မူးယစ်ဆေးဝါးသည် ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှုများကို ဖန်တီးပေးနေသည့်အတွက် နိုင်ငံနှင့် နိုင်ငံသားတို့၏ လုံခြုံရေးကို ခြိမ်းခြောက်နေဟု ရဲမှူးချုပ်ဆို

 568

မျိုးကြီး၊ သန့်ဇင် (NP News) - ဇွန် ၂၆

မူးယစ်ဆေးဝါးသည် ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှုများကို ဖန်တီးပေးနေသည့်အတွက် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မျိုးမင်းထိုက်က ပြောသည်။

ရဲမှူးချုပ် မျိုးမင်းထိုက်က ယနေ့(ဇွန်လ ၂၆ ရက်)၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ကုန်တင်ယာဉ်ရပ်နားကွင်း၌ ပြုလုပ်ခဲ့သော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အခမ်းအနားတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရ အဆက်ဆက်က ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း ရဲမှူးချုပ်က ဆိုသည်။

ယနေ့အချိန်ထိ ဘိန်းစိုက်ပျိုးမှုများ၊ မူးယစ်ဆေးဝါးသုံးစွဲသူများ၊ ထုတ်လုပ်သူများ၊ သယ်ဆောင်သူများ၊ ဖြန့်ဖြူးရောင်းချသူ အများအပြားကို ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ခဲ့သော်လည်း ဓါတုပစ္စည်းများနှင့် ထုတ်လုပ်ထားသည့် မူးယစ်ဆေးဝါးပြ ပြဿနာသည် ပိုမိုဆိုးရွားနေကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုထားသည်။

“မူးယစ်ဆေးဝါးဟာ နိုင်ငံဖြတ်ကျော် မှုခင်းများကျူးလွန်ရန် လောင်ကစားသဖွယ်ဖြစ်နေတဲ့အပြင် ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုရောင်းဝယ်မှု၊ အကျင့်ပျက်ချစားမှု၊ အကြမ်းဖက်မှုများအတွက် ငွေကြေးထောက်ပံ့မှု စသည့်အမှုများနဲ့ ဆက်စပ်နေတဲ့ တရားမဝင်လုပ်ငန်းများကိုလည်း ဖန်တီးပေးနေတာကြောင့် နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့ လုံခြုံရေးကိုပါ ခြိမ်းခြောက်လျက်ရှိကြောင်း တွေ့ရှိရမှာဖြစ်ပါတယ်” ဟု ရဲမှူးချုပ် မျိုးမင်းထိုက်က ပြောသည်။

ထို့ပြင် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ထိန်းချုပ်ဓါတုပစ္စည်း (၃၉)မျိုးကို လမ်းလွဲမရောက်ရှိစေရန် နိုင်ငံတော်နှင့် သက်ဆိုင်ရာအကြီးအကဲများက ကြီးကြပ်ဆောင်ရွက်နေသည့်အပြင် ထိန်းချုပ်ဓါတုပစ္စည်းများကို ရောင်းဝယ်မှုပြုလုပ်သည့် လုပ်ငန်းရှင်များကိုလည်း အနီးကပ်စစ်ဆေးကြပ်မတ်နေကြောင်း သိရသည်။

ယခု ၂ဝ၂၃ ခုနှစ်အတွင်း ရန်ကုန်တိုင်း၌ မူးယစ်ဆေးဝါးဖမ်းဆီးရမိသည့်အမှုပေါင်း (၃ဝဝ)ကျော်ရှိပြီး ၎င်းအမှုများနက်မှ ကျူးလွန်သူ (၅ဝဝ)ကျော်ကိုလည်း အရေးယူဆောင်ရွက်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြော ဆိုထားသည်။

ယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အခမ်းအနား၌ ရန်ကုန်တွင် ငွေကျပ် (၄၃၆)ဘီလျံ၊ အမေရိကန်ဒေါ်လာအားဖြင့် (၂ဝ၇)သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

zawgyi version
မူးယစ္ေဆးဝါးသည္ ေငြေၾကးခဝါခ်မႈ၊ လက္နက္ေမွာင္ခိုမႈမ်ားကို ဖန္တီးေပးေနသည့္အတြက္ ႏိုင္ငံႏွင့္ ႏိုင္ငံသားတို႔၏ လုံၿခဳံေရးကို ၿခိမ္းေျခာက္ေနဟု ရဲမႉးခ်ဳပ္ဆို

မ်ိဳးႀကီး၊ သန႔္ဇင္ (NP News) - ဇြန္ ၂၆

မူးယစ္ေဆးဝါးသည္ ေငြေၾကးခဝါခ်မႈ၊ လက္နက္ေမွာင္ခိုမႈမ်ားကို ဖန္တီးေပးေနသည့္အတြက္ ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံသားတို႔၏ လုံၿခဳံေရးကို ၿခိမ္းေျခာက္ေနေၾကာင္း ရန္ကုန္တိုင္းရဲတပ္ဖြဲ႕မႉး ရဲမႉးခ်ဳပ္ မ်ိဳးမင္းထိုက္က ေျပာသည္။

ရဲမႉးခ်ဳပ္ မ်ိဳးမင္းထိုက္က ယေန႔(ဇြန္လ ၂၆ ရက္)၊ နံနက္ပိုင္းတြင္ ရန္ကုန္တိုင္း၊ လႈိင္သာယာၿမိဳ႕နယ္၊ ကုန္တင္ယာဥ္ရပ္နားကြင္း၌ ျပဳလုပ္ခဲ့ေသာ အျပည္ျပည္ဆိုင္ရာမူးယစ္ေဆးဝါးတိုက္ဖ်က္ေရးေန႔အခမ္းအနားတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

မူးယစ္ေဆးဝါးအႏၲရာယ္ တားဆီးကာကြယ္ေရးလုပ္ငန္းမ်ားကို ႏိုင္ငံေတာ္အစိုးရ အဆက္ဆက္က ႀကိဳးပမ္းေဆာင္႐ြက္ခဲ့ေၾကာင္း ရဲမႉးခ်ဳပ္က ဆိုသည္။

ယေန႔အခ်ိန္ထိ ဘိန္းစိုက္ပ်ိဳးမႈမ်ား၊ မူးယစ္ေဆးဝါးသုံးစြဲသူမ်ား၊ ထုတ္လုပ္သူမ်ား၊ သယ္ေဆာင္သူမ်ား၊ ျဖန႔္ျဖဴးေရာင္းခ်သူ အမ်ားအျပားကို ေဖာ္ထုတ္ဖမ္းဆီးအေရးယူႏိုင္ခဲ့ေသာ္လည္း ဓါတုပစၥည္းမ်ားႏွင့္ ထုတ္လုပ္ထားသည့္ မူးယစ္ေဆးဝါးျပ ျပႆနာသည္ ပိုမိုဆိုး႐ြားေနေၾကာင္းလည္း ၎က ဆက္လက္ေျပာဆိုထားသည္။

“မူးယစ္ေဆးဝါးဟာ ႏိုင္ငံျဖတ္ေက်ာ္ မႈခင္းမ်ားက်ဴးလြန္ရန္ ေလာင္ကစားသဖြယ္ျဖစ္ေနတဲ့အျပင္ ေငြေၾကးခဝါခ်မႈ၊ လက္နက္ေမွာင္ခိုေရာင္းဝယ္မႈ၊ အက်င့္ပ်က္ခ်စားမႈ၊ အၾကမ္းဖက္မႈမ်ားအတြက္ ေငြေၾကးေထာက္ပံ့မႈ စသည့္အမႈမ်ားနဲ႔ ဆက္စပ္ေနတဲ့ တရားမဝင္လုပ္ငန္းမ်ားကိုလည္း ဖန္တီးေပးေနတာေၾကာင့္ ႏိုင္ငံေတာ္နဲ႔ ႏိုင္ငံသားတို႔ရဲ႕ လုံၿခဳံေရးကိုပါ ၿခိမ္းေျခာက္လ်က္ရွိေၾကာင္း ေတြ႕ရွိရမွာျဖစ္ပါတယ္” ဟု ရဲမႉးခ်ဳပ္ မ်ိဳးမင္းထိုက္က ေျပာသည္။

ထို႔ျပင္ မူးယစ္ေဆးဝါးထုတ္လုပ္ရာတြင္ အသုံးျပဳသည့္ ထိန္းခ်ဳပ္ဓါတုပစၥည္း (၃၉)မ်ိဳးကို လမ္းလြဲမေရာက္ရွိေစရန္ ႏိုင္ငံေတာ္ႏွင့္ သက္ဆိုင္ရာအႀကီးအကဲမ်ားက ႀကီးၾကပ္ေဆာင္႐ြက္ေနသည့္အျပင္ ထိန္းခ်ဳပ္ဓါတုပစၥည္းမ်ားကို ေရာင္းဝယ္မႈျပဳလုပ္သည့္ လုပ္ငန္းရွင္မ်ားကိုလည္း အနီးကပ္စစ္ေဆးၾကပ္မတ္ေနေၾကာင္း သိရသည္။

ယခု ၂ဝ၂၃ ခုႏွစ္အတြင္း ရန္ကုန္တိုင္း၌ မူးယစ္ေဆးဝါးဖမ္းဆီးရမိသည့္အမႈေပါင္း (၃ဝဝ)ေက်ာ္ရွိၿပီး ၎အမႈမ်ားနက္မွ က်ဴးလြန္သူ (၅ဝဝ)ေက်ာ္ကိုလည္း အေရးယူေဆာင္႐ြက္ႏိုင္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာ ဆိုထားသည္။

ယေန႔တြင္ က်ေရာက္သည့္ အျပည္ျပည္ဆိုင္ရာမူးယစ္ေဆးဝါးတိုက္ဖ်က္ေရးေန႔အခမ္းအနား၌ ရန္ကုန္တြင္ ေငြက်ပ္ (၄၃၆)ဘီလ်ံ၊ အေမရိကန္ေဒၚလာအားျဖင့္ (၂ဝ၇)သန္းတန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားကို မီးရႈိ႕ဖ်က္ဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.