ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်ဖြစ်ပွားသော အက်ဆီးဒန့်ကြောင့် မြန်မာနိုင်ငံသားတစ်ဦး ပွဲချင်းပြီးသေဆုံး

 5198

ဂျန်ဇက် (NP News) - ဇူလိုင် ၁၇

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Nawamin လမ်း၊ Wat Bang Toei အရပ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ဇူလိုင် ၁၅ ရက်က အက်ဆီးဒန့်တစ်ခုဖြစ်ပွားခဲ့ရာ မြန်မာအလုပ်သမားတစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရခဲ့ ကြောင်း သိရသည်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ဆောက်လုပ်လျက်ရှိနေသည့်အဆောက်အဦး၏ ဘိလပ်မြေထုတ်တန်း ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သတင်းကို လက်ခံရရှိခဲ့ပြီးနောက် Bueng Kum ရဲစခန်းမှ ရဲမှူးကြီး Thuwanan Ngoenyaung ဦးဆောင်သော ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ဘိလပ်မြေအပျက်အစီးများအောက်တွင် မြန်မာနိုင်ငံသားနှစ်ဦး ပိတ်မိနေသည်ကို တွေ့မြင်ခဲ့ကြောင်း ဆိုသည်။

အဆိုပါ အက်ဆီးဒန့်ဖြစ်ပွားသော နေရာသည်မူကြိုကျောင်း အဆောက်အဦးတည်ဆောက်နေသော ဆောက်လုပ် ရေးလုပ်ငန်းခွင်ဖြစ်ပြီး ၂ နှစ်ထပ် အဆောက်အဦးဖြစ်ကြောင်း၊ ပထမအထပ် နှင့် ဒုတိယအထပ်ကြားက လသာဆောင်ရှိ အရှည် ၁ မီတာရှိ ဘိလပ်မြေထုတ်တန်းနှင့် အရှည် ၄ မီတာရှိ သစ်ချောင်းများလည်း ပြုတ်ကျခဲ့ ခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များ က ပြောသည်။

ဘိလပ်မြေထုတ်တန်း နှင့် သစ်ချောင်းများသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ အမြင့် ၅ မီတာကျော်မှ အောက်ရှိ မြန်မာနိုင်ငံသားနှစ်ဦးအပေါ်ကို ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း၊ ဒဏ်ရာရသူတစ်ဦးကို Nopparat တင်ပို့ခဲ့ကြောင်း တစ်ဦးကတော့ ပါးစပ်မှ သွေးများထွက်ခဲ့ပြီး ခြေထောက်နှစ်ချောင်းလုံးကျိုးသွားခဲ့ကြောင်း ထိုင်း ရဲတပ်ဖွဲ့က ပြောသည်။

သေဆုံး၊ ဒဏ်ရာရသူနှစ်ဦးသည် အဆိုပါဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လာရောက်အလုပ်လုပ်ကိုင်နေသည်မှာ ၁ဝ ရက်ခန့်သာ ရှိသေးကြောင်း၊ အဆိုပါမြန်မာနိုင်ငံသားအလုပ်သမား နှစ်ဦးစလုံးသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ် ရန်အတွက် စာချုပ်ချုပ်ရန် ဆောင်ရွက်နေဆဲဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

သေဆုံးခဲ့သော ဒဏ်ရာရသော မြန်မာနိုင်ငံသားသည် အသက် ၂၈ နှစ်အရွယ်ရှိသလို ဒဏ်ရာရသော မြန်မာနိုင်ငံ သားသည် အသက် ၂၇ နှစ်အရွယ်သာရှိကြောင်း သိရသည်။ အခင်းဖြစ်ပွားသည့်အချိန်တွင် ဆောက်လုပ်ရေး လုပ်ငန်းခွင်ရှိ အခြားအလုပ်သမားများသည် အဆောက်အအုံနောက်ဘက်တွင် ဆောက်လုပ်ရန် ပြင်ဆင်နေခြင်း ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ထိုင္းေဆာက္လုပ္ေရးလုပ္ငန္းခြင္တြင္ျဖစ္ပြားေသာ အက္ဆီးဒန႔္ေၾကာင့္ ျမန္မာႏိုင္ငံသားတစ္ဦး ပြဲခ်င္းၿပီးေသဆုံး
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၁၇

ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ Nawamin လမ္း၊ Wat Bang Toei အရပ္ရွိ ေဆာက္လုပ္ေရးလုပ္ငန္းခြင္တစ္ခုတြင္ ဇူလိုင္ ၁၅ ရက္က အက္ဆီးဒန႔္တစ္ခုျဖစ္ပြားခဲ့ရာ ျမန္မာအလုပ္သမားတစ္ဦးေသဆုံးကာ တစ္ဦး ဒဏ္ရာရခဲ့ ေၾကာင္း သိရသည္။

ေဆာက္လုပ္ေရးလုပ္ငန္းခြင္တစ္ခုတြင္ ေဆာက္လုပ္လ်က္ရွိေနသည့္အေဆာက္အဦး၏ ဘိလပ္ေျမထုတ္တန္း ၿပိဳက်မႈျဖစ္ပြားခဲ့ေၾကာင္း သတင္းကို လက္ခံရရွိခဲ့ၿပီးေနာက္ Bueng Kum ရဲစခန္းမွ ရဲမႉးႀကီး Thuwanan Ngoenyaung ဦးေဆာင္ေသာ ရဲတပ္ဖြဲ႕က သြားေရာက္စစ္ေဆးခဲ့ရာ ဘိလပ္ေျမအပ်က္အစီးမ်ားေအာက္တြင္ ျမန္မာႏိုင္ငံသားႏွစ္ဦး ပိတ္မိေနသည္ကို ေတြ႕ျမင္ခဲ့ေၾကာင္း ဆိုသည္။

အဆိုပါ အက္ဆီးဒန႔္ျဖစ္ပြားေသာ ေနရာသည္မူႀကိဳေက်ာင္း အေဆာက္အဦးတည္ေဆာက္ေနေသာ ေဆာက္လုပ္ ေရးလုပ္ငန္းခြင္ျဖစ္ၿပီး ၂ ႏွစ္ထပ္ အေဆာက္အဦးျဖစ္ေၾကာင္း၊ ပထမအထပ္ ႏွင့္ ဒုတိယအထပ္ၾကားက လသာေဆာင္ရွိ အရွည္ ၁ မီတာရွိ ဘိလပ္ေျမထုတ္တန္းႏွင့္ အရွည္ ၄ မီတာရွိ သစ္ေခ်ာင္းမ်ားလည္း ျပဳတ္က်ခဲ့ ျခင္းျဖစ္ေၾကာင္း ထိုင္းအာဏာပိုင္မ်ား က ေျပာသည္။

ဘိလပ္ေျမထုတ္တန္း ႏွင့္ သစ္ေခ်ာင္းမ်ားသည္ ေဆာက္လုပ္ေရးလုပ္ငန္းခြင္ရွိ အျမင့္ ၅ မီတာေက်ာ္မွ ေအာက္ရွိ ျမန္မာႏိုင္ငံသားႏွစ္ဦးအေပၚကို ျပဳတ္က်ခဲ့ျခင္းျဖစ္ေၾကာင္း၊ ဒဏ္ရာရသူတစ္ဦးကို Nopparat တင္ပို႔ခဲ့ေၾကာင္း တစ္ဦးကေတာ့ ပါးစပ္မွ ေသြးမ်ားထြက္ခဲ့ၿပီး ေျခေထာက္ႏွစ္ေခ်ာင္းလုံးက်ိဳးသြားခဲ့ေၾကာင္း ထိုင္း ရဲတပ္ဖြဲ႕က ေျပာသည္။

ေသဆုံး၊ ဒဏ္ရာရသူႏွစ္ဦးသည္ အဆိုပါေဆာက္လုပ္ေရးလုပ္ငန္းခြင္တြင္ လာေရာက္အလုပ္လုပ္ကိုင္ေနသည္မွာ ၁ဝ ရက္ခန႔္သာ ရွိေသးေၾကာင္း၊ အဆိုပါျမန္မာႏိုင္ငံသားအလုပ္သမား ႏွစ္ဦးစလုံးသည္ ထိုင္းႏိုင္ငံတြင္ အလုပ္လုပ္ ရန္အတြက္ စာခ်ဳပ္ခ်ဳပ္ရန္ ေဆာင္႐ြက္ေနဆဲျဖစ္ေၾကာင္း ထိုင္းရဲတပ္ဖြဲ႕က ေျပာသည္။

ေသဆုံးခဲ့ေသာ ဒဏ္ရာရေသာ ျမန္မာႏိုင္ငံသားသည္ အသက္ ၂၈ ႏွစ္အ႐ြယ္ရွိသလို ဒဏ္ရာရေသာ ျမန္မာႏိုင္ငံ သားသည္ အသက္ ၂၇ ႏွစ္အ႐ြယ္သာရွိေၾကာင္း သိရသည္။ အခင္းျဖစ္ပြားသည့္အခ်ိန္တြင္ ေဆာက္လုပ္ေရး လုပ္ငန္းခြင္ရွိ အျခားအလုပ္သမားမ်ားသည္ အေဆာက္အအုံေနာက္ဘက္တြင္ ေဆာက္လုပ္ရန္ ျပင္ဆင္ေနျခင္း ျဖစ္ေၾကာင္း သိရသည္။

Picture

My Mine

17/07/2023 18:39

ဗမာချင်းသတ်ကြပါလို့ သူတို့ပါးစပ်က...ဖွင့်မပြောကြပေမဲ့လည်း....အတင်းတွန်းပို့နေသော နိုင်ငံရေး လူမျိုးရေး ဘာသာရေး..အစွန်းရောက်များစွာ...တွေ့နေကြရပါတယ်..။

Related news

© 2021. All rights reserved.