ပုဒ်မ ၅ဝ၅ ဖြင့် ဖမ်းဆီးခံခဲ့ရသော အဆိုတော်မေလသံစဉ်၊ သရုပ်ဆောင် မေပန်းချီနှင့် အနုပညာရှင်အချို့ (၃)လ နီးပါးအကြာ၌ ပြန်လည်လွတ်မြောက်လာ

 10973

NP News - ဇူလိုင် ၈

ပုဒ်မ ၅ဝ၅ (က)ဖြင့် ဖမ်းဆီးခံခဲ့ရသော လူငယ်အဆိုတော် မေလသံစဉ်နှင့် အနုပညာရှင်အချို့သည် (၃)လနီးပါး အကြာ၌ ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ကြောင်း သတင်းရရှိသည်။

မေလသံစဉ်၊ ရွှေရည်သိန်းတန်၊ မေပန်းချီ၊ မြတ်သူသူ နှင့် သတင်းစာဆရာ ဦးကျော်မင်းဆွေတို့သည် ယမန်နေ့ (ဇူလိုင် ၇ ရက်) တွင် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

အထက်ပါအနုပညာရှင်များသည် ပြီးခဲ့သော ဧပြီ ၁၁ ရက် နံနက်ပိုင်းတွင်၊ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ၌ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်အပေါ် ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာများ၌ ရေးသား ပြုမူခဲ့မှုများနှင့်ပတ်သက်၍ ဖမ်းဆီးခံခဲ့ရကာ ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့် တရားစွဲခံခဲ့ရကြောင်း သိရသည်။

အဆိုတော်မေလသံစဉ် အပါအဝင် အနုပညာရှင်အချို့နှင့် သတင်းစာဆရာဦးကျော်မင်းဆွေတို့သည် ဧပြီ ၁၁ ရက် နှင့် ၁၂ ရက်တို့တွင် ၎င်းတို့၏ နေအိမ်အသီးသီး၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

၎င်းကဲ့သို့ ဖမ်းဆီးခံခဲ့ရသူများအနက်တွင် သရုပ်ဆောင်မေပန်းချီသည် ပြီးခဲ့သော ဇွန် ၇ ရက်နေ့တွင် စစ်ခုံရုံးက ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ် (၃)နှစ် ချမှတ်ခြင်းခံခဲ့ရသည်။

ထိုသို့ ဖမ်းဆီးခံခဲ့ရပြီးနောက် (၃)လနီးပါးအကြာ ယမန်နေ့(ဇူလိုင် ၇ ရက်) တွင် ပြန်လည်လွတ်မြောက်လာပြီဖြစ် ကြောင်း အနုပညာရှင်အချို့က ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာများ၌ အသိပေးပြေဆိုထားသည်ကို တွေ့ရှိရသည်။

ယနေ့(ဇူလိုင် ၈ ရက်) တွင် အဆိုတော်မေလသံစဉ် နှင့် သရုပ်ဆောင် မေပန်းချီတို့သည် ၎င်းတို့၏ လူမှုကွန်ယက် စာမျက်နှာကို ပြန်လည်အသုံးကာ အသိပေးထားကြောင်း တွေ့ရှိရပြီး ပရိတ်သတ်များကလည်း ဝမ်းသာကြိုဆို ကြောင်း မှတ်ချက်ပြုရေးသားနေကြသည်ကို တွေ့ရှိရသည်။

လက်ရှိတွင် အဆိုတော် မေလသံစဉ် အပါအဝင် အနုပညာရှင်အချို့နှင့် သတင်းစာရာဦးကျော်မင်းဆွေတို့ကို ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း လုံခြုံရေးအဖွဲ့ဝင်များနှင့်နီးစပ်သော သတင်းအရင်းများကလည်း အသိပေးပြောထားသည်။

Zawgyi Version;
ပုဒ္မ ၅ဝ၅ ျဖင့္ ဖမ္းဆီးခံခဲ့ရေသာ အဆိုေတာ္ေမလသံစဥ္၊ သ႐ုပ္ေဆာင္ ေမပန္းခ်ီႏွင့္ အႏုပညာရွင္အခ်ိဳ႕ (၃)လ နီးပါးအၾကာ၌ ျပန္လည္လြတ္ေျမာက္လာ
NP News - ဇူလိုင္ ၈

ပုဒ္မ ၅ဝ၅ (က)ျဖင့္ ဖမ္းဆီးခံခဲ့ရေသာ လူငယ္အဆိုေတာ္ ေမလသံစဥ္ႏွင့္ အႏုပညာရွင္အခ်ိဳ႕သည္ (၃)လနီးပါး အၾကာ၌ ျပန္လည္လြတ္ေျမာက္လာခဲ့ၿပီျဖစ္ေၾကာင္း သတင္းရရွိသည္။

ေမလသံစဥ္၊ ေ႐ႊရည္သိန္းတန္၊ ေမပန္းခ်ီ၊ ျမတ္သူသူ ႏွင့္ သတင္းစာဆရာ ဦးေက်ာ္မင္းေဆြတို႔သည္ ယမန္ေန႔ (ဇူလိုင္ ၇ ရက္) တြင္ ျပန္လည္လြတ္ေျမာက္လာခဲ့ေၾကာင္း သိရသည္။

အထက္ပါအႏုပညာရွင္မ်ားသည္ ၿပီးခဲ့ေသာ ဧၿပီ ၁၁ ရက္ နံနက္ပိုင္းတြင္၊ စစ္ကိုင္းတိုင္း၊ ကန႔္ဘလူၿမိဳ႕နယ္၊ ပဇီႀကီးေက်း႐ြာ၌ ေလေၾကာင္းတိုက္ခိုက္ခံရမႈျဖစ္စဥ္အေပၚ ၎တို႔၏ လူမႈကြန္ယက္စာမ်က္ႏွာမ်ား၌ ေရးသား ျပဳမူခဲ့မႈမ်ားႏွင့္ပတ္သက္၍ ဖမ္းဆီးခံခဲ့ရကာ ပုဒ္မ ၅၀၅ (က)ျဖင့္ အမႈဖြင့္ တရားစြဲခံခဲ့ရေၾကာင္း သိရသည္။

အဆိုေတာ္ေမလသံစဥ္ အပါအဝင္ အႏုပညာရွင္အခ်ိဳ႕ႏွင့္ သတင္းစာဆရာဦးေက်ာ္မင္းေဆြတို႔သည္ ဧၿပီ ၁၁ ရက္ ႏွင့္ ၁၂ ရက္တို႔တြင္ ၎တို႔၏ ေနအိမ္အသီးသီး၌ ဖမ္းဆီးခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

၎ကဲ့သို႔ ဖမ္းဆီးခံခဲ့ရသူမ်ားအနက္တြင္ သ႐ုပ္ေဆာင္ေမပန္းခ်ီသည္ ၿပီးခဲ့ေသာ ဇြန္ ၇ ရက္ေန႔တြင္ စစ္ခုံ႐ုံးက ရာဇသတ္ႀကီးပုဒ္မ ၅၀၅(က)ျဖင့္ ေထာင္ဒဏ္ (၃)ႏွစ္ ခ်မွတ္ျခင္းခံခဲ့ရသည္။

ထိုသို႔ ဖမ္းဆီးခံခဲ့ရၿပီးေနာက္ (၃)လနီးပါးအၾကာ ယမန္ေန႔(ဇူလိုင္ ၇ ရက္) တြင္ ျပန္လည္လြတ္ေျမာက္လာၿပီျဖစ္ ေၾကာင္း အႏုပညာရွင္အခ်ိဳ႕က ၎တို႔၏ လူမႈကြန္ယက္စာမ်က္ႏွာမ်ား၌ အသိေပးေျပဆိုထားသည္ကို ေတြ႕ရွိရသည္။

ယေန႔(ဇူလိုင္ ၈ ရက္) တြင္ အဆိုေတာ္ေမလသံစဥ္ ႏွင့္ သ႐ုပ္ေဆာင္ ေမပန္းခ်ီတို႔သည္ ၎တို႔၏ လူမႈကြန္ယက္ စာမ်က္ႏွာကို ျပန္လည္အသုံးကာ အသိေပးထားေၾကာင္း ေတြ႕ရွိရၿပီး ပရိတ္သတ္မ်ားကလည္း ဝမ္းသာႀကိဳဆို ေၾကာင္း မွတ္ခ်က္ျပဳေရးသားေနၾကသည္ကို ေတြ႕ရွိရသည္။

လက္ရွိတြင္ အဆိုေတာ္ ေမလသံစဥ္ အပါအဝင္ အႏုပညာရွင္အခ်ိဳ႕ႏွင့္ သတင္းစာရာဦးေက်ာ္မင္းေဆြတို႔ကို ျပန္လည္လႊတ္ေပးလိုက္ၿပီျဖစ္ေၾကာင္း လုံၿခဳံေရးအဖြဲ႕ဝင္မ်ားႏွင့္နီးစပ္ေသာ သတင္းအရင္းမ်ားကလည္း အသိေပးေျပာထားသည္။

Related news

© 2021. All rights reserved.