မာရဝိဇယဘုရားကြီးရှေ့တွင် တည်ထားသည့် အောင်မြေ၌ နိုင်ငံတစ်ဝန်းရှိ တန်ခိုးကြီးဘုရားများ၏ ‌အောင်မြေဌာန(၃၅)ခုကို ထည့်သွင်းပူဇော်

 925

ယွန်း (NP News) - ဇူလိုင် ၂၄

မာရဝိဇယဘုရားကြီးရှေ့၌ တည်ထားသည့် အောင်မြေ၌ နိုင်ငံတစ်ဝန်းရှိ တန်ခိုးကြီးဘုရားများ၏ ‌အောင်မြေဌာန(၃၅)ခုကို တည့်သွင်းထားကြောင်း သိရသည်။

အဆိုပါ ဝိဇယဘူမိနိမ္မာနအောင်မြေတည်ထားခြင်း မဟာမင်္ဂလာအခမ်းအနားနှင့် သဒ္ဒါဓိပတိ ခေါင်း လောင်းတော်ကြီး ဖွင့်လှစ်ခြင်းအခမ်းအနားကို ဇူလိုင်လ(၂၃)ရက်၊ နံနက်ပိုင်းတွင် မာရဝိဇယရုပ်ပွားတော်ကြီးတည်ထားရာ ဒက္ခိဏသီရိမြို့နယ်၌ ကျင်းပခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

ဝိဇယဘူမိနိမ္မာနအောင်မြေကို မာရဝိဇယ ဗုဒ္ဓဥယျာဥ်ဝတ္ထုကံတော် မာရဝိဇယရုပ်ပွားတော်မြတ်ကြီး မျက်နှာတော်မူရာအရပ်တွင် တည်ထားခဲ့ကြောင်း သိရသည်။

အဆိုပါအောင်မြေတွင် မဇ္ဇျိမဒေသ ဗုဒ္ဓဂယာ သတ္တဌာန(၇)နေရာမှ အောင်မြေများ နှင့် နိုင်ငံတစ်ဝန်းလုံးရှိ တန်ခိုးကြီး စေတီဘုရားများရှိ အောင်မြေဌာန(၃၅)ဌာနတို့၏ အောင်မြေများကို ထည့်သွင်းတည်ထားကြောင်း နစကမှ ဆိုသည်။

ထို့ပြင် သဒ္ဒါဓိပတိ ခေါင်းလောင်းတော်ကြီးကိုလည်း တည်ထားခဲ့ပြီး မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်း တောက်ပမှုကို ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီးသာယာဝပြောမှု ရှိစေရန်နှင့် ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန် ရည်ရွည်ကြောင်း သိရသည်။

ခေါင်းလောင်းကြီးသည် အမြင့်(၅)ပေ၊ ထိပ်ဝအကျယ်(၄)ပေ (၁)လက်မ၊ ကြေးပိဿာအလေးချိန် (၇၃၈) ပိဿာရှိကြောင်း သိရသည်။

မာရဝိဇယရုပ်ပွားတော်ကြီး၏ ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားကို လာမည့် သြဂုတ်လ(၁)ရက် (ဒုတိယဝါဆိုလပြည့်) တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ရုပ်ပွားတော်ကြီးအား လာရောက်ဖူးမြော်ကြမည့် ဘုရားဖူးပြည်သူများကို သြဂုတ်လ(၁၆)ရက်အထိ မည်သူမဆို လုံခြုံရေးအရ စစ်ဆေးမှုခံယူပြီး အခမဲ့ဝင်ရောက် ဖူးမြော်ကြည်ညိုခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
မာရဝိဇယဘုရားႀကီးေရွ႕တြင္ တည္ထားသည့္ ေအာင္ေျမ၌ ႏိုင္ငံတစ္ဝန္းရွိ တန္ခိုးႀကီးဘုရားမ်ား၏ ‌ေအာင္ေျမဌာန(၃၅)ခုကို ထည့္သြင္းပူေဇာ္

ယြန္း (NP News) - ဇူလိုင္ ၂၄

မာရဝိဇယဘုရားႀကီးေရွ႕၌ တည္ထားသည့္ ေအာင္ေျမ၌ ႏိုင္ငံတစ္ဝန္းရွိ တန္ခိုးႀကီးဘုရားမ်ား၏ ‌ေအာင္ေျမဌာန(၃၅)ခုကို တည့္သြင္းထားေၾကာင္း သိရသည္။

အဆိုပါ ဝိဇယဘူမိနိမၼာနေအာင္ေျမတည္ထားျခင္း မဟာမဂၤလာအခမ္းအနားႏွင့္ သဒၵါဓိပတိ ေခါင္း ေလာင္းေတာ္ႀကီး ဖြင့္လွစ္ျခင္းအခမ္းအနားကို ဇူလိုင္လ(၂၃)ရက္၊ နံနက္ပိုင္းတြင္ မာရဝိဇယ႐ုပ္ပြားေတာ္ႀကီးတည္ထားရာ ဒကၡိဏသီရိၿမိဳ႕နယ္၌ က်င္းပခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

ဝိဇယဘူမိနိမၼာနေအာင္ေျမကို မာရဝိဇယ ဗုဒၶဥယ်ာဥ္ဝတၳဳကံေတာ္ မာရဝိဇယ႐ုပ္ပြားေတာ္ျမတ္ႀကီး မ်က္ႏွာေတာ္မူရာအရပ္တြင္ တည္ထားခဲ့ေၾကာင္း သိရသည္။

အဆိုပါေအာင္ေျမတြင္ မဇၨ်ိမေဒသ ဗုဒၶဂယာ သတၱဌာန(၇)ေနရာမွ ေအာင္ေျမမ်ား ႏွင့္ ႏိုင္ငံတစ္ဝန္းလုံးရွိ တန္ခိုးႀကီး ေစတီဘုရားမ်ားရွိ ေအာင္ေျမဌာန(၃၅)ဌာနတို႔၏ ေအာင္ေျမမ်ားကို ထည့္သြင္းတည္ထားေၾကာင္း နစကမွ ဆိုသည္။

ထို႔ျပင္ သဒၵါဓိပတိ ေခါင္းေလာင္းေတာ္ႀကီးကိုလည္း တည္ထားခဲ့ၿပီး ျမန္မာႏိုင္ငံတြင္ ေထရဝါဒဗုဒၶသာသနာေတာ္ႀကီး ခိုင္မာစြာထြန္းလင္း ေတာက္ပမႈကို ကမာၻကိုျပသရန္၊ ျမန္မာႏိုင္ငံသည္ ေထရဝါဒဗုဒၶဘာသာကိုးကြယ္မႈ၏ ဗဟိုခ်က္ျဖစ္ေစရန္၊ ႏိုင္ငံေတာ္ႀကီးသာယာဝေျပာမႈ ရွိေစရန္ႏွင့္ ကမာၻႀကီးၿငိမ္းခ်မ္းသာယာမႈျဖစ္ေစရန္ ရည္႐ြည္ေၾကာင္း သိရသည္။

ေခါင္းေလာင္းႀကီးသည္ အျမင့္(၅)ေပ၊ ထိပ္ဝအက်ယ္(၄)ေပ (၁)လက္မ၊ ေၾကးပိႆာအေလးခ်ိန္ (၇၃၈) ပိႆာရွိေၾကာင္း သိရသည္။

မာရဝိဇယ႐ုပ္ပြားေတာ္ႀကီး၏ ဗုဒၶါဘိေသကအေနကဇာတင္ မဂၤလာအခမ္းအနားကို လာမည့္ ၾသဂုတ္လ(၁)ရက္ (ဒုတိယဝါဆိုလျပည့္) တြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

႐ုပ္ပြားေတာ္ႀကီးအား လာေရာက္ဖူးေျမာ္ၾကမည့္ ဘုရားဖူးျပည္သူမ်ားကို ၾသဂုတ္လ(၁၆)ရက္အထိ မည္သူမဆို လုံၿခဳံေရးအရ စစ္ေဆးမႈခံယူၿပီး အခမဲ့ဝင္ေရာက္ ဖူးေျမာ္ၾကည္ညိဳခြင့္ျပဳမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.