နှစ်သောင်းကျပ်တန် ငွေစက္ကူအမျိုးအစားသစ်ကို ထုတ်ဝေမည်

 16670

NP News - ဇူလိုင် ၂၃

နှစ်သောင်းကျပ်တန် ငွေစက္ကူအမျိုးအစားသစ်ကို ယခု ဇူလိုင်လ ၃၁ ရက်တွင် ထုတ်ဝေသုံးစွဲမည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကြေညာလိုက်သည်။

ဗဟိုဘဏ်က ယနေ့(ဇူလိုင်လ ၂၃ ရက်)တွင် အထက်ကဲ့ပါသို့ အသိပေး ကြေညာခဲ့ခြင်းဖြစ်သည်။

အဆိုပါ နှစ်သောင်းကျပ်တန်ငွေစက္ကူအမျိုးအစားသစ်ကို မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှု အထိမ်းအမှတ်နှင့် ဆင်ဖြူ တော် ရဋ္ဌနန္ဒက၏ တစ်နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ်ထုတ်ဝေခြင်းဖြစ်ကြောင်း ဗဟိုဘဏ်က ပြောသည်။

၎င်းငွေစက္ကူအမျိုးအစားသစ်ကို အရေအတွက် အကန့်အသတ်ဖြင့်သာ ထုတ်ဝေသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင်း ထုတ်ဝေသုံးစွဲနေသော ငွေစက္ကူများအနက် ဟောင်းနွမ်းပြီးသုံးစွဲရန်မသင့်သည့် ငွေစက္ကူများနှင့် တန်ဖိုးတူ လဲလှယ်ပေးခြင်းဖြင့်သာ ဖြန့်ဝေပေးသွားမည်ဟု ဗဟိုဘဏ်ကကြေညာထားသည်။

ကနဦးအနေဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် နေပြည်တော်၊ ရန်ကုန်နှင့်မန္တလေးဘဏ်ခွဲတို့၌ ဟောင်းနွမ်းငွေစက္ကူများနှင့်တန်ဖိုးတူ နှစ်သောင်းကျပ်တန် အမျိုးအစားသစ်ဖြင့်လဲလှယ်ပေးမည် ဖြစ်ကြောင်းသိရသည်။

နှစ်သောင်းကျပ်တန်ငွေစက္ကူအမျိုးအစားသစ်သည် အလျား ၁၅စင်တီမီတာနှင့် အနံ ၇ စင်တီမီတာ ရှိပြီး အရောင်းမှာ အစိမ်းနုရောင်ဖြစ်ကြောင်းသိရသည်။

ထို့ပြင် နှစ်သောင်းကျပ်တန်ငွေစက္ကူ၏ မျက်နှာစာဘက် ထိပ်ပိုင်း၌ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်စာတန်းရိုက်နှိပ်ထားပြီး ရတနာဆင်ဖြူတော်ပုံ အပါအဝင် ငွေစက္ကူတန်ဖိုးကို မြန်မာ စာသားများဖြင့် ရိုက်နှိပ်ထားကြောင်း သိရသည်။

အလားတူ နှစ်သောင်းကျပ်တန်ငွေစက္ကူ၏ ကျောဘက်၌ စစ်ကိုင်းတံတားပုံနှင့် ဧရာဝတီတံတား(ရတနာပုံ)အား ထည့်သွင်းရိုက်နှိပ်ထား ကြောင်းသိရသည်။

၎င်းငွေစက္ကူအမျိုးအစားသစ်၌ အမြင်အာရုံချို့ယွင်းသူများ အထိအတွေ့ဖြင့်အာရုံခံသိရှိနိုင်သော မျဉ်းတို ၁၂ ချောင်းစီကိုလည်း ထည့်သွင်းရိုက်နှိပ်ထားကြောင်းသိရသည်။

zawgyi version
ႏွစ္ေသာင္းက်ပ္တန္ ေငြစကၠဴအမ်ိဳးအစားသစ္ကို ထုတ္ေဝမည္

NP News - ဇူလိုင္ ၂၃

ႏွစ္ေသာင္းက်ပ္တန္ ေငြစကၠဴအမ်ိဳးအစားသစ္ကို ယခု ဇူလိုင္လ ၃၁ ရက္တြင္ ထုတ္ေဝသုံးစြဲမည္ဟု ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ေၾကညာလိုက္သည္။

ဗဟိုဘဏ္က ယေန႔(ဇူလိုင္လ ၂၃ ရက္)တြင္ အထက္ကဲ့ပါသို႔ အသိေပး ေၾကညာခဲ့ျခင္းျဖစ္သည္။

အဆိုပါ ႏွစ္ေသာင္းက်ပ္တန္ေငြစကၠဴအမ်ိဳးအစားသစ္ကို မာရဝိဇယ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး တည္ေဆာက္ၿပီးစီးမႈ အထိမ္းအမွတ္ႏွင့္ ဆင္ျဖဴ ေတာ္ ရ႒နႏၵက၏ တစ္ႏွစ္ေျမာက္ေမြးေန႔အထိမ္းအမွတ္အျဖစ္ထုတ္ေဝျခင္းျဖစ္ေၾကာင္း ဗဟိုဘဏ္က ေျပာသည္။

၎ေငြစကၠဴအမ်ိဳးအစားသစ္ကို အေရအတြက္ အကန႔္အသတ္ျဖင့္သာ ထုတ္ေဝသြားမည္ျဖစ္ၿပီး ျမန္မာႏိုင္ငံတြင္း ထုတ္ေဝသုံးစြဲေနေသာ ေငြစကၠဴမ်ားအနက္ ေဟာင္းႏြမ္းၿပီးသုံးစြဲရန္မသင့္သည့္ ေငြစကၠဴမ်ားႏွင့္ တန္ဖိုးတူ လဲလွယ္ေပးျခင္းျဖင့္သာ ျဖန႔္ေဝေပးသြားမည္ဟု ဗဟိုဘဏ္ကေၾကညာထားသည္။

ကနဦးအေနျဖင့္ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ ေနျပည္ေတာ္၊ ရန္ကုန္ႏွင့္မႏၲေလးဘဏ္ခြဲတို႔၌ ေဟာင္းႏြမ္းေငြစကၠဴမ်ားႏွင့္တန္ဖိုးတူ ႏွစ္ေသာင္းက်ပ္တန္ အမ်ိဳးအစားသစ္ျဖင့္လဲလွယ္ေပးမည္ ျဖစ္ေၾကာင္းသိရသည္။

ႏွစ္ေသာင္းက်ပ္တန္ေငြစကၠဴအမ်ိဳးအစားသစ္သည္ အလ်ား ၁၅စင္တီမီတာႏွင့္ အနံ ၇ စင္တီမီတာ ရွိၿပီး အေရာင္းမွာ အစိမ္းႏုေရာင္ျဖစ္ေၾကာင္းသိရသည္။

ထို႔ျပင္ ႏွစ္ေသာင္းက်ပ္တန္ေငြစကၠဴ၏ မ်က္ႏွာစာဘက္ ထိပ္ပိုင္း၌ ျမန္မာ ႏိုင္ငံေတာ္ဗဟိုဘဏ္စာတန္း႐ိုက္ႏွိပ္ထားၿပီး ရတနာဆင္ျဖဴေတာ္ပုံ အပါအဝင္ ေငြစကၠဴတန္ဖိုးကို ျမန္မာ စာသားမ်ားျဖင့္ ႐ိုက္ႏွိပ္ထားေၾကာင္း သိရသည္။

အလားတူ ႏွစ္ေသာင္းက်ပ္တန္ေငြစကၠဴ၏ ေက်ာဘက္၌ စစ္ကိုင္းတံတားပုံႏွင့္ ဧရာဝတီတံတား(ရတနာပုံ)အား ထည့္သြင္း႐ိုက္ႏွိပ္ထား ေၾကာင္းသိရသည္။

၎ေငြစကၠဴအမ်ိဳးအစားသစ္၌ အျမင္အာ႐ုံခ်ိဳ႕ယြင္းသူမ်ား အထိအေတြ႕ျဖင့္အာ႐ုံခံသိရွိႏိုင္ေသာ မ်ဥ္းတို ၁၂ ေခ်ာင္းစီကိုလည္း ထည့္သြင္း႐ိုက္ႏွိပ္ထားေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.