ပုသိမ်ကြီးမြို့နယ် နန်းဦးလွင်ကျေးရွာမှ နေအိမ်များ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားခြင်းကြောင့် သက်ဆိုင်ရာက ဖယ်ရှားခိုင်း

 6307

NP News - ဇွန် ၂၈

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ် နန်းဦးလွင်ကျေးရွာရှိ နေအိမ်တစ်ဝက်ခန့်ကို လာမည့် ၂ဝ၂၃ ခုနှစ် ဇူလိုင်လ(၆)ရက် နောက်ဆုံးထားပြီး ဖယ်ရှားပေးရန် သက်ဆိုင်ရာက စာထုတ်ပြန်ထားကြောင်း သိရသည်။

အဆိုပါ ကျေးရွာရှိ လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသည့် နေအိမ်၊ အဆောက် အအုံများကို ဖယ်ရှားပေးရန် နစက၏ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီက စာများကပ်ကာ ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။

"နန်းဦးလွင် တစ်ခုလုံးဖျက်တာမဟုတ်ပါဘူး။ ရွာခြေကနေစပြီး လယ်မြေထဲအကွက်ရိုက်ထားတာတွေ၊ တာဝါတိုင်နားတွေနဲ့ ဆည်မြောင်းနားက အိမ်တွေပဲ စာကပ်သွားပါတယ်။ အနားပတ်ဝန်းကျင်က ရွာမြေတွေ၊ အခြားနည်းကျပြီး မြေပေါ်ဆောက်ထားတဲ့ အဆောက်အဦးတွေနဲ့ ဂရံမြေအမျိုးမျိုးပေါ်ဆောက်ထားတဲ့အဆောက်အဦးတွေ မပါဘူး"ဟု ဒေသခံအိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ထုတ်ပြန်စာတွင် လယ်ယာမြေဥပဒေပုဒ်မ(၁၂)ပါ စည်းကမ်းချက်များကို လိုက်နာရန်ပျက်ကွက်ကြောင်း စိစစ်တွေ့ရှိရသဖြင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဇွန်လ(၂၆)ရက်က ပြုလုပ်သော အစည်းအ ဝေးဆုံးဖြတ်ချက်ဖြင့် လယ်ယာမြေဥပဒေ ပုဒ်မ-၁၉ ခ အရ လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိ ဆောက်လုပ်ထားသော အဆောက်အအုံများကို ဖယ်ရှားရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

လယ်မြေပေါ်တွင်ခွင့်ပြုချက်မရှိဘဲတည်ဆောက်ထားကြောင်း သတ်မှတ်ခြင်းခံရသောအိမ်အများစုသည် ကံကောက်အရှေ့ရွာနှင့်နန်းဦးလွင်ကွက်သစ်ရွာများမှဖြစ်ပြီး အိမ်ခြေရာချီနိုင်ကြောင်းဒေသခံများက ပြောသည်။

zawgyi version
ပုသိမ္ႀကီးၿမိဳ႕နယ္ နန္းဦးလြင္ေက်း႐ြာမွ ေနအိမ္မ်ား ခြင့္ျပဳခ်က္မရွိဘဲ ေဆာက္လုပ္ထားျခင္းေၾကာင့္ သက္ဆိုင္ရာက ဖယ္ရွားခိုင္း

NP News - ဇြန္ ၂၈

မႏၲေလးၿမိဳ႕၊ ပုသိမ္ႀကီးၿမိဳ႕နယ္ နန္းဦးလြင္ေက်း႐ြာရွိ ေနအိမ္တစ္ဝက္ခန႔္ကို လာမည့္ ၂ဝ၂၃ ခုႏွစ္ ဇူလိုင္လ(၆)ရက္ ေနာက္ဆုံးထားၿပီး ဖယ္ရွားေပးရန္ သက္ဆိုင္ရာက စာထုတ္ျပန္ထားေၾကာင္း သိရသည္။

အဆိုပါ ေက်း႐ြာရွိ လယ္ယာေျမေပၚတြင္ ခြင့္ျပဳခ်က္မရွိဘဲ ေဆာက္လုပ္ထားသည့္ ေနအိမ္၊ အေဆာက္ အအုံမ်ားကို ဖယ္ရွားေပးရန္ နစက၏ ၿမိဳ႕နယ္လယ္ယာေျမစီမံခန႔္ခြဲမႈေကာ္မတီက စာမ်ားကပ္ကာ ထုတ္ျပန္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

"နန္းဦးလြင္ တစ္ခုလုံးဖ်က္တာမဟုတ္ပါဘူး။ ႐ြာေျခကေနစၿပီး လယ္ေျမထဲအကြက္႐ိုက္ထားတာေတြ၊ တာဝါတိုင္နားေတြနဲ႔ ဆည္ေျမာင္းနားက အိမ္ေတြပဲ စာကပ္သြားပါတယ္။ အနားပတ္ဝန္းက်င္က ႐ြာေျမေတြ၊ အျခားနည္းက်ၿပီး ေျမေပၚေဆာက္ထားတဲ့ အေဆာက္အဦးေတြနဲ႔ ဂရံေျမအမ်ိဳးမ်ိဳးေပၚေဆာက္ထားတဲ့အေဆာက္အဦးေတြ မပါဘူး"ဟု ေဒသခံအိမ္ၿခံေျမဝန္ေဆာင္မႈလုပ္ငန္းရွင္တစ္ဦးက ေျပာသည္။

ထုတ္ျပန္စာတြင္ လယ္ယာေျမဥပေဒပုဒ္မ(၁၂)ပါ စည္းကမ္းခ်က္မ်ားကို လိုက္နာရန္ပ်က္ကြက္ေၾကာင္း စိစစ္ေတြ႕ရွိရသျဖင့္ ၿမိဳ႕နယ္လယ္ယာေျမစီမံခန႔္ခြဲမႈအဖြဲ႕၏ ဇြန္လ(၂၆)ရက္က ျပဳလုပ္ေသာ အစည္းအ ေဝးဆုံးျဖတ္ခ်က္ျဖင့္ လယ္ယာေျမဥပေဒ ပုဒ္မ-၁၉ ခ အရ လယ္ယာေျမေပၚတြင္ ခြင့္ျပဳခ်က္မရွိ ေဆာက္လုပ္ထားေသာ အေဆာက္အအုံမ်ားကို ဖယ္ရွားရျခင္းျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

လယ္ေျမေပၚတြင္ခြင့္ျပဳခ်က္မရွိဘဲတည္ေဆာက္ထားေၾကာင္း သတ္မွတ္ျခင္းခံရေသာအိမ္အမ်ားစုသည္ ကံေကာက္အေရွ႕႐ြာႏွင့္နန္းဦးလြင္ကြက္သစ္႐ြာမ်ားမွျဖစ္ၿပီး အိမ္ေျခရာခ်ီႏိုင္ေၾကာင္းေဒသခံမ်ားက ေျပာသည္။

Related news

© 2021. All rights reserved.