KNLA၊ PDF အဖွဲ့က မွန်ပြည်နယ်ရှိ တံတားတစ်စင်းကို မိုင်းခွဲပြီးနောက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ လာရောက်စစ်ဆေးစဉ် ဗုံး၊ ရှော့တိုက်ဒုံးဖြင့် ထပ်မံပစ်ခတ်ရာ ထိခိုက်သေဆုံးမှုများရှိခဲ့

 7528

NP News - ဇွန် ၂၉

မွန်ပြည်နယ်၌ KNLA၊ PDF ပူးပေါင်းအဖွဲ့က တံတားတစ်စင်းကို မိုင်းခွဲခဲ့ပြီးနောက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ လာရောက်စစ်ဆေးစဉ် Drop ဗုံး၊ ရှော့တိုက်ဒုံးများဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့(ဇွန်လ ၂၉ ရက်)၊ နံနက် ၄ နာရီခွဲအချိန်ခန့်တွင် သထုံမြို့နယ် နှင့် ဘီးလင်းမြို့နယ်အစပ်၌ရှိသော ကျုံအိပ်တံတား၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူက NP News ကိုပြောသည်။

KNLA၊ PDF ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အလျား (၉၅)ပေ၊ အကျယ်(၃၆)ပေရှိသည့် သံကူကွန်ကရစ်တံတား အမျိုးအစားဖြစ်သော ကျုံအိပ်တံတားကို မိုင်းကပ်ကာ ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ် ကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။

“မနက် ၄ နာရီခွဲလောက်မှာ မိုင်းကပ်ပြီး ခွဲသွားတာပေါ့လေ။ အဲဒီတံတားက သထုံမြို့နယ် နှင့် ဘီးလင်းမြို့နယ်အစပ်မှာရှိတဲ့ တံတားပေါ့။ တံတားက သံကူကွန်ကရစ်တံတားပေါ့။ အကျယ်က ၃၆ ပေရှိတယ်။ ၂၄ ပေလောက် အောက်ကပွင့်ထွက်ပြီး ပျက်စီးသွားတယ်” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ထိုသို့ ကျုံအိပ်တံတားအား မိုင်းခွဲဖျက်ဆီးခဲ့ပြီးနောက်ပိုင်းတွင် တံတားလမ်းပိုင်းအား အသုံးပြု မောင်းနှင်ခဲ့သော အိမ်စီး ကား(၂)စီးသည် အရှိန်လွန်ကာ တိမ်မှောက်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

“ကားနှစ်စီးက သူက မနက် ၄ နာရီခွဲလောက်ဆိုတော့ မိုင်းခွဲပြီးတဲ့အချိန်မှာ အဲဒီကားနှစ်စီးက မသိဘူးနဲ့တူတယ်။ မောင်းတက်သွားတော့ အဲဒီမှာ ကျသွားတယ်။ တစ်ယောက်ကတော့ ဆုံးသွားတယ်” ဟု အထက်ပါတာဝန်ရှိသူက ထပ်မံပြောဆိုထားသည်။

အထက်ပါကဲ့သို့ တံတားအား မိုင်းခွဲဖျက်ဆီးပြီးနောက် ကားတိမ်းမှောက်သေဆုံးခဲ့ရသူသည် သထုံမြို့နယ်တွင် နေထိုင်သည့် အရပ်သားတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

ကျုံအိပ်တံတားအား မိုင်းခွဲဖျက်စီးခံရမှုအခြေအနေနှင့်ပတ်သက်၍ ခရိုင်အုပ်ချုပ်ရေးအဖွဲ့နှင့် ဘီးလင်းမြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့တို့သည် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း ထပ်မံသိရှိရသည်။

ထိုသို့ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် တံတားအား သွားရောက်စစ်ဆေးကြည့်ရှု့စဉ်အချိန် နံနက် ၇ နာရီဝန်းကျင်ခန့်တွင် KNLA၊ PDF ပူးပေါင်းအဖွဲ့က Drop ဗုံးအပါအဝင် ရှော့တိုက်ဒုံးများဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“မနက် ၇ နာရီလောက်မှာ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ပေါ့လေ၊ နောက်ဘီးလင်းအုပ်ချုပ်ရေးမှူးတို့ သွားကြည့်တဲ့အခါမှာ Drop ဗုံးနဲ့ ပစ်တယ်။ အဲဒီမှာ ဒဏ်ရာတွေ၊ ဘာတွေ ရသွားတယ်။ ၄၊ ၅၊ ၆ ယောက်လောက်တော့ ဒဏ်ရာရသွားတယ်။ အသေးစိတ်တော့ မသိသေးဘူး။ သူတို့က Drop ဗုံးနဲ့ပစ်တဲ့အပြင် နောက် ရှော့တိုက်ဒုံးနဲ့ပါ ပစ်တယ်လို့ကြားတယ်။ အသေးစိတ်တော့ မသိရသေးဘူး။ ဒဏ်ရာရတာတွေကတော့ အဲဒီလို ခြေထောက်တွေ၊ ဗိုက်တွေမှာ အစလေးတွေ မှန်သွားတာတော့ ရှိတယ်”ဟု အထက်ပါတာဝန်ရှိသူက ဆက်လက်ပြောဆိုထားသည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ KNLA၊ PDF ပူးပေါင်းအဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်းနှင့် ၎င်းအဖွဲ့များသည် ပြီးခဲ့သော ရက်ပိုင်းအတွင်းကလည်း ခြိမ်းခြောက်ပြောဆိုနေမှုများရှိကြောင်း ကြားသိရသည်ဟု ၎င်းက ထပ်မံပြောဆိုထားသည်။

လက်ရှိတွင် ကျုံအိပ်တံတား မိုင်းခွဲဖျက်ဆီးခံရပြီးနောက်ပိုင်း (၁၂)ပေ ကားများသာ ဖြတ်သန်းသွားလာနိုင်ကြောင်းသိရပြီး ဒေသခံပြည်သူများနှင့် လမ်းအသုံးပြုသွားလာနေသူများအတွက် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

zawgyi version
KNLA၊ PDF အဖြဲ႕က မြန္ျပည္နယ္ရွိ တံတားတစ္စင္းကို မိုင္းခြဲၿပီးေနာက္ ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးႏွင့္အဖြဲ႕ လာေရာက္စစ္ေဆးစဥ္ ဗုံး၊ ေရွာ့တိုက္ဒုံးျဖင့္ ထပ္မံပစ္ခတ္ရာ ထိခိုက္ေသဆုံးမႈမ်ားရွိခဲ့

NP News - ဇြန္ ၂၉

မြန္ျပည္နယ္၌ KNLA၊ PDF ပူးေပါင္းအဖြဲ႕က တံတားတစ္စင္းကို မိုင္းခြဲခဲ့ၿပီးေနာက္ ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးႏွင့္အဖြဲ႕ လာေရာက္စစ္ေဆးစဥ္ Drop ဗုံး၊ ေရွာ့တိုက္ဒုံးမ်ားျဖင့္ ထပ္မံပစ္ခတ္ခဲ့ရာ ထိခိုက္ေသဆုံးမႈမ်ားရွိခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔(ဇြန္လ ၂၉ ရက္)၊ နံနက္ ၄ နာရီခြဲအခ်ိန္ခန႔္တြင္ သထုံၿမိဳ႕နယ္ ႏွင့္ ဘီးလင္းၿမိဳ႕နယ္အစပ္၌ရွိေသာ က်ဳံအိပ္တံတား၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ေၾကာင္း မြန္ျပည္နယ္အစိုးရအဖြဲ႕မွ တာဝန္ရွိသူက NP News ကိုေျပာသည္။

KNLA၊ PDF ပူးေပါင္းအဖြဲ႕သည္ ယေန႔နံနက္ပိုင္းတြင္ အလ်ား (၉၅)ေပ၊ အက်ယ္(၃၆)ေပရွိသည့္ သံကူကြန္ကရစ္တံတား အမ်ိဳးအစားျဖစ္ေသာ က်ဳံအိပ္တံတားကို မိုင္းကပ္ကာ ေဖာက္ခြဲဖ်က္ဆီးခဲ့ျခင္းျဖစ္ ေၾကာင္း အထက္ပါတာဝန္ရွိသူက ဆိုသည္။

“မနက္ ၄ နာရီခြဲေလာက္မွာ မိုင္းကပ္ၿပီး ခြဲသြားတာေပါ့ေလ။ အဲဒီတံတားက သထုံၿမိဳ႕နယ္ ႏွင့္ ဘီးလင္းၿမိဳ႕နယ္အစပ္မွာရွိတဲ့ တံတားေပါ့။ တံတားက သံကူကြန္ကရစ္တံတားေပါ့။ အက်ယ္က ၃၆ ေပရွိတယ္။ ၂၄ ေပေလာက္ ေအာက္ကပြင့္ထြက္ၿပီး ပ်က္စီးသြားတယ္” ဟု မြန္ျပည္နယ္အစိုးရအဖြဲ႕မွ တာဝန္ရွိသူက ေျပာသည္။

ထိုသို႔ က်ဳံအိပ္တံတားအား မိုင္းခြဲဖ်က္ဆီးခဲ့ၿပီးေနာက္ပိုင္းတြင္ တံတားလမ္းပိုင္းအား အသုံးျပဳ ေမာင္းႏွင္ခဲ့ေသာ အိမ္စီး ကား(၂)စီးသည္ အရွိန္လြန္ကာ တိမ္ေမွာက္ပ်က္စီးသြားခဲ့ေၾကာင္း သိရသည္။

“ကားႏွစ္စီးက သူက မနက္ ၄ နာရီခြဲေလာက္ဆိုေတာ့ မိုင္းခြဲၿပီးတဲ့အခ်ိန္မွာ အဲဒီကားႏွစ္စီးက မသိဘူးနဲ႔တူတယ္။ ေမာင္းတက္သြားေတာ့ အဲဒီမွာ က်သြားတယ္။ တစ္ေယာက္ကေတာ့ ဆုံးသြားတယ္” ဟု အထက္ပါတာဝန္ရွိသူက ထပ္မံေျပာဆိုထားသည္။

အထက္ပါကဲ့သို႔ တံတားအား မိုင္းခြဲဖ်က္ဆီးၿပီးေနာက္ ကားတိမ္းေမွာက္ေသဆုံးခဲ့ရသူသည္ သထုံၿမိဳ႕နယ္တြင္ ေနထိုင္သည့္ အရပ္သားတစ္ဦးျဖစ္ေၾကာင္း သိရွိရသည္။

က်ဳံအိပ္တံတားအား မိုင္းခြဲဖ်က္စီးခံရမႈအေျခအေနႏွင့္ပတ္သက္၍ ခ႐ိုင္အုပ္ခ်ဳပ္ေရးအဖြဲ႕ႏွင့္ ဘီးလင္းၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးအဖြဲ႕တို႔သည္ သြားေရာက္ၾကည့္ရႈစစ္ေဆးခဲ့ေၾကာင္း ထပ္မံသိရွိရသည္။

ထိုသို႔ အုပ္ခ်ဳပ္ေရးမႉးႏွင့္အဖြဲ႕သည္ တံတားအား သြားေရာက္စစ္ေဆးၾကည့္ရႈ႕စဥ္အခ်ိန္ နံနက္ ၇ နာရီဝန္းက်င္ခန႔္တြင္ KNLA၊ PDF ပူးေပါင္းအဖြဲ႕က Drop ဗုံးအပါအဝင္ ေရွာ့တိုက္ဒုံးမ်ားျဖင့္ ထပ္မံပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

“မနက္ ၇ နာရီေလာက္မွာ ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးနဲ႔အဖြဲ႕ေပါ့ေလ၊ ေနာက္ဘီးလင္းအုပ္ခ်ဳပ္ေရးမႉးတို႔ သြားၾကည့္တဲ့အခါမွာ Drop ဗုံးနဲ႔ ပစ္တယ္။ အဲဒီမွာ ဒဏ္ရာေတြ၊ ဘာေတြ ရသြားတယ္။ ၄၊ ၅၊ ၆ ေယာက္ေလာက္ေတာ့ ဒဏ္ရာရသြားတယ္။ အေသးစိတ္ေတာ့ မသိေသးဘူး။ သူတို႔က Drop ဗုံးနဲ႔ပစ္တဲ့အျပင္ ေနာက္ ေရွာ့တိုက္ဒုံးနဲ႔ပါ ပစ္တယ္လို႔ၾကားတယ္။ အေသးစိတ္ေတာ့ မသိရေသးဘူး။ ဒဏ္ရာရတာေတြကေတာ့ အဲဒီလို ေျခေထာက္ေတြ၊ ဗိုက္ေတြမွာ အစေလးေတြ မွန္သြားတာေတာ့ ရွိတယ္”ဟု အထက္ပါတာဝန္ရွိသူက ဆက္လက္ေျပာဆိုထားသည္။

အထက္ပါျဖစ္စဥ္ႏွင့္ပတ္သက္၍ KNLA၊ PDF ပူးေပါင္းအဖြဲ႕က လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္းႏွင့္ ၎အဖြဲ႕မ်ားသည္ ၿပီးခဲ့ေသာ ရက္ပိုင္းအတြင္းကလည္း ၿခိမ္းေျခာက္ေျပာဆိုေနမႈမ်ားရွိေၾကာင္း ၾကားသိရသည္ဟု ၎က ထပ္မံေျပာဆိုထားသည္။

လက္ရွိတြင္ က်ဳံအိပ္တံတား မိုင္းခြဲဖ်က္ဆီးခံရၿပီးေနာက္ပိုင္း (၁၂)ေပ ကားမ်ားသာ ျဖတ္သန္းသြားလာႏိုင္ေၾကာင္းသိရၿပီး ေဒသခံျပည္သူမ်ားႏွင့္ လမ္းအသုံးျပဳသြားလာေနသူမ်ားအတြက္ အခက္အခဲမ်ား ျဖစ္ေပၚေနေၾကာင္း သိရွိရသည္။

Related news

© 2021. All rights reserved.