ဇူလိုင်(၁၉)ရက်၌ အာဇာနည်ဗိမာန်သို့ လာရောက်သူများအနေဖြင့် ဖုန်း၊ ပန်းစည်း၊ ပန်းခြင်းတို့ကို ယူဆောင်လာခြင်းမပြုရန် နစက အသိပေး

522

ယွန်း (NP News) - ဇူလိုင် ၁၄
ဇူလိုင်(၁၉)ရက်တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်ဗိမာန်သို့ လာရောက်သူများအနေဖြင့် ဖုန်း အပါအဝင် ပန်းစည်း၊ ပန်းခြင်းတို့ကို ယူဆောင်လာခြင်းမပြုရန် နစကမှ အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ အာဇာနည်နေ့တွင် ဘောလ်ပင်အမျိုးမျိုး အပါအဝင် လက်ကိုင်ဖုန်းအမျိုးမျိုး၊ အလံအမျိုးမျိုး၊ လက်ကိုင် အိတ်အမျိုးမျိုး၊ ကင်မရာအမျိုးမျိုး၊ မီးခြစ်အမျိုးမျိုး၊ ပန်းခွေ/ပန်းစည်း/ပန်းခြင်းအမျိုးမျိုး၊ ဗီနိုင်းစအမျိုးမျိုး၊ ပုလင်း/ဘူးအမျိုးမျိုး၊ အလံကိုင်ဆောင်ရာတွင် သုံးသည့် ကော်ပိုက်/တုတ်နှင့် သံပိုက်များကို ယူဆောင်၍ အာဇာနည်ဗိမာန်အတွင်းသို့ ဝင်ရောက်ခွင့်မပြုကြောင်း ထုတ်ပြန်ထားသည်။
အလားတူ လာရောက်သူများသည် နှာခေါင်စည်း(MASK)များ မပျက်မကွက် တပ်ဆင်ရန်နှင့် သတ်မှတ်ထားသည့် နေရာများတွင် စနစ်တကျ လက်ဆေးခြင်း၊ အသင့်ထားရှိသော Hand Sanitizer သုတ်လိမ်းခြင်းတို့ကို ဆောင်ရွက် ပြီးမှ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ဗဟန်းမြို့နယ်၊ လင့်ခ်လမ်းတွင် ကိုယ်အပူချိန်တိုင်းတာခြင်းအပါအဝင် ကျန်းမာရေးဆိုင်ရာစိစစ်မှုများနှင့် နိုင်ငံသား စိစစ်ရေးကတ် (သို့မဟုတ်) ကိုယ်ရေးအချက်အလက် စိစစ်နိုင်သည့် အသိအမှတ်ပြုကတ်ပြားယူဆောင်လာရန် နစက မှ ထည့်သွင်း အသိပေးထားသည်။
အာဇာနည်နေ့တွင် လာရောက်ဂါရဝပြုသူများသည် တာဝန်ထမ်းဆောင်သူများ၏ စီစဉ်ဆောင်ရွက်မှုနှင့်အညီ လိုက်နာဆောင်ရွက်ရန် နှင့် ဂါရဝပြုရာတွင် တစ်ဦးလျှင် (၆)ပေခြား၍ (၁)ကြိမ်လျှင် (၁ဝ)ဦးစီဖြင့် သတ်မှတ်နေရာ တွင် ဂါရဝပြုရန် နစကမှ ထည့်သွင်း ထုတ်ပြန်ထားသည်။
အလားတူ သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါရှိသူများအား အာဇာနည်ဗိမာန်သို့ လုံးဝလာရောက်ခြင်းမပြုရန် အသိပေးထုတ်ပြန်ထားသည်။
ထို့အတူ အတွင်းဝန်ရုံး(ယခင် ဝန်ကြီများရုံး) နှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ သွား ရောက်လည်ပတ်မည့်သူများအနေဖြင့် အထက်ပါကဲ့သို့ ပစ္စည်းများယူဆောင်လာခြင်းကို ခွင့်မပြုကြောင်းလည်း နစကမှ ဆိုထားသည်။
အလားတူ အာဇာနည်ဗိမာန် အပါအဝင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နှင့် အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး) သို့ လာရောက်မည့် ပြည်သူများအနေဖြင့် Drone ယာဥ်များ ယူဆောင်လာခြင်း၊ လွှတ်တင်ခြင်းမပြုရန် နစကမှ ထုတ်ပြန်ထားသည်။

Zawgyi Version;
ဇူလိုင္(၁၉)ရက္၌ အာဇာနည္ဗိမာန္သို႔ လာေရာက္သူမ်ားအေနျဖင့္ ဖုန္း၊ ပန္းစည္း၊ ပန္းျခင္း တို႔ကိုယူေဆာင္လာျခင္းမျပဳရန္ နစက အသိေပး
ယြန္း (NP News) - ဇူလိုင္ ၁၄
ဇူလိုင္(၁၉)ရက္တြင္ က်ေရာက္မည့္ (၇၆)ႏွစ္ေျမာက္ အာဇာနည္ဗိမာန္သို႔ လာေရာက္သူမ်ားအေနျဖင့္ ဖုန္း အပါအဝင္ ပန္းစည္း၊ ပန္းျခင္းတို႔ကို ယူေဆာင္လာျခင္းမျပဳရန္ နစကမွ အသိေပးထုတ္ျပန္ထားသည္။
အဆိုပါ အာဇာနည္ေန႔တြင္ ေဘာလ္ပင္အမ်ိဳးမ်ိဳး အပါအဝင္ လက္ကိုင္ဖုန္းအမ်ိဳးမ်ိဳး၊ အလံအမ်ိဳးမ်ိဳး၊ လက္ကိုင္ အိတ္အမ်ိဳးမ်ိဳး၊ ကင္မရာအမ်ိဳးမ်ိဳး၊ မီးျခစ္အမ်ိဳးမ်ိဳး၊ ပန္းေခြ/ပန္းစည္း/ပန္းျခင္းအမ်ိဳးမ်ိဳး၊ ဗီႏိုင္းစအမ်ိဳးမ်ိဳး၊ ပုလင္း/ဘူးအမ်ိဳးမ်ိဳး၊ အလံကိုင္ေဆာင္ရာတြင္ သုံးသည့္ ေကာ္ပိုက္/တုတ္ႏွင့္ သံပိုက္မ်ားကို ယူေဆာင္၍ အာဇာနည္ဗိမာန္အတြင္းသို႔ ဝင္ေရာက္ခြင့္မျပဳေၾကာင္း ထုတ္ျပန္ထားသည္။
အလားတူ လာေရာက္သူမ်ားသည္ ႏွာေခါင္စည္း(MASK)မ်ား မပ်က္မကြက္ တပ္ဆင္ရန္ႏွင့္ သတ္မွတ္ထားသည့္ ေနရာမ်ားတြင္ စနစ္တက် လက္ေဆးျခင္း၊ အသင့္ထားရွိေသာ Hand Sanitizer သုတ္လိမ္းျခင္းတို႔ကို ေဆာင္႐ြက္ ၿပီးမွ ဝင္ေရာက္ခြင့္ျပဳမည္ျဖစ္ေၾကာင္း သိရသည္။
ဗဟန္းၿမိဳ႕နယ္၊ လင့္ခ္လမ္းတြင္ ကိုယ္အပူခ်ိန္တိုင္းတာျခင္းအပါအဝင္ က်န္းမာေရးဆိုင္ရာစိစစ္မႈမ်ားႏွင့္ ႏိုင္ငံသား စိစစ္ေရးကတ္ (သို႔မဟုတ္) ကိုယ္ေရးအခ်က္အလက္ စိစစ္ႏိုင္သည့္ အသိအမွတ္ျပဳကတ္ျပားယူေဆာင္လာရန္ နစက မွ ထည့္သြင္း အသိေပးထားသည္။
အာဇာနည္ေန႔တြင္ လာေရာက္ဂါရဝျပဳသူမ်ားသည္ တာဝန္ထမ္းေဆာင္သူမ်ား၏ စီစဥ္ေဆာင္႐ြက္မႈႏွင့္အညီ လိုက္နာေဆာင္႐ြက္ရန္ ႏွင့္ ဂါရဝျပဳရာတြင္ တစ္ဦးလွ်င္ (၆)ေပျခား၍ (၁)ႀကိမ္လွ်င္ (၁ဝ)ဦးစီျဖင့္ သတ္မွတ္ေနရာ တြင္ ဂါရဝျပဳရန္ နစကမွ ထည့္သြင္း ထုတ္ျပန္ထားသည္။
အလားတူ သက္ႀကီး႐ြယ္အိုမ်ား၊ နာတာရွည္ေရာဂါရွိသူမ်ားအား အာဇာနည္ဗိမာန္သို႔ လုံးဝလာေရာက္ျခင္းမျပဳရန္ အသိေပးထုတ္ျပန္ထားသည္။
ထို႔အတူ အတြင္းဝန္႐ုံး(ယခင္ ဝန္ႀကီမ်ား႐ုံး) ႏွင့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းျပတိုက္သို႔ သြား ေရာက္လည္ပတ္မည့္သူမ်ားအေနျဖင့္ အထက္ပါကဲ့သို႔ ပစၥည္းမ်ားယူေဆာင္လာျခင္းကို ခြင့္မျပဳေၾကာင္းလည္း နစကမွ ဆိုထားသည္။
အလားတူ အာဇာနည္ဗိမာန္ အပါအဝင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းျပတိုက္ႏွင့္ အတြင္းဝန္႐ုံး(ယခင္ဝန္ႀကီးမ်ား႐ုံး) သို႔ လာေရာက္မည့္ ျပည္သူမ်ားအေနျဖင့္ Drone ယာဥ္မ်ား ယူေဆာင္လာျခင္း၊ လႊတ္တင္ျခင္းမျပဳရန္ နစကမွ ထုတ္ျပန္ထားသည္။