CDM မလုပ်သော မြစ်ငယ်မြို့ရှိ ဆေးရုံအုပ်ကြီးကို ဒေါက်တာဇော်ဝေစိုး၏ ခိုင်းစေမှုဖြင့် သတ်ဖြတ်ခဲ့သည့် PDF (၄)ဦးကို ဖမ်းဆီးရမိဟု နစက ထုတ်ပြန်

 14117

NP News - ဇူလိုင် ၁၈
CDM မလုပ်သည့် မြစ်ငယ်မြို့ မြန်မာ့မီးရထားဆေးရုံမှ ဆေးရုံအုပ်ကြီးအား လုပ်ကြံသတ်ဖြတ်ခဲ့သည့် မြစ်ငယ် PDF အဖွဲ့ဝင်များအား ဖမ်းဆီးရမိကြောင်း နစကမှ ထုတ်ပြန်ထားသည်။

နစကမှ ဇူလိုင် ၁၇ ရက်နေ့ ညပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများ၏ လျှို့ဝှက်သတင်းပေးတိုင်ကြားမှုအရ ဇူလိုင်(၁၅)ရက်နေ့၊ နေ့လယ်ပိုင်းတွင် အမရပူရမြို့နယ်၊ ဝက်ကုန်းတမာတန်းရပ်ကွက်တွင် မြစ်ငယ် PDF အဖွဲ့မှ သီဟဇော်ထွေးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သီဟဇော်ထွေးအား Sig Sauer ပစ္စတို တစ်လက်၊ ၎င်းကျည်အိမ် နှစ်ခု၊ ၎င်းကျည် ၁၀ တောင့်၊ လက်ပစ်ဗုံး နှစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ဆိုထားသည်။

ထို့နောက် ၎င်း၏ထွက်ဆိုချက်အရ အမရပူရမြို့နယ်၊ ရန်ကုန်- မန္တလေးလမ်းဟောင်းရှိ စွယ်တော်ဘုရားရှေ့တွင် မြစ်ငယ် PDF အဖွဲ့ဝင်များဖြစ်သည့် အောင်ဘိုဘိုသန်း နှင့် လုရီတို့ကိုလည်းကောင်း၊ မြစ်ငယ်လမ်းဆုံ၌ မင်းမင်းဟိန်းကို လည်းကောင်း အသီးသီးထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ သီဟဇော်ထွေးနှင့် မင်းမင်းဟိန်းတို့သည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် မြောင်မြို့နယ်၊ နဂါးပေါက်ကျေးရွာအနီး မြစ်ငယ် PDF အကြမ်းဖက်စခန်း၌ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းအား တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဖမ်းဆီးရန်ကျန်ရှိသည့် ဝင်းထွန်းခေါင်းဆောင်၍ ၎င်းတို့လေးဦးအပါအဝင် စုစုပေါင်း (၁၅)ဦးဖြင့် မြစ်ငယ် PDF အကြမ်းဖက်အဖွဲ့အား ဖွဲ့စည်းခဲ့ကြောင်း ထွက်ဆိုချက်များအရသိရသည်။

ဖမ်းဆီးရမိသူ သီဟဇော်ထွေး၏ ထွက်ဆိုချက်အရ ၂၀၂၃ ခုနှစ်၊ မေလပထမပတ်တွင် အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော NUG မှ ဒေါက်တာဇော်ဝေစိုးက မန္တလေးတိုင်း၊ မြစ်ငယ်မြို့ မြန်မာ့မီးရထားဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာဒေါ်တင်ချိုချိုသည် CDM မလုပ်သည့်အပြင် CDM လုပ်သွားသည့် ကျန်းမာရေးဝန်ထမ်းများကို ပြန်လည်စည်းရုံးခေါ်ယူနေခြင်းကြောင့် လုပ်ကြံသတ်ဖြတ်ရန် ခိုင်းစေခဲ့ကြောင်း သိရသည်။

အဆိုပါ ခိုင်းစေမှုကြောင့် မေလ(၁၅)ရက်နေ့တွင် မန္တလေးတိုင်း၊ ပလိပ်မြို့၊ ဈေးသစ်ရပ်ကွက်ရှိ “ချို”ဆေးခန်း၌ မြစ်ငယ်မြို့ မြန်မာ့မီးရထားဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာဒေါ်တင်ချိုချိုကိုအား ပစ္စတိုသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ထို့ပြင် ဖမ်းဆီးရမိသူများ၏ ဆက်လက်ထွက်ဆိုချက်အရ NUG မှ ဒေါက်တာဇော်ဝေစိုးနှင့် ဝင်းထွန်းတို့၏ စေခိုင်းမှုဖြင့် စဉ့်ကိုင်မြို့အတွင်း အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်မှု နှစ်ကြိမ်နှင့် ဖောက်ခွဲမှု တစ်ကြိမ်ကျူးလွန်ခဲ့ကြောင်း သိရသည်။

အထက်ပါဖမ်းဆီးရမိခဲ့သူများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်‌ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထား သည်။

Zawgyi Version
CDM မလုပ္ေသာ ျမစ္ငယ္ၿမိဳ႕ရွိ ေဆး႐ုံအုပ္ႀကီးကို ေဒါက္တာေဇာ္ေဝစိုး၏ ခိုင္းေစမႈျဖင့္ သတ္ျဖတ္ခဲ့သည့္ PDF (၄)ဦးကို ဖမ္းဆီးရမိဟု နစက ထုတ္ျပန္

NP News - ဇူလိုင္ ၁၈
CDM မလုပ္သည့္ ျမစ္ငယ္ၿမိဳ႕ ျမန္မာ့မီးရထားေဆး႐ုံမွ ေဆး႐ုံအုပ္ႀကီးအား လုပ္ႀကံသတ္ျဖတ္ခဲ့သည့္ ျမစ္ငယ္ PDF အဖြဲ႕ဝင္မ်ားအား ဖမ္းဆီးရမိေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

နစကမွ ဇူလိုင္ ၁၇ ရက္ေန႔ ညပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ ျပည္သူမ်ား၏ လွ်ိဳ႕ဝွက္သတင္းေပးတိုင္ၾကားမႈအရ ဇူလိုင္(၁၅)ရက္ေန႔၊ ေန႔လယ္ပိုင္းတြင္ အမရပူရၿမိဳ႕နယ္၊ ဝက္ကုန္းတမာတန္းရပ္ကြက္တြင္ ျမစ္ငယ္ PDF အဖြဲ႕မွ သီဟေဇာ္ေထြးအား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

သီဟေဇာ္ေထြးအား Sig Sauer ပစၥတို တစ္လက္၊ ၎က်ည္အိမ္ ႏွစ္ခု၊ ၎က်ည္ ၁၀ ေတာင့္၊ လက္ပစ္ဗုံး ႏွစ္လုံးတို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ဆိုထားသည္။

ထို႔ေနာက္ ၎၏ထြက္ဆိုခ်က္အရ အမရပူရၿမိဳ႕နယ္၊ ရန္ကုန္- မႏၲေလးလမ္းေဟာင္းရွိ စြယ္ေတာ္ဘုရားေရွ႕တြင္ ျမစ္ငယ္ PDF အဖြဲ႕ဝင္မ်ားျဖစ္သည့္ ေအာင္ဘိုဘိုသန္း ႏွင့္ လုရီတို႔ကိုလည္းေကာင္း၊ ျမစ္ငယ္လမ္းဆုံ၌ မင္းမင္းဟိန္းကို လည္းေကာင္း အသီးသီးထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသူမ်ား၏ ထြက္ဆိုခ်က္အရ သီဟေဇာ္ေထြးႏွင့္ မင္းမင္းဟိန္းတို႔သည္ ၂၀၂၂ ခုႏွစ္၊ ေအာက္တိုဘာလတြင္ ေျမာင္ၿမိဳ႕နယ္၊ နဂါးေပါက္ေက်း႐ြာအနီး ျမစ္ငယ္ PDF အၾကမ္းဖက္စခန္း၌ အၾကမ္းဖက္ေဖာက္ခြဲေရးသင္တန္းအား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ဖမ္းဆီးရန္က်န္ရွိသည့္ ဝင္းထြန္းေခါင္းေဆာင္၍ ၎တို႔ေလးဦးအပါအဝင္ စုစုေပါင္း (၁၅)ဦးျဖင့္ ျမစ္ငယ္ PDF အၾကမ္းဖက္အဖြဲ႕အား ဖြဲ႕စည္းခဲ့ေၾကာင္း ထြက္ဆိုခ်က္မ်ားအရသိရသည္။

ဖမ္းဆီးရမိသူ သီဟေဇာ္ေထြး၏ ထြက္ဆိုခ်က္အရ ၂၀၂၃ ခုႏွစ္၊ ေမလပထမပတ္တြင္ အၾကမ္းဖက္အုပ္စုအျဖစ္ေၾကညာထားေသာ NUG မွ ေဒါက္တာေဇာ္ေဝစိုးက မႏၲေလးတိုင္း၊ ျမစ္ငယ္ၿမိဳ႕ ျမန္မာ့မီးရထားေဆး႐ုံမွ ေဆး႐ုံအုပ္ ေဒါက္တာေဒၚတင္ခ်ိဳခ်ိဳသည္ CDM မလုပ္သည့္အျပင္ CDM လုပ္သြားသည့္ က်န္းမာေရးဝန္ထမ္းမ်ားကို ျပန္လည္စည္း႐ုံးေခၚယူေနျခင္းေၾကာင့္ လုပ္ႀကံသတ္ျဖတ္ရန္ ခိုင္းေစခဲ့ေၾကာင္း သိရသည္။

အဆိုပါ ခိုင္းေစမႈေၾကာင့္ ေမလ(၁၅)ရက္ေန႔တြင္ မႏၲေလးတိုင္း၊ ပလိပ္ၿမိဳ႕၊ ေဈးသစ္ရပ္ကြက္ရွိ “ခ်ိဳ”ေဆးခန္း၌ ျမစ္ငယ္ၿမိဳ႕ ျမန္မာ့မီးရထားေဆး႐ုံမွ ေဆး႐ုံအုပ္ ေဒါက္တာေဒၚတင္ခ်ိဳခ်ိဳကိုအား ပစၥတိုေသနတ္ျဖင့္ လုပ္ႀကံသတ္ျဖတ္ခဲ့ေၾကာင္း ေဖာ္ထုတ္သိရွိရသည္။

ထို႔ျပင္ ဖမ္းဆီးရမိသူမ်ား၏ ဆက္လက္ထြက္ဆိုခ်က္အရ NUG မွ ေဒါက္တာေဇာ္ေဝစိုးႏွင့္ ဝင္းထြန္းတို႔၏ ေစခိုင္းမႈျဖင့္ စဥ့္ကိုင္ၿမိဳ႕အတြင္း အျပစ္မဲ့ျပည္သူမ်ားအား လုပ္ႀကံသတ္ျဖတ္မႈ ႏွစ္ႀကိမ္ႏွင့္ ေဖာက္ခြဲမႈ တစ္ႀကိမ္က်ဴးလြန္ခဲ့ေၾကာင္း သိရသည္။

အထက္ပါဖမ္းဆီးရမိခဲ့သူမ်ားအား ဥပေဒအရ ထိေရာက္စြာအေရးယူႏိုင္‌ေရး ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း နစကမွ ထုတ္ျပန္ထား သည္။

Related news

© 2021. All rights reserved.