တန့်ကြည့်တောင်ဘုရားအနီး၌ PDF အဖွဲ့နှင့် လုံခြုံရေးအဖွဲ့တို့ တိုက်ပွဲဖြစ်၊ ကျောင်းသား (၁ဝဝဝ)နီးပါး ပညာသင်နေသော စာသင်ကျောင်း(၃)ခု ပိတ်ထားရ

 10713

NP News - ဇူလိုင် ၁၄

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တန့်ကြည့်တောင်ဘုရားအနီးရှိ ကျေးရွာ၌ PDF ပူးပေါင်းအဖွဲ့များနှင့် ပြည်သူ့စစ်၊ တပ်မတော် ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

ဆိက္ခဝကျေးရွာအုပ်စု၊ တန့်ကြည့်တောင်ဘုရားအနီးရှိ တောင်ရွာယာကျေးရွာတွင် ယမန်နေ့(ဇူလိုင် ၁၃ ရက်) နံနက် ၅ နာ ရီခွဲအချိန်ခန့်တွင် နှစ်ဖက်အကြား (၁)နာရီကျော်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

PDF ပူးပေါင်းအဖွဲ့များသည် တောင်ရွာယာကျေးရွာကို နံနက်အစောပိုင်းတွင် လာရောက်ချဉ်းကပ်ကာ လူနေအိမ်(၁)လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ဆိုသည်။

“တောင်ရွာယာကျေးရွာအနားကို အင်အား(၂ဝ)ခန့် လာကပ်တယ်။ ရွာရဲ့မီတာ (၂၅ဝ)လောက်အကွာမှာ အင်အားက (၄ဝ) ကျန်ခဲ့တယ်။ နောက်ချန်အင်အားပေါ့။ အဲဒီလို ကပ်ပြီးတော့ ရွာထဲမှာရှိတဲ့ အိမ်တစ်အိမ်ကို မီးရှို့တယ်။ ပြီးတော့ စတင်ပစ်ခတ်တယ်။ အဲဒီမှာ ပြည်သူ့စစ်အဖွဲ့နဲ့ တပ်မတော်တို့ရှိတယ်။ အဲဒီတော့ ပြည်သူ့စစ်နဲ့တပ်မတော်အဖွဲ့တွေက လည်း PDF တွေရှိတဲ့နေရာကို သွားပြီးတော့ တိုက်တယ်ပေါ့။ အဲဒီတော့ မနက် ၅ နာရီ ၂ဝ လောက်မှာ အပြန်အလှန်ပစ် ခတ်မှုတွေ ဖြစ်တာပေါ့” ဟု တောင်ရွာယာကျေးရွာဒေသခံတစ်ဦးက NP News ကို ပြောသည်။

ထိုသို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ်အတွင်း ကုန်စိမ်းလိုက်လံရောင်းချသည့် အသက်(၁၉)နှစ်အရွယ် ဒေသခံ ကိုမင်းသူအောင် ဆိုသူမှာ ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ကာ ဆေးရုံ၌ သေဆုံးခဲ့ပြီး နောက်ထပ် ရွာခံတစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာ များရရှိသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် PDF ပူးပေါင်းအဖွဲ့သည် တောင်ရွာယာကျေးရွာသို့ လာရောက်ချဉ်းကပ်တိုက်ခိုက်မှုနှင့် တစ်ပြိုင်နက် ၎င်းကျေးရွာနှင့် မီတာ (၂ဝဝဝ)ခန့်ဝေးသော ရေနံချက်ကျေးရွာသို့ ဝင်ရောက်စီးနင်းမှုများ ပြုလုပ်ခဲ့ကြောင်းလည်း ဒေသခံများက ထပ်မံ ပြောထားသည်။

“အဲဒီရွာနဲ့ တစ်ချိန်တည်းတစ်ပြိုက်နက်တည်းမှာ ရေနံချက်ကျေးရွာကို ဝင်စီးတယ်။ ပြည်သူ့စစ်ရဲ့ မိဘအိမ်ကို ဝင်စီးတယ်။ ပြည်သူ့စစ် က စခန်းမှာနေတာဆိုတော့ ပြည်သူ့စစ်ကို မတွေ့ရဘူး။ ထိတွေ့မှု မဖြစ်ခဲ့ဘူးပေါ့။ အဲဒီလို မတွေ့တဲ့အခါကြတော့ ဖုန်းတွေ၊ ဘာတွေ သိမ်းသွားတယ်။ ပိုက်ဆံတွေယူသွားတယ်။ လူသတ်တာတို့၊ ဘာတို့တော့ လုပ်မသွားဘူးပေါ့” ဟု ရေနံချက်ကျေးရွာဒေသခံတစ်ဦးက NP News ကို ပြောသည်။

လက်ရှိတွင် နှစ်ဖက်တိုက်ပွဲများကြောင့် တောင်ရွာယာကျေးရွာ၊ ရေနံချက်ကျေးရွာနှင့် ရွာသစ်ကျေးရွာတို့ ဒေသခံပြည်သူများသည် လတ်တလော၌ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရကြောင်း သိရသည်။

ထို့ပြင် ကျောင်းသား၊ ကျောင်းသူ (၁ဝဝဝ)နီးပါး ပညာသင်ယူနေသည့် အထကခွဲ(တောင်ရွာယာ)၊ အလက(ရေနံချက်)နှင့် အမက(ရွာသစ်)ကျောင်းတို့ကို ပိတ်ထာရကြောင်း ဒေသခံများက ဆိုထားသည်။

“အခုတော့ စာသင်ကျောင်းတွေရော၊ ရွာသူ၊ရွာသားတွေရော ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာ ရှောင်ရှားနေကြရတယ်။ အခု လက်ရှိမှာတော့ စာသင်ကျောင်းတွေကို မနေ့ကရော၊ တစ်နေ့ကရော ပိတ်ထားတယ်။ အထကခွဲရှိတဲ့ တောင်ရွာယာမှာဆို ရင် ကျောင်းသား (၅ဝ)ကျော်ရှိတယ်။ အခုတော့ ပိတ်ထားရတယ်။ နောက် ရေနံချက်ရွာမှာရှိတဲ့ အလကကျောင်းကို လည်း ပိတ်ထားရတယ်။ အဲဒီကျောင်းမှာက ကျောင်းသားဦးရေ (၂၃ဝ)ကျော်ရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုထားသည်။

လက်ရှိအချိန်တွင်လည်း PDF ပူးပေါင်းအဖွဲ့များနှင့် ပြည်သူ့စစ်၊ တပ်မတော်လုံခြုံရေးအဖွဲ့တို့အကြား နှစ်ဖက်စစ်ရေးတင်း မာနေမှုများ ရှိနေကြောင်းလည်း ဒေသခံများက အသိပေးပြောဆိုထားသည်။

Zawgyi Version;
တန႔္ၾကည့္ေတာင္ဘုရားအနီး၌ PDF အဖြဲ႕ႏွင့္ လုံၿခဳံေရးအဖြဲ႕တို႔ တိုက္ပြဲျဖစ္၊ ေက်ာင္းသား (၁ဝဝဝ)နီးပါး ပညာသင္ေနေသာ စာသင္ေက်ာင္း(၃)ခု ပိတ္ထားရ
NP News - ဇူလိုင္ ၁၄

မေကြးတိုင္း၊ ပခုကၠဴၿမိဳ႕နယ္၊ တန႔္ၾကည့္ေတာင္ဘုရားအနီးရွိ ေက်း႐ြာ၌ PDF ပူးေပါင္းအဖြဲ႕မ်ားႏွင့္ ျပည္သူ႔စစ္၊ တပ္မေတာ္ ပူးေပါင္းအဖြဲ႕တို႔အၾကား တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သတင္းရရွိသည္။

ဆိကၡဝေက်း႐ြာအုပ္စု၊ တန႔္ၾကည့္ေတာင္ဘုရားအနီးရွိ ေတာင္႐ြာယာေက်း႐ြာတြင္ ယမန္ေန႔(ဇူလိုင္ ၁၃ ရက္) နံနက္ ၅ နာ ရီခြဲအခ်ိန္ခန႔္တြင္ ႏွစ္ဖက္အၾကား (၁)နာရီေက်ာ္ၾကာ အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

PDF ပူးေပါင္းအဖြဲ႕မ်ားသည္ ေတာင္႐ြာယာေက်း႐ြာကို နံနက္အေစာပိုင္းတြင္ လာေရာက္ခ်ဥ္းကပ္ကာ လူေနအိမ္(၁)လုံးကို မီးရႈိ႕ဖ်က္ဆီးခဲ့ေၾကာင္း ေဒသခံမ်ားက ဆိုသည္။

“ေတာင္႐ြာယာေက်း႐ြာအနားကို အင္အား(၂ဝ)ခန႔္ လာကပ္တယ္။ ႐ြာရဲ႕မီတာ (၂၅ဝ)ေလာက္အကြာမွာ အင္အားက (၄ဝ) က်န္ခဲ့တယ္။ ေနာက္ခ်န္အင္အားေပါ့။ အဲဒီလို ကပ္ၿပီးေတာ့ ႐ြာထဲမွာရွိတဲ့ အိမ္တစ္အိမ္ကို မီးရႈိ႕တယ္။ ၿပီးေတာ့ စတင္ပစ္ခတ္တယ္။ အဲဒီမွာ ျပည္သူ႔စစ္အဖြဲ႕နဲ႔ တပ္မေတာ္တို႔ရွိတယ္။ အဲဒီေတာ့ ျပည္သူ႔စစ္နဲ႔တပ္မေတာ္အဖြဲ႕ေတြက လည္း PDF ေတြရွိတဲ့ေနရာကို သြားၿပီးေတာ့ တိုက္တယ္ေပါ့။ အဲဒီေတာ့ မနက္ ၅ နာရီ ၂ဝ ေလာက္မွာ အျပန္အလွန္ပစ္ ခတ္မႈေတြ ျဖစ္တာေပါ့” ဟု ေတာင္႐ြာယာေက်း႐ြာေဒသခံတစ္ဦးက NP News ကို ေျပာသည္။

ထိုသို႔ အျပန္အလွန္ပစ္ခတ္မႈျဖစ္စဥ္အတြင္း ကုန္စိမ္းလိုက္လံေရာင္းခ်သည့္ အသက္(၁၉)ႏွစ္အ႐ြယ္ ေဒသခံ ကိုမင္းသူေအာင္ ဆိုသူမွာ က်ည္ေဖာက္ဝင္ဒဏ္ရာရရွိခဲ့ကာ ေဆး႐ုံ၌ ေသဆုံးခဲ့ၿပီး ေနာက္ထပ္ ႐ြာခံတစ္ဦးမွာလည္း ထိခိုက္ဒဏ္ရာ မ်ားရရွိသြားခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ PDF ပူးေပါင္းအဖြဲ႕သည္ ေတာင္႐ြာယာေက်း႐ြာသို႔ လာေရာက္ခ်ဥ္းကပ္တိုက္ခိုက္မႈႏွင့္ တစ္ၿပိဳင္နက္ ၎ေက်း႐ြာႏွင့္ မီတာ (၂ဝဝဝ)ခန႔္ေဝးေသာ ေရနံခ်က္ေက်း႐ြာသို႔ ဝင္ေရာက္စီးနင္းမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္းလည္း ေဒသခံမ်ားက ထပ္မံ ေျပာထားသည္။

“အဲဒီ႐ြာနဲ႔ တစ္ခ်ိန္တည္းတစ္ၿပိဳက္နက္တည္းမွာ ေရနံခ်က္ေက်း႐ြာကို ဝင္စီးတယ္။ ျပည္သူ႔စစ္ရဲ႕ မိဘအိမ္ကို ဝင္စီးတယ္။ ျပည္သူ႔စစ္ က စခန္းမွာေနတာဆိုေတာ့ ျပည္သူ႔စစ္ကို မေတြ႕ရဘူး။ ထိေတြ႕မႈ မျဖစ္ခဲ့ဘူးေပါ့။ အဲဒီလို မေတြ႕တဲ့အခါၾကေတာ့ ဖုန္းေတြ၊ ဘာေတြ သိမ္းသြားတယ္။ ပိုက္ဆံေတြယူသြားတယ္။ လူသတ္တာတို႔၊ ဘာတို႔ေတာ့ လုပ္မသြားဘူးေပါ့” ဟု ေရနံခ်က္ေက်း႐ြာေဒသခံတစ္ဦးက NP News ကို ေျပာသည္။

လက္ရွိတြင္ ႏွစ္ဖက္တိုက္ပြဲမ်ားေၾကာင့္ ေတာင္႐ြာယာေက်း႐ြာ၊ ေရနံခ်က္ေက်း႐ြာႏွင့္ ႐ြာသစ္ေက်း႐ြာတို႔ ေဒသခံျပည္သူမ်ားသည္ လတ္တေလာ၌ ေနရပ္စြန႔္ခြာ စစ္ေဘးေရွာင္ေနရေၾကာင္း သိရသည္။

ထို႔ျပင္ ေက်ာင္းသား၊ ေက်ာင္းသူ (၁ဝဝဝ)နီးပါး ပညာသင္ယူေနသည့္ အထကခြဲ(ေတာင္႐ြာယာ)၊ အလက(ေရနံခ်က္)ႏွင့္ အမက(႐ြာသစ္)ေက်ာင္းတို႔ကို ပိတ္ထာရေၾကာင္း ေဒသခံမ်ားက ဆိုထားသည္။

“အခုေတာ့ စာသင္ေက်ာင္းေတြေရာ၊ ႐ြာသူ၊႐ြာသားေတြေရာ ဧရာဝတီျမစ္တစ္ဖက္ကမ္းမွာ ေရွာင္ရွားေနၾကရတယ္။ အခု လက္ရွိမွာေတာ့ စာသင္ေက်ာင္းေတြကို မေန႔ကေရာ၊ တစ္ေန႔ကေရာ ပိတ္ထားတယ္။ အထကခြဲရွိတဲ့ ေတာင္႐ြာယာမွာဆို ရင္ ေက်ာင္းသား (၅ဝ)ေက်ာ္ရွိတယ္။ အခုေတာ့ ပိတ္ထားရတယ္။ ေနာက္ ေရနံခ်က္႐ြာမွာရွိတဲ့ အလကေက်ာင္းကို လည္း ပိတ္ထားရတယ္။ အဲဒီေက်ာင္းမွာက ေက်ာင္းသားဦးေရ (၂၃ဝ)ေက်ာ္ရွိတယ္” ဟု ေဒသခံတစ္ဦးက ေျပာဆိုထားသည္။

လက္ရွိအခ်ိန္တြင္လည္း PDF ပူးေပါင္းအဖြဲ႕မ်ားႏွင့္ ျပည္သူ႔စစ္၊ တပ္မေတာ္လုံၿခဳံေရးအဖြဲ႕တို႔အၾကား ႏွစ္ဖက္စစ္ေရးတင္း မာေနမႈမ်ား ရွိေနေၾကာင္းလည္း ေဒသခံမ်ားက အသိေပးေျပာဆိုထားသည္။

Picture

My Mine

14/07/2023 16:01

ခက်မာတို့လို မူစလင်မတွေကလည်း ရိုဟင်ဂျာ နယ်မြေမရရင်..မဖြစ်မနေ မီးကုန်ယမ်းကုန်တိုက်ခိုက်နေကြအုံးမှာပါပဲ..ကိုမြအေးသမီးနဲ့ ခက်မာဟာ..ရိုဟင်ဂျာ နယ်မြေရရရေး ညီအစ်မတွေပဲ ဖြစ်ကြပါ၏။ရိုဟင်ဂျာ RFA နဲ့ ရိုဟင်ဂျာ DVB တို့ကတော့ ချမ်းသာနေကြပါပြီဗျာ...။မီဒီယာသမား သူဌေးကြီးတွေဖြစ်နေတာ မြန်မာမှာပဲ ရှိပါတယ်ဗျာ...။

Related news

© 2021. All rights reserved.