ထန်းတပင်မြို့၌ အသက်(၁၆)နှစ်အရွယ် အမျိုးသားတစ်ဦး ရေနစ်သေဆုံး

 608

စော (NP News) - ဇူလိုင် ၁၃

ရန်ကုန်တိုင်း၊ ထန်းတပင်မြို့တွင် အသက်(၁၆)နှစ်အရွယ် အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါအမျိုးသားသည် ယမန်နေ့(ဇူလိုင်လ ၁၂ရက်)၊ ညနေ (၄)နာရီ ဝန်းကျင်အချိန်တွင် အထက်ပါကဲ့သို့သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကရုဏာတွဲလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။

“သူက တိုက်ဆောက်တဲ့နေရာမှာ အလုပ်လာလုပ်တာပါ။ အဲဒီနေရာမှာ မြေတွေကို ဘတ်ဟိုးတွေနဲ့ တူးထားတော့ ဝါးတစ်ပြန်စာလောက်ရှိတဲ့ ကန်ပုံစံမျိုးဖြစ်နေတာ။ အဲဒီမှာ ခြေထောက်ဆင်းဆေးရင်း နဲ့ချော်ကျသွားတာပါ။ သူနဲ့အတူ သုံးယောက်လဲချော်ကြတယ်။ ဆုံးသွားတဲ့တစ်ယောက် ကကမ်းနဲ့ဝေးသွားလို့ ဆယ်လိုမရတော့ ဆုံးသွားတာပါ။ ကျန်တဲ့သုံးယောက်ကကယ်လို့ရခဲ့ပါတယ်”ဟု ကရုဏာတွဲလက် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

သေဆုံးသူအမျိုးသားသည် မောင်လမင်းထက် (၁၆)နှစ်ဖြစ်ပြီး မြောက်ဥက္ကလာတွင် မောင်နှမသုံးဦးနှင့် အတူနေထိုင်သူဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ၎င်း၏ရုပ်အလောင်းအား လှိုင်သာယာဆေးရုံ ရင်ခွဲရုံမှ ရေဝေးသုသာန်သို့ ပို့ဆောင်ထားကြောင်း သိရသည်။

zawgyi version
ထန္းတပင္ၿမိဳ႕၌ အသက္(၁၆)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး ေရနစ္ေသဆုံး

ေစာ (NP News) - ဇူလိုင္ ၁၃

ရန္ကုန္တိုင္း၊ ထန္းတပင္ၿမိဳ႕တြင္ အသက္(၁၆)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး ေရနစ္ေသဆုံးခဲ့ေၾကာင္း သိရသည္။

အဆိုပါအမ်ိဳးသားသည္ ယမန္ေန႔(ဇူလိုင္လ ၁၂ရက္)၊ ညေန (၄)နာရီ ဝန္းက်င္အခ်ိန္တြင္ အထက္ပါကဲ့သို႔ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း က႐ုဏာတြဲလက္လူမႈကူညီေရးအသင္းထံမွ သိရသည္။

“သူက တိုက္ေဆာက္တဲ့ေနရာမွာ အလုပ္လာလုပ္တာပါ။ အဲဒီေနရာမွာ ေျမေတြကို ဘတ္ဟိုးေတြနဲ႔ တူးထားေတာ့ ဝါးတစ္ျပန္စာေလာက္ရွိတဲ့ ကန္ပုံစံမ်ိဳးျဖစ္ေနတာ။ အဲဒီမွာ ေျခေထာက္ဆင္းေဆးရင္း နဲ႔ေခ်ာ္က်သြားတာပါ။ သူနဲ႔အတူ သုံးေယာက္လဲေခ်ာ္ၾကတယ္။ ဆုံးသြားတဲ့တစ္ေယာက္ ကကမ္းနဲ႔ေဝးသြားလို႔ ဆယ္လိုမရေတာ့ ဆုံးသြားတာပါ။ က်န္တဲ့သုံးေယာက္ကကယ္လို႔ရခဲ့ပါတယ္”ဟု က႐ုဏာတြဲလက္ လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ေသဆုံးသူအမ်ိဳးသားသည္ ေမာင္လမင္းထက္ (၁၆)ႏွစ္ျဖစ္ၿပီး ေျမာက္ဥကၠလာတြင္ ေမာင္ႏွမသုံးဦးႏွင့္ အတူေနထိုင္သူျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ ၎၏႐ုပ္အေလာင္းအား လႈိင္သာယာေဆး႐ုံ ရင္ခြဲ႐ုံမွ ေရေဝးသုသာန္သို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.