ကျောက်ကြီး - နတ်သံကွင်း သွယ်တန်းထားသော တံတားတစ်စင်းကို KNLA - PDF ပူးပေါင်းအဖွဲ့က မိုင်းခွဲဖျက်ဆီး

 752

NP News - ဇွန် ၂၅

ကျောက်ကြီး - နတ်သံကွင်း သွယ်တန်းထားသော တံတားတစ်စင်းကို KNLA - PDF ပူးပေါင်းအဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (ဇွန်လ ၂၅ ရက်)၊ နေ့လည် (၁၂)နာရီ အချိန်ခန့်တွင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ရန်မျိုးအောင် ကျေးရွာအထွက်ရှိ တံတား၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

KNLA - PDF ပူးပေါင်းအဖွဲ့သည် အဆိုပါရန်မျိုးအောင်ကျေးရွာအထွက်ရှိ ကျောက်ကြီး - နတ်သံကွင်း သွယ်တန်းထားသော တံတားသို့ ရောက်ရှိလာပြီး မိုင်းခွဲဖျက်ဆီးသွားခဲ့ရာ တံတားမှာပြိုကျပျက်စီးသွားခဲ့ပြီး လူနှင့် မော်တော်ယာဉ်များသွားလာ၍ မရတော့ကြောင်း သိရသည်။

အဆိုပါတံတားသည် တပ်မတော်၏ လက်နက် နှင့် ရိက္ခာထောက်ပို့ရန် အဓိက အသုံးပြုသော တံတားတစ်စင်းဖြစ်သောကြောင့် ချိုးဖျက်ခဲ့ကြောင်း KNLA / PDF kyaukkyi - ကျောက်ကြီး မှ ထုတ်ပြန်ထား သည်ကို တွေ့ရသည်။

ကျောက်ကြီးမြို့နှင့် နတ်သံကွင်းမြို့တို့အား ဆက်သွယ်ထားသည့် လမ်းပိုင်းများပေါ်ရှိ တံတားများသည် မကြာခဏဆိုသလို မိုင်းခွဲဖျက်ဆီးခံရမှုများရှိနေပြီး ဒေသခံပြည်သူလူထုအနေဖြင့် ကျန်းမာရေး၊ လူမှုရေးကိစ္စနှင့်ပတ်သက်၍ ဆက်သွယ်သွားလာရာတွင် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောဆိုထားကြသည်။

အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

အလားတူပြီးခဲ့သည့် ဇွန်လ ၆ ရက်ကလည်း PDF ပူးပေါင်းအဖွဲ့သည် နတ်သံကွင်းစစ်တောင်းမြစ်ကူးတံတား၌ လုံခြုံရေးယူနေသည့် အဖွဲ့ကို လာရောက်တိုက်ခိုက်ပြီးနောက် တံတားအား ဖောက်ခွဲဖျက်ဆီးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

zawgyi version
ေက်ာက္ႀကီး - နတ္သံကြင္း သြယ္တန္းထားေသာ တံတားတစ္စင္းကို KNLA - PDF ပူးေပါင္းအဖြဲ႕က မိုင္းခြဲဖ်က္ဆီး

NP News - ဇြန္ ၂၅

ေက်ာက္ႀကီး - နတ္သံကြင္း သြယ္တန္းထားေသာ တံတားတစ္စင္းကို KNLA - PDF ပူးေပါင္းအဖြဲ႕က မိုင္းခြဲဖ်က္ဆီးခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (ဇြန္လ ၂၅ ရက္)၊ ေန႔လည္ (၁၂)နာရီ အခ်ိန္ခန႔္တြင္ ပဲခူးတိုင္း၊ ေက်ာက္ႀကီးၿမိဳ႕နယ္၊ ရန္မ်ိဳးေအာင္ ေက်း႐ြာအထြက္ရွိ တံတား၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

KNLA - PDF ပူးေပါင္းအဖြဲ႕သည္ အဆိုပါရန္မ်ိဳးေအာင္ေက်း႐ြာအထြက္ရွိ ေက်ာက္ႀကီး - နတ္သံကြင္း သြယ္တန္းထားေသာ တံတားသို႔ ေရာက္ရွိလာၿပီး မိုင္းခြဲဖ်က္ဆီးသြားခဲ့ရာ တံတားမွာၿပိဳက်ပ်က္စီးသြားခဲ့ၿပီး လူႏွင့္ ေမာ္ေတာ္ယာဥ္မ်ားသြားလာ၍ မရေတာ့ေၾကာင္း သိရသည္။

အဆိုပါတံတားသည္ တပ္မေတာ္၏ လက္နက္ ႏွင့္ ရိကၡာေထာက္ပို႔ရန္ အဓိက အသုံးျပဳေသာ တံတားတစ္စင္းျဖစ္ေသာေၾကာင့္ ခ်ိဳးဖ်က္ခဲ့ေၾကာင္း KNLA / PDF kyaukkyi - ေက်ာက္ႀကီး မွ ထုတ္ျပန္ထား သည္ကို ေတြ႕ရသည္။

ေက်ာက္ႀကီးၿမိဳ႕ႏွင့္ နတ္သံကြင္းၿမိဳ႕တို႔အား ဆက္သြယ္ထားသည့္ လမ္းပိုင္းမ်ားေပၚရွိ တံတားမ်ားသည္ မၾကာခဏဆိုသလို မိုင္းခြဲဖ်က္ဆီးခံရမႈမ်ားရွိေနၿပီး ေဒသခံျပည္သူလူထုအေနျဖင့္ က်န္းမာေရး၊ လူမႈေရးကိစၥႏွင့္ပတ္သက္၍ ဆက္သြယ္သြားလာရာတြင္ အခက္အခဲမ်ား ျဖစ္ေပၚေနေၾကာင္း ေဒသခံမ်ားက ေျပာဆိုထားၾကသည္။

အထက္ပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ နစက သတင္းထုတ္ျပန္ေရးအဖြဲ႕က တစ္စုံတစ္ရာ ထုတ္ေဖာ္ေျပာဆိုျခင္း မရွိေသးေပ။

အလားတူၿပီးခဲ့သည့္ ဇြန္လ ၆ ရက္ကလည္း PDF ပူးေပါင္းအဖြဲ႕သည္ နတ္သံကြင္းစစ္ေတာင္းျမစ္ကူးတံတား၌ လုံၿခဳံေရးယူေနသည့္ အဖြဲ႕ကို လာေရာက္တိုက္ခိုက္ၿပီးေနာက္ တံတားအား ေဖာက္ခြဲဖ်က္ဆီးခဲ့သည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့သည္။

Related news

© 2021. All rights reserved.