မြန်မာနိုင်ငံရှိ လိင်လုပ်ငန်းတွင် အတင်းအကြပ်ခိုင်းစေခံနေရခြင်းမှ ကယ်ဆယ်ပေးရန် ထိုင်းအမျိုးသမီး အကူအညီတောင်း

17632

Pika (NP News) - ဇူလိုင် ၁၄
ထိုင်းနိုင်ငံမှ အမျိုးသမီး(၄)ဦးသည် မြန်မာနိုင်ငံတွင် ပြည့်တန်ဆာလုပ်ရန် ဖြားယောင်းသွေးဆောင်ခံရပြီးနောက် အကူအညီများရရှိရန်အတွက် ဖေ့စ်ဘုတ်ပေါ်တွင် အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။
NinJa ToDay ဆိုသည့် ပေ့ချ်သည် ထိုင်းအမျိုးသမီးတစ်ဦးက ၎င်း၏ မှတ်ပုံတင်ကဒ်ကိုပြသကာ ငိုယိုပြီး အကူအညီ တောင်းခံနေသည့်ဗီဒီယိုကို တင်ခဲ့ကြောင်းသိရသည်။ အဆိုပါ ဗီဒီယိုထဲတွင် "ကျွန်မဟာ Isaan ဒေသ Ubon Ratchathani မြို့မှာ နေထိုင်သူတစ်ဦးဖြစ်ပါတယ်။ ကျွန်မနဲ့ သူငယ်ချင်းသုံးယောက်ဟာ လက်ရှိအချိန်မှာ လိင်လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ဖို့ အတင်းအကျပ်ခိုင်းစေခံနေရပါတယ်။ ကျွန်မတို့ဟာ မြန်မာနိုင်ငံ တာချီလိတ် မြို့မှာရှိတဲ့ နိုက်ကလပ်တစ်ခုမှာ အလုပ်လုပ်ဖို့အတွက် ငှားရမ်းခံခဲ့ရတာပါ။ ဒါပေမယ့် ဇွန်လတည်းက Mong Pawk မြို့မှာရှိတဲ့ ပြည့်တန်ဆာအိမ်မှာ ပြည့်တန်ဆာအဖြစ်လုပ်ကိုင်ဖို့ အတင်းအကြပ်ဖိအားပေးစေခိုင်းခံခဲ့ရပါတယ်။ အစိုးရနဲ့ အဖွဲ့အစည်းတွေရော၊ ပုဂ္ဂလိက အဖွဲ့အစည်းတော်တော်များကိုလည်း အကူအညီတောင်းခံခဲ့ပေမယ့် သူတို့က စောင့်ဆိုင်းဖို့ပဲ ပြောခဲ့ပါတယ်" ဟု ပြောဆိုခဲ့သည်။
အသက်(၃၅)နှစ်အရွယ် Kae ဟု အမည်ရသော ထိုင်းအမျိုးသမီးက ၎င်းသည် TikTok အပ်ပ်မှတစ်ဆင့် အလုပ် အကိုင်အေးဂျင့်ကို ချိတ်ဆက်မိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ထို့အပြင် အလုပ်လုပ်ကိုင်ရမည့်နေရာသည် ထိုင်းနယ်စပ်မှ (၁၀)မိနစ်ခန့်သွားလာရမည့် နေရာတွင်ရှိကြောင်းနှင့် သယ်ယူပို့ဆောင်ရေး၊ နေရာထိုင်ခင်းနှင့် အစားအသောက်အားလုံးကို ၎င်းတို့အားလုံးအတွက် အခမဲ့ပေးမည်ဟု အဆိုပါအေးဂျင့်က အာမခံခဲ့ကြောင်း သိရသည်။ Kae က ၎င်းသည် အဆိုပါနေရာတွင် အလုပ်လုပ်ကိုင်ရန် သဘောတူခဲ့ပြီး အခြားအမျိုးသမီး (၃)ဦး ကိုလည်း တွေ့ဆုံခဲ့ရကြောင်း ပြောကြားခဲ့သည်။
အေးဂျင့်သည် အမျိုးသမီးလေးဦးလုံး၏သွားလာစရိတ်အတွက် ဘတ်ငွေ(၁ဝဝဝဝ) ကို လွှဲပြောင်းပေးခဲ့ပြီး ၎င်းတို့ကို ခေါ်ဆောင်သွားမည့် အမျိုးသားတစ်ဦးရှိသော ချင်းရိုင်ပြည်နယ်သို့ သွားရောက်ရန် ပြောဆိုခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်းတို့လေးဦးကို မြစ်ကိုဖြတ်ကူး၍ မြန်မာနိုင်ငံသို့ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ရောက်ရှိချိန်တွင် ၎င်းတို့လေးဦးကို မော်တော်ဆိုင်ကယ်ဖြင့် တာချီလိတ်မြို့တွင်းသို့ လိုက်ပို့ခဲ့ပြီး နောက် ကားဖြင့်တောင်ပေါ်ဒေသတစ်ခုသို့ ခြောက်နာရီကြာ ထပ်မံသွားခဲ့ရပြီး ပြည့်တန်ဆာအိမ်သို့ ခေါ်ဆောင် သွားခံခဲ့ရကြောင်း ၎င်းက ပြောကြားခဲ့သည်။
Kae က ၎င်းတို့သည့် ဖြားယောင်းသွေးဆောင်ခံရသည်ကို မကြာမီသိရှိခဲ့သော်လည်း အခြေအနေများအရ လွန်ဆန် ၍ မရတော့ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ၎င်းတို့အနေဖြင့် ထိုင်းနိုင်ငံသို့ ပြန်သွားချင်လိုပါက ပြန်ပေးငွေကို ပေးစေလိုသည်ဟု တရုတ်အမျိုးသားတစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ပြန်ပေးငွေကို တရုတ်နိုင်ငံသားအား မပေးနိုင်မချင်း ၎င်းတို့အားလုံးသည် မြန်မာနိုင်ငံတွင် ဆက်လက် ပိတ်မိနေဦးမည်ဖြစ်သည်။ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ရဲတပ်ဖွဲ့က အဆင်သင့်ရှိနေပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို စနစ်တကျလုပ်ဆောင်သွားမည်ဖြစ်ကြောင်း Meaung Ubon Ratchathani ရဲစခန်း မှ ကြီးကြပ်ရေးမှူး Kanongrit Darat က ပြောကြားခဲ့သည်။ အဆိုပါ အမျိုးသမီးများကို ကယ်ဆယ်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Zawgyi Version;
ျမန္မာႏိုင္ငံရွိ လိင္လုပ္ငန္းတြင္ အတင္းအၾကပ္ခိုင္းေစခံေနရျခင္းမွ ကယ္ဆယ္ေပးရန္ ထိုင္းအမ်ိဳးသမီး အကူအညီေတာင္း
Pika (NP News) - ဇူလိုင္ ၁၄
ထိုင္းႏိုင္ငံမွ အမ်ိဳးသမီး(၄)ဦးသည္ ျမန္မာႏိုင္ငံတြင္ ျပည့္တန္ဆာလုပ္ရန္ ျဖားေယာင္းေသြးေဆာင္ခံရၿပီးေနာက္ အကူအညီမ်ားရရွိရန္အတြက္ ေဖ့စ္ဘုတ္ေပၚတြင္ အကူအညီေတာင္းခံခဲ့ေၾကာင္း သိရသည္။
NinJa ToDay ဆိုသည့္ ေပ့ခ်္သည္ ထိုင္းအမ်ိဳးသမီးတစ္ဦးက ၎၏ မွတ္ပုံတင္ကဒ္ကိုျပသကာ ငိုယိုၿပီး အကူအညီ ေတာင္းခံေနသည့္ဗီဒီယိုကို တင္ခဲ့ေၾကာင္းသိရသည္။ အဆိုပါ ဗီဒီယိုထဲတြင္ "ကြၽန္မဟာ Isaan ေဒသ Ubon Ratchathani ၿမိဳ႕မွာ ေနထိုင္သူတစ္ဦးျဖစ္ပါတယ္။ ကြၽန္မနဲ႔ သူငယ္ခ်င္းသုံးေယာက္ဟာ လက္ရွိအခ်ိန္မွာ လိင္လုပ္ငန္းေတြမွာ ပါဝင္လုပ္ကိုင္ဖို႔ အတင္းအက်ပ္ခိုင္းေစခံေနရပါတယ္။ ကြၽန္မတို႔ဟာ ျမန္မာႏိုင္ငံ တာခ်ီလိတ္ ၿမိဳ႕မွာရွိတဲ့ ႏိုက္ကလပ္တစ္ခုမွာ အလုပ္လုပ္ဖို႔အတြက္ ငွားရမ္းခံခဲ့ရတာပါ။ ဒါေပမယ့္ ဇြန္လတည္းက Mong Pawk ၿမိဳ႕မွာရွိတဲ့ ျပည့္တန္ဆာအိမ္မွာ ျပည့္တန္ဆာအျဖစ္လုပ္ကိုင္ဖို႔ အတင္းအၾကပ္ဖိအားေပးေစခိုင္းခံခဲ့ရပါတယ္။ အစိုးရနဲ႔ အဖြဲ႕အစည္းေတြေရာ၊ ပုဂၢလိက အဖြဲ႕အစည္းေတာ္ေတာ္မ်ားကိုလည္း အကူအညီေတာင္းခံခဲ့ေပမယ့္ သူတို႔က ေစာင့္ဆိုင္းဖို႔ပဲ ေျပာခဲ့ပါတယ္" ဟု ေျပာဆိုခဲ့သည္။
အသက္(၃၅)ႏွစ္အ႐ြယ္ Kae ဟု အမည္ရေသာ ထိုင္းအမ်ိဳးသမီးက ၎သည္ TikTok အပ္ပ္မွတစ္ဆင့္ အလုပ္ အကိုင္ေအးဂ်င့္ကို ခ်ိတ္ဆက္မိခဲ့ျခင္းျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။ထို႔အျပင္ အလုပ္လုပ္ကိုင္ရမည့္ေနရာသည္ ထိုင္းနယ္စပ္မွ (၁၀)မိနစ္ခန႔္သြားလာရမည့္ ေနရာတြင္ရွိေၾကာင္းႏွင့္ သယ္ယူပို႔ေဆာင္ေရး၊ ေနရာထိုင္ခင္းႏွင့္ အစားအေသာက္အားလုံးကို ၎တို႔အားလုံးအတြက္ အခမဲ့ေပးမည္ဟု အဆိုပါေအးဂ်င့္က အာမခံခဲ့ေၾကာင္း သိရသည္။ Kae က ၎သည္ အဆိုပါေနရာတြင္ အလုပ္လုပ္ကိုင္ရန္ သေဘာတူခဲ့ၿပီး အျခားအမ်ိဳးသမီး (၃)ဦး ကိုလည္း ေတြ႕ဆုံခဲ့ရေၾကာင္း ေျပာၾကားခဲ့သည္။
ေအးဂ်င့္သည္ အမ်ိဳးသမီးေလးဦးလုံး၏သြားလာစရိတ္အတြက္ ဘတ္ေငြ(၁ဝဝဝဝ) ကို လႊဲေျပာင္းေပးခဲ့ၿပီး ၎တို႔ကို ေခၚေဆာင္သြားမည့္ အမ်ိဳးသားတစ္ဦးရွိေသာ ခ်င္း႐ိုင္ျပည္နယ္သို႔ သြားေရာက္ရန္ ေျပာဆိုခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ၎တို႔ေလးဦးကို ျမစ္ကိုျဖတ္ကူး၍ ျမန္မာႏိုင္ငံသို႔ေခၚေဆာင္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ျမန္မာႏိုင္ငံသို႔ေရာက္ရွိခ်ိန္တြင္ ၎တို႔ေလးဦးကို ေမာ္ေတာ္ဆိုင္ကယ္ျဖင့္ တာခ်ီလိတ္ၿမိဳ႕တြင္းသို႔ လိုက္ပို႔ခဲ့ၿပီး ေနာက္ ကားျဖင့္ေတာင္ေပၚေဒသတစ္ခုသို႔ ေျခာက္နာရီၾကာ ထပ္မံသြားခဲ့ရၿပီး ျပည့္တန္ဆာအိမ္သို႔ ေခၚေဆာင္ သြားခံခဲ့ရေၾကာင္း ၎က ေျပာၾကားခဲ့သည္။
Kae က ၎တို႔သည့္ ျဖားေယာင္းေသြးေဆာင္ခံရသည္ကို မၾကာမီသိရွိခဲ့ေသာ္လည္း အေျခအေနမ်ားအရ လြန္ဆန္ ၍ မရေတာ့ေၾကာင္း ေျပာၾကားခဲ့သည္။ ထို႔အျပင္ ၎တို႔အေနျဖင့္ ထိုင္းႏိုင္ငံသို႔ ျပန္သြားခ်င္လိုပါက ျပန္ေပးေငြကို ေပးေစလိုသည္ဟု တ႐ုတ္အမ်ိဳးသားတစ္ဦးက ေျပာၾကားခဲ့ေၾကာင္း သိရသည္။
အဆိုပါ ျပန္ေပးေငြကို တ႐ုတ္ႏိုင္ငံသားအား မေပးႏိုင္မခ်င္း ၎တို႔အားလုံးသည္ ျမန္မာႏိုင္ငံတြင္ ဆက္လက္ ပိတ္မိေနဦးမည္ျဖစ္သည္။ ကယ္ဆယ္ေရးလုပ္ငန္းမ်ား လုပ္ေဆာင္ရန္အတြက္ ရဲတပ္ဖြဲ႕က အဆင္သင့္ရွိေနၿပီး ကယ္ဆယ္ေရးလုပ္ငန္းမ်ားကို စနစ္တက်လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း Meaung Ubon Ratchathani ရဲစခန္း မွ ႀကီးၾကပ္ေရးမႉး Kanongrit Darat က ေျပာၾကားခဲ့သည္။ အဆိုပါ အမ်ိဳးသမီးမ်ားကို ကယ္ဆယ္ႏိုင္ရန္အတြက္ သက္ဆိုင္ရာဌာနမ်ားႏွင့္ ညႇိႏႈိင္းသြားမည္ျဖစ္ေၾကာင္း ၎က ေျပာၾကားခဲ့သည္။