အသက်(၁၅)နှစ်နှင့်အထက် အမျိုးသမီးများသည် စာပေတတ်မြောက်မှုနှုန်းနှင့် လုပ်သားအင်အားပါဝင်မှုနှုန်းတွင် အမျိုးသားများထက် လျော့နည်းနေဟုဆို

734

ရဲပြည့် (NP News) - ဇူလိုင် ၅
အသက်(၁၅)နှစ်နှင့်အထက် အမျိုးသမီးများသည် စာပေတတ်မြောက်မှုနှင့် လုပ်သား အင်အားပါဝင်မှုနှုန်းတွင် အမျိုးသားများထက် လျော့နည်းနေကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂ဝ၂၃ ခုနှစ် ဇူလိုင်လ ၃ ရက်တွင် ကျရောက်ခဲ့သည့် မြန်မာအမျိုးသမီးများနေ့အခမ်းအနားသို့ ပေးပို့သည့်မိန့်ခွန်းတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
၂ဝ၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း အနှစ်ချုပ်အစီရင်ခံစာအရ အသက် ၁၅ နှစ်နှင့်အထက် အမျိုးသမီးစာတတ်မြောက်မှုနှုန်းသည် အမျိုးသားစာတတ်မြောက်မှုနှုန်းထက် ၆ ရာခိုင်နှုန်းခန့်လျော့ နည်းပြီး အသက် ၁၅ နှစ်နဲ့အထက် လူဦးရေရဲ့ လုပ်သား အင်အားပါဝင်မှုနှုန်းသည်လည်း အမျိုးသမီးလုပ်သားအင်အား ပါဝင်မှုနှုန်းသည် အမျိုးသားလုပ်သားအင်အား ပါဝင်မှုနှုန်းထက် အနည်းငယ်လျော့ နည်းနေကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
"အမျိုးသမီးတွေ အထူးသဖြင့် ငယ်ရွယ်တဲ့ အမျိုးသမီးတွေရဲ့ လူမှုစီးပွားဘဝအခြေအနေမြင့်မားရေးအတွက် ပညာသင်ကြား တတ်မြောက်ရေးကို မြှင့်တင်ပေးဖို့လိုအပ်ပါတယ်"ဟု ၎င်းက ဆက်လက်ပြော ကြားခဲ့သည်။
ထို့ပြင် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ကောင်းမွန်စေရေးအတွက်လည်း အလုပ်လုပ်ကိုင်နိုင်သည့် အမျိုးသမီးများ၏ အလုပ်လုပ်နိုင်သည့် စွမ်းရည်များ ကျွမ်းကျင်ပိုင်နိုင်ရန်လိုအပ်သည်ကို တွေ့ရှိရကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ လူဦးရေ၏ ထက်ဝက်ကျော်အား ကိုယ်စားပြုသည့် အမျိုးသမီးများသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတွင် အရေးပါသည့် အင်အားစုတစ်ရပ်ဖြစ်ပြီး နိုင်ငံအတွက် အလွန်အဖိုးတန်သည့် လူသားအရင်းအမြစ်များ ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

zawgyi version
အသက္(၁၅)ႏွစ္ႏွင့္အထက္ အမ်ိဳးသမီးမ်ားသည္ စာေပတတ္ေျမာက္မႈႏႈန္းႏွင့္ လုပ္သားအင္အားပါဝင္မႈႏႈန္းတြင္ အမ်ိဳးသားမ်ားထက္ ေလ်ာ့နည္းေနဟုဆို
ရဲျပည့္ (NP News) - ဇူလိုင္ ၅
အသက္(၁၅)ႏွစ္ႏွင့္အထက္ အမ်ိဳးသမီးမ်ားသည္ စာေပတတ္ေျမာက္မႈႏွင့္ လုပ္သား အင္အားပါဝင္မႈႏႈန္းတြင္ အမ်ိဳးသားမ်ားထက္ ေလ်ာ့နည္းေနေၾကာင္း နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာသည္။
ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ၂ဝ၂၃ ခုႏွစ္ ဇူလိုင္လ ၃ ရက္တြင္ က်ေရာက္ခဲ့သည့္ ျမန္မာအမ်ိဳးသမီးမ်ားေန႔အခမ္းအနားသို႔ ေပးပို႔သည့္မိန႔္ခြန္းတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
၂ဝ၁၉ ခုႏွစ္ ၾကားျဖတ္လူဦးေရသန္းေခါင္စာရင္း အႏွစ္ခ်ဳပ္အစီရင္ခံစာအရ အသက္ ၁၅ ႏွစ္ႏွင့္အထက္ အမ်ိဳးသမီးစာတတ္ေျမာက္မႈႏႈန္းသည္ အမ်ိဳးသားစာတတ္ေျမာက္မႈႏႈန္းထက္ ၆ ရာခိုင္ႏႈန္းခန႔္ေလ်ာ့ နည္းၿပီး အသက္ ၁၅ ႏွစ္နဲ႔အထက္ လူဦးေရရဲ႕ လုပ္သား အင္အားပါဝင္မႈႏႈန္းသည္လည္း အမ်ိဳးသမီးလုပ္သားအင္အား ပါဝင္မႈႏႈန္းသည္ အမ်ိဳးသားလုပ္သားအင္အား ပါဝင္မႈႏႈန္းထက္ အနည္းငယ္ေလ်ာ့ နည္းေနေၾကာင္း နစကဥကၠ႒က ေျပာသည္။
"အမ်ိဳးသမီးေတြ အထူးသျဖင့္ ငယ္႐ြယ္တဲ့ အမ်ိဳးသမီးေတြရဲ႕ လူမႈစီးပြားဘဝအေျခအေနျမင့္မားေရးအတြက္ ပညာသင္ၾကား တတ္ေျမာက္ေရးကို ျမႇင့္တင္ေပးဖို႔လိုအပ္ပါတယ္"ဟု ၎က ဆက္လက္ေျပာ ၾကားခဲ့သည္။
ထို႔ျပင္ အလုပ္အကိုင္အခြင့္အလမ္းမ်ား တိုးတက္ေကာင္းမြန္ေစေရးအတြက္လည္း အလုပ္လုပ္ကိုင္ႏိုင္သည့္ အမ်ိဳးသမီးမ်ား၏ အလုပ္လုပ္ႏိုင္သည့္ စြမ္းရည္မ်ား ကြၽမ္းက်င္ပိုင္ႏိုင္ရန္လိုအပ္သည္ကို ေတြ႕ရွိရေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ျမန္မာႏိုင္ငံ လူဦးေရ၏ ထက္ဝက္ေက်ာ္အား ကိုယ္စားျပဳသည့္ အမ်ိဳးသမီးမ်ားသည္ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကို အေျခခံသည့္ ျပည္ေထာင္စုတည္ေဆာက္ေရးတြင္ အေရးပါသည့္ အင္အားစုတစ္ရပ္ျဖစ္ၿပီး ႏိုင္ငံအတြက္ အလြန္အဖိုးတန္သည့္ လူသားအရင္းအျမစ္မ်ား ျဖစ္ေၾကာင္း နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။