လူ(၈)ယောက်စာ စားပွဲတစ်ဝိုင်းလျှင် ငွေကျပ်(၂၅)သိန်းနှုန်းဖြင့် ကျင်းပရန် စီစဥ်ထားသည့် အဆိုတော်မျိုးကြီး နှင့် ဝိုင်ဝိုင်းတို့၏ ရှိုးပွဲရက် ရွှေ့ဆိုင်း
![](/img/icon_eye.svg)
5513
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/64a4051eb7327f032568db78/banner-64a4051eb7327f032568db78-x800.jpg)
NP News - ဇူလိုင် ၄
ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်တွင် ကျင်းပမည်ဟု စီစဥ်ထားခဲ့သည့် အဆိုတော်မျိုးကြီးနှင့် ဝိုင်ဝိုင်းတို့၏ ရှိုးပွဲကို ရက်ကို ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။
ယခင်က အဆိုပါပွဲကို လာမည့် ဇူလိုင်(၂၁)ရက်တွင် ကျင်းပသွားမည်ဟု စီစဥ်ထားခဲ့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် ရက်ရွေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။
“အဲဒီပွဲက postpone ဖြစ်သွားပြီရှင့် (၂၁)ရက်နေ့ မလုပ်တော့ပါဘူး။ cancel ဖြစ်သွားပါပြီ။ ဘာမှလည်း သေချာ မသိရသေးလို့ပါ (၂၁)ရက်နေ့ကတော့ မလုပ်တော့ပါဘူး” ဟု အဆိုပါရှိုးပွဲနှင့်ပတ်သက် ဆက်စပ်နွယ်သူတစ်ဦးက NP News ၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားထားသည်။
ယခင်က အဆိုပါဖျော်ဖြေပွဲအား (၈) ဦး စားပွဲတစ်ဝိုင်းလျှင် မြန်မာငွေကျပ်(၂၅)သိန်းနှုန်း ကျသင့်မည်ဖြစ်ပြီး Iron Cross တေးဂီတဝိုင်းဖြင့် ဖျော်ဖြေသွားမည်ဟု စီစဥ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် လူ(၈)ဦးစာ စားပွဲတစ်ဝိုင်း၏ ကုန်ကျမှုတွင် နိုဗိုတယ်ဟိုတယ်အခန်း(၂)ခန်း၊ စကော့ဝီစကီတစ်လုံး၊ ဘီယာ၊ ဝိုင်နှင့် အမြည်းများကိုလည်း free flow သုံးဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
၎င်းရှိုးပွဲနှင့်ပတ်သက်၍ ငွေကျပ်(၂၅)သိန်းကျသင့်မည်ဖြစ်သည့်အတွက် တစ်ဦးလျှင် ကျပ်သုံးသိန်းကျော် ကျသင့် မည်ဖြစ်ကြောင်း သိရသည်။
အဆိုတော်မျိုးကြီး နှင့် ဝိုင်ဝိုင်းတို့၏ ရှိုးပွဲအား ရက်ရွှေ့ဆိုင်းလိုက်ရခြင်း အကြောင်းရင်းကို သက်ဆိုင်သူများဘက်က တရားဝင် အသိပေးပြောဆိုထားခြင်း မရှိသေးသော်လည်း လူမှုကွန်ယက်စာမျက်နှာများပေါ်၌ လူတစ်စု၏ ဝေဖန် ပြစ်တင်နေမှုများကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်သူများလည်း ရှိနေသည်။
Iron Cross(IC) အဖွဲ့ကို ၁၉၉ဝ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် (၃၃)နှစ်ပြည့်မြောက်ခဲ့ပြီးဖြစ်ကာ ပင်တိုင် အဆိုတော်များအဖြစ် လေးဖြူ၊ အငဲ၊ မျိုးကြီး နှင့် ဝိုင်ဝိုင်း တို့က ပါဝင်သီဆိုခဲ့ခြင်းဖြစ်သည်။
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/64a4051eb7327f032568db78/body-image-64a4051eb7327f032568db78-0.jpg)
Zawgyi Version;
လူ(၈)ေယာက္စာ စားပြဲတစ္ဝိုင္းလွ်င္ ေငြက်ပ္(၂၅)သိန္းႏႈန္းျဖင့္ က်င္းပရန္ စီစဥ္ထားသည့္ အဆိုေတာ္မ်ိဳးႀကီး ႏွင့္ ဝိုင္ဝိုင္းတို႔၏ ရႈိးပြဲရက္ ေ႐ႊ႕ဆိုင္း
NP News - ဇူလိုင္ ၄
ရန္ကုန္ၿမိဳ႕ရွိ ႏိုဗိုတယ္ဟိုတယ္တြင္ က်င္းပမည္ဟု စီစဥ္ထားခဲ့သည့္ အဆိုေတာ္မ်ိဳးႀကီးႏွင့္ ဝိုင္ဝိုင္းတို႔၏ ရႈိးပြဲကို ရက္ကို ေ႐ႊ႕ဆိုင္းလိုက္ေၾကာင္း သိရသည္။
ယခင္က အဆိုပါပြဲကို လာမည့္ ဇူလိုင္(၂၁)ရက္တြင္ က်င္းပသြားမည္ဟု စီစဥ္ထားခဲ့ေသာ္လည္း အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ ရက္ေ႐ြ႕ဆိုင္းလိုက္ၿပီျဖစ္ေၾကာင္း သိရသည္။
“အဲဒီပြဲက postpone ျဖစ္သြားၿပီရွင့္ (၂၁)ရက္ေန႔ မလုပ္ေတာ့ပါဘူး။ cancel ျဖစ္သြားပါၿပီ။ ဘာမွလည္း ေသခ်ာ မသိရေသးလို႔ပါ (၂၁)ရက္ေန႔ကေတာ့ မလုပ္ေတာ့ပါဘူး” ဟု အဆိုပါရႈိးပြဲႏွင့္ပတ္သက္ ဆက္စပ္ႏြယ္သူတစ္ဦးက NP News ၏ ေမးျမန္းမႈအေပၚ ျပန္လည္ေျဖၾကားထားသည္။
ယခင္က အဆိုပါေဖ်ာ္ေျဖပြဲအား (၈) ဦး စားပြဲတစ္ဝိုင္းလွ်င္ ျမန္မာေငြက်ပ္(၂၅)သိန္းႏႈန္း က်သင့္မည္ျဖစ္ၿပီး Iron Cross ေတးဂီတဝိုင္းျဖင့္ ေဖ်ာ္ေျဖသြားမည္ဟု စီစဥ္ထားျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ လူ(၈)ဦးစာ စားပြဲတစ္ဝိုင္း၏ ကုန္က်မႈတြင္ ႏိုဗိုတယ္ဟိုတယ္အခန္း(၂)ခန္း၊ စေကာ့ဝီစကီတစ္လုံး၊ ဘီယာ၊ ဝိုင္ႏွင့္ အျမည္းမ်ားကိုလည္း free flow သုံးေဆာင္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
၎ရႈိးပြဲႏွင့္ပတ္သက္၍ ေငြက်ပ္(၂၅)သိန္းက်သင့္မည္ျဖစ္သည့္အတြက္ တစ္ဦးလွ်င္ က်ပ္သုံးသိန္းေက်ာ္ က်သင့္ မည္ျဖစ္ေၾကာင္း သိရသည္။
အဆိုေတာ္မ်ိဳးႀကီး ႏွင့္ ဝိုင္ဝိုင္းတို႔၏ ရႈိးပြဲအား ရက္ေ႐ႊ႕ဆိုင္းလိုက္ရျခင္း အေၾကာင္းရင္းကို သက္ဆိုင္သူမ်ားဘက္က တရားဝင္ အသိေပးေျပာဆိုထားျခင္း မရွိေသးေသာ္လည္း လူမႈကြန္ယက္စာမ်က္ႏွာမ်ားေပၚ၌ လူတစ္စု၏ ေဝဖန္ ျပစ္တင္ေနမႈမ်ားေၾကာင့္ ျဖစ္ႏိုင္ေၾကာင္း သုံးသပ္သူမ်ားလည္း ရွိေနသည္။
Iron Cross(IC) အဖြဲ႕ကို ၁၉၉ဝ ခုႏွစ္တြင္ စတင္ဖြဲ႕စည္းခဲ့ၿပီး လက္ရွိတြင္ (၃၃)ႏွစ္ျပည့္ေျမာက္ခဲ့ၿပီးျဖစ္ကာ ပင္တိုင္ အဆိုေတာ္မ်ားအျဖစ္ ေလးျဖဴ၊ အငဲ၊ မ်ိဳးႀကီး ႏွင့္ ဝိုင္ဝိုင္း တို႔က ပါဝင္သီဆိုခဲ့ျခင္းျဖစ္သည္။