မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို)၏ (၁၃)ကြိမ်မြောက် သက်ကြီးပူဇော်ကန်တော့ပွဲကို နေပြည်တော်၌ကျင်းပ

 543

NP News - ဇူလိုင် ၇

(၁၃)ကြိမ်မြောက် သက်ကြီးလူရွှင်တော်များ ပူဇော်ကန်တော့ပွဲကို ဇူလိုင်လ(၇)ရက်တွင် နေပြည်‌တော်ရှိ MICC-2 ၌ ကျင်းပခဲ့သည်။

အဆိုပါ သက်ကြီးလူရွှင်တော်များ ပူဇော်ကန်တော့ပွဲသို့ ဝါရင့်လူရွှင်တော်ကြီးများဖြစ်သည့် ဦးမိုးဒီ၊ ဦးပေါ်လေး၊ ဦးချစ်စရာ၊ ဦးဥဩ အပါအဝင် ကန်တော့ခံသက်ကြီးလူရွှင်တော် (၁ဝ၇)ဦး တက်ရောက်ကန်တော့ခံခဲ့ပြီး သရုပ်ဆောင်များဖြစ်သည့် အကယ်ဒမီရန်အောင်၊အကယ်ဒမီ စိုးသူ ၊ အကယ်ဒမီ စိုးမြတ်သူဇာ နှင့် အကယ်ဒမီ စိုးမြတ်နန္ဒာတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ ပြန်ကြား‌ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မြန်မာ နိုင်ငံ ဟာသပညာရှင်များအစည်းအရုံး(ဗဟို)အား ခွင့်ပြုခြင်းနှင့် လူရွှင်တော်များအတွက် အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် ဟာသလူရွှင်တော်များမှ တစ်ခန်းရပ်ဟာသများ ၊ သက်ကြီးလူရွှင်တော်ကြီးများ၏ သနားစရာတစ်ခန်းရပ်ပြဇာတ်များဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။

မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို)ဥက္ကဋ္ဌဖြစ်သူ ဦးဒိန်းဒေါင်ကလည်း သက်ကြီးလူရွှင်တော်များနှင့်တကွ တက်ရောက်လာကြသူများအားကျေးဇူးတင်ကြောင်းနှင့် ရှေ့ဆက်မည့် လုပ်ငန်းများအားရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးဒိန်းဒေါင်မှ ဦးဆောင်ပြီး သက်ကြီးလူရွှင်တော်ကြီးများအားကန်တော့ခဲ့ကြကာ အမှတ်တရပစ္စည်းများပေးအပ်ခဲ့ကြသည်။

(၁၃)ကြိမ်မြောက် သက်ကြီးလူရွှင်တော်များ ပူဇော်ကန်တော့ပွဲသို့ ပြန်ကြား‌ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ၊ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ပြန်ကြား‌ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးရဲတင့်တို့ တက်ရောက်ခဲ့ကြောင်းသိရသည်။

zawgyi version
ျမန္မာႏိုင္ငံဟာသပညာရွင္မ်ားအစည္းအ႐ုံး(ဗဟို)၏ (၁၃)ႀကိမ္ေျမာက္ သက္ႀကီးပူေဇာ္ကန္ေတာ့ပြဲကို ေနျပည္ေတာ္၌က်င္းပ
NP News - ဇူလိုင္ ၇

(၁၃)ႀကိမ္ေျမာက္ သက္ႀကီးလူ႐ႊင္ေတာ္မ်ား ပူေဇာ္ကန္ေတာ့ပြဲကို ဇူလိုင္လ(၇)ရက္တြင္ ေနျပည္‌ေတာ္ရွိ MICC-2 ၌ က်င္းပခဲ့သည္။

အဆိုပါ သက္ႀကီးလူ႐ႊင္ေတာ္မ်ား ပူေဇာ္ကန္ေတာ့ပြဲသို႔ ဝါရင့္လူ႐ႊင္ေတာ္ႀကီးမ်ားျဖစ္သည့္ ဦးမိုးဒီ၊ ဦးေပၚေလး၊ ဦးခ်စ္စရာ၊ ဦးဥဩ အပါအဝင္ ကန္ေတာ့ခံသက္ႀကီးလူ႐ႊင္ေတာ္ (၁ဝ၇)ဦး တက္ေရာက္ကန္ေတာ့ခံခဲ့ၿပီး သ႐ုပ္ေဆာင္မ်ားျဖစ္သည့္ အကယ္ဒမီရန္ေအာင္၊အကယ္ဒမီ စိုးသူ ၊ အကယ္ဒမီ စိုးျမတ္သူဇာ ႏွင့္ အကယ္ဒမီ စိုးျမတ္နႏၵာတို႔ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

ပထမဦးစြာ ျပန္ၾကား‌ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္းက ျမန္မာ ႏိုင္ငံ ဟာသပညာရွင္မ်ားအစည္းအ႐ုံး(ဗဟို)အား ခြင့္ျပဳျခင္းႏွင့္ လူ႐ႊင္ေတာ္မ်ားအတြက္ အမွာစကားေျပာၾကားခဲ့သည္။

ယင္းေနာက္ ဟာသလူ႐ႊင္ေတာ္မ်ားမွ တစ္ခန္းရပ္ဟာသမ်ား ၊ သက္ႀကီးလူ႐ႊင္ေတာ္ႀကီးမ်ား၏ သနားစရာတစ္ခန္းရပ္ျပဇာတ္မ်ားျဖင့္ ကျပေဖ်ာ္ေျဖခဲ့ၾကသည္။

ျမန္မာႏိုင္ငံဟာသပညာရွင္မ်ားအစည္းအ႐ုံး(ဗဟို)ဥကၠ႒ျဖစ္သူ ဦးဒိန္းေဒါင္ကလည္း သက္ႀကီးလူ႐ႊင္ေတာ္မ်ားႏွင့္တကြ တက္ေရာက္လာၾကသူမ်ားအားေက်းဇူးတင္ေၾကာင္းႏွင့္ ေရွ႕ဆက္မည့္ လုပ္ငန္းမ်ားအားရွင္းလင္းတင္ျပခဲ့သည္။

ဆက္လက္ၿပီး ျမန္မာႏိုင္ငံဟာသပညာရွင္မ်ားအစည္းအ႐ုံး(ဗဟို)ဥကၠ႒ ဦးဒိန္းေဒါင္မွ ဦးေဆာင္ၿပီး သက္ႀကီးလူ႐ႊင္ေတာ္ႀကီးမ်ားအားကန္ေတာ့ခဲ့ၾကကာ အမွတ္တရပစၥည္းမ်ားေပးအပ္ခဲ့ၾကသည္။

(၁၃)ႀကိမ္ေျမာက္ သက္ႀကီးလူ႐ႊင္ေတာ္မ်ား ပူေဇာ္ကန္ေတာ့ပြဲသို႔ ျပန္ၾကား‌ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္း ၊ နစက သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းႏွင့္ ျပန္ၾကား‌ေရးဝန္ႀကီးဌာနဒုတိယဝန္ႀကီး ဦးရဲတင့္တို႔ တက္ေရာက္ခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.