အသက်(၇)နှစ်မှ (၁၆)နှစ်အတွင်းရှိ မြန်မာကလေးငယ် (၁၂၆)ဦးကို မိခင်နိုင်ငံသို့ ပြန်ပို့ရန် ထိုင်းအစိုးရ စီစဉ်

 2314

Pika (NP News) - ဇူလိုင် ၆

ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ်ရှိ ရဲတပ်ဖွဲ့သည် တရားဝင်စာရွက်စာတမ်းများမရှိသော မြန်မာကလေးငယ်(၁၂၆)ဦးကို နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ်အား ဇွန်လ(၅)ရက်က စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အသက်(၇)နှစ်မှ (၁၆)နှစ်ကြားရှိသော မြန်မာကလေးငယ်များသည် Angthong မြို့ရှိ ကျောင်းတစ်ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသားများဖြစ်ပြီး ၎င်းတို့အားလုံးကို မြန်မာနိုင်ငံသို့ ပြန်လည်မပို့ဆောင်မီ ကယ်ဆယ်ရေးစခန်း(၅)ခုသို့ ဘတ်စ်ကားလေးစီးဖြင့် သွားရောက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ရပ်သည် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဥပဒေ၏ အခြေခံမူများနှင့် ဆန့်ကျင်ဖက်ဖြစ်ပြီး ဝေဖန်မှုများလည်း ထွက်ပေါ်လာခဲ့ကြောင်းသိရသည်။ မြန်မာကလေးငယ်များနှင့်အတူ လူမှုဖွံ့ဖြိုးရေးနှင့် လုံခြုံရေး ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ဒစ်ဂျစ်တယ်ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးအရာရှိ ဒုဗိုလ်ချုပ်ကြီး hitawat Suriyachai တို့လည်း လိုက်ပါခဲ့ကြောင်း သိရသည်။

မြန်မာကလေးငယ်များကို ထိုင်းနိုင်ငံတွင် ပညာသင်ကြားစေရန်အတွက် မြန်မာနိုင်ငံမှ ခေါ်ဆောင်လာခဲ့ခြင်းဖြစ် ကြောင်း Angthong မြို့ရှိအခြေခံပညာကော်မရှင်ရုံး၏ ထုတ်ပြန်ပြောဆိုချက်များအရသိရသည်။ထိုင်းနိုင်ငံ ပညာရေးဝန်ကြီးဌာနမှ ကျောင်းငယ်များကို ပိတ်လိုက်ခြင်းသည် အဆိုပါပြဿနာကို ဖြစ်ပေါ်လာစေခဲ့ခြင်းဖြစ် ကြောင်း ချင်းရိုင်ပြည်နယ်ကောင်စီအဖွဲ့ဝင်ဟောင်း Tuenchai Deeted က ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံမှ ကလေးငယ်များသည် နိုင်ငံတွင်းတွင်ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် လုံခြုံသော နေထိုင်မှုဘဝရရှိရန် ထိုင်းနိုင်ငံသို့ လာရောက်ခဲ့ကြခြင်းဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုပြောဆိုခဲ့သည်။ မြန်မာကလေးငယ်များသည် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်း နှင့် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး အက်ဥပဒေအောက်တွင် အကာအကွယ်ပေးမှုများကို ရသင့်ကြောင်း နိုင်ငံမဲ့လူများအတွက် ဖောင်ဒေးရှင်း၏ မန်နေဂျာ Santipong Moonfuang က ပြောကြားခဲ့သည်။

အဆိုပါကိစ္စကို အမျိုးသားလူခွင့်အရေးကော်မရှင်က အာရုံစိုက်သင့်ပြီး သက်ဆိုင်ရာအေဂျင်စီများသည် အရေးယူ ဆောင်ရွက်မှုများ မြန်မြန်ဆန်ဆန်လုပ်ဆောင်ပေးသင့်သည်ဟု တိုက်တွန်းထားကြောင်း ၎င်းက ပြောကြားခဲ့သည်။ မြန်မာကလေးငယ်များကို နေရပ်ပြန်ပို့ခြင်းသည် ကလေးသူငယ်ကာကွယ်ရေးအက်ဥပဒေ နှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းတွင် ဖော်ပြထားသည့်အခြေခံမူများကို ချိုးဖောက်ကြောင်း Chulalongkorn တက္ကသိုလ် ဥပဒေဌာနမှ ကထိကSripapha Phetchmeesri က ထောက်ပြပြောဆိုခဲ့သည်။

Zawgyi Version;
အသက္(၇)ႏွစ္မွ (၁၆)ႏွစ္အတြင္းရွိ ျမန္မာကေလးငယ္ (၁၂၆)ဦးကို မိခင္ႏိုင္ငံသို႔ ျပန္ပို႔ရန္ ထိုင္းအစိုးရ စီစဥ္
Pika (NP News) - ဇူလိုင္ ၆

ထိုင္းႏိုင္ငံ ခ်င္း႐ိုင္ျပည္နယ္ရွိ ရဲတပ္ဖြဲ႕သည္ တရားဝင္စာ႐ြက္စာတမ္းမ်ားမရွိေသာ ျမန္မာကေလးငယ္(၁၂၆)ဦးကို ေနရပ္ျပန္ပို႔ေရးလုပ္ငန္းစဥ္အား ဇြန္လ(၅)ရက္က စတင္လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

အသက္(၇)ႏွစ္မွ (၁၆)ႏွစ္ၾကားရွိေသာ ျမန္မာကေလးငယ္မ်ားသည္ Angthong ၿမိဳ႕ရွိ ေက်ာင္းတစ္ေက်ာင္းတြင္ ပညာသင္ၾကားေနေသာ ေက်ာင္းသားမ်ားျဖစ္ၿပီး ၎တို႔အားလုံးကို ျမန္မာႏိုင္ငံသို႔ ျပန္လည္မပို႔ေဆာင္မီ ကယ္ဆယ္ေရးစခန္း(၅)ခုသို႔ ဘတ္စ္ကားေလးစီးျဖင့္ သြားေရာက္ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။

အဆိုပါလုပ္ရပ္သည္ ကေလးသူငယ္ကာကြယ္ေစာင့္ေရွာက္ေရးဥပေဒ၏ အေျခခံမူမ်ားႏွင့္ ဆန႔္က်င္ဖက္ျဖစ္ၿပီး ေဝဖန္မႈမ်ားလည္း ထြက္ေပၚလာခဲ့ေၾကာင္းသိရသည္။ ျမန္မာကေလးငယ္မ်ားႏွင့္အတူ လူမႈဖြံ႕ၿဖိဳးေရးႏွင့္ လုံၿခဳံေရး ဝန္ႀကီးဌာနမွ ကိုယ္စားလွယ္မ်ား၊ ဒစ္ဂ်စ္တယ္ရာဇဝတ္မႈ စုံစမ္းစစ္ေဆးေရးအရာရွိ ဒုဗိုလ္ခ်ဳပ္ႀကီး hitawat Suriyachai တို႔လည္း လိုက္ပါခဲ့ေၾကာင္း သိရသည္။

ျမန္မာကေလးငယ္မ်ားကို ထိုင္းႏိုင္ငံတြင္ ပညာသင္ၾကားေစရန္အတြက္ ျမန္မာႏိုင္ငံမွ ေခၚေဆာင္လာခဲ့ျခင္းျဖစ္ ေၾကာင္း Angthong ၿမိဳ႕ရွိအေျခခံပညာေကာ္မရွင္႐ုံး၏ ထုတ္ျပန္ေျပာဆိုခ်က္မ်ားအရသိရသည္။ထိုင္းႏိုင္ငံ ပညာေရးဝန္ႀကီးဌာနမွ ေက်ာင္းငယ္မ်ားကို ပိတ္လိုက္ျခင္းသည္ အဆိုပါျပႆနာကို ျဖစ္ေပၚလာေစခဲ့ျခင္းျဖစ္ ေၾကာင္း ခ်င္း႐ိုင္ျပည္နယ္ေကာင္စီအဖြဲ႕ဝင္ေဟာင္း Tuenchai Deeted က ေျပာၾကားခဲ့သည္။

ထို႔အျပင္ ျမန္မာႏိုင္ငံမွ ကေလးငယ္မ်ားသည္ ႏိုင္ငံတြင္းတြင္ျဖစ္ပြားေနေသာ ပဋိပကၡမ်ားေၾကာင့္ လုံၿခဳံေသာ ေနထိုင္မႈဘဝရရွိရန္ ထိုင္းႏိုင္ငံသို႔ လာေရာက္ခဲ့ၾကျခင္းျဖစ္ေၾကာင္း ၎က မွတ္ခ်က္ျပဳေျပာဆိုခဲ့သည္။ ျမန္မာကေလးငယ္မ်ားသည္ ကေလးသူငယ္အခြင့္အေရးဆိုင္ရာ ကြန္ဗင္းရွင္း ႏွင့္ ကေလးသူငယ္ကာကြယ္ ေစာင့္ေရွာက္ေရး အက္ဥပေဒေအာက္တြင္ အကာအကြယ္ေပးမႈမ်ားကို ရသင့္ေၾကာင္း ႏိုင္ငံမဲ့လူမ်ားအတြက္ ေဖာင္ေဒးရွင္း၏ မန္ေနဂ်ာ Santipong Moonfuang က ေျပာၾကားခဲ့သည္။

အဆိုပါကိစၥကို အမ်ိဳးသားလူခြင့္အေရးေကာ္မရွင္က အာ႐ုံစိုက္သင့္ၿပီး သက္ဆိုင္ရာေအဂ်င္စီမ်ားသည္ အေရးယူ ေဆာင္႐ြက္မႈမ်ား ျမန္ျမန္ဆန္ဆန္လုပ္ေဆာင္ေပးသင့္သည္ဟု တိုက္တြန္းထားေၾကာင္း ၎က ေျပာၾကားခဲ့သည္။ ျမန္မာကေလးငယ္မ်ားကို ေနရပ္ျပန္ပို႔ျခင္းသည္ ကေလးသူငယ္ကာကြယ္ေရးအက္ဥပေဒ ႏွင့္ ကေလးသူငယ္ အခြင့္အေရးဆိုင္ရာ ကုလသမဂၢကြန္ဗင္းရွင္းတြင္ ေဖာ္ျပထားသည့္အေျခခံမူမ်ားကို ခ်ိဳးေဖာက္ေၾကာင္း Chulalongkorn တကၠသိုလ္ ဥပေဒဌာနမွ ကထိကSripapha Phetchmeesri က ေထာက္ျပေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.