ထိုင်းမှာတရားမဝင်ဖွင့်လှစ်ထားတဲ့ အလှပြင်ဆေးခန်းကို စီးနင်းပြီး အလှပြင်ဆရာမအဖြစ်လုပ်ကိုင်နေတဲ့မြန်မာဆရာဝန်ကို ဖမ်းဆီးခဲ့ဟုဆို

 18162

ဂျန်ဇက် (NP News) - ဇူလိုင် ၂၃

ဘန်ကောက်မြို့မှာ ဖွင့်လှစ်ထားတဲ့ အလှပြင်ဆေးခန်း beauty clinic ကို စီးနင်းရှာဖွေဖို့ ထိုင်းကျန်းမာ ရေးဝန်ကြီးဌာနရဲ့ညွှန်ကြားချက်ကို လက်ခံရရှိခဲ့ပြီးနောက် ထိုင်းရဲတပ်ဖွဲ့ဟာ ဘန်ကောက်မြို့ Ekamai အရပ်ဒေသမှာ ဖွင့်လှစ်ထားတဲ့ ဆေးခန်းကို စီးနင်းပြီး မြန်မာအမျိုးသမီးဆရာဝန်တစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

ထိုင်းရဲတပ်ဖွဲ့ဟာ အလှပြင်ဆေးခန်းကို စီးနင်းခဲ့ပြီးနောက် ဆေးခန်းမှာ အလှပြင်ဆရာဝန်အဖြစ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသူ အယ်မွန်ဆိုသူကိုလည်း စစ်ဆေးမေးမြန်းခဲ့တယ်လို့ သိရပါတယ်။ အယ်မွန်က ၎င်းဟာ မြန်မာနိုင်ငံရှိ ဆေးကျောင်းမှဘွဲ့ရရှိခဲ့သူဖြစ်ပြီး ဖောက်သည်တစ်ဦးအတွက် အလှပြင်ဆေးကုသခအဖြစ် ဘတ် ၂၀၀၀ ရရှိခဲ့ကြောင်း၊ ၎င်းလာရောက်အလုပ်လုပ်နေတာမကြာသေးဘဲ တစ်လကျော်ကြာသာရှိသေးတယ်လို့ ထွက်ဆိုထားပါတယ်။

အလှပြင်ဆေးခန်းမှာ အထွေထွေမန်နေဂျာအဖြစ် ခန့်အပ်ခံထားရတဲ့ အယ်မွန်က ၎င်းဟာ ဆရာဝန်တစ်ဦးဖြစ်ပြီး လာရောက်အလှပြင်သူများကို ရောဂါရှာဖွေခြင်း၊ ဗီတာဗင်ဆေးထိုးခြင်းအပါအဝင် ဆေးဝါးကုသမှုဆိုင်ရာလုပ်ထုံးလုပ်နည်းများကိုလုပ်ဆောင်ပေးရတယ်လို့ ဝန်ခံထားပါတယ်။ ထိုင်းရဲတပ်ဖွဲ့ဟာ လက်ရှိအချိန်မှာ အဆိုပါတရားမဝင်ဖွင့်လှစ်ထားတဲ့ အလှပြင်ဆေးခန်းကို ပိတ်သိမ်းခဲ့သလို အလှပြင်ဆိုင်အတွင်းရှိ ဘတ် ၅သန်းတန်ဖိုးရှိ ပစ္စည်းများကို သိမ်းယူခဲ့သလို အလှပြင်ဆေးခန်းနဲ့ပတ်သက်တဲ့ ပိုင်ရှင်၊အလှပြင်ဆရာမ အပါအဝင်တာဝန်ရှိသူများကို စွဲချက်တင်သွားဖွယ်ရှိနေပါတယ်။

အလှပြင်ဆရာမအဖြစ်လုပ်ကိုင်နေတဲ့ အယ်မွန်ကို ထိုင်းနိုင်ငံမှာ တရားမဝင်အလုပ်လုပ်ကိုင်မှုအပြင်
ထိုင်းနိုင်ငံမှာ လိုင်စင်မရှိဘဲ ဆေးဝါးကုသမှုတွေနဲ့ စွဲချက်တင်သွားဖွယ်ရှိတယ်လို့ ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။ ထိုင်းရဲတပ်ဖွဲ့ဟာ အဆိုပါအမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲဖြစ်ပြီး သက်သေခိုင်မာမှုတွေရှိလာချိန်မှာ အလှပြင်ဆိုင် ပိုင်ရှင်တွေဖြစ်တဲ့ နိုင်ငံခြားသားတွေကိုလည်းစွဲချက် တင်သွားဖွယ်ရှိနေကြောင်း သိရပါတယ်။

zawgyi version
ထိုင္းမွာတရားမဝင္ဖြင့္လွစ္ထားတဲ့ အလွျပင္ေဆးခန္းကို စီးနင္းၿပီး အလွျပင္ဆရာမအျဖစ္လုပ္ကိုင္ေနတဲ့ျမန္မာဆရာဝန္ကို ဖမ္းဆီးခဲ့ဟုဆို
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂၃

ဘန္ေကာက္ၿမိဳ႕မွာ ဖြင့္လွစ္ထားတဲ့ အလွျပင္ေဆးခန္း beauty clinic ကို စီးနင္းရွာေဖြဖို႔ ထိုင္းက်န္းမာ ေရးဝန္ႀကီးဌာနရဲ႕ၫႊန္ၾကားခ်က္ကို လက္ခံရရွိခဲ့ၿပီးေနာက္ ထိုင္းရဲတပ္ဖြဲ႕ဟာ ဘန္ေကာက္ၿမိဳ႕ Ekamai အရပ္ေဒသမွာ ဖြင့္လွစ္ထားတဲ့ ေဆးခန္းကို စီးနင္းၿပီး ျမန္မာအမ်ိဳးသမီးဆရာဝန္တစ္ဦးကို ဖမ္းဆီးခဲ့တယ္လို႔ ထိုင္းသတင္းေတြမွာ ေဖာ္ျပထားပါတယ္။

ထိုင္းရဲတပ္ဖြဲ႕ဟာ အလွျပင္ေဆးခန္းကို စီးနင္းခဲ့ၿပီးေနာက္ ေဆးခန္းမွာ အလွျပင္ဆရာဝန္အျဖစ္လုပ္ကိုင္ေနတဲ့ ျမန္မာႏိုင္ငံသူ အယ္မြန္ဆိုသူကိုလည္း စစ္ေဆးေမးျမန္းခဲ့တယ္လို႔ သိရပါတယ္။ အယ္မြန္က ၎ဟာ ျမန္မာႏိုင္ငံရွိ ေဆးေက်ာင္းမွဘြဲ႕ရရွိခဲ့သူျဖစ္ၿပီး ေဖာက္သည္တစ္ဦးအတြက္ အလွျပင္ေဆးကုသခအျဖစ္ ဘတ္ ၂၀၀၀ ရရွိခဲ့ေၾကာင္း၊ ၎လာေရာက္အလုပ္လုပ္ေနတာမၾကာေသးဘဲ တစ္လေက်ာ္ၾကာသာရွိေသးတယ္လို႔ ထြက္ဆိုထားပါတယ္။

အလွျပင္ေဆးခန္းမွာ အေထြေထြမန္ေနဂ်ာအျဖစ္ ခန႔္အပ္ခံထားရတဲ့ အယ္မြန္က ၎ဟာ ဆရာဝန္တစ္ဦးျဖစ္ၿပီး လာေရာက္အလွျပင္သူမ်ားကို ေရာဂါရွာေဖြျခင္း၊ ဗီတာဗင္ေဆးထိုးျခင္းအပါအဝင္ ေဆးဝါးကုသမႈဆိုင္ရာလုပ္ထုံးလုပ္နည္းမ်ားကိုလုပ္ေဆာင္ေပးရတယ္လို႔ ဝန္ခံထားပါတယ္။ ထိုင္းရဲတပ္ဖြဲ႕ဟာ လက္ရွိအခ်ိန္မွာ အဆိုပါတရားမဝင္ဖြင့္လွစ္ထားတဲ့ အလွျပင္ေဆးခန္းကို ပိတ္သိမ္းခဲ့သလို အလွျပင္ဆိုင္အတြင္းရွိ ဘတ္ ၅သန္းတန္ဖိုးရွိ ပစၥည္းမ်ားကို သိမ္းယူခဲ့သလို အလွျပင္ေဆးခန္းနဲ႔ပတ္သက္တဲ့ ပိုင္ရွင္၊အလွျပင္ဆရာမ အပါအဝင္တာဝန္ရွိသူမ်ားကို စြဲခ်က္တင္သြားဖြယ္ရွိေနပါတယ္။

အလွျပင္ဆရာမအျဖစ္လုပ္ကိုင္ေနတဲ့ အယ္မြန္ကို ထိုင္းႏိုင္ငံမွာ တရားမဝင္အလုပ္လုပ္ကိုင္မႈအျပင္
ထိုင္းႏိုင္ငံမွာ လိုင္စင္မရွိဘဲ ေဆးဝါးကုသမႈေတြနဲ႔ စြဲခ်က္တင္သြားဖြယ္ရွိတယ္လို႔ ထိုင္းရဲတပ္ဖြဲ႕ကေျပာပါတယ္။ ထိုင္းရဲတပ္ဖြဲ႕ဟာ အဆိုပါအမႈနဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈေတြ လုပ္ေဆာင္ေနဆဲျဖစ္ၿပီး သက္ေသခိုင္မာမႈေတြရွိလာခ်ိန္မွာ အလွျပင္ဆိုင္ ပိုင္ရွင္ေတြျဖစ္တဲ့ ႏိုင္ငံျခားသားေတြကိုလည္း
စြဲခ်က္ တင္သြားဖြယ္ရွိေနေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.