မြန်မာအမျိုသားလေကြောင်းလိုင်းမှ ရန်ကုန်-မန္တလေး- မန်စီ-မန္တလေး-ရန်ကုန် ခရီးစဉ်ကို စတင်ပျံသန်းပြေးဆွဲ

 1906

စော (NP News) - ဇွန် ၃ဝ

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ နိုင်ငံတကာခရီးစဉ်သစ်ဖြစ်သည့် ရန်ကုန်-မန္တလေး-မန်စီ-မန္တလေး-ရန်ကုန် ခရီးစဉ်ကို စတင်ပျံသန်းပြေးဆွဲခဲ့ကြောင်း အဆိုပါလေကြောင်းလိုင်းမှ သိရသည်။

အဆိုပါ ခရီးစဉ် စတင်ပျံသန်းသည့် အခမ်းအနားကို တဲဟုန်ပြည်နယ်ခွဲ၊ မန်စီမြို့ရှိ မန်စီလေဆိပ်၌ ယမန်နေ့(ဇွန်လ ၂၉ ရက်)၊ ညနေ(၆)နာရီခွဲအချိန်တွင် ကျင်းပခဲ့ပြီး Boeing 737-800 NG လေယာဉ်ဖြင့် စတင်ပြေးဆွဲခဲ့ကြောင်း သိရသည်။

အလားတူ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင်လည်း စတင်ပျံသန်းပြေးဆွဲခြင်း အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

ရန်ကုန်-မန္တလေး-မန်စီ-မန္တလေး-ရန်ကုန်ခရီးစဉ်ကို အပတ်စဉ် အင်္ဂါနေ့၊ ကြာသပတေးနေ့နှင့် စနေနေ့များတွင် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းခရီးစဉ်သစ်ကို ပျံသန်းပြေးဆွဲခြင်းဖြင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုပိုမိုမြင့်မားစေပြီး တဲဟုန်ပြည်နယ်ခွဲနှင့်လည်း စီးပွားရေး၊ ကုန်သွယ်မှု၊ ခရီးသွားလာရေး၊ ယဉ်ကျေးမှုဖလှယ်ရေးစသည့် ကဏ္ဍများတွင် ပိုမိုပူပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

zawgyi version
ျမန္မာအမ်ိဳသားေလေၾကာင္းလိုင္းမွ ရန္ကုန္-မႏၲေလး- မန္စီ-မႏၲေလး-ရန္ကုန္ ခရီးစဥ္ကို စတင္ပ်ံသန္းေျပးဆြဲ
ေစာ (NP News) - ဇြန္ ၃ဝ

ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း၏ ႏိုင္ငံတကာခရီးစဥ္သစ္ျဖစ္သည့္ ရန္ကုန္-မႏၲေလး-မန္စီ-မႏၲေလး-ရန္ကုန္ ခရီးစဥ္ကို စတင္ပ်ံသန္းေျပးဆြဲခဲ့ေၾကာင္း အဆိုပါေလေၾကာင္းလိုင္းမွ သိရသည္။
အဆိုပါ ခရီးစဥ္ စတင္ပ်ံသန္းသည့္ အခမ္းအနားကို တဲဟုန္ျပည္နယ္ခြဲ၊ မန္စီၿမိဳ႕ရွိ မန္စီေလဆိပ္၌ ယမန္ေန႔(ဇြန္လ ၂၉ ရက္)၊ ညေန(၆)နာရီခြဲအခ်ိန္တြင္ က်င္းပခဲ့ၿပီး Boeing 737-800 NG ေလယာဥ္ျဖင့္ စတင္ေျပးဆြဲခဲ့ေၾကာင္း သိရသည္။

အလားတူ မႏၲေလးအျပည္ျပည္ဆိုင္ရာေလဆိပ္တြင္လည္း စတင္ပ်ံသန္းေျပးဆြဲျခင္း အခမ္းအနားကို က်င္းပခဲ့ေၾကာင္း သိရသည္။

ရန္ကုန္-မႏၲေလး-မန္စီ-မႏၲေလး-ရန္ကုန္ခရီးစဥ္ကို အပတ္စဥ္ အဂၤါေန႔၊ ၾကာသပေတးေန႔ႏွင့္ စေနေန႔မ်ားတြင္ ေျပးဆြဲသြားမည္ျဖစ္ေၾကာင္း သိရသည္။

၎ခရီးစဥ္သစ္ကို ပ်ံသန္းေျပးဆြဲျခင္းျဖင့္ ျမန္မာႏိုင္ငံႏွင့္ တ႐ုတ္ႏိုင္ငံအၾကား ခ်စ္ၾကည္ရင္းႏွီးမႈပိုမိုျမင့္မားေစၿပီး တဲဟုန္ျပည္နယ္ခြဲႏွင့္လည္း စီးပြားေရး၊ ကုန္သြယ္မႈ၊ ခရီးသြားလာေရး၊ ယဥ္ေက်းမႈဖလွယ္ေရးစသည့္ က႑မ်ားတြင္ ပိုမိုပူေပါင္းေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.