင္သည္ ႏိုင္ငံေတာ္ပိုင္ျဖစ္ေၾကာင္း ၂ဝ၁၈ ခုႏွစ္၊ သစ္ေတာဥပေဒပုဒ္မ ၈ ပုဒ္မခြဲ(က)တြင္ ျပ႒ာန္းထားရွိၿပီးျဖစ္ေၾကာင္း သိရသည္။

သို႔ေသာ္ သစ္ေတာဥပေဒပုဒ္မ ၈ ပုဒ္မခြဲ(ခ)အရ စိုက္ပ်ိဳးထားသည့္ ကြၽန္းပင္မ်ားႏွင့္စပ္လ်ဥ္းၿပီး သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး႐ုံး၏ ၂ဝ၂ဝ ခုႏွစ္၊ ေအာက္တိုဘာလ (၁၄)ရက္တြင္ ထုတ္ျပန္ေသာ အမိန႔္ေၾကညာစာ အမွတ္ ၁၁၃/၂ဝ၂ဝ ျဖင့္ လုပ္ကိုင္သည့္ သက္ဆိုင္ရာ ကုမၸဏီ၊ ပုဂၢိဳလ္၊ အဖြဲ႕အစည္းမ်ားသို႔ ပိုင္ဆိုင္ခြင့္ျပဳသည္ကို ေၾကညာထားေၾကာင္း သိရသည္။

အဆိုပါ အမိန႔္ေၾကာ္ျငာစာအရ သစ္ေတာေျမျပင္ပ၊ ေနအိမ္ၿခံဝန္း၊ ပုဂၢလိက ပိုင္ဆိုင္သည့္ေျမ၊ အမ်ားပိုင္ေျမ၊ သာသနာ့ေျမ၊ ဌာနဆိုင္ရာႏွင့္ တပ္ရင္းတပ္ဖြဲ႕ပိုင္ေျမမ်ားတြင္ စိုက္ပ်ိဳးထားၿပီး သက္ဆိုင္ရာသစ္ေတာဦးစီးဌာနတြင္ မွတ္ပုံတင္ထားသည့္ ကြၽန္းပင္မ်ားကို စိုက္ပ်ိဳးလုပ္ကိုင္သူမ်ားကို ပိုင္ဆိုင္ခြင့္ျပဳထားေၾကာင္း ဝန္ႀကီးဌာနက ဆိုသည္။

ထို႔ေၾကာင့္ ေနအိမ္ၿခံဝန္းအတြင္းစိုက္ပ်ိဳးထားသည့္ ကြၽန္းပင္မ်ားကို သစ္ေတာဥပေဒပုဒ္မ ၈ ပုဒ္မခြဲ(ခ) အရ သက္ဆိုင္ရာ သစ္ေတာဦးစီးဌာနတြင္ မွတ္ပုံတင္ထားရမည္ျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ ေဆာင္႐ြက္ရာတြင္ သစ္ေတာဦးစီးဌာန၏ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ မွတ္ပုံတင္ေရးသြင္း၍ မွတ္ပုံတင္စာရင္းေရးသြင္းမႈကိုလည္း လာေရာက္ေလွ်ာက္ထားသူမ်ားအား လက္မွတ္ထုတ္ေပးေၾကာင္း ဝန္ႀကီးဌာနက အသိေပးေျပာဆိုထားသည္။

အဆိုပါ ေဆာင္႐ြက္မႈမ်ားသည္ သစ္ေတာဦးစီးဌာနအေနျဖင့္ ေနအိမ္ၿခံဝန္းအတြင္း စိုက္ပ်ိဳးထားသည့္ ကြၽန္းပင္မ်ားႏွင့္ ပတ္သက္ၿပီး သစ္ေတာဥပေဒပုဒ္မ ၈ ပုဒ္မခြဲ(ခ)ႏွင့္အညီ မွတ္ပုံတင္ေပးထားျခင္းသာျဖစ္ၿပီး ႏိုင္ငံပိုင္သတ္မွတ္ျခင္းမရွိေၾကာင္း သိရသည္။

ထို႔ျပင္ ေနအိမ္ၿခံဝန္းအတြင္း ေပါက္ေရာက္ေနသည့္ ကြၽန္းပင္မ်ားကို တံဆိပ္႐ိုက္မွတ္ျခင္းလည္း မရွိေၾကာင္း သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနမွ သိရသည္။

Related news

© 2021. All rights reserved.