စကျင်ကျောက်ဖြင့် ထွင်းထုပူဇော်သည့် ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်၏ ကုန်ကျစရိတ်မှာ ဒေါ်လာသန်း (၄၀)ခန့်ရှိ

 11736

NP News - ဇူလိုင် ၂၁
စကျင်ကျောက်ဖြင့် ထွင်းထုပူဇော်သည့် ကမ္ဘာ့အမြင့်ဆုံး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ကုန်ကျစရိတ်တန်ဖိုးမှာ အမေရိကန်ဒေါ်လာသန်း (၄၀)ခန့်ရှိကြောင်း နစကပြောခွင့်ရက ပြောသည်။

နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့(ဇူလိုင် ၂၁ ရက်)တွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရင်ပြင်တော်၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လက်ရှိနစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဦးဆောင်ဒါယကာအဖြစ် ခံယူကာ အလှုရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် တည်ထားကိုးကွယ်ခြင်းဖြစ်သည်။

အဆိုပါ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ စုစုပေါင်းအမြင့်ပေမှာ (၈၁)ပေရှိပြီး အောက်ခံပလ္လင်တော်မှာ အမြင့် (၁၈)ပေနှင့် ဆင်း တုတော်တစ်ခုလုံး၏ အမြင့်မှာ (၆၃)ပေရှိကြောင်း သိရသည်။

“စုစုပေါင်းကုန်ကျစရိတ်က မှန်းထားတာ ဒေါ်လာသန်း ၃၀၊ ၄၀ လောက်ရှိမယ်။ အဲဒါတွေကလည်း အလှူငွေနဲ့တင် လုံ လောက်တယ်။ သန်း ၃၀၊ ၄၀ ဆိုတာ ခန့်မှန်းပဲ ပြောတာ။ အခုအချိန်ထိ စာရင်းချုပ်လို့ မရသေးဘူး။ နောက်ထပ်လည်း ကျန်သေးတာပေါ့” ဟု နစကပြောခွင့်ရက မီဒီယာများကို ပြောသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ကုန်ကျစရိတ်မှာ စကျင်ကျောက်သားတန်ဖိုးများ မပါဝင်ဘဲ စုစုပေါင်းကုန်ကျစရိတ်အ ဖြစ် အမေရိကန်ဒေါ်လာသန်း (၃၀)၊ (၄၀) ရှိကြောင်း ခန့်မှန်းထားသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

“စုစုပေါင်းကုန်ကျစရိတ်ထဲမှာ ကျောက်တုံးတော်ကြီးရဲ့ တန်ဖိုး မပါသေးပါဘူး။ ကုန်ကျစရိတ်ထဲမှာ CNC စက်နဲ့လုပ်ရတာတွေ၊ သယ်ယူပို့ဆောင်တဲ့ စရိတ်တွေရှိတယ်။ ပြီးရင် ကျောက်သားတော်ကြီးမှာ ကျောက်သားတွေ ပြန်ဖြည့်ရတာတွေရှိတယ်။ လိုအပ်တဲ့ ကျောက်သားတွေ ပြန်ဖြည့်ရတာတွေ ရှိတယ်။ စေတီတွေ ဆောက်ရတာတွေရှိတယ်။ ပြီးရင် အဆောက်အအုံတွေ၊ သာသနာ့ဗိမာန်တော်ကြီးတွေ ဆောက်တဲ့အတွက် ဆောက်တဲ့ကုန်ကျစရိတ်တွေတော့ ရှိပါတယ်။ အများစုကတော့ အလှူငွေနဲ့ တည်ဆောက်သွားတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို စကျင်ကျောက် တန်ချိန်ပေါင်း (၆၀၀၀)နီးပါး အသုံးပြုကာ တည်ထားကိုး ကွယ်ခဲ့ခြင်းဖြစ်ပြီး ယင်းစကျင်ကျောက်တစ်တန်၏ တန်ဖိုးသည် မြန်မာငွေကျပ် (၁၅)သိန်းခန့် တန်ဖိုးရှိကြောင်း သိရသည်။

၎င်းရုပ်ပွားတော်မြတ်ကြီး ဖြစ်တည်လာမည့် စကျင်ကျောက်တုံးတော်ကြီးကို မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ စကျင်တောင်ရှိ Anglo Mining ကုမ္ပဏီလုပ်ကွက်အတွင်းမှ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယင်းကုမ္ပဏီက စကျင်ကျောက်တုံးကြီးအား Shwe Foundation သို့ လှူဒါန်းခဲ့ရာ ၎င်းမှတစ်ဆင့် တပ်မတော်သို့ ဆက်လက်လွှဲအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ စကျင်ကျောက်တုံးတော်ကြီးကို ၂၀၁၈ ခုနှစ်အတွင်း၌ စတင်တူးဖော်ခဲ့ပြီး အဆင့်ဆင့်ပြုပြင်မွန်းမံကာ နေပြည်တော်သို့ ပင့်ဆောင်ပြီးနောက် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအဖြစ် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံ ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပလျက်ရှိစေရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်နှင့် ကမ္ဘာကြီးငြိမ်းချမ်းသာယာမှု ဖြစ်စေရန် ရည်ရွယ်ချက်(၄)ရပ်ဖြင့် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓါဘိသေက အနေကဇာတင်အခမ်းအနားကို လာမည့် သြဂုတ် ၁ ရက်(ဝါဆိုလပြည့်နေ့)၌ ကျင်းပသွားမည်ဖြစ်ပြီး ၎င်းအခမ်းအနားသို့ ပြည်တွင်းရှိ သံဃာတော်အပါး (၉၀၀)နှင့် နိုင်ငံပေါင်း (၉)နိုင်ငံမှ သံဃာတော်အပါး (၇၀)ခန့်ကိုလည်း ပင့်ဖိတ်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version

စက်င္ေက်ာက္ျဖင့္ ထြင္းထုပူေဇာ္သည့္ ကမာၻ႔ဉာဏ္ေတာ္အျမင့္ဆုံး မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ျမတ္၏ ကုန္က်စရိတ္မွာ ေဒၚလာသန္း (၄၀)ခန႔္ရွိ

NP News - ဇူလိုင္ ၂၁
စက်င္ေက်ာက္ျဖင့္ ထြင္းထုပူေဇာ္သည့္ ကမာၻ႔အျမင့္ဆုံး မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး၏ ကုန္က်စရိတ္တန္ဖိုးမွာ အေမရိကန္ေဒၚလာသန္း (၄၀)ခန႔္ရွိေၾကာင္း နစကေျပာခြင့္ရက ေျပာသည္။

နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ယေန႔(ဇူလိုင္ ၂၁ ရက္)တြင္ ေနျပည္ေတာ္၊ ဒကၡိဏသီရိၿမိဳ႕နယ္ရွိ မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး၏ ရင္ျပင္ေတာ္၌ က်င္းပသည့္ သတင္းစာရွင္းလင္းပြဲတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္း ျဖစ္သည္။

မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးကို လက္ရွိနစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဦးေဆာင္ဒါယကာအျဖစ္ ခံယူကာ အလႈရွင္မ်ား၏ စုေပါင္းလႉဒါန္းမႈျဖင့္ တည္ထားကိုးကြယ္ျခင္းျဖစ္သည္။

အဆိုပါ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး၏ စုစုေပါင္းအျမင့္ေပမွာ (၈၁)ေပရွိၿပီး ေအာက္ခံပလႅင္ေတာ္မွာ အျမင့္ (၁၈)ေပႏွင့္ ဆင္း တုေတာ္တစ္ခုလုံး၏ အျမင့္မွာ (၆၃)ေပရွိေၾကာင္း သိရသည္။

“စုစုေပါင္းကုန္က်စရိတ္က မွန္းထားတာ ေဒၚလာသန္း ၃၀၊ ၄၀ ေလာက္ရွိမယ္။ အဲဒါေတြကလည္း အလႉေငြနဲ႔တင္ လုံ ေလာက္တယ္။ သန္း ၃၀၊ ၄၀ ဆိုတာ ခန႔္မွန္းပဲ ေျပာတာ။ အခုအခ်ိန္ထိ စာရင္းခ်ဳပ္လို႔ မရေသးဘူး။ ေနာက္ထပ္လည္း က်န္ေသးတာေပါ့” ဟု နစကေျပာခြင့္ရက မီဒီယာမ်ားကို ေျပာသည္။

မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး၏ ကုန္က်စရိတ္မွာ စက်င္ေက်ာက္သားတန္ဖိုးမ်ား မပါဝင္ဘဲ စုစုေပါင္းကုန္က်စရိတ္အ ျဖစ္ အေမရိကန္ေဒၚလာသန္း (၃၀)၊ (၄၀) ရွိေၾကာင္း ခန႔္မွန္းထားသည္ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

“စုစုေပါင္းကုန္က်စရိတ္ထဲမွာ ေက်ာက္တုံးေတာ္ႀကီးရဲ႕ တန္ဖိုး မပါေသးပါဘူး။ ကုန္က်စရိတ္ထဲမွာ CNC စက္နဲ႔လုပ္ရတာေတြ၊ သယ္ယူပို႔ေဆာင္တဲ့ စရိတ္ေတြရွိတယ္။ ၿပီးရင္ ေက်ာက္သားေတာ္ႀကီးမွာ ေက်ာက္သားေတြ ျပန္ျဖည့္ရတာေတြရွိတယ္။ လိုအပ္တဲ့ ေက်ာက္သားေတြ ျပန္ျဖည့္ရတာေတြ ရွိတယ္။ ေစတီေတြ ေဆာက္ရတာေတြရွိတယ္။ ၿပီးရင္ အေဆာက္အအုံေတြ၊ သာသနာ့ဗိမာန္ေတာ္ႀကီးေတြ ေဆာက္တဲ့အတြက္ ေဆာက္တဲ့ကုန္က်စရိတ္ေတြေတာ့ ရွိပါတယ္။ အမ်ားစုကေတာ့ အလႉေငြနဲ႔ တည္ေဆာက္သြားတာ ျဖစ္ပါတယ္” ဟု ၎က ဆက္လက္ေျပာသည္။

အဆိုပါ မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးကို စက်င္ေက်ာက္ တန္ခ်ိန္ေပါင္း (၆၀၀၀)နီးပါး အသုံးျပဳကာ တည္ထားကိုး ကြယ္ခဲ့ျခင္းျဖစ္ၿပီး ယင္းစက်င္ေက်ာက္တစ္တန္၏ တန္ဖိုးသည္ ျမန္မာေငြက်ပ္ (၁၅)သိန္းခန႔္ တန္ဖိုးရွိေၾကာင္း သိရသည္။

၎႐ုပ္ပြားေတာ္ျမတ္ႀကီး ျဖစ္တည္လာမည့္ စက်င္ေက်ာက္တုံးေတာ္ႀကီးကို မႏၲေလးတိုင္း၊ မတၱရာၿမိဳ႕နယ္၊ စက်င္ေတာင္ရွိ Anglo Mining ကုမၸဏီလုပ္ကြက္အတြင္းမွ ေတြ႕ရွိခဲ့ျခင္းျဖစ္ၿပီး ယင္းကုမၸဏီက စက်င္ေက်ာက္တုံးႀကီးအား Shwe Foundation သို႔ လႉဒါန္းခဲ့ရာ ၎မွတစ္ဆင့္ တပ္မေတာ္သို႔ ဆက္လက္လႊဲအပ္လႉဒါန္းခဲ့ေၾကာင္း သိရသည္။

အဆိုပါ စက်င္ေက်ာက္တုံးေတာ္ႀကီးကို ၂၀၁၈ ခုႏွစ္အတြင္း၌ စတင္တူးေဖာ္ခဲ့ၿပီး အဆင့္ဆင့္ျပဳျပင္မြန္းမံကာ ေနျပည္ေတာ္သို႔ ပင့္ေဆာင္ၿပီးေနာက္ မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးအျဖစ္ တည္ထားကိုးကြယ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးအား ျမန္မာႏိုင္ငံ ေထရဝါဒဗုဒၶသာသနာေတာ္ႀကီး ခိုင္မာစြာထြန္းလင္းေတာက္ပလ်က္ရွိေစရန္၊ ျမန္မာႏိုင္ငံသည္ ေထရဝါဒဗုဒၶဘာသာကိုးကြယ္မႈ၏ ဗဟိုခ်က္ျဖစ္ေစရန္၊ ႏိုင္ငံေတာ္ႀကီး သာယာဝေျပာမႈရွိေစရန္ႏွင့္ ကမာၻႀကီးၿငိမ္းခ်မ္းသာယာမႈ ျဖစ္ေစရန္ ရည္႐ြယ္ခ်က္(၄)ရပ္ျဖင့္ တည္ထားကိုးကြယ္ခဲ့ျခင္းျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။

ကမာၻ႔ဉာဏ္ေတာ္အျမင့္ဆုံး မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး၏ ဗုဒၶါဘိေသက အေနကဇာတင္အခမ္းအနားကို လာမည့္ ၾသဂုတ္ ၁ ရက္(ဝါဆိုလျပည့္ေန႔)၌ က်င္းပသြားမည္ျဖစ္ၿပီး ၎အခမ္းအနားသို႔ ျပည္တြင္းရွိ သံဃာေတာ္အပါး (၉၀၀)ႏွင့္ ႏိုင္ငံေပါင္း (၉)ႏိုင္ငံမွ သံဃာေတာ္အပါး (၇၀)ခန႔္ကိုလည္း ပင့္ဖိတ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.