တာချီလိတ်မြို့၌ တောင်းရမ်းစားသောက်သည့် တူဝရီး(၂)ဦး ကားတိုက်ခံရပြီး သေဆုံး

 653

စော (NP News) - ဇူလိုင် ၂၀

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၌ တောင်းရမ်းစားသောက်သည့် တူဝရီး(၂)ဦး ကားတိုက်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်)၊ ည (၁၀)နာရီအချိန်တွင် တာချီလိတ်မြို့အထွက် ဗျူဟာကုန်းအဆင်း၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းထံမှ သိရသည်။

“နှစ်ယောက်ကားတိုက်ခံရတာပါ။ လမ်းဘေးမှာနေတဲ့ အမျိုးသားတစ်ယောက်၊ အမျိုးသမီးတစ်ယောက် နှစ်ယောက်ပေါ့။ တောင်းရမ်းစားသောက်တဲ့လူတွေပါ။ သူတို့ကို လမ်းဘေးအမှိုက်ပုံမှာ တွေ့တာပါ”ဟု ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြော သည်။

ကားတိုက်ခံရမှုကြောင့် ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူ (၂)ဦးသည် မချစ်ခင်ဖူးဝေအောင်(၂ဝ)နှစ်နှင့် ၎င်း၏ ဦးလေးဖြစ်သူ ဦးကျော် (၄၅)နှစ်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တူဝရီး(၂)ဦးအား တာချီလိတ်ပြည်သူ့ဆေးရုံရင်ခွဲရုံမှတစ်ဆင့် လက်ရှိတွင် ၎င်းတို့၏ရုပ်အလောင်းအား မီးသဂြိုလ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

zawgyi version
တာခ်ီလိတ္ၿမိဳ႕၌ ေတာင္းရမ္းစားေသာက္သည့္ တူဝရီး(၂)ဦး ကားတိုက္ခံရၿပီး ေသဆုံး

ေစာ (NP News) - ဇူလိုင္ ၂၀

ရွမ္းျပည္နယ္၊ တာခ်ီလိတ္ၿမိဳ႕၌ ေတာင္းရမ္းစားေသာက္သည့္ တူဝရီး(၂)ဦး ကားတိုက္ခံရၿပီး ေသဆုံးခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (ဇူလိုင္လ ၁၉ ရက္)၊ ည (၁၀)နာရီအခ်ိန္တြင္ တာခ်ီလိတ္ၿမိဳ႕အထြက္ ဗ်ဴဟာကုန္းအဆင္း၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ဦးလွမိုး(တာခ်ီလိတ္)လူမႈကူညီေရးအသင္းထံမွ သိရသည္။

“ႏွစ္ေယာက္ကားတိုက္ခံရတာပါ။ လမ္းေဘးမွာေနတဲ့ အမ်ိဳးသားတစ္ေယာက္၊ အမ်ိဳးသမီးတစ္ေယာက္ ႏွစ္ေယာက္ေပါ့။ ေတာင္းရမ္းစားေသာက္တဲ့လူေတြပါ။ သူတို႔ကို လမ္းေဘးအမႈိက္ပုံမွာ ေတြ႕တာပါ”ဟု ဦးလွမိုး(တာခ်ီလိတ္)လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာ သည္။

ကားတိုက္ခံရမႈေၾကာင့္ ဦးေခါင္းတြင္ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ကာ အခင္းျဖစ္ပြားရာေနရာ၌ပင္ ေသဆုံးေနျခင္းျဖစ္ေၾကာင္း သိရသည္။

ေသဆုံးသူ (၂)ဦးသည္ မခ်စ္ခင္ဖူးေဝေအာင္(၂ဝ)ႏွစ္ႏွင့္ ၎၏ ဦးေလးျဖစ္သူ ဦးေက်ာ္ (၄၅)ႏွစ္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ တူဝရီး(၂)ဦးအား တာခ်ီလိတ္ျပည္သူ႔ေဆး႐ုံရင္ခြဲ႐ုံမွတစ္ဆင့္ လက္ရွိတြင္ ၎တို႔၏႐ုပ္အေလာင္းအား မီးသၿဂိဳလ္လိုက္ၿပီျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.