တယ်လီဂရမ်အပ်ပ်ကို အသုံးပြုသူ တစ်ရက်လျှင်(၂ ဒသမ ၅) သန်း တိုးလာနေ

 1616

Pika (NP News) - ဇူလိုင် ၁၉

စာတိုများပေးပို့နိုင်သော တယ်လီဂရမ် Telegram အပ်ပ်သည် လစဉ်အသုံးပြုသူ သန်း(၈ဝဝ)ကျော်အထိ ရောက်ရှိ နေပြီဖြစ်ပြီး နေ့စဉ်အသုံးပြုသူမှာ တစ်ရက်လျှင် (၂ ဒသမ ၅) သန်း တိုးလာကြောင်း တည်ထောင်သူ ပါဗယ်လ်ဒူရော့ဗ် က ပြောကြားခဲ့သည်။

ပါဗယ်လ်ဒူရော့ဗ် က "တယ်လီဂရမ်အပ်ပ်ကို အသုံးပြုသူတွေ ပိုမိုများပြာလာနေပြီး သူတို့တွေအားလုံးကို ဝန်ဆောင်မှုပေးဖို့ ကုန်ကျစရိတ်တွေ ပိုမိုများပြားလာပေမယ့်လည်း ကျွန်တော်တို့ ပျော်ရွှင်မိပါတယ်။ တယ်လီဂရမ် အပ်ပ်ဟာ ကုန်ကျစရိတ်တွေနဲ့ပတ်သက်ရင် ထိရောက်တဲ့လုပ်ဆောင်မှုတွေရှိပြီး ပြီးခဲ့တဲ့နှစ်တည်းက ငွေရှာတာနဲ့ ပတ်သက်ပြီး အကောင်းဆုံး စတင်နိုင်ခဲ့ပါတယ်" ဟု ပြောခဲ့သည်။

တယ်လီဂရမ်သည် လက်ရှိအချိန်အထိ အမြတ်အစွန်းများ မရနိုင်သေးသော်လည်း တွစ်တာ နှင့် Snapchat တို့ထက် ပိုမိုကောင်းမွန်သော ရည်မှန်းချက်ပန်းတိုင်သို့ရောက်ရှိရန် နီးစပ်လာပြီဖြစ်ကြောင်း ပါဗယ်လ်ဒူရော့ဗ် က ပြောကြားခဲ့သည်။

၎င်းက "တစ်ချို့လူတွေက ကျွန်တော့်ကို အိမ် ဒါမှမဟုတ် ဂျက်လေယာဉ်ဝယ်သင့်တယ်လို့ အကြံပြုကြပါတယ်။ ဒါပေမယ့် အလုပ်ကိုပဲ အာရုံစိုက်နေရတာမျိုးကို ကျွန်တော်ပိုသဘောကျပါတယ်" ဟု ပြောသည်။

လူသန်းပေါင်းများစွာသည် အသုံးပြုသူများကိုဦးစားပေးသလို လွတ်လွတ်လပ်လပ်စာတိုပေးပို့နိုင်သည့် ပလက်ဖောင်းတစ်ခုကို လိုချင်ကြသောကြောင့် တယ်လီဂရမ်ကို အသုံးပြုကြခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

တယ်လီဂရမ်အပ်ပ်ကို အသုံးပြုသူများ ပိုမိုများပြားလာအောင် လုပ်ဆောင်ရန်မှာ ၎င်း၏ တာဝန်တစ်ခုဖြစ်ကြောင်း ပါဗယ်လ်ဒူရော့ဗ် က ပြောကြားခဲ့သည်။ Forbes မဂ္ဂဇင်း၏ (၂ဝ၂၂) ခုနှစ် ဘီလျံနာများ စာရင်းတွင် ဖော်ပြချက်အရ ပါဗယ်လ်ဒူရော့ဗ်၏ အသားတင်ပိုင်ဆိုင်မှုမှာ အမေရိကန်ဒေါ်လာ(၁၁ ဒသမ ၅) ဘီလျံရှိကြောင်း သိရသည်။

Zawgyi Version;
တယ္လီဂရမ္အပ္ပ္ကို အသုံးျပဳသူ တစ္ရက္လွ်င္(၂ ဒသမ ၅) သန္း တိုးလာေန
Pika (NP News) - ဇူလိုင္ ၁၉

စာတိုမ်ားေပးပို႔ႏိုင္ေသာ တယ္လီဂရမ္ Telegram အပ္ပ္သည္ လစဥ္အသုံးျပဳသူ သန္း(၈ဝဝ)ေက်ာ္အထိ ေရာက္ရွိ ေနၿပီျဖစ္ၿပီး ေန႔စဥ္အသုံးျပဳသူမွာ တစ္ရက္လွ်င္ (၂ ဒသမ ၅) သန္း တိုးလာေၾကာင္း တည္ေထာင္သူ ပါဗယ္လ္ဒူေရာ့ဗ္ က ေျပာၾကားခဲ့သည္။

ပါဗယ္လ္ဒူေရာ့ဗ္ က "တယ္လီဂရမ္အပ္ပ္ကို အသုံးျပဳသူေတြ ပိုမိုမ်ားျပာလာေနၿပီး သူတို႔ေတြအားလုံးကို ဝန္ေဆာင္မႈေပးဖို႔ ကုန္က်စရိတ္ေတြ ပိုမိုမ်ားျပားလာေပမယ့္လည္း ကြၽန္ေတာ္တို႔ ေပ်ာ္႐ႊင္မိပါတယ္။ တယ္လီဂရမ္ အပ္ပ္ဟာ ကုန္က်စရိတ္ေတြနဲ႔ပတ္သက္ရင္ ထိေရာက္တဲ့လုပ္ေဆာင္မႈေတြရွိၿပီး ၿပီးခဲ့တဲ့ႏွစ္တည္းက ေငြရွာတာနဲ႔ ပတ္သက္ၿပီး အေကာင္းဆုံး စတင္ႏိုင္ခဲ့ပါတယ္" ဟု ေျပာခဲ့သည္။

တယ္လီဂရမ္သည္ လက္ရွိအခ်ိန္အထိ အျမတ္အစြန္းမ်ား မရႏိုင္ေသးေသာ္လည္း တြစ္တာ ႏွင့္ Snapchat တို႔ထက္ ပိုမိုေကာင္းမြန္ေသာ ရည္မွန္းခ်က္ပန္းတိုင္သို႔ေရာက္ရွိရန္ နီးစပ္လာၿပီျဖစ္ေၾကာင္း ပါဗယ္လ္ဒူေရာ့ဗ္ က ေျပာၾကားခဲ့သည္။

၎က "တစ္ခ်ိဳ႕လူေတြက ကြၽန္ေတာ့္ကို အိမ္ ဒါမွမဟုတ္ ဂ်က္ေလယာဥ္ဝယ္သင့္တယ္လို႔ အႀကံျပဳၾကပါတယ္။ ဒါေပမယ့္ အလုပ္ကိုပဲ အာ႐ုံစိုက္ေနရတာမ်ိဳးကို ကြၽန္ေတာ္ပိုသေဘာက်ပါတယ္" ဟု ေျပာသည္။

လူသန္းေပါင္းမ်ားစြာသည္ အသုံးျပဳသူမ်ားကိုဦးစားေပးသလို လြတ္လြတ္လပ္လပ္စာတိုေပးပို႔ႏိုင္သည့္ ပလက္ေဖာင္းတစ္ခုကို လိုခ်င္ၾကေသာေၾကာင့္ တယ္လီဂရမ္ကို အသုံးျပဳၾကျခင္းျဖစ္ေၾကာင္း ၎က ေျပာသည္။

တယ္လီဂရမ္အပ္ပ္ကို အသုံးျပဳသူမ်ား ပိုမိုမ်ားျပားလာေအာင္ လုပ္ေဆာင္ရန္မွာ ၎၏ တာဝန္တစ္ခုျဖစ္ေၾကာင္း ပါဗယ္လ္ဒူေရာ့ဗ္ က ေျပာၾကားခဲ့သည္။ Forbes မဂၢဇင္း၏ (၂ဝ၂၂) ခုႏွစ္ ဘီလ်ံနာမ်ား စာရင္းတြင္ ေဖာ္ျပခ်က္အရ ပါဗယ္လ္ဒူေရာ့ဗ္၏ အသားတင္ပိုင္ဆိုင္မႈမွာ အေမရိကန္ေဒၚလာ(၁၁ ဒသမ ၅) ဘီလ်ံရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.