ဖျက်သိမ်းရန်ကြေညာထားသည့် နန်းဦးလွင်ကျေးရွာရှိ နေအိမ်များနှင့်ပတ်သက်ပြီး ပြန်လည်စိစစ်ရန် ညွန်ကြားစာထွက်လာ

 13469

NP News - ဇူလိုင် ၆

လယ်မြေပေါ်တွင် အိမ်ရာများဆောက်လုပ်ထားသဖြင့် ယနေ့ (ဇူလိုင်လ ၆ ရက်)နောက်ဆုံးထား ဖျက်သိမ်းရန် ကြေညာထားသည့် မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ နန်းဦးလွင်ကျေးရွာဝန်းကျင်ရွာမြေများနှင့်ပတ်သက်ပြီး ယမန်နေ့ (ဇူလိုင်လ ၅ ရက်)က အသိပေးစာအချို့ လာရောက်ကပ်သွားကြောင်း မန္တလေးမြို့ခံများထံမှ သိရသည်။

" ကျွန်တော်တို့လဲစာထွက်တယ်ဆိုလို့ သွားကြည့်တာ ဆိုင်းငံ့တယ်။ မဖျက်သိမ်းဘူးဆိုတာတော့ မပါဘူး။ နစက ဥက္ကဋ္ဌရဲ့ ညွန်ကြားချက်ဆိုတာကို အောက်ခြေက မလိုက်နာရင် အရေးယူမယ်ဆိုတာတော့ တွေ့ရတယ်။ အခုအချိန်အထိ နေအိမ်တွေလာဖျက်တာမရှိသေးဘူး။ ပိုက်ဆံရှိတဲ့သူတွေကတော့ အိမ်ငှားပြီးပြောင်းနေကြတယ်။ ဘာတွေဖြစ်လာအုံးမလဲဆိုတာ ဆက်တော့ စောင့်ကြည့်ရမှာပဲ"ဟု နေအိမ်ဖျက်သိမ်းခံရမည့် နန်းဦးလွင်ကျေးရွာခံတစ်ဦးက NP News ကိုပြောသည်။

အွန်လိုင်းတွင်ပျံ့နှံ့နေသည့်အကြောင်းကြားစာအရ နေအိမ်ဖျက်သိမ်းမည့်ကိစ္စ ဆိုင်းငံ့ခြင်း နှင့်ပတ်သက်ပြီး တစုံတရာတိကျစွာရေးသားထားခြင်း မတွေ့ရဘဲ အောက်ခြေဌာနဆိုင်ရာများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် နှင့် နေအိမ်ဖယ်ရှားရန်ဆောင်ရွက်ချက်သည် ပြည်ထောင်စုအစိုးရမှဆောင်ရွက်ခြင်းမဟုတ်ဘဲ မန္တလေးတိုင်း အစိုးရအဖွဲ့၏လုပ်ဆောင်ချက်သာဖြစ်ကြောင်း ဆိုသည့်အချက်များသာပါဝင်သည်။။

ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်က မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ နန်းဦးလွင်၊ မဲခင်းကုန်း၊ ဂွေ့ကြီးကုန်း၊ ကန်ကောက်အရှေ့ စသည့်ကျေးရွာများရှိ နေအိမ်အဆောက်အဦးများ ရာနှင့်ချီ ဖယ်ရှားပေးရန် ထုတ်ပြန်စာလာရောက်ကပ်သွားခဲ့ခြင်း ဖြစ်သည်။

ယင်းနောက်ပိုင်းတွင် ကျေးရွာရှိ နေထိုင်သူများက နေပြည်တော်ရှိ တာဝန်ရှိသူများထံ အသနားခံစာတင်ပြမှုများ ပြုလုပ်ခဲ့ပြီး ဇူလိုင် လ ၅ ရက်တွင် ယခုကဲ့သို့ အကြောင်းကြား ထပ်မံထွက်ရှိလာခြင်းဖြစ်ကြောင်း ဒေသခံများမှတဆင့်သိရသည်။

နေအိမ်ဖျက်သိမ်းခံရမည့် ဒေသခံများအနေဖြင့် အစိုးရတာဝန်ရှိသူများနှင့်ညှိနှိုင်းဆောင်ရွက်ပြီး နှစ်ဖက်ပြေလည်သော သဘောတူညီချက်ရရှိရန် မျှော်လင့်နေကြောင်းသိရသည်။

ပုံစာ - အသစ်ထွက်ပေါ်လာသည့် ညွှန်ကြားစာ

zawgyi version
ဖ်က္သိမ္းရန္ေၾကညာထားသည့္ နန္းဦးလြင္ေက်း႐ြာရွိ ေနအိမ္မ်ားႏွင့္ပတ္သက္ၿပီး ျပန္လည္စိစစ္ရန္ ၫြန္ၾကားစာထြက္လာ
NP News - ဇူလိုင္ ၆

လယ္ေျမေပၚတြင္ အိမ္ရာမ်ားေဆာက္လုပ္ထားသျဖင့္ ယေန႔ (ဇူလိုင္လ ၆ ရက္)ေနာက္ဆုံးထား ဖ်က္သိမ္းရန္ ေၾကညာထားသည့္ မႏၲေလးၿမိဳ႕၊ ပုသိမ္ႀကီးၿမိဳ႕နယ္အတြင္းရွိ နန္းဦးလြင္ေက်း႐ြာဝန္းက်င္႐ြာေျမမ်ားႏွင့္ပတ္သက္ၿပီး ယမန္ေန႔ (ဇူလိုင္လ ၅ ရက္)က အသိေပးစာအခ်ိဳ႕ လာေရာက္ကပ္သြားေၾကာင္း မႏၲေလးၿမိဳ႕ခံမ်ားထံမွ သိရသည္။

" ကြၽန္ေတာ္တို႔လဲစာထြက္တယ္ဆိုလို႔ သြားၾကည့္တာ ဆိုင္းငံ့တယ္။ မဖ်က္သိမ္းဘူးဆိုတာေတာ့ မပါဘူး။ နစက ဥကၠ႒ရဲ႕ ၫြန္ၾကားခ်က္ဆိုတာကို ေအာက္ေျခက မလိုက္နာရင္ အေရးယူမယ္ဆိုတာေတာ့ ေတြ႕ရတယ္။ အခုအခ်ိန္အထိ ေနအိမ္ေတြလာဖ်က္တာမရွိေသးဘူး။ ပိုက္ဆံရွိတဲ့သူေတြကေတာ့ အိမ္ငွားၿပီးေျပာင္းေနၾကတယ္။ ဘာေတြျဖစ္လာအုံးမလဲဆိုတာ ဆက္ေတာ့ ေစာင့္ၾကည့္ရမွာပဲ"ဟု ေနအိမ္ဖ်က္သိမ္းခံရမည့္ နန္းဦးလြင္ေက်း႐ြာခံတစ္ဦးက NP News ကိုေျပာသည္။

အြန္လိုင္းတြင္ပ်ံ႕ႏွံ႔ေနသည့္အေၾကာင္းၾကားစာအရ ေနအိမ္ဖ်က္သိမ္းမည့္ကိစၥ ဆိုင္းငံ့ျခင္း ႏွင့္ပတ္သက္ၿပီး တစုံတရာတိက်စြာေရးသားထားျခင္း မေတြ႕ရဘဲ ေအာက္ေျခဌာနဆိုင္ရာမ်ား ေပါင္းစပ္ညႇိႏႈိင္းေဆာင္႐ြက္ရန္ ႏွင့္ ေနအိမ္ဖယ္ရွားရန္ေဆာင္႐ြက္ခ်က္သည္ ျပည္ေထာင္စုအစိုးရမွေဆာင္႐ြက္ျခင္းမဟုတ္ဘဲ မႏၲေလးတိုင္း အစိုးရအဖြဲ႕၏လုပ္ေဆာင္ခ်က္သာျဖစ္ေၾကာင္း ဆိုသည့္အခ်က္မ်ားသာပါဝင္သည္။။

ၿပီးခဲ့သည့္ ဇြန္လ ၂၇ ရက္က မႏၲေလးၿမိဳ႕၊ ပုသိမ္ႀကီးၿမိဳ႕နယ္အတြင္းရွိ နန္းဦးလြင္၊ မဲခင္းကုန္း၊ ေဂြ႕ႀကီးကုန္း၊ ကန္ေကာက္အေရွ႕ စသည့္ေက်း႐ြာမ်ားရွိ ေနအိမ္အေဆာက္အဦးမ်ား ရာႏွင့္ခ်ီ ဖယ္ရွားေပးရန္ ထုတ္ျပန္စာလာေရာက္ကပ္သြားခဲ့ျခင္း ျဖစ္သည္။

ယင္းေနာက္ပိုင္းတြင္ ေက်း႐ြာရွိ ေနထိုင္သူမ်ားက ေနျပည္ေတာ္ရွိ တာဝန္ရွိသူမ်ားထံ အသနားခံစာတင္ျပမႈမ်ား ျပဳလုပ္ခဲ့ၿပီး ဇူလိုင္ လ ၅ ရက္တြင္ ယခုကဲ့သို႔ အေၾကာင္းၾကား ထပ္မံထြက္ရွိလာျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားမွတဆင့္သိရသည္။

ေနအိမ္ဖ်က္သိမ္းခံရမည့္ ေဒသခံမ်ားအေနျဖင့္ အစိုးရတာဝန္ရွိသူမ်ားႏွင့္ညႇိႏႈိင္းေဆာင္႐ြက္ၿပီး ႏွစ္ဖက္ေျပလည္ေသာ သေဘာတူညီခ်က္ရရွိရန္ ေမွ်ာ္လင့္ေနေၾကာင္းသိရသည္။

ပုံစာ - ဇူလိုင်လ ၆ ရက်နောက်ဆုံးထားဖျက်သိမ်းရန် ကြေညာခဲ့သည့် ထုတ်ပြန်စာ

Related news

© 2021. All rights reserved.