အင်းတော်-ဗန်းမောက်ကားလမ်းပေါ်ရှိ တံတားတစ်စင်းကို KIA/PDF ပူးပေါင်းအဖွဲ့က ဒုတိယအကြိမ် မိုင်းထောင်ဖျက်ဆီးခဲ့ဟု ရဲတပ်ဖွဲ့ဆို

 593

NP News - ဇူလိုင် ၂၀

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ အင်းတော်-ဗန်းမောက်ကားလမ်းပေါ်ရှိ တံတားတစ်စင်းကို KIA / PDF ပူးပေါင်းအဖွဲ့က ဒုတိယအကြိမ် မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သော (ဇူလိုင်လ ၁၇ ရက်)၊ နံနက် ၁၀နာရီ ၁၅မိနစ်အချိန်တွင် အင်းတော်မြို့နယ်၊ အင်းတော်-ဗန်းမောက်ကားလမ်းပေါ်ရှိ တံတားအမှတ်(၇/၃)၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါတံတားသည် အလျား ပေ(၃၀)၊ အနံ (၂၄)ပေရှိသော သံကူကွန်ကရစ်တံတားဖြစ်ပြီး KIA/PDF ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ထိုသို့ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရမှုကြောင့် တံတား၏မြောက်ဘက် ကမ်းကပ်ခုံပြိုကျပျက်စီးခဲ့ကာ တံတားကြမ်းခင်းပြတ်တောက်သွားခဲ့သဖြင့် လူနှင့်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရတော့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထို့ပြင် အဆိုပါတံတားအား (ဇူလိုင်လ ၁၅ ရက်)ကလည်း KIA/PDFပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲမှု ပြုလုပ်ခဲ့ရာ ပျက်စီးခြင်းမရှိခဲ့ဘဲ ဒုတိယအကြိမ်ထပ်မံဖောက်ခွဲ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

အထက်ပါဖြစ်စဉ်တွင် တံတားအားမိုင်းထောင်ဖောက်ခွဲခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ် ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Zawgyi Version;
အအင္းေတာ္-ဗန္းေမာက္ကားလမ္းေပၚရွိ တံတားတစ္စင္းကို KIA/PDF ပူးေပါင္းအဖြဲ႕က ဒုတိယအႀကိမ္ မိုင္းေထာင္ဖ်က္ဆီးခဲ့ဟု ရဲတပ္ဖြဲ႕ဆို
NP News - ဇူလိုင္ ၂၀

စစ္ကိုင္းတိုင္း၊ အင္းေတာ္ၿမိဳ႕နယ္၊ အင္းေတာ္-ဗန္းေမာက္ကားလမ္းေပၚရွိ တံတားတစ္စင္းကို KIA / PDF ပူးေပါင္းအဖြဲ႕က ဒုတိယအႀကိမ္ မိုင္းေထာင္ေဖာက္ခြဲခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့ေသာ (ဇူလိုင္လ ၁၇ ရက္)၊ နံနက္ ၁၀နာရီ ၁၅မိနစ္အခ်ိန္တြင္ အင္းေတာ္ၿမိဳ႕နယ္၊ အင္းေတာ္-ဗန္းေမာက္ကားလမ္းေပၚရွိ တံတားအမွတ္(၇/၃)၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါတံတားသည္ အလ်ား ေပ(၃၀)၊ အနံ (၂၄)ေပရွိေသာ သံကူကြန္ကရစ္တံတားျဖစ္ၿပီး KIA/PDF ပူးေပါင္းအဖြဲ႕က မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

ထိုသို႔ မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခံရမႈေၾကာင့္ တံတား၏ေျမာက္ဘက္ ကမ္းကပ္ခုံၿပိဳက်ပ်က္စီးခဲ့ကာ တံတားၾကမ္းခင္းျပတ္ေတာက္သြားခဲ့သျဖင့္ လူႏွင့္ယာဥ္မ်ား ျဖတ္သန္းသြားလာ၍ မရေတာ့ေၾကာင္း ရဲတပ္ဖြဲ႕က ထုတ္ျပန္ထားသည္။

ထို႔ျပင္ အဆိုပါတံတားအား (ဇူလိုင္လ ၁၅ ရက္)ကလည္း KIA/PDFပူးေပါင္းအဖြဲ႕က မိုင္းေထာင္ေဖာက္ခြဲမႈ ျပဳလုပ္ခဲ့ရာ ပ်က္စီးျခင္းမရွိခဲ့ဘဲ ဒုတိယအႀကိမ္ထပ္မံေဖာက္ခြဲ ဖ်က္ဆီးခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာသည္။

အထက္ပါျဖစ္စဥ္တြင္ တံတားအားမိုင္းေထာင္ေဖာက္ခြဲခဲ့သည့္ အၾကမ္းဖက္သမားမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ အျပစ္ေပးအေရးယူႏိုင္ေရးလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္လုပ္ ေဆာင္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.