ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဘုရား ပြီးစီးမှုအခြေအနေများကို ယာယီသမ္မတအပါအဝင် တာဝန်ရှိသူများအား တပ်ချုပ် ရှင်းလင်းပြသ

10024
ယွန်း (NP News) - ဇူလိုင် ၁၇
ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဘုရား ပြီးစီးမှုအခြေအနေများကို ယာယီသမ္မတအပါအဝင် တာဝန်ရှိသူများအား တပ်ချုပ် ရှင်းလင်းပြသခဲ့ကြောင်း သတင်းရရှိသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇူလိုင်လ(၁၆)ရက်တွင် မာရဝိဇယရုပ်ပွားတော်ကြီး တည်ဆောက်မှုပြီးစီးမှု အခြေအနေများကို ကြည့်ရှုပြီး ယာယီသမ္မတဦးမြင့်ဆွေ အပါအဝင် နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်နှင့် တာဝန်ရှိသူများကို ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

“မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်း တောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည်ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ တိုင်းပြည်အေးချမ်းသာယာမှုရှိစေရန်၊ ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန် စသည့် ရည်ရွယ်ချက်(၄)ရပ်ဖြင့် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရုပ်ပွားတော်ကြီးထုဆစ်ရန်အတွက် ကျောက်တုံးကြီးများတူးဖော်ခြင်းလုပ်ငန်းကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ပြီး အဆိုပါကျောက်တုံးကြီးများကို ရတနာပုံခေတ်ဟန် ဘူမိဖဿမုဒြာ ဆင်းတုတော်ကြီးအဖြစ် တည်ထားကိုးကွယ်ရန် ဆောင်ရွက်ခဲ့ကြောင်း နစကဥက္ကဋ္ဌက ပြောကြားခဲ့သည်။
ထို့ပြင် ရုပ်ပွားတော်ထုဆစ်မည့် ဆင်းတုတော်အပိုင်းများနှင့် ပလ္လင်တော်အပိုင်းကျောက်တုံးကြီးများကို အပိုင်းလိုက်ခွဲ၍ ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းများဖြင့် အဆင့်ဆင့်ပင့်ဆောင်ခဲ့ပြီး အဆိုပါသယ်ဆောင်မှုသည် ကမ္ဘာ့အလေးချိန်အများဆုံး ရေလမ်းခရီး နှင့် ကုန်လမ်းခရီးသယ်ဆောင်မှုဖြစ်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ(၃)ရက်တွင် ကျောက်တုံးတော်ကြီးများ စတင်ပင့်ဆောင်ခြင်းကို ဆောင် ရွက်ခဲ့ပြီး ကျောက်တုံးတော်ကြီးများကို စုစုပေါင်း (၉)ကြိမ်ပင့်ဆောင်ခဲ့၍ တန်ချိန်အားဖြင့် (၈၁၅၈) တန်သယ်ဆောင်ခဲ့ရာ ရေလမ်းခရီးဖြင့် စကျင်ကျောက်တုံးကြီးကို သယ်ဆောင်ခြင်းသည် ကမ္ဘာပေါ်တွင်မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
အလားတူ ကျောက်တုံးတော်ကြီးများကို ကုန်းလမ်းခရီးဖြင့်သယ်ယူရာတွင် စုစုပေါင်း (၇) ခေါက်သယ်ယူခဲ့ရပြီး အလေးချိန်အနေဖြင့် (၇၆၃၂)တန်ရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မာရဝိဇယရုပ်ပွားတော်ကြီးအား ထုဆစ်မှုသည် ရာနှုန်းပြည့်နီးပါးပြီးစီးနေပြီဖြစ်၍ လာမည့် သြဂုတ်လ(၁)ရက်တွင် ဗုဒ္ဓါဘိသေကအနေကဇာတင် အခမ်းအနားကို ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။
“မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များတွင် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် ရုပ်ပွားတော်တစ်ဆူဖြစ်ကြောင်း သိရသည်။
မာရဝိဇယဘုရားကြီးထုဆစ်ရန်အတွက် အဆိုပါ စကျင်ကျောက်တုံးကြီးကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် နှောင်ပိုင်း၌ ယခင်နိုင်ငံတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွေက တပ်မတော်မှဦးဆောင်၍ ဘုရားတည်ထားကိုးကွယ်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ လွှဲအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

zawgyi version
ကမာၻ႔ဉာဏ္ေတာ္အျမင့္ဆုံးျဖစ္လာမည့္ မာရဝိဇယဘုရား ၿပီးစီးမႈအေျခအေနမ်ားကို ယာယီသမၼတအပါအဝင္ တာဝန္ရွိသူမ်ားအား တပ္ခ်ဳပ္ ရွင္းလင္းျပသ
ယြန္း (NP News) - ဇူလိုင္ ၁၇
ကမာၻ႔ဉာဏ္ေတာ္အျမင့္ဆုံးျဖစ္လာမည့္ မာရဝိဇယဘုရား ၿပီးစီးမႈအေျခအေနမ်ားကို ယာယီသမၼတအပါအဝင္ တာဝန္ရွိသူမ်ားအား တပ္ခ်ဳပ္ ရွင္းလင္းျပသခဲ့ေၾကာင္း သတင္းရရွိသည္။
နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဇူလိုင္လ(၁၆)ရက္တြင္ မာရဝိဇယ႐ုပ္ပြားေတာ္ႀကီး တည္ေဆာက္မႈၿပီးစီးမႈ အေျခအေနမ်ားကို ၾကည့္ရႈၿပီး ယာယီသမၼတဦးျမင့္ေဆြ အပါအဝင္ ႏိုင္ငံေတာ္သမၼတ(ၿငိမ္း) ဦးသိန္းစိန္ႏွင့္ တာဝန္ရွိသူမ်ားကို ရွင္းလင္းျပသခဲ့ေၾကာင္း သိရသည္။
“မာရဝိဇယ” ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးကို ျမန္မာႏိုင္ငံတြင္ ေထရဝါဒဗုဒၶသာသနာေတာ္ႀကီး ခိုင္မာစြာထြန္းလင္း ေတာက္ပလ်က္ရွိမႈအား ကမာၻကိုျပသရန္၊ ျမန္မာႏိုင္ငံသည္ေထရဝါဒဗုဒၶဘာသာကိုးကြယ္မႈ၏ ဗဟိုခ်က္ျဖစ္ေစရန္၊ တိုင္းျပည္ေအးခ်မ္းသာယာမႈရွိေစရန္၊ ကမာၻႀကီးၿငိမ္းခ်မ္းသာယာမႈျဖစ္ေစရန္ စသည့္ ရည္႐ြယ္ခ်က္(၄)ရပ္ျဖင့္ တည္ထားကိုးကြယ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
႐ုပ္ပြားေတာ္ႀကီးထုဆစ္ရန္အတြက္ ေက်ာက္တုံးႀကီးမ်ားတူးေဖာ္ျခင္းလုပ္ငန္းကို အဆင့္ဆင့္ေဆာင္႐ြက္ခဲ့ၿပီး အဆိုပါေက်ာက္တုံးႀကီးမ်ားကို ရတနာပုံေခတ္ဟန္ ဘူမိဖႆမုျဒာ ဆင္းတုေတာ္ႀကီးအျဖစ္ တည္ထားကိုးကြယ္ရန္ ေဆာင္႐ြက္ခဲ့ေၾကာင္း နစကဥကၠ႒က ေျပာၾကားခဲ့သည္။
ထို႔ျပင္ ႐ုပ္ပြားေတာ္ထုဆစ္မည့္ ဆင္းတုေတာ္အပိုင္းမ်ားႏွင့္ ပလႅင္ေတာ္အပိုင္းေက်ာက္တုံးႀကီးမ်ားကို အပိုင္းလိုက္ခြဲ၍ ေရလမ္းေၾကာင္း၊ ကုန္းလမ္းေၾကာင္းမ်ားျဖင့္ အဆင့္ဆင့္ပင့္ေဆာင္ခဲ့ၿပီး အဆိုပါသယ္ေဆာင္မႈသည္ ကမာၻ႔အေလးခ်ိန္အမ်ားဆုံး ေရလမ္းခရီး ႏွင့္ ကုန္လမ္းခရီးသယ္ေဆာင္မႈျဖစ္ခဲ့ေၾကာင္း ၎က ဆက္လက္ေျပာၾကားခဲ့သည္။
ၿပီးခဲ့သည့္ ၂၀၂၀ ခုႏွစ္၊ ဇူလိုင္လ(၃)ရက္တြင္ ေက်ာက္တုံးေတာ္ႀကီးမ်ား စတင္ပင့္ေဆာင္ျခင္းကို ေဆာင္ ႐ြက္ခဲ့ၿပီး ေက်ာက္တုံးေတာ္ႀကီးမ်ားကို စုစုေပါင္း (၉)ႀကိမ္ပင့္ေဆာင္ခဲ့၍ တန္ခ်ိန္အားျဖင့္ (၈၁၅၈) တန္သယ္ေဆာင္ခဲ့ရာ ေရလမ္းခရီးျဖင့္ စက်င္ေက်ာက္တုံးႀကီးကို သယ္ေဆာင္ျခင္းသည္ ကမာၻေပၚတြင္မွတ္တမ္းဝင္ခဲ့ေၾကာင္း သိရသည္။
အလားတူ ေက်ာက္တုံးေတာ္ႀကီးမ်ားကို ကုန္းလမ္းခရီးျဖင့္သယ္ယူရာတြင္ စုစုေပါင္း (၇) ေခါက္သယ္ယူခဲ့ရၿပီး အေလးခ်ိန္အေနျဖင့္ (၇၆၃၂)တန္ရွိခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ မာရဝိဇယ႐ုပ္ပြားေတာ္ႀကီးအား ထုဆစ္မႈသည္ ရာႏႈန္းျပည့္နီးပါးၿပီးစီးေနၿပီျဖစ္၍ လာမည့္ ၾသဂုတ္လ(၁)ရက္တြင္ ဗုဒၶါဘိေသကအေနကဇာတင္ အခမ္းအနားကို က်င္းပျပဳလုပ္သြားမည္ျဖစ္ ေၾကာင္း သိရသည္။
“မာရဝိဇယ” ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးသည္ ကမာၻေပၚရွိ ထိုင္ေတာ္မူ ေက်ာက္ဆစ္ ဗုဒၶ႐ုပ္ပြားေတာ္မ်ားတြင္ ဉာဏ္ေတာ္အျမင့္ဆုံးျဖစ္လာမည့္ ႐ုပ္ပြားေတာ္တစ္ဆူျဖစ္ေၾကာင္း သိရသည္။
မာရဝိဇယဘုရားႀကီးထုဆစ္ရန္အတြက္ အဆိုပါ စက်င္ေက်ာက္တုံးႀကီးကို ၿပီးခဲ့သည့္ ၂၀၁၇ ခုႏွစ္ ေႏွာင္ပိုင္း၌ ယခင္ႏိုင္ငံေတာ္ အႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေ႐ြက တပ္မေတာ္မွဦးေဆာင္၍ ဘုရားတည္ထားကိုးကြယ္ရန္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ထံ လႊဲအပ္လႉဒါန္းခဲ့ေၾကာင္း သိရသည္။