အိန္ဒိယ အရှေ့မြောက်ဒေသက လူမျိုးရေး ပဋိပက္ခ (ဘာသာပြန်ဆောင်းပါး)

 1138

ရဲထွန်း (သီပေါ) (NP News) - ဇူလိုင် ၁၅

၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်က အိန္ဒိယအရှေ့မြောက်ဒေသက (Meitei people) မိတီ ခေါ် မဏိပူရီ နဲ့ကွတ်ကီးလူမျိုးတွေအကြားမှာ လူမျိုးရေးပဋိပက္ခတွေ ပေါ်ထွက်ခဲ့ပါတယ်။ မဏိပူရီလူမျိုးတွေဟာ အင်ဖာ တောင်ကြား လွင်ပြင်မှာနေထိုင်တဲ့ အများစု လူမျိုးတစ်မျိုး ဖြစ်ပါတယ်။ ပတ်ဝန်းကျင် တောင်တန်းဒေသမှာတော့ ကွတ်ကီးလူမျိုးစု၊ နာဂနဲ့ အခြားလူမျိုးစုတွေနေထိုင်ကြပြီး၊ အင်ဖာ တောင်ကြားလွင်ပြင်မှာလည်း မဏိပူရီတွေနဲ့ အတူနေထိုင်ကြတာလည်းရှိပါတယ်။ မဏိပူရီတွေကတော့ တောင်တန်း ဒေသတွေမှာ အခြေချနေထိုင်ခွင့်မရှိပါဘူး။ မဏိပူရီ၊ ကွတ်ကီး-ချင်း၊ နာဂ စတဲ့လူမျိုးစုတွေ အားလုံးက တိဗက်တိုဘား မင်းမိသားစုဝင် ဘာသာစကားကို ပြောဆိုကြသူတွေဖြစ်ပါတယ်။

ဇူလိုင်လ ၄ ရက်အထိ စာရင်းအရ အကြမ်းဖက်ဆူပူမှုတွေအတွင်းမှာ သေဆုံးသူပေါင်း ၁၄၂ ယောက်ရှိပြီး လူ ၃၀၀ လောက်ဒဏ်ရာအနာတရဖြစ်ခဲ့ကြပါတယ်။ လူဦးရေ ၅၄,၄၈၈ ယောက် အိုးအိမ်စွန့်ခွာ ထွက် ပြေးကြရပါတယ်။

အငြင်းပွားတဲ့ ဇယားဝင်လူမျိုးစု ဖြစ်ရေး
အငြင်းအခုန်ဖြစ်ကြတဲ့ကိစ္စက မဏိပူရီတွေ ကာလရှည်ကြာတောင်းဆိုခဲ့ကြတဲ့ အိန္ဒိယနိုင်ငံ အခြေခံ ဥပဒေပါ ဇယားဝင်လူမျိုးစု အဆင့်အတန်းရရှိရေးနဲ့ပတ်သက်နေပါတယ်။ ဇယားဝင်လူမျိုးစု ဖြစ်တယ်ဆိုရင် အထူးအခွင့်အရေးတွေရရှိမှာပါ။ ပြီးခဲ့တဲ့ ဧပြီလထဲမှာ မဏိပူရ် တရားရုံးချုပ်က ပြည်နယ်အစိုးရကို ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြစ်နိုင်ရင် သတင်းလေးပတ်အတွင်း ဆုံးဖြတ်ချက်ချမှတ်ပေးဖို့ ညွှန်ကြားခဲ့ပါတယ်။ ကွတ်ကီးစတဲ့ လူမျိုးစုတွေက မဏိပူရီတွေရဲ့ တောင်းဆိုချက်ကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။ မဏိပူရ်ရဲ့ လူမျိုးစုအားလုံး ကျောင်းသားများ သမဂ္ဂ (All Tribal Student Union of Manipur - ATSUM ) က မေလ ၃ ရက်မှာ တောင်တန်းဒေသ ခရိုင်အားလုံးမှာ ချီတက်ဆန္ဒပြဖို့ လှုံ့ဆော်ခဲ့ပါတယ်။ မတ်လကုန်ဆုံးချိန်မှာတော့၊ အင်ဖာလွင်ပြင်နဲ့ ကပ်ရက်က ချူရာချန်ပူခရိုင်အတွင်းနဲ့ ပတ်ဝန်းကျင်မှာ မဏိပူရီတွေနဲ့ ကွတ်ကီးတွေအကြားမှာ ထိပ်တိုက်ရင်ဆိုင် ရုန်းရင်းဆန်ခတ်မှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

အိန္ဒိယတပ်မတော်က အင်အား တသောင်းနဲ့ ပြည်သူ့စစ်တွေဟာ တရားဥပဒေစိုးမိုးရေးအတွက် ဝင်ရောက်ထိန်းသိမ်းခဲ့ပါတယ်။ အင်တာနက်ဝန်ဆောင်မှုတွေကိုလည်း ၅ ရက်ဖြတ်တောက်လိုက်ပါတယ်။ ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ကြေငြာလိုက်ပြိး လူစုလူဝေးပြုလုပ်တာတွေကို ပိတ်ပင်တားမြစ်လိုက်ပါတယ်။ သိပ်တင်းမာ လွန်းတဲ့ ကိစ္စရပ်တွေမှာ (သတ်မှတ်အချိန်အတွင်း အပြင်မထွက်ရ ) ကာဖျူးအမိန့်ကို အာဏာတည်ဖို့အတွက် မြင်တာနဲ့ ပစ် "shoot on sight" ဖို့ အိန္ဒိယ တပ်မတော်ကို အမိန့်ပေးထားပါတယ်။

နောက်ခံသမိုင်းကြောင်း
မဏိပူရဟာ အရှေ့ဘက်နဲ့ တောင်ဘက်မှာမြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ တောင်တန်းပြည် နယ်တခုဖြစ်ပါတယ်။ အလယ်ဗဟိုက အင်ဖာတောင်ကြားလွင်ပြင်ဒေသဖြစ်ပြီး ပြည်နယ်ဧရိယာရဲ့ ၁၀ ရာခိုင်နှုန်း ရှိပါတယ်။ အဲဒီလွင်ပြင်ဒေသမှာ မိတီလို့ခေါ်တဲ့ မဏိပူရီတွေ အများစုနေထိုင်ကြပါတယ်။ တောင်ဖက်အရပ်က ပတ်ဝန်းကျင်တောင်တန်း ဒေသတွေမှာတော့ ကွတ်ကီးတွေနေထိုင်ကြသလို အရှေ့မြောက်ဖက်တောင်တန်းဒေသ တွေမှာတော့ နာဂလူမျိုးတွေနေထိုင်ကြပါတယ်။

မူဆလင်၊ ဗုဒ္ဓဘာသာနဲ့ ရိုးရာ ဆန်နမာဟီ ကိုယ်းကွယ်ကြသူတွေရှိကြပေမဲ့ အများစုက ဟင်ဒူဘာသာ ဝင်တွေဖြစ်ကြတဲ့ မဏီပူရီတွေဟာ ပြည်နယ်လူဦးရေရဲ့ ၅၃ ရာခိုင်နှုန်းရှိပါတယ်။ မဏိပူရ် မြေယာပြုပြင်ပြောင်းလဲရေးဥပဒေအရ မဏိပူရီတွေဟာ ဒေသဆိုင်ရာ ခရိုင်ကောင်စီတွေရဲ့ ခွင့်ပြုချက်ရှိမှသာ တောင် တန်းဒေသတွေပေါ်မှာ အခြေချနေထိုင်ခွင့်ရှိပါတယ်။ အများအားဖြင့် ခရစ်ယန်ဘာသာဝင်တွေဖြစ်ကြတဲ့ ကွတ်ကီးတွေနဲ့ နာဂတောင်တန်းသား ဦးရေဟာ ၃ ဒသမ ၅ သန်းရှိတဲ့ ပြည်နယ်လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်း ရှိပါတယ်။ ပြည်နယ်ဧရိယာရဲ့ ၉၀ ရာခိုင်နှုန်းရှိတဲ့ တောင်တန်းဒေသဟာ သူတို့အတွက် သီးသန့်ဖယ်ပေးထားတဲ့ နေရာဖြစ်ပါတယ်။ ဒီတောင်တန်းဒေသသားတွေကိုတော့ တောင်ကြားလွင်ပြင်မှာ အခြေချနေထိုင်ခြင်းမပြုရလို့ ပိတ်ပင်မထားပါဘူး။

မဏိပူရ ပြည်နယ်လွှတ်တော်မှာ မဏိပူရီတွေက နိုင်ငံရေးအာဏာအပေါ် အများစုလွှမ်းမိုးမှုရှိပါတယ်။ လွှတ်တော်နေရာ ၆၀ အနက် ၁၉ နေရာကို ဇယားဝင်လူမျိုးစုတွေအတွက် သီးသန့်ဖယ်ပေးထားပါတယ်။ ဥပမာအားဖြင့် ပြီးခဲ့တဲ့ ရွေးကောက်ပွဲအတွင်းမှာ မဏိပူရီတွေရဲ့ ကိုယ်စားလှယ်တွေက ၃၉ နေရာရခဲ့ပါတယ်။ ဒါကြောင့် အစိုးရအသုံးစားရိတ်ခွဲဝေချထားပေးတဲ့အခါ မဏိပူရီတွေ နေထိုင်တဲ့ အင်ဖာတောင်ကြားလွင်ပြင် ဒေသက ပိုမိုရရှိနေတာကို တောင်တန်းဒေသသားတွေက မကျေမနပ်ဖြစ်ကြပါတယ်။

၂၀၂၃ ခုနှစ် ဆူပူအုံကြွမှု
၂၀၂၃ ခုနှစ်မှာ၊ ပြည်နယ်အစိုးရက သစ်တောဧရိယာတွေထဲ တရားမဝင်ကျူးကျော်နေထိုင်မှုတွေကိုဖယ်ရှားဖို့ ကြိုးပမ်းခဲ့ပါတယ်။ အစိုးရအရာရှိတွေက မြန်မာနိုင်ငံဘက်က တရားမဝင် ဝင်ရောက်လာပြီး မဏိပူရမှာ အခြေချနေထိုင်ကြတာတွေက ၁၉၇၀ ခုနှစ်တွေလောက်ကတည်းကစပြီးရှိလာခဲ့တာလို့ဆိုပါတယ်။ တောင်တန်းဒေသသားတွေရဲ့ အဆိုအရ တရားမဝင်ဝင်ရောက်မှုတွေဆိုတာက ယိုးမယ်ဖွဲ့ အကြောင်းပြချက်သက်သက်သာဖြစ်တယ်၊ မဏိပူရီတွေက သူတို့တောင်တန်သားတွေကို သူတို့နယ်မြေတွေကနေ မောင်းနှင်ထုတ်ချင်လို့ ယမယ်ရှာတာသာဖြစ်တယ်လို့ ဆိုကြပါတယ်။ ၂၀၂၃ ခုနှစ် ဖေဖော် ဝါရီလမှာတော့ ဘီဂျေပီ ပြည်နယ်အစိုးရက ချူ Churachandpur ရာချန်ဒ်ပူ၊ Kangpokpi ကန်ပေါ့ပီနဲ့ Tengnoupal ထန်နိုပယ် ခရိုင်တွေထဲက သစ်တောတွေထဲ နေထိုင်သူတွေကို ကျူးကျော်ဝင်ရောက်နေထိုင်သူများလို့ ကြေငြာပြီး စတင်မောင်းနှင်ထုတ်ခဲ့ပါတယ်။ ဒီလုပ်ရပ်ကို တောင်တန်းသားတွေက သူတို့ကို ဆန့်ကျင်တဲ့လုပ်ရပ်လို့ ရှုမြင်ကြပါတယ်။

မတ်လထဲမှာတော့ မဏိပူရ် အစိုးရက၊ ကွတ်ကီးအမျိုးသားတပ်မတော်နဲ့ ဇိုမီးတော်လှန်ရေးတပ်မတော်တို့အပါအဝင် ကွတ်ကီး စစ်သွေးကြွအုပ်စုသုံးခုနဲ့ သဘောတူထာားတဲ့ စစ်ဆင်ရေးများရပ်ဆိုင်းထားရေး သဘောတူစာချုပ်ကနေ နှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ ဗဟိုအစိုးရအနေနဲ့က ဒီလိုနှုတ်ထွက်တာကို ထောက်ခံထားတာမရှိပါဘူး။ မဏိပူရီ အရပ်ဖက်အဖွဲ့အစည်းပေါင်းစုံကလည်း နယူးဒေလီမှာ ဆန္ဒပြကြပါတယ်။ တောင်တန်းဒေသတွေမှာ မူမမှန်တဲ့ လူဦးရေးတိုးပွားလာမှုကို မကျေမနပ်ဖြစ်ကြတဲ့အတွက် ၁၉၅၁ ခုနှစ်ကို အခြေခံနှစ်အဖြစ်ထားပြီး တနိုင်ငံလုံး နိုင်ငံသားမှတ်ပုံတင် ပြုလုပ်ဖို့ ဖိအားပေးတဲ့ဆန္ဒပြပွဲပါ။

ကန်ပေ့ါကီ ခရိုင်မှာ လူငါးယောက်ထိခိုက်ဒဏ်ရာရခဲ့တာကနေ ပထမဆုံး သွေးထွက် သံယိုမှုစဖြစ်ပါ တယ်။ အဲဒီပွဲမှာ လူတွေစုဝေးပြီး “ သစ်တော ကြိုးဝိုင်းနယ်မြေ၊ သစ်တောများကာကွယ်ရေးနဲ့ တောရိုင်း တိရိစ္ဆာန် ဘေးမဲ့တော တို့ကိုအကြောင်းပြပြီး လူမျိုးစုနယ်မြေများကို ကျူးကျော်ထိပါးခြင်း” ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲ ကျင်းပ ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီအချိန်မှာ ပြည်နယ်အစိုးရကလည်း “ ပြည်နယ်အစိုးရရဲ့ သစ်တော သယံဇာတ ထိန်းသိမ်းရေးနဲ့ ဘိန်းစိုက်ပျိုးမှုအမြစ်ဖြတ်ရေးအတွက်” အစိုးရရဲ့ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး စေ့စပ်အလျှော့ပေးမှာမဟုတ်ကြောင်း ကြေငြာပါတယ်။ ဧပြီလ ၁၁ ရက်မှာတော့ အင်ဖာရဲ့ လူမျိုးစုများစုဝေးနေထိုင်ရာ အရပ်မှာရှိတဲ့ ဘုရားရှိခိုးကျောင်း သုံးကျောင်းဟာ အစိုးရမြေပေါ် တရားမဝင်တည်ဆောက်ထားတာကြောင့် ဖြိုချဖျက်ဆီးခံလိုက်ရပါတယ်။

၂၀၂၃ ခုနှစ် ဧပြီလ ၂၀ ရက်နေ့မှာ မဏိပူရ် တရားရုံးချုပ် တရားသူကြီးတယောက်က “ မဏိပူရီ လူမျိုးတွေရဲ့ ဇယားဝင်လူမျိုးစု ( Scheduled Tribes ST list) ဖြစ်ရေး တောင်းဆိုချက်ကို” စဉ်းစားဆုံးဖြတ်ပေးဖို့ ပြည်နယ်အစိုးရကို ညွှန်ကြားခဲ့ပါတယ်။ တကယ်လို့ မဏိပူရီတွေကို ဇယားဝင်လူမျိုးစု အဖြစ်သတ်မှတ်ပေး လိုက်မယ်ဆိုရင် မဏိပူရီတွေက ယခင်ကတားမြစ်ခံထားရတဲ့ တောင်တန်းဒေသတွေမှာ မြေတွေဝယ်ယူ အခြေချခွင့်ရသွားကြ တော့မှာဖြစ်လို့ ကွတ်ကီး လူမျိုးတွေအနေနဲ့ စိုးရိမ်ကြပါတယ်။
တောင်တန်းသားလူမျိုးစု အုပ်စုတွေက ဧပြီလ ၂၈ ရက်မှာ ပြည်နယ်အစိုးရရဲ့ ဆောင်ရွက်ချက်တွေ ကို ဆန္ဒပြတဲ့အနေနဲ့ အထွေထွေသပိတ်မှောက်ကြဖို့ လှုံဆော်ခဲ့ကြပါတယ်။ အဲဒီနေ့ဟာ ဝန်ကြီးချုပ် N. Biren Singh က ချူရာချန်ဒ်ပူရ် ကိုလာလည်ပြီး air gym အားကစားခန်းတခုဖွင့်ပေးဖို့ စီစဉ်ထားတဲ့နေ့လည်းဖြစ်ပါတယ်။ အဲဒီနေ့မတိုင်ခင်တရက်မှာ လူအုပ်တစုက အားကစားခန်းကို မီးတင်ရှို့ဖျက်ဆီးပစ်လိုက်ကြပါတယ်။ အဲဒီနောက် ဧပြီလ ၂၈ ရက်မှာ ပုဒ်မ ၁၄၄ ကိုထုတ်ပြန်လိုက်ပြီး အင်တာနက်ဝန်ဆောင်မှုကို ငါးရက်ကြာပိတ်ပစ်လိုက်ပါ တယ်။ ဆန္ဒပြသူတွေနဲ့ ရဲတွေအကြား ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ပွားခဲ့ပြီး ရဲတွေက မျက်ရည်ယိုဗုံးများသုံးကာ ဆန္ဒပြသူများကို လူစုခွဲခဲ့ပါတယ်။

လူနေအိမ် ၁၇၀၀ လောက်နဲ့ မော်တော်ယဉ် အများအပြားဟာ ဆူပူအုံကြွမှုအတွင်းမှာ မီးရှို့ဖျက်ဆီးခံ ရတယ်လို့ အစိုးရကကြေငြာပါတယ်။ အင်ဖာအနောက်ပိုင်း၊ ကက်ချင်း၊ သိုဘယ်၊ ဂျီရိဘမ်နဲ့ ဘစ်ရှ်နုပါ စတဲ့ မဏိပူရီ အများစုနေထိုင်တဲ့ ခရိုင်ငါးခုနဲ့ တောင်ပေါ်သားလူမျိုးစု အများစုနေထိုင်တဲ့ ချုရာချန်ဒ်ပူရ်၊ ကန်ပေါ့ကီနဲ့ တန်နိုပယ် ခရိုင်သုံးခုတို့မှာ ညမထွက်ရ ကာဖျူး အမိန့်ထုတ်ထားပါတယ်။

မဏိပူရ်အစိုးရက မေလ ၄ ရက်မှာ ကာဖျူးချိန်အတွင်း ဥပဒေမလိုက်နာသူများကို “မြင်တာနဲ့ ပစ်” shoot at sight ဖို့ အမိန့်ပေးထားပါတယ်။ မေလ ၄ ရက်၊ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ လူဦးရေ ၉၀၀၀၊ ၂၀၀၀၀နဲ့ ၂၃၀၀၀ တို့အသီးသီးကို အသက်အန္တရာယ်လုံခြုံစိတ်ချစေဖို့အတွက် စစ်တပ်က နေရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

အငြိမ်းစား တရားသူကြီးချုပ်တယောက်ခေါင်းဆောင်တဲ့ ခုံအဖွဲ့တခုကိုဖွဲ့စည်းကာ သွေးထွက်သံယို ပဋိပက္ခဖြစ်မှုကို စုံစမ်းစစ်ဆေးနေပြီး၊ ပြည်နယ်ဘုရင်ခံနဲ့ လုံခြုံရေး အကြံပေး ကူလ်ဒိပ် ဆင်းဂ်တို့ဟာ အရပ်ဖက် အဖွဲ့အစည်းများမှ အဖွဲ့ဝင်များနဲ့အတူ ငြိမ်းချမ်းရေးကော်မတီတခုကိုလည်းဖွဲ့စည်း ဆောင်ရွက်နေကြပါတယ်။

ကိုးကား- 2023 Manipur violence by Wikipedia

zawgyi version
အိႏၵိယ အေရွ႕ေျမာက္ေဒသက လူမ်ိဳးေရး ပဋိပကၡ (ဘာသာျပန္ေဆာင္းပါး)
ရဲထြန္း (သီေပါ) (NP News) - ဇူလိုင္ ၁၅

၂၀၂၃ ခုႏွစ္၊ ေမလ ၃ ရက္က အိႏၵိယအေရွ႕ေျမာက္ေဒသက (Meitei people) မိတီ ေခၚ မဏိပူရီ နဲ႔ကြတ္ကီးလူမ်ိဳးေတြအၾကားမွာ လူမ်ိဳးေရးပဋိပကၡေတြ ေပၚထြက္ခဲ့ပါတယ္။ မဏိပူရီလူမ်ိဳးေတြဟာ အင္ဖာ ေတာင္ၾကား လြင္ျပင္မွာေနထိုင္တဲ့ အမ်ားစု လူမ်ိဳးတစ္မ်ိဳး ျဖစ္ပါတယ္။ ပတ္ဝန္းက်င္ ေတာင္တန္းေဒသမွာေတာ့ ကြတ္ကီးလူမ်ိဳးစု၊ နာဂနဲ႔ အျခားလူမ်ိဳးစုေတြေနထိုင္ၾကၿပီး၊ အင္ဖာ ေတာင္ၾကားလြင္ျပင္မွာလည္း မဏိပူရီေတြနဲ႔ အတူေနထိုင္ၾကတာလည္းရွိပါတယ္။ မဏိပူရီေတြကေတာ့ ေတာင္တန္း ေဒသေတြမွာ အေျခခ်ေနထိုင္ခြင့္မရွိပါဘူး။ မဏိပူရီ၊ ကြတ္ကီး-ခ်င္း၊ နာဂ စတဲ့လူမ်ိဳးစုေတြ အားလုံးက တိဗက္တိုဘား မင္းမိသားစုဝင္ ဘာသာစကားကို ေျပာဆိုၾကသူေတြျဖစ္ပါတယ္။

ဇူလိုင္လ ၄ ရက္အထိ စာရင္းအရ အၾကမ္းဖက္ဆူပူမႈေတြအတြင္းမွာ ေသဆုံးသူေပါင္း ၁၄၂ ေယာက္ရွိၿပီး လူ ၃၀၀ ေလာက္ဒဏ္ရာအနာတရျဖစ္ခဲ့ၾကပါတယ္။ လူဦးေရ ၅၄,၄၈၈ ေယာက္ အိုးအိမ္စြန႔္ခြာ ထြက္ ေျပးၾကရပါတယ္။

အျငင္းပြားတဲ့ ဇယားဝင္လူမ်ိဳးစု ျဖစ္ေရး
အျငင္းအခုန္ျဖစ္ၾကတဲ့ကိစၥက မဏိပူရီေတြ ကာလရွည္ၾကာေတာင္းဆိုခဲ့ၾကတဲ့ အိႏၵိယႏိုင္ငံ အေျခခံ ဥပေဒပါ ဇယားဝင္လူမ်ိဳးစု အဆင့္အတန္းရရွိေရးနဲ႔ပတ္သက္ေနပါတယ္။ ဇယားဝင္လူမ်ိဳးစု ျဖစ္တယ္ဆိုရင္ အထူးအခြင့္အေရးေတြရရွိမွာပါ။ ၿပီးခဲ့တဲ့ ဧၿပီလထဲမွာ မဏိပူရ္ တရား႐ုံးခ်ဳပ္က ျပည္နယ္အစိုးရကို ဒီကိစၥနဲ႔ပတ္သက္ၿပီး ျဖစ္ႏိုင္ရင္ သတင္းေလးပတ္အတြင္း ဆုံးျဖတ္ခ်က္ခ်မွတ္ေပးဖို႔ ၫႊန္ၾကားခဲ့ပါတယ္။ ကြတ္ကီးစတဲ့ လူမ်ိဳးစုေတြက မဏိပူရီေတြရဲ႕ ေတာင္းဆိုခ်က္ကို ဆန႔္က်င္ကန႔္ကြက္ခဲ့ၾကပါတယ္။ မဏိပူရ္ရဲ႕ လူမ်ိဳးစုအားလုံး ေက်ာင္းသားမ်ား သမဂၢ (All Tribal Student Union of Manipur - ATSUM ) က ေမလ ၃ ရက္မွာ ေတာင္တန္းေဒသ ခ႐ိုင္အားလုံးမွာ ခ်ီတက္ဆႏၵျပဖို႔ လႈံ႕ေဆာ္ခဲ့ပါတယ္။ မတ္လကုန္ဆုံးခ်ိန္မွာေတာ့၊ အင္ဖာလြင္ျပင္နဲ႔ ကပ္ရက္က ခ်ဴရာခ်န္ပူခ႐ိုင္အတြင္းနဲ႔ ပတ္ဝန္းက်င္မွာ မဏိပူရီေတြနဲ႔ ကြတ္ကီးေတြအၾကားမွာ ထိပ္တိုက္ရင္ဆိုင္ ႐ုန္းရင္းဆန္ခတ္မႈေတြ ေပၚေပါက္လာခဲ့ပါတယ္။

အိႏၵိယတပ္မေတာ္က အင္အား တေသာင္းနဲ႔ ျပည္သူ႔စစ္ေတြဟာ တရားဥပေဒစိုးမိုးေရးအတြက္ ဝင္ေရာက္ထိန္းသိမ္းခဲ့ပါတယ္။ အင္တာနက္ဝန္ေဆာင္မႈေတြကိုလည္း ၅ ရက္ျဖတ္ေတာက္လိုက္ပါတယ္။ ပုဒ္မ ၁၄၄ ကို ထုတ္ျပန္ေၾကျငာလိုက္ၿပိး လူစုလူေဝးျပဳလုပ္တာေတြကို ပိတ္ပင္တားျမစ္လိုက္ပါတယ္။ သိပ္တင္းမာ လြန္းတဲ့ ကိစၥရပ္ေတြမွာ (သတ္မွတ္အခ်ိန္အတြင္း အျပင္မထြက္ရ ) ကာဖ်ဴးအမိန႔္ကို အာဏာတည္ဖို႔အတြက္ ျမင္တာနဲ႔ ပစ္ "shoot on sight" ဖို႔ အိႏၵိယ တပ္မေတာ္ကို အမိန႔္ေပးထားပါတယ္။

ေနာက္ခံသမိုင္းေၾကာင္း
မဏိပူရဟာ အေရွ႕ဘက္နဲ႔ ေတာင္ဘက္မွာျမန္မာႏိုင္ငံနဲ႔ နယ္နိမိတ္ခ်င္းထိစပ္ေနတဲ့ ေတာင္တန္းျပည္ နယ္တခုျဖစ္ပါတယ္။ အလယ္ဗဟိုက အင္ဖာေတာင္ၾကားလြင္ျပင္ေဒသျဖစ္ၿပီး ျပည္နယ္ဧရိယာရဲ႕ ၁၀ ရာခိုင္ႏႈန္း ရွိပါတယ္။ အဲဒီလြင္ျပင္ေဒသမွာ မိတီလို႔ေခၚတဲ့ မဏိပူရီေတြ အမ်ားစုေနထိုင္ၾကပါတယ္။ ေတာင္ဖက္အရပ္က ပတ္ဝန္းက်င္ေတာင္တန္း ေဒသေတြမွာေတာ့ ကြတ္ကီးေတြေနထိုင္ၾကသလို အေရွ႕ေျမာက္ဖက္ေတာင္တန္းေဒသ ေတြမွာေတာ့ နာဂလူမ်ိဳးေတြေနထိုင္ၾကပါတယ္။

မူဆလင္၊ ဗုဒၶဘာသာနဲ႔ ႐ိုးရာ ဆန္နမာဟီ ကိုယ္းကြယ္ၾကသူေတြရွိၾကေပမဲ့ အမ်ားစုက ဟင္ဒူဘာသာ ဝင္ေတြျဖစ္ၾကတဲ့ မဏီပူရီေတြဟာ ျပည္နယ္လူဦးေရရဲ႕ ၅၃ ရာခိုင္ႏႈန္းရွိပါတယ္။ မဏိပူရ္ ေျမယာျပဳျပင္ေျပာင္းလဲေရးဥပေဒအရ မဏိပူရီေတြဟာ ေဒသဆိုင္ရာ ခ႐ိုင္ေကာင္စီေတြရဲ႕ ခြင့္ျပဳခ်က္ရွိမွသာ ေတာင္ တန္းေဒသေတြေပၚမွာ အေျခခ်ေနထိုင္ခြင့္ရွိပါတယ္။ အမ်ားအားျဖင့္ ခရစ္ယန္ဘာသာဝင္ေတြျဖစ္ၾကတဲ့ ကြတ္ကီးေတြနဲ႔ နာဂေတာင္တန္းသား ဦးေရဟာ ၃ ဒသမ ၅ သန္းရွိတဲ့ ျပည္နယ္လူဦးေရရဲ႕ ၄၀ ရာခိုင္ႏႈန္း ရွိပါတယ္။ ျပည္နယ္ဧရိယာရဲ႕ ၉၀ ရာခိုင္ႏႈန္းရွိတဲ့ ေတာင္တန္းေဒသဟာ သူတို႔အတြက္ သီးသန႔္ဖယ္ေပးထားတဲ့ ေနရာျဖစ္ပါတယ္။ ဒီေတာင္တန္းေဒသသားေတြကိုေတာ့ ေတာင္ၾကားလြင္ျပင္မွာ အေျခခ်ေနထိုင္ျခင္းမျပဳရလို႔ ပိတ္ပင္မထားပါဘူး။

မဏိပူရ ျပည္နယ္လႊတ္ေတာ္မွာ မဏိပူရီေတြက ႏိုင္ငံေရးအာဏာအေပၚ အမ်ားစုလႊမ္းမိုးမႈရွိပါတယ္။ လႊတ္ေတာ္ေနရာ ၆၀ အနက္ ၁၉ ေနရာကို ဇယားဝင္လူမ်ိဳးစုေတြအတြက္ သီးသန႔္ဖယ္ေပးထားပါတယ္။ ဥပမာအားျဖင့္ ၿပီးခဲ့တဲ့ ေ႐ြးေကာက္ပြဲအတြင္းမွာ မဏိပူရီေတြရဲ႕ ကိုယ္စားလွယ္ေတြက ၃၉ ေနရာရခဲ့ပါတယ္။ ဒါေၾကာင့္ အစိုးရအသုံးစားရိတ္ခြဲေဝခ်ထားေပးတဲ့အခါ မဏိပူရီေတြ ေနထိုင္တဲ့ အင္ဖာေတာင္ၾကားလြင္ျပင္ ေဒသက ပိုမိုရရွိေနတာကို ေတာင္တန္းေဒသသားေတြက မေက်မနပ္ျဖစ္ၾကပါတယ္။

၂၀၂၃ ခုႏွစ္ ဆူပူအုံႂကြမႈ
၂၀၂၃ ခုႏွစ္မွာ၊ ျပည္နယ္အစိုးရက သစ္ေတာဧရိယာေတြထဲ တရားမဝင္က်ဴးေက်ာ္ေနထိုင္မႈေတြကိုဖယ္ရွားဖို႔ ႀကိဳးပမ္းခဲ့ပါတယ္။ အစိုးရအရာရွိေတြက ျမန္မာႏိုင္ငံဘက္က တရားမဝင္ ဝင္ေရာက္လာၿပီး မဏိပူရမွာ အေျခခ်ေနထိုင္ၾကတာေတြက ၁၉၇၀ ခုႏွစ္ေတြေလာက္ကတည္းကစၿပီးရွိလာခဲ့တာလို႔ဆိုပါတယ္။ ေတာင္တန္းေဒသသားေတြရဲ႕ အဆိုအရ တရားမဝင္ဝင္ေရာက္မႈေတြဆိုတာက ယိုးမယ္ဖြဲ႕ အေၾကာင္းျပခ်က္သက္သက္သာျဖစ္တယ္၊ မဏိပူရီေတြက သူတို႔ေတာင္တန္သားေတြကို သူတို႔နယ္ေျမေတြကေန ေမာင္းႏွင္ထုတ္ခ်င္လို႔ ယမယ္ရွာတာသာျဖစ္တယ္လို႔ ဆိုၾကပါတယ္။ ၂၀၂၃ ခုႏွစ္ ေဖေဖာ္ ဝါရီလမွာေတာ့ ဘီေဂ်ပီ ျပည္နယ္အစိုးရက ခ်ဴ Churachandpur ရာခ်န္ဒ္ပူ၊ Kangpokpi ကန္ေပါ့ပီနဲ႔ Tengnoupal ထန္ႏိုပယ္ ခ႐ိုင္ေတြထဲက သစ္ေတာေတြထဲ ေနထိုင္သူေတြကို က်ဴးေက်ာ္ဝင္ေရာက္ေနထိုင္သူမ်ားလို႔ ေၾကျငာၿပီး စတင္ေမာင္းႏွင္ထုတ္ခဲ့ပါတယ္။ ဒီလုပ္ရပ္ကို ေတာင္တန္းသားေတြက သူတို႔ကို ဆန႔္က်င္တဲ့လုပ္ရပ္လို႔ ရႈျမင္ၾကပါတယ္။

မတ္လထဲမွာေတာ့ မဏိပူရ္ အစိုးရက၊ ကြတ္ကီးအမ်ိဳးသားတပ္မေတာ္နဲ႔ ဇိုမီးေတာ္လွန္ေရးတပ္မေတာ္တို႔အပါအဝင္ ကြတ္ကီး စစ္ေသြးႂကြအုပ္စုသုံးခုနဲ႔ သေဘာတူထာားတဲ့ စစ္ဆင္ေရးမ်ားရပ္ဆိုင္းထားေရး သေဘာတူစာခ်ဳပ္ကေန ႏႈတ္ထြက္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ ဒါေပမဲ့ ဗဟိုအစိုးရအေနနဲ႔က ဒီလိုႏႈတ္ထြက္တာကို ေထာက္ခံထားတာမရွိပါဘူး။ မဏိပူရီ အရပ္ဖက္အဖြဲ႕အစည္းေပါင္းစုံကလည္း နယူးေဒလီမွာ ဆႏၵျပၾကပါတယ္။ ေတာင္တန္းေဒသေတြမွာ မူမမွန္တဲ့ လူဦးေရးတိုးပြားလာမႈကို မေက်မနပ္ျဖစ္ၾကတဲ့အတြက္ ၁၉၅၁ ခုႏွစ္ကို အေျခခံႏွစ္အျဖစ္ထားၿပီး တႏိုင္ငံလုံး ႏိုင္ငံသားမွတ္ပုံတင္ ျပဳလုပ္ဖို႔ ဖိအားေပးတဲ့ဆႏၵျပပြဲပါ။

ကန္ေပ့ါကီ ခ႐ိုင္မွာ လူငါးေယာက္ထိခိုက္ဒဏ္ရာရခဲ့တာကေန ပထမဆုံး ေသြးထြက္ သံယိုမႈစျဖစ္ပါ တယ္။ အဲဒီပြဲမွာ လူေတြစုေဝးၿပီး “ သစ္ေတာ ႀကိဳးဝိုင္းနယ္ေျမ၊ သစ္ေတာမ်ားကာကြယ္ေရးနဲ႔ ေတာ႐ိုင္း တိရိစာၦန္ ေဘးမဲ့ေတာ တို႔ကိုအေၾကာင္းျပၿပီး လူမ်ိဳးစုနယ္ေျမမ်ားကို က်ဴးေက်ာ္ထိပါးျခင္း” ကို ဆန႔္က်င္တဲ့ ဆႏၵျပပြဲ က်င္းပ ခဲ့ၾကတာျဖစ္ပါတယ္။ အဲဒီအခ်ိန္မွာ ျပည္နယ္အစိုးရကလည္း “ ျပည္နယ္အစိုးရရဲ႕ သစ္ေတာ သယံဇာတ ထိန္းသိမ္းေရးနဲ႔ ဘိန္းစိုက္ပ်ိဳးမႈအျမစ္ျဖတ္ေရးအတြက္” အစိုးရရဲ႕ေဆာင္႐ြက္ခ်က္ေတြနဲ႔ ပတ္သက္ၿပီး ေစ့စပ္အေလွ်ာ့ေပးမွာမဟုတ္ေၾကာင္း ေၾကျငာပါတယ္။ ဧၿပီလ ၁၁ ရက္မွာေတာ့ အင္ဖာရဲ႕ လူမ်ိဳးစုမ်ားစုေဝးေနထိုင္ရာ အရပ္မွာရွိတဲ့ ဘုရားရွိခိုးေက်ာင္း သုံးေက်ာင္းဟာ အစိုးရေျမေပၚ တရားမဝင္တည္ေဆာက္ထားတာေၾကာင့္ ၿဖိဳခ်ဖ်က္ဆီးခံလိုက္ရပါတယ္။

၂၀၂၃ ခုႏွစ္ ဧၿပီလ ၂၀ ရက္ေန႔မွာ မဏိပူရ္ တရား႐ုံးခ်ဳပ္ တရားသူႀကီးတေယာက္က “ မဏိပူရီ လူမ်ိဳးေတြရဲ႕ ဇယားဝင္လူမ်ိဳးစု ( Scheduled Tribes ST list) ျဖစ္ေရး ေတာင္းဆိုခ်က္ကို” စဥ္းစားဆုံးျဖတ္ေပးဖို႔ ျပည္နယ္အစိုးရကို ၫႊန္ၾကားခဲ့ပါတယ္။ တကယ္လို႔ မဏိပူရီေတြကို ဇယားဝင္လူမ်ိဳးစု အျဖစ္သတ္မွတ္ေပး လိုက္မယ္ဆိုရင္ မဏိပူရီေတြက ယခင္ကတားျမစ္ခံထားရတဲ့ ေတာင္တန္းေဒသေတြမွာ ေျမေတြဝယ္ယူ အေျခခ်ခြင့္ရသြားၾက ေတာ့မွာျဖစ္လို႔ ကြတ္ကီး လူမ်ိဳးေတြအေနနဲ႔ စိုးရိမ္ၾကပါတယ္။
ေတာင္တန္းသားလူမ်ိဳးစု အုပ္စုေတြက ဧၿပီလ ၂၈ ရက္မွာ ျပည္နယ္အစိုးရရဲ႕ ေဆာင္႐ြက္ခ်က္ေတြ ကို ဆႏၵျပတဲ့အေနနဲ႔ အေထြေထြသပိတ္ေမွာက္ၾကဖို႔ လႈံေဆာ္ခဲ့ၾကပါတယ္။ အဲဒီေန႔ဟာ ဝန္ႀကီးခ်ဳပ္ N. Biren Singh က ခ်ဴရာခ်န္ဒ္ပူရ္ ကိုလာလည္ၿပီး air gym အားကစားခန္းတခုဖြင့္ေပးဖို႔ စီစဥ္ထားတဲ့ေန႔လည္းျဖစ္ပါတယ္။ အဲဒီေန႔မတိုင္ခင္တရက္မွာ လူအုပ္တစုက အားကစားခန္းကို မီးတင္ရႈိ႕ဖ်က္ဆီးပစ္လိုက္ၾကပါတယ္။ အဲဒီေနာက္ ဧၿပီလ ၂၈ ရက္မွာ ပုဒ္မ ၁၄၄ ကိုထုတ္ျပန္လိုက္ၿပီး အင္တာနက္ဝန္ေဆာင္မႈကို ငါးရက္ၾကာပိတ္ပစ္လိုက္ပါ တယ္။ ဆႏၵျပသူေတြနဲ႔ ရဲေတြအၾကား ထိပ္တိုက္ရင္ဆိုင္မႈေတြျဖစ္ပြားခဲ့ၿပီး ရဲေတြက မ်က္ရည္ယိုဗုံးမ်ားသုံးကာ ဆႏၵျပသူမ်ားကို လူစုခြဲခဲ့ပါတယ္။

လူေနအိမ္ ၁၇၀၀ ေလာက္နဲ႔ ေမာ္ေတာ္ယဥ္ အမ်ားအျပားဟာ ဆူပူအုံႂကြမႈအတြင္းမွာ မီးရႈိ႕ဖ်က္ဆီးခံ ရတယ္လို႔ အစိုးရကေၾကျငာပါတယ္။ အင္ဖာအေနာက္ပိုင္း၊ ကက္ခ်င္း၊ သိုဘယ္၊ ဂ်ီရိဘမ္နဲ႔ ဘစ္ရွ္ႏုပါ စတဲ့ မဏိပူရီ အမ်ားစုေနထိုင္တဲ့ ခ႐ိုင္ငါးခုနဲ႔ ေတာင္ေပၚသားလူမ်ိဳးစု အမ်ားစုေနထိုင္တဲ့ ခ်ဳရာခ်န္ဒ္ပူရ္၊ ကန္ေပါ့ကီနဲ႔ တန္ႏိုပယ္ ခ႐ိုင္သုံးခုတို႔မွာ ညမထြက္ရ ကာဖ်ဴး အမိန႔္ထုတ္ထားပါတယ္။

မဏိပူရ္အစိုးရက ေမလ ၄ ရက္မွာ ကာဖ်ဴးခ်ိန္အတြင္း ဥပေဒမလိုက္နာသူမ်ားကို “ျမင္တာနဲ႔ ပစ္” shoot at sight ဖို႔ အမိန႔္ေပးထားပါတယ္။ ေမလ ၄ ရက္၊ ၅ ရက္နဲ႔ ၆ ရက္ေန႔ေတြမွာ လူဦးေရ ၉၀၀၀၊ ၂၀၀၀၀နဲ႔ ၂၃၀၀၀ တို႔အသီးသီးကို အသက္အႏၲရာယ္လုံၿခဳံစိတ္ခ်ေစဖို႔အတြက္ စစ္တပ္က ေနရာ ေ႐ႊ႕ေျပာင္းေပးခဲ့ရပါတယ္။

အၿငိမ္းစား တရားသူႀကီးခ်ဳပ္တေယာက္ေခါင္းေဆာင္တဲ့ ခုံအဖြဲ႕တခုကိုဖြဲ႕စည္းကာ ေသြးထြက္သံယို ပဋိပကၡျဖစ္မႈကို စုံစမ္းစစ္ေဆးေနၿပီး၊ ျပည္နယ္ဘုရင္ခံနဲ႔ လုံၿခဳံေရး အႀကံေပး ကူလ္ဒိပ္ ဆင္းဂ္တို႔ဟာ အရပ္ဖက္ အဖြဲ႕အစည္းမ်ားမွ အဖြဲ႕ဝင္မ်ားနဲ႔အတူ ၿငိမ္းခ်မ္းေရးေကာ္မတီတခုကိုလည္းဖြဲ႕စည္း ေဆာင္႐ြက္ေနၾကပါတယ္။

ကိုးကား- 2023 Manipur violence by Wikipedia

Related news

© 2021. All rights reserved.