ပုပ္ပါးတောင်ဒေသကို UNESCO စာရင်းတင်သွင်းနိုင်ရေးအတွက် သဘောသဘာဝမတူညီသည့် ဘူမိနယ်မြေအသစ်များ ထပ်မံဖော်ထုတ်မည်

 525

ယွန်း (NP News) - ဇူလိုင် ၁၉

ပုပ္ပါးတောင်ဒေသကို UNESCO စာရင်းတင်သွင်းနိုင်ရေးအတွက် သဘောသဘာဝမတူညီသည့် ဘူမိနယ်မြေအသစ်များကို ထပ်မံဖော်ထုတ်သွားရန် ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားခဲ့သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ဇူလိုင်လ(၁၈)ရက်၌ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးတွင် ကျင်းပခဲ့သော အစည်းအဝေး၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ယဥ်ကျေးမှုနှင့် သဘာဝအမွေအနှစ်များကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး သဘာဝသယံဇာတများ ရေရှည်တည်တံ့စေရန် ထိန်းသိမ်းကာကွယ်ခြင်း၊ စီမံအုပ်ချုပ်ခြင်းနှင့် စနစ်တကျအသုံးပြုခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ကမ္ဘာ့ဘူမိဥယျာဥ်အဖြစ် သတ်မှတ်ခံနိုင်ရေးအတွက် အလားအလာကောင်းများပိုင်ဆိုင်သည့် နေရာအများအပြားရှိနေပြီး ၎င်းတို့အနက်မှ ပုပ္ပါးတောင်ဒေသကို ကမ္ဘာ့ဘူမိဥယျာဥ်အဖြစ် သတ်မှတ်ခံနိုင်ရေးဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

လက်ရှိတွင် ပုပ္ပါးတောင်ဒေသကို ဘူမိဥယျာဥ်အဖြစ် သတ်မှတ်ခံရန် ဘူမိနယ်မြေ(၁၅)ခုဖြင့် ကနဦးအကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။

ထို့ပြင် အဆိုပါဒေသကို UNESCO စာရင်းတင်သွင်းနိုင်ရန်အတွက် သဘောသဘာဝမတူညီသည့် ဘူမိနယ်မြေအသစ်များကို ထပ်မံကွင်းဆင်းဖော်ထုတ်သွားရန် ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားခဲ့သည်။

ပုပ္ပါးတောင်ဒေသ၌ ပုဂံခေတ် ရှေးဟောင်းသံချက်ဖိုများ၊ ထူးခြားရှားပါးသော ဇီဝမျိုးစုံမျိုးကွဲများနှင့် အစွယ်နှစ်ထပ်ဆင်၏ ကျောက်ဖြစ်ရုပ်ကြွင်းမေးရိုးများလည်း ရှိနေကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါဒေသကို ကမ္ဘာ့အဆင့်ဘူမိဥယျာဥ်အဖြစ် အမည်စာရင်း အဆိုမပြုမီ အမျိုးသားအဆင့်ဘူမိဥယျာဥ်အဖြစ် ဦးစွာသတ်မှတ်ရမည်ဖြစ်ပြီး ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဥ်ကျေးမှုအဖွဲ့ UNESCO သည် ကမ္ဘာ့ဘူမိဥယျာဥ်အစီအစဥ်ကို ၂၀၁၁ ခုနှစ်တွင်စတင်ခဲ့ရာ လက်ရှိတွင် နိုင်ငံပေါင်း (၄၈)နိုင်ငံ၌ ကမ္ဘာ့ဘူမိဥယျာဥ် (၁၉၅)ခု ရှိပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားထားသည်။

ထို့ပြင် ပြည်တွင်း၌ နိုင်ငံတကာနှင့် ဒေသအဆင့် အသိအမှတ်ပြု ထိန်းသိမ်းရေးနယ်မြေများအဖြစ် အာဆီယံအမွေအနှစ်ဥယျာဥ်(၈)ခု၊ လူသားနှင့် ဇီဝ အဝန်းနယ်မြေ(၂)ခု၊ ရမ်ဆာရေဝပ်ဒေသ(၆)ခုနှင့် အရှေ့အာရှသြစတြေးလျဒေသ ငှက်ပျံသန်းရာလမ်းကြောင်း ကွန်ရက်နယ် မြေ(၆)ခု သတ်မှတ်ခံရပြီးဖြစ်ကြောင်း သိရသည်။

zawgyi version
ပုပၸါးေတာင္ေဒသကို UNESCO စာရင္းတင္သြင္းႏိုင္ေရးအတြက္ သေဘာသဘာဝမတူညီသည့္ ဘူမိနယ္ေျမအသစ္မ်ား ထပ္မံေဖာ္ထုတ္မည္

ယြန္း (NP News) - ဇူလိုင္ ၁၉

ပုပၸါးေတာင္ေဒသကို UNESCO စာရင္းတင္သြင္းႏိုင္ေရးအတြက္ သေဘာသဘာဝမတူညီသည့္ ဘူမိနယ္ေျမအသစ္မ်ားကို ထပ္မံေဖာ္ထုတ္သြားရန္ ျပည္ေထာင္စုဝန္ႀကီးက အသိေပးေျပာၾကားခဲ့သည္။

သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးခင္ေမာင္ရီက ဇူလိုင္လ(၁၈)ရက္၌ သစ္ေတာဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္႐ုံးတြင္ က်င္းပခဲ့ေသာ အစည္းအေဝး၌ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံသည္ ယဥ္ေက်းမႈႏွင့္ သဘာဝအေမြအႏွစ္မ်ားႂကြယ္ဝသည့္ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ၿပီး သဘာဝသယံဇာတမ်ား ေရရွည္တည္တံ့ေစရန္ ထိန္းသိမ္းကာကြယ္ျခင္း၊ စီမံအုပ္ခ်ဳပ္ျခင္းႏွင့္ စနစ္တက်အသုံးျပဳျခင္းတို႔ကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ ကမာၻ႔ဘူမိဥယ်ာဥ္အျဖစ္ သတ္မွတ္ခံႏိုင္ေရးအတြက္ အလားအလာေကာင္းမ်ားပိုင္ဆိုင္သည့္ ေနရာအမ်ားအျပားရွိေနၿပီး ၎တို႔အနက္မွ ပုပၸါးေတာင္ေဒသကို ကမာၻ႔ဘူမိဥယ်ာဥ္အျဖစ္ သတ္မွတ္ခံႏိုင္ေရးေဆာင္႐ြက္ေနေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာသည္။

လက္ရွိတြင္ ပုပၸါးေတာင္ေဒသကို ဘူမိဥယ်ာဥ္အျဖစ္ သတ္မွတ္ခံရန္ ဘူမိနယ္ေျမ(၁၅)ခုျဖင့္ ကနဦးအေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

ထို႔ျပင္ အဆိုပါေဒသကို UNESCO စာရင္းတင္သြင္းႏိုင္ရန္အတြက္ သေဘာသဘာဝမတူညီသည့္ ဘူမိနယ္ေျမအသစ္မ်ားကို ထပ္မံကြင္းဆင္းေဖာ္ထုတ္သြားရန္ ျပည္ေထာင္စုဝန္ႀကီးက အသိေပးေျပာၾကားခဲ့သည္။

ပုပၸါးေတာင္ေဒသ၌ ပုဂံေခတ္ ေရွးေဟာင္းသံခ်က္ဖိုမ်ား၊ ထူးျခားရွားပါးေသာ ဇီဝမ်ိဳးစုံမ်ိဳးကြဲမ်ားႏွင့္ အစြယ္ႏွစ္ထပ္ဆင္၏ ေက်ာက္ျဖစ္႐ုပ္ႂကြင္းေမး႐ိုးမ်ားလည္း ရွိေနေၾကာင္း သိရသည္။

ထို႔ေၾကာင့္ အဆိုပါေဒသကို ကမာၻ႔အဆင့္ဘူမိဥယ်ာဥ္အျဖစ္ အမည္စာရင္း အဆိုမျပဳမီ အမ်ိဳးသားအဆင့္ဘူမိဥယ်ာဥ္အျဖစ္ ဦးစြာသတ္မွတ္ရမည္ျဖစ္ၿပီး ဆက္စပ္ဝန္ႀကီးဌာနမ်ား၊ အဖြဲ႕အစည္းမ်ားႏွင့္ ေပါင္းစပ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာသည္။

ကုလသမဂၢပညာေရး၊ သိပၸံႏွင့္ယဥ္ေက်းမႈအဖြဲ႕ UNESCO သည္ ကမာၻ႔ဘူမိဥယ်ာဥ္အစီအစဥ္ကို ၂၀၁၁ ခုႏွစ္တြင္စတင္ခဲ့ရာ လက္ရွိတြင္ ႏိုင္ငံေပါင္း (၄၈)ႏိုင္ငံ၌ ကမာၻ႔ဘူမိဥယ်ာဥ္ (၁၉၅)ခု ရွိၿပီျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားထားသည္။

ထို႔ျပင္ ျပည္တြင္း၌ ႏိုင္ငံတကာႏွင့္ ေဒသအဆင့္ အသိအမွတ္ျပဳ ထိန္းသိမ္းေရးနယ္ေျမမ်ားအျဖစ္ အာဆီယံအေမြအႏွစ္ဥယ်ာဥ္(၈)ခု၊ လူသားႏွင့္ ဇီဝ အဝန္းနယ္ေျမ(၂)ခု၊ ရမ္ဆာေရဝပ္ေဒသ(၆)ခုႏွင့္ အေရွ႕အာရွၾသစေၾတးလ်ေဒသ ငွက္ပ်ံသန္းရာလမ္းေၾကာင္း ကြန္ရက္နယ္ ေျမ(၆)ခု သတ္မွတ္ခံရၿပီးျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.