မြန်မာဇာတ်လမ်းတွဲများ မရိုက်ကူးမီ ဇာတ်လမ်းအကျဥ်း နှင့် အခန်းစဥ်များကို သြဂုတ်လ(၁)ရက်မှစ၍ ဗီဒီယိုဆင်ဆာအဖွဲ့သို့ တင်ပြရမည်

1573
ပုံစာ - ရုပ်သံလိုင်းများတွင် တင်ဆက်ပြသခဲ့သည့် မြန်မာရုပ်သံဇာတ်လမ်းတွဲ အချို့အားတွေ့ရစဉ်
ယွန်း (NP News) - ဇူလိုင် ၂၁
လာမည့် သြဂုတ်လ(၁)ရက်မှစ၍ ဇာတ်လမ်းတွဲများ မရိုက်ကူးမီ ဇာတ်လမ်းအကျဥ်း နှင့် အခန်းစဥ်များကို ဗီဒီယိုဆင်ဆာအဖွဲ့သို့ တင်ပြရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ထုတ်ပြန်ထား သည်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ယနေ့(ဇူလိုင်လ ၂၁ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ရုပ်မြင်သံကြားလုပ်ငန်းလုပ်ကိုင်သူများနှင့် ထုတ်လုပ်သူများအနေဖြင့် မြန်မာဇာတ်လမ်းတွဲများ မရိုက် ကူးမီ ဇာတ်လမ်း နှင့် ခွင့်ပြုချက်ရယူရေးအတွက် ဇာတ်လမ်းအကျဥ်း နှင့် အခန်းစဥ်များကို ဗီဒီယိုဆင်ဆာအဖွဲ့သို့ တင်ပြရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ ထုတ်ပြန်ချက်ကို ပြန်ကြာရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အကြောင်းကြားထားခြင်းဖြစ်ကြောင်း သိရသည်။
“အရင်ထဲက ရိုက်ကူးခွင့်တင်ရပါတယ်။ အခုက ပြန်ကြားရေးကထုတ်လိုက်တာပါ။ ကျွန်တော်တို့ဘက်က ထုတ်ထားတာက ရုပ်ရှင်ကားဆိုရင် ရုပ်ရှင်ရိုက်ကူးခွင့်တင်ပြီးရင် ဆင်ဆာရှိလို့ရှိရင် ဆင်ဆာထောက်ခံချက်ပေးရတယ်။ ရိုက်ကူးခွင့်နဲ့ထောက်ခံချက်ပေးရတယ်။ အခုကတော့ ညွှန်ကြားချက်အတိုင်းလုပ်ရမှာပေါ့”ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ ဦးအေးကြူလေးက NP News ကိုပြောသည်။
ထို့ကြောင့် ရုပ်မြင်သံကြားလုပ်ငန်း လုပ်ကိုင်သူများနှင့် ထုတ်လုပ်သူများအနေဖြင့် မြန်မာဇာတ်လမ်းတွဲများ မရိုက်ကူးမီ ဇာတ်လမ်းအကျဥ်း နှင့် အခန်းစဥ်များကို ဗီဒီယိုဆင်ဆာအဖွဲ့သို့ သြဂုတ်လ(၁)ရက်မှစ၍ ကြိုတင် တင်ပြနိုင်ရန် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ အသိပေးထားသည်။
ဗီဒီယိုဆင်ဆာအဖွဲ့သို့ ဇာတ်လမ်းတင်ပြခြင်းမရှိဘဲ ရိုက်ကူးထားသော ရုပ်သံဇာတ်လမ်းတွဲများကို တင်ပြလာပါက ဆင်ဆာကြည့်ရှုစစ်ဆေးခြင်းကို ဆောင်ရွက်ပေးမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

zawgyi version
ျမန္မာဇာတ္လမ္းတြဲမ်ား မ႐ိုက္ကူးမီ ဇာတ္လမ္းအက်ဥ္း ႏွင့္ အခန္းစဥ္မ်ားကို ၾသဂုတ္လ(၁)ရက္မွစ၍ ဗီဒီယိုဆင္ဆာအဖြဲ႕သို႔ တင္ျပရမည္
ယြန္း (NP News) - ဇူလိုင္ ၂၁
လာမည့္ ၾသဂုတ္လ(၁)ရက္မွစ၍ ဇာတ္လမ္းတြဲမ်ား မ႐ိုက္ကူးမီ ဇာတ္လမ္းအက်ဥ္း ႏွင့္ အခန္းစဥ္မ်ားကို ဗီဒီယိုဆင္ဆာအဖြဲ႕သို႔ တင္ျပရမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးမွ ထုတ္ျပန္ထား သည္။
ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးမွ ယေန႔(ဇူလိုင္လ ၂၁ ရက္)တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
႐ုပ္ျမင္သံၾကားလုပ္ငန္းလုပ္ကိုင္သူမ်ားႏွင့္ ထုတ္လုပ္သူမ်ားအေနျဖင့္ ျမန္မာဇာတ္လမ္းတြဲမ်ား မ႐ိုက္ ကူးမီ ဇာတ္လမ္း ႏွင့္ ခြင့္ျပဳခ်က္ရယူေရးအတြက္ ဇာတ္လမ္းအက်ဥ္း ႏွင့္ အခန္းစဥ္မ်ားကို ဗီဒီယိုဆင္ဆာအဖြဲ႕သို႔ တင္ျပရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။
အဆိုပါ ထုတ္ျပန္ခ်က္ကို ျပန္ၾကာေရးႏွင့္ ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနမွ အေၾကာင္းၾကားထားျခင္းျဖစ္ေၾကာင္း သိရသည္။
“အရင္ထဲက ႐ိုက္ကူးခြင့္တင္ရပါတယ္။ အခုက ျပန္ၾကားေရးကထုတ္လိုက္တာပါ။ ကြၽန္ေတာ္တို႔ဘက္က ထုတ္ထားတာက ႐ုပ္ရွင္ကားဆိုရင္ ႐ုပ္ရွင္႐ိုက္ကူးခြင့္တင္ၿပီးရင္ ဆင္ဆာရွိလို႔ရွိရင္ ဆင္ဆာေထာက္ခံခ်က္ေပးရတယ္။ ႐ိုက္ကူးခြင့္နဲ႔ေထာက္ခံခ်က္ေပးရတယ္။ အခုကေတာ့ ၫႊန္ၾကားခ်က္အတိုင္းလုပ္ရမွာေပါ့”ဟု ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး ဒုဥကၠ႒ ဦးေအးၾကဴေလးက NP News ကိုေျပာသည္။
ထို႔ေၾကာင့္ ႐ုပ္ျမင္သံၾကားလုပ္ငန္း လုပ္ကိုင္သူမ်ားႏွင့္ ထုတ္လုပ္သူမ်ားအေနျဖင့္ ျမန္မာဇာတ္လမ္းတြဲမ်ား မ႐ိုက္ကူးမီ ဇာတ္လမ္းအက်ဥ္း ႏွင့္ အခန္းစဥ္မ်ားကို ဗီဒီယိုဆင္ဆာအဖြဲ႕သို႔ ၾသဂုတ္လ(၁)ရက္မွစ၍ ႀကိဳတင္ တင္ျပႏိုင္ရန္ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးမွ အသိေပးထားသည္။
ဗီဒီယိုဆင္ဆာအဖြဲ႕သို႔ ဇာတ္လမ္းတင္ျပျခင္းမရွိဘဲ ႐ိုက္ကူးထားေသာ ႐ုပ္သံဇာတ္လမ္းတြဲမ်ားကို တင္ျပလာပါက ဆင္ဆာၾကည့္ရႈစစ္ေဆးျခင္းကို ေဆာင္႐ြက္ေပးမည္မဟုတ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ထည့္သြင္းေဖာ္ျပထားသည္။