မြန်မာနိုင်ငံကူးလက်မှတ်အသစ်ပြန်လည်လျှောက်ထားသူများသည် ဘတ်(၄၉၀၀)ပေးသွင်းရမည်ဟု ထိုင်းရှိ မြန်မာသံရုံးဆို

6494
စော(NP News) - ဇူလိုင် ၂၄
မြန်မာနိုင်ငံကူးလက်မှတ်အသစ်ပြန်လည်လျှောက်ထားသူများသည် ဘတ်(၄၉၀၀)ပေးသွင်းရမည်ဖြစ် ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ ယနေ့(ဇူလိုင်လ ၂၄ ရက်)တွင် အထက်ပါကဲ့သို့အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ၌ မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများအနေဖြင့် နိုင်ငံကူးလက်မှတ် ပျောက်ဆုံးခြင်း သို့မဟုတ် ပျက်စီးမှုများကို မြန်မာသံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတို့တွင် အသစ်ပြန်လည် လျှောက် ထားလျက်ရှိကြောင်း သိရသည်။
ထို့သို့ အသစ်ပြန်လည်လျှောက်ထားလျက်ရှိရာ ယနေ့(ဇူလိုင်လ ၂၄ ရက်)မှစတင်၍ ဒဏ်ကြေး (၃၆၅၀)ဘတ် အပါအဝင် စာအုပ်တန်ဖိုး (၁၂၅၀)ဘတ် စုစုပေါင်း (၄၉၀၀)ဘတ် ပေးသွင်းရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် နိုင်ငံကူးလက်မှတ်ပျောက်ဆုံးခြင်း သို့မဟုတ် ပျက်စီးခဲ့သည့် အမှုတွဲများအား သက်ဆိုင်ရာဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့စိစစ်ပြီး ခွင့်ပြုချက်ရရှိမှသာ မြန်မာသံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတို့မှ အသစ်ပြန်လည် ပြုလုပ်ပေးကြောင်း အသိပေးထုတ်ပြန်ထားသည်။

zawgyi version
ျမန္မာႏိုင္ငံကူးလက္မွတ္အသစ္ျပန္လည္ေလွ်ာက္ထားသူမ်ားသည္ ဘတ္(၄၉၀၀)ေပးသြင္းရမည္ဟု ထိုင္းရွိ ျမန္မာသံ႐ုံးဆို
ေစာ(NP News) - ဇူလိုင္ ၂၄
ျမန္မာႏိုင္ငံကူးလက္မွတ္အသစ္ျပန္လည္ေလွ်ာက္ထားသူမ်ားသည္ ဘတ္(၄၉၀၀)ေပးသြင္းရမည္ျဖစ္ ေၾကာင္း ထိုင္းႏိုင္ငံရွိ ျမန္မာသံ႐ုံးမွ ထုတ္ျပန္ထားသည္။
ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ ယေန႔(ဇူလိုင္လ ၂၄ ရက္)တြင္ အထက္ပါကဲ့သို႔အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
ထိုင္းႏိုင္ငံ၌ ျမန္မာႏိုင္ငံကူးလက္မွတ္ကိုင္ေဆာင္ထားသူမ်ားအေနျဖင့္ ႏိုင္ငံကူးလက္မွတ္ ေပ်ာက္ဆုံးျခင္း သို႔မဟုတ္ ပ်က္စီးမႈမ်ားကို ျမန္မာသံ႐ုံး၊ ေကာင္စစ္ဝန္ခ်ဳပ္႐ုံးတို႔တြင္ အသစ္ျပန္လည္ ေလွ်ာက္ ထားလ်က္ရွိေၾကာင္း သိရသည္။
ထို႔သို႔ အသစ္ျပန္လည္ေလွ်ာက္ထားလ်က္ရွိရာ ယေန႔(ဇူလိုင္လ ၂၄ ရက္)မွစတင္၍ ဒဏ္ေၾကး (၃၆၅၀)ဘတ္ အပါအဝင္ စာအုပ္တန္ဖိုး (၁၂၅၀)ဘတ္ စုစုေပါင္း (၄၉၀၀)ဘတ္ ေပးသြင္းရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ျပင္ ႏိုင္ငံကူးလက္မွတ္ေပ်ာက္ဆုံးျခင္း သို႔မဟုတ္ ပ်က္စီးခဲ့သည့္ အမႈတြဲမ်ားအား သက္ဆိုင္ရာဝန္ႀကီးဌာနသို႔ ျပန္လည္ေပးပို႔စိစစ္ၿပီး ခြင့္ျပဳခ်က္ရရွိမွသာ ျမန္မာသံ႐ုံး၊ ေကာင္စစ္ဝန္ခ်ဳပ္႐ုံးတို႔မွ အသစ္ျပန္လည္ ျပဳလုပ္ေပးေၾကာင္း အသိေပးထုတ္ျပန္ထားသည္။