ကမ္ဘာ့အကြီးဆုံး မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်အတွက် လုပ်ငန်းရှင်များအပါအဝင် အလှူရှင်များက ငွေကျပ် (၁၆)ဘီလျံကျော်လှူဒါန်း

 2944

NP News - ဇွန် ၃ဝ

ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအတွက် လုပ်ငန်းရှင်များက ငွေကျပ် (၁၆)ဘီလျံကျော်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းရှင်များက ဇွန်လ ၂၉ ရက်တွင် ကျင်းပခဲ့သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည် ဆောက်ပြီးစီးမှုအခြေအနေများ ရှင်းလင်းပြသခြင်းအခမ်းအနားတွင် ယခုကဲ့သို့ လှူဒါန်းခဲ့ခြင်းဖြစ်သည်။

လှူဒါန်းမှုတွင် စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် အလှူရှင် (၁ဝ၁)ဦးတို့ပါဝင်ပြီး အလှူငွေစုစုပေါင်း ငွေကျပ် (၁၆ ဒသမ ၁၇၇)ဘီလျံကို လှူဒါန်းခဲ့ကြကြောင်းသိရသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ဆောက်ရန် ပန္နက်ရိုက်ခဲ့သည်မှ ရက်ပေါင်း ၁ဝဝဝ ကျော် ၊နှစ်ကာလအားဖြင့် သုံးနှစ်စွန်းစွန်းသို့ရောက်ရှိလာပြီး ရာနှုန်းပြည့်ပြီးစီးရန် အနည်းငယ်သာ ကျန်ရှိကြောင်းသိရသည်။

ဘုရားကြီးထုဆစ်ရန် ၂ဝ၁၈ ခုနှစ် အောက်တိုဘာလမှ စတင်ကာတူးဖော်ခဲ့ပြီး ၂ဝ၁၉ ခုနှစ် မတ်လ၌ အမြင့် ၆၅ ပေ၊ ရှေ့အလျား ၁၅၄ ပေ၊ ထု ပေ ၂ဝ ရှိ A အဆင့်ရှိသည့် စကျင်ကျောက်တော်ကြီးကို အကြမ်းထည်ပုံဖော်နိုင်ခဲ့ကြောင်းသိရသည်။

ယင်းစကျင်ကျောက်တုံးကြီးကို နေပြည်တော်သို့လေးလကြာမျှ‌ ရေကြောင်းကုန်ကြောင်းတို့ဖြင့်သယ် ဆောင်ကာ ဆင်းတုတော်ကြီးကို အပိုင်းလိုက်ခွဲ၍ CNC စက်များဖြင့် အဆင့်ဆင့် ထွင်းထုခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အလှူငွေများကို သာသနာတော်ဘွဲ့တံဆိပ်ရရှိခဲ့သည့် ပုဂ္ဂိုလ်များနှင့် ဘဏ်လုပ်ငန်းရှင်များ၊ စီးပွားရေးဆိုင်ရာပုဂ္ဂိုလ်များက ထည့်ဝင်လှူဒါန်းခဲ့ခြင်းပြီး လှူဒါန်းခဲ့သည့် အလှူရှင်များ၏ အမည်များကိုလည်း ကျောက်ချပ်များပေါ်တွင် ရေးထိုး၍ ကမ္ပည်းမှတ်တမ်း ထားရှိပေးမည်ဖြစ်ကြောင်းသိရသည်။

zawgyi version
ကမာၻ႔အႀကီးဆုံး မာရဝိဇယ ဗုဒၶ႐ုပ္ပြားေတာ္အတြက္ လုပ္ငန္းရွင္မ်ားအပါအဝင္ အလႉရွင္မ်ားက ေငြက်ပ္ (၁၆)ဘီလ်ံေက်ာ္လႉဒါန္း
NP News - ဇြန္ ၃ဝ

ကမာၻေပၚရွိ ထိုင္ေတာ္မူ ေက်ာက္ဆစ္ဗုဒၶ႐ုပ္ပြားေတာ္မ်ားအနက္ ဉာဏ္ေတာ္အျမင့္ဆုံးျဖစ္လာမည့္ မာရဝိဇယ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးအတြက္ လုပ္ငန္းရွင္မ်ားက ေငြက်ပ္ (၁၆)ဘီလ်ံေက်ာ္လႉဒါန္းခဲ့ေၾကာင္း သိရသည္။

အဆိုပါလုပ္ငန္းရွင္မ်ားက ဇြန္လ ၂၉ ရက္တြင္ က်င္းပခဲ့သည့္ မာရဝိဇယ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး တည္ ေဆာက္ၿပီးစီးမႈအေျခအေနမ်ား ရွင္းလင္းျပသျခင္းအခမ္းအနားတြင္ ယခုကဲ့သို႔ လႉဒါန္းခဲ့ျခင္းျဖစ္သည္။

လႉဒါန္းမႈတြင္ စီးပြားေရးလုပ္ငန္းရွင္မ်ားအပါအဝင္ အလႉရွင္ (၁ဝ၁)ဦးတို႔ပါဝင္ၿပီး အလႉေငြစုစုေပါင္း ေငြက်ပ္ (၁၆ ဒသမ ၁၇၇)ဘီလ်ံကို လႉဒါန္းခဲ့ၾကေၾကာင္းသိရသည္။

မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးကို တည္ေဆာက္ရန္ ပႏၷက္႐ိုက္ခဲ့သည္မွ ရက္ေပါင္း ၁ဝဝဝ ေက်ာ္ ၊ႏွစ္ကာလအားျဖင့္ သုံးႏွစ္စြန္းစြန္းသို႔ေရာက္ရွိလာၿပီး ရာႏႈန္းျပည့္ၿပီးစီးရန္ အနည္းငယ္သာ က်န္ရွိေၾကာင္းသိရသည္။

ဘုရားႀကီးထုဆစ္ရန္ ၂ဝ၁၈ ခုႏွစ္ ေအာက္တိုဘာလမွ စတင္ကာတူးေဖာ္ခဲ့ၿပီး ၂ဝ၁၉ ခုႏွစ္ မတ္လ၌ အျမင့္ ၆၅ ေပ၊ ေရွ႕အလ်ား ၁၅၄ ေပ၊ ထု ေပ ၂ဝ ရွိ A အဆင့္ရွိသည့္ စက်င္ေက်ာက္ေတာ္ႀကီးကို အၾကမ္းထည္ပုံေဖာ္ႏိုင္ခဲ့ေၾကာင္းသိရသည္။

ယင္းစက်င္ေက်ာက္တုံးႀကီးကို ေနျပည္ေတာ္သို႔ေလးလၾကာမွ်‌ ေရေၾကာင္းကုန္ေၾကာင္းတို႔ျဖင့္သယ္ ေဆာင္ကာ ဆင္းတုေတာ္ႀကီးကို အပိုင္းလိုက္ခြဲ၍ CNC စက္မ်ားျဖင့္ အဆင့္ဆင့္ ထြင္းထုခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။

အလႉေငြမ်ားကို သာသနာေတာ္ဘြဲ႕တံဆိပ္ရရွိခဲ့သည့္ ပုဂၢိဳလ္မ်ားႏွင့္ ဘဏ္လုပ္ငန္းရွင္မ်ား၊ စီးပြားေရးဆိုင္ရာပုဂၢိဳလ္မ်ားက ထည့္ဝင္လႉဒါန္းခဲ့ျခင္းၿပီး လႉဒါန္းခဲ့သည့္ အလႉရွင္မ်ား၏ အမည္မ်ားကိုလည္း ေက်ာက္ခ်ပ္မ်ားေပၚတြင္ ေရးထိုး၍ ကမၸည္းမွတ္တမ္း ထားရွိေပးမည္ျဖစ္ေၾကာင္းသိရသည္။

Picture

My Mine

04/07/2023 14:58

🙏🙏🙏

Related news

© 2021. All rights reserved.