ထိုင်းမှာ ကွန်ဒိုတိုက်ခန်းဝယ်ယူမှု အများဆုံးနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ ပါဝင်လျက်ရှိနေ

 2131

ဂျန်ဇက် (NP News) - ဇူလိုင် ၂ဝ

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်အတွင်း ကွန်ဒိုဝယ်ယူမှုအများဆုံး နိုင်ငံများထဲတွင် မြန်မာနိုင်ငံက ထိပ်ဆုံးနိုင်ငံ များထဲမှာ ပါဝင်လျက်ရှိနေပြီးအဆင့် ၆ နေရာမှာ ရပ်တည်နေကြောင်း အိမ်ခြံမြေသတင်းအချက်အလက်စင်တာ REIC အဖွဲ့က ပြောပါတယ်။

ရန်ကုန်မြို့အခြေစိုက် CIM Property Consultants အဖွဲ့ရဲ့ မန်နေဂျင်းဒါရိုက်တာတစ်ဦးဖြစ်တဲ့ Karlo Pobre က မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံလိုမျိုးတည်ငြိမ်မှုရှိတဲ့နိုင်ငံတွေမှာ အိမ်တွေ၊ ကွန်ဒိုတွေ ဝယ်ယူဖို့ ပစ်မှတ်ထား လာကြောင်း ပြောပါတယ်။

၎င်းက "မြန်မာနိုင်ငံရှိ မိသားစုတွေဟာ ထိုင်းနိုင်ငံမှာ ဒုတိယအိမ်တွေ ဝယ်ယူခဲ့တယ်။ မြန်မာမိသားစုတွေဟာ ထိုင်းမှာ အိမ်တွေ၊ ကွန်ဒိုတွေ ဝယ်ယူရတာအချက်သုံးချက် ရှိနေတယ်။ မြန်မာမိသားစုတွေဟာ ထိုင်းနိုင်ငံမှာ ရင်းနှီးမြှုပ်နှံ့တာ၊ ကျန်းမာရေးကိစ္စတွေအပြင် သားသမီးတွေရဲ့ပညာရေးနဲ့ပတ်သက်ပြီး အခွင့်အလမ်းတွေရယူဖို့ အိမ်တွေ၊ ကွန်ဒိုတွေ ဝယ်ယူလာခဲ့တာဖြစ်တယ်" လို့ ပြောပါတယ်။

မြန်မာနိုင်ငံသားများဟာ ထိုင်းနိုင်ငံမှာ ကွန်ဒိုဝယ်ယူမှု အများဆုံးထိပ်ဆုံး ၁ဝ နိုင်ငံထဲမှာ ပထမဆုံးအကြိမ် ပါဝင်ခဲ့ တာဖြစ်ပြီး စုစုပေါင်းကွန်ဒို အခန်းပေါင်း ၃၄၉ ခန်း ဝယ်ယူခဲ့ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံသားများအနေနဲ့ ထိုင်းနိုင်ငံမှာ ကွန်ဒိုဝယ်ယူမှုများအတွက် ထိုင်းဘတ် ၂ ဒသမ ၅၅ ဘီလျံခန့် ကုန်ကျခဲ့ရကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံမှာ ကွန်ဒိုအခန်း ဝယ်ယူမှုအတွက် ငွေကြေးအများဆုံး သုံးစွဲခဲ့တဲ့ထိပ်ဆုံးငါးနိုင်ငံထဲမှာ တရုတ်၊ ရုရှား၊ ဗြိတိန်၊ ပြင်သစ်နိုင်ငံတို့ ပါဝင်လျက်ရှိနေကြောင်း သိရပါတယ်။ မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံမှာ ကွန်ဒိုအခန်း ဝယ်ယူမှုအတွက် ငွေကြေးအများဆုံး သုံးစွဲခဲ့တဲ့ထိပ်ဆုံးနိုင်ငံတွေထဲမှာ အဆင့် ၃ နေရာမှာ ရပ်တည်နေကြောင်း သိရပါတယ်။

Zawgyi Version;
ထိုင္းမွာ ကြန္ဒိုတိုက္ခန္းဝယ္ယူမႈ အမ်ားဆုံးႏိုင္ငံေတြထဲမွာ ျမန္မာႏိုင္ငံ ပါဝင္လ်က္ရွိေန
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂ဝ

ထိုင္းႏိုင္ငံမွာ ၿပီးခဲ့တဲ့ ၂ဝ၂၂ ခုႏွစ္အတြင္း ကြန္ဒိုဝယ္ယူမႈအမ်ားဆုံး ႏိုင္ငံမ်ားထဲတြင္ ျမန္မာႏိုင္ငံက ထိပ္ဆုံးႏိုင္ငံ မ်ားထဲမွာ ပါဝင္လ်က္ရွိေနၿပီးအဆင့္ ၆ ေနရာမွာ ရပ္တည္ေနေၾကာင္း အိမ္ၿခံေျမသတင္းအခ်က္အလက္စင္တာ REIC အဖြဲ႕က ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕အေျခစိုက္ CIM Property Consultants အဖြဲ႕ရဲ႕ မန္ေနဂ်င္းဒါ႐ိုက္တာတစ္ဦးျဖစ္တဲ့ Karlo Pobre က ျမန္မာႏိုင္ငံသားေတြဟာ ထိုင္းႏိုင္ငံလိုမ်ိဳးတည္ၿငိမ္မႈရွိတဲ့ႏိုင္ငံေတြမွာ အိမ္ေတြ၊ ကြန္ဒိုေတြ ဝယ္ယူဖို႔ ပစ္မွတ္ထား လာေၾကာင္း ေျပာပါတယ္။

၎က "ျမန္မာႏိုင္ငံရွိ မိသားစုေတြဟာ ထိုင္းႏိုင္ငံမွာ ဒုတိယအိမ္ေတြ ဝယ္ယူခဲ့တယ္။ ျမန္မာမိသားစုေတြဟာ ထိုင္းမွာ အိမ္ေတြ၊ ကြန္ဒိုေတြ ဝယ္ယူရတာအခ်က္သုံးခ်က္ ရွိေနတယ္။ ျမန္မာမိသားစုေတြဟာ ထိုင္းႏိုင္ငံမွာ ရင္းႏွီးျမႇဳပ္ႏွံ႔တာ၊ က်န္းမာေရးကိစၥေတြအျပင္ သားသမီးေတြရဲ႕ပညာေရးနဲ႔ပတ္သက္ၿပီး အခြင့္အလမ္းေတြရယူဖို႔ အိမ္ေတြ၊ ကြန္ဒိုေတြ ဝယ္ယူလာခဲ့တာျဖစ္တယ္" လို႔ ေျပာပါတယ္။

ျမန္မာႏိုင္ငံသားမ်ားဟာ ထိုင္းႏိုင္ငံမွာ ကြန္ဒိုဝယ္ယူမႈ အမ်ားဆုံးထိပ္ဆုံး ၁ဝ ႏိုင္ငံထဲမွာ ပထမဆုံးအႀကိမ္ ပါဝင္ခဲ့ တာျဖစ္ၿပီး စုစုေပါင္းကြန္ဒို အခန္းေပါင္း ၃၄၉ ခန္း ဝယ္ယူခဲ့ေၾကာင္း သိရပါတယ္။ ျမန္မာႏိုင္ငံသားမ်ားအေနနဲ႔ ထိုင္းႏိုင္ငံမွာ ကြန္ဒိုဝယ္ယူမႈမ်ားအတြက္ ထိုင္းဘတ္ ၂ ဒသမ ၅၅ ဘီလ်ံခန႔္ ကုန္က်ခဲ့ရေၾကာင္း သိရပါတယ္။

ထိုင္းႏိုင္ငံမွာ ကြန္ဒိုအခန္း ဝယ္ယူမႈအတြက္ ေငြေၾကးအမ်ားဆုံး သုံးစြဲခဲ့တဲ့ထိပ္ဆုံးငါးႏိုင္ငံထဲမွာ တ႐ုတ္၊ ႐ုရွား၊ ၿဗိတိန္၊ ျပင္သစ္ႏိုင္ငံတို႔ ပါဝင္လ်က္ရွိေနေၾကာင္း သိရပါတယ္။ ျမန္မာႏိုင္ငံဟာ ထိုင္းႏိုင္ငံမွာ ကြန္ဒိုအခန္း ဝယ္ယူမႈအတြက္ ေငြေၾကးအမ်ားဆုံး သုံးစြဲခဲ့တဲ့ထိပ္ဆုံးႏိုင္ငံေတြထဲမွာ အဆင့္ ၃ ေနရာမွာ ရပ္တည္ေနေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.