Transporter Bar ဝင်စီးခံရ၊ ဆိုင်အတွင်းရှိသူ လူငယ် ၂ဝဝ ခန့် ဖမ်းဆီးခံရ

 8287

NP News ဇူလိုင် ၂၂

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာမြိုနယ်၊ အမှတ် (၈) ရပ်ကွက်၊ဝေဇယန္တာလမ်းအမှတ် (၅ဝ)တွင် ဖွင့်လှစ်ထားသော Transporter Bar & Club ကို နစက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၂ ရက်၊ နံနက် ၁ နာရီ ဝန်းကျင်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ည ၁၁ နာရီ နောက်ဆုံးထားပြီးဖွင့်ဖို့ သူတို့ကိုပြောထားတယ်။ ခုလိုအဖမ်းခံရတာလည်း ကောင်းပါတယ်။ ပိုက်ဆံရှိတဲ့သူတွေဆိုတော့ ပြန်ရွေးနိုင်တဲ့သူကြီးပါပဲ။ လာဖမ်းတဲ့အဖွဲ့တွေလည်း အကုန်လုံးပိုက်ဆံရကြဦးမှာ။ ဝန်ထမ်းတွေကတော့ ဒုက္ခရောက်ကြတယ်” လို့ ဆိုင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ကလပ်အတွင်း သတ်မှတ်ချိန်ကျော်လွန်သောက်စားနေသောအမျိုးသား (၁ဝ၂) ဦးနဲ့ အမျိုးသမီး (၇၉) ဦးကို ဖမ်းဆီးခဲ့ပြီး ဆိုင်မန်နေဂျာ ညီမောင်အား ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့်တရားစွဲဆိုထားပြီး ဆိုင်ကို ယာယီပိတ်သိမ်း လိုက်ကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်း ဖွင့်လှစ်ထားတဲ့ နိုက်ကလပ်၊ ကေတီဗီ၊ စင်တင်စားသောက်ဆိုင်တွေကို နစက က ဇွန်လ မှ စတင်ကာ စစ်ဆေးမှုတွေလုပ်ဆောင်ခဲ့ပြီး ဆိုင်အချို့ကို သတ်မှတ်ချက်နဲ့မညီညွတ်သည့်အတွက် ခေတ္တပိတ်သိမ်းမှုတွေ လုပ်ဆောင်ခဲ့ကြသည်။

ယခု ဇူလိုင်လ ၅ ရက်မှစတင်ကာ နှုတ်မိန့်ဖြင့် ဆိုင်များကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးထားခြင်းဖြစ်ပြီး ဆိုင်ဖွင့်ချိန် ပိတ်ချိန်ကို ည ၁၁ နာရီအထိ သတ်မှတ်ပေးထားကြောင်း သိရသည်။

Zawgyi Version;
Transporter Bar ဝင္စီးခံရ၊ ဆိုင္အတြင္းရွိသူ လူငယ္ ၂ဝဝ ခန႔္ ဖမ္းဆီးခံရ
NP News ဇူလိုင္ ၂၂

ရန္ကုန္တိုင္း၊ ေတာင္ဥကၠလာၿမိဳနယ္၊ အမွတ္ (၈) ရပ္ကြက္၊ေဝဇယႏၲာလမ္းအမွတ္ (၅ဝ)တြင္ ဖြင့္လွစ္ထားေသာ Transporter Bar & Club ကို နစက ၿမိဳ႕နယ္စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕က ဇူလိုင္ ၂၂ ရက္၊ နံနက္ ၁ နာရီ ဝန္းက်င္တြင္ ဝင္ေရာက္ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ည ၁၁ နာရီ ေနာက္ဆုံးထားၿပီးဖြင့္ဖို႔ သူတို႔ကိုေျပာထားတယ္။ ခုလိုအဖမ္းခံရတာလည္း ေကာင္းပါတယ္။ ပိုက္ဆံရွိတဲ့သူေတြဆိုေတာ့ ျပန္ေ႐ြးႏိုင္တဲ့သူႀကီးပါပဲ။ လာဖမ္းတဲ့အဖြဲ႕ေတြလည္း အကုန္လုံးပိုက္ဆံရၾကဦးမွာ။ ဝန္ထမ္းေတြကေတာ့ ဒုကၡေရာက္ၾကတယ္” လို႔ ဆိုင္ႏွင့္ နီးစပ္သူတစ္ဦးက ေျပာသည္။

ကလပ္အတြင္း သတ္မွတ္ခ်ိန္ေက်ာ္လြန္ေသာက္စားေနေသာအမ်ိဳးသား (၁ဝ၂) ဦးနဲ႔ အမ်ိဳးသမီး (၇၉) ဦးကို ဖမ္းဆီးခဲ့ၿပီး ဆိုင္မန္ေနဂ်ာ ညီေမာင္အား ရာဇသတ္ႀကီးပုဒ္မ ၁၈၈ ျဖင့္တရားစြဲဆိုထားၿပီး ဆိုင္ကို ယာယီပိတ္သိမ္း လိုက္ေၾကာင္း သိရသည္။

ရန္ကုန္တိုင္းအတြင္း ဖြင့္လွစ္ထားတဲ့ ႏိုက္ကလပ္၊ ေကတီဗီ၊ စင္တင္စားေသာက္ဆိုင္ေတြကို နစက က ဇြန္လ မွ စတင္ကာ စစ္ေဆးမႈေတြလုပ္ေဆာင္ခဲ့ၿပီး ဆိုင္အခ်ိဳ႕ကို သတ္မွတ္ခ်က္နဲ႔မညီၫြတ္သည့္အတြက္ ေခတၱပိတ္သိမ္းမႈေတြ လုပ္ေဆာင္ခဲ့ၾကသည္။

ယခု ဇူလိုင္လ ၅ ရက္မွစတင္ကာ ႏႈတ္မိန႔္ျဖင့္ ဆိုင္မ်ားကို ျပန္လည္ဖြင့္လွစ္ခြင့္ေပးထားျခင္းျဖစ္ၿပီး ဆိုင္ဖြင့္ခ်ိန္ ပိတ္ခ်ိန္ကို ည ၁၁ နာရီအထိ သတ္မွတ္ေပးထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.