Barbie ရုပ်ရှင်ကား ခေတ်စားလာတာနဲ့အမျှ ဘာဘီ 'Limited-edition' အရုပ်တွေကို အတုလုပ် လိမ်လည် ရောင်းချမှုများရှိနေ
864
ရောင်နီ (NP News) - ဇူလိုင် ၂၅
Barbie ရုပ်ရှင် ရုံတင်ဖို့ နီးလာတာနဲ့အမျှ ဘာဘီပန်းရောင်ဝတ်စုံ၊ အသုံးအဆာင်တွေ Trend ဖြစ်လာကာ အလုအယက် ဝယ်ယူမှုတွေ ရှိလာကြသလို အွန်လိုင်းလိမ်လည်သူတွေကလည်း အဲဒီ Trend ကို အခွင့်ကောင်းယူပြီး 'Limited-edition' ဘာဘီဆိုင်ရာပစ္စည်းတွေကို အတုလုပ် ရောင်းချမှုတွေ ရှိလာပါတယ်။
အွန်လိုင်းလုံခြုံရေးကုမ္ပဏီ Kaspersky က မကြာသေးမီက ဝက်ဘ်ဆိုက်တွေနဲ့ ဆိုရှယ်မီဒီယာပို့စ်တွေမှာ ငွေကြေးနဲ့ ကိုယ်ရေးကိုယ်တာ အသေးစိတ် အချက်အလက်တွေ ခိုးယူဖို့ ရည်ရွယ်တဲ့ ဖြားယောင်းလှည့်ဖြားမှုတွေအကြောင်း တွေ့လာရတယ်လို့ ပြောကြားခဲ့ပါတယ်။ အချို့ဝက်ဘ်ဆိုဒ်တွေမှာ Barbie ရုပ်ရှင်ရဲ့ ခေါင်းဆောင်မင်းသမီး မားဂေါ့ရော်ဘီရဲ့ပုံနဲ့ဖန်တီးထားတဲ့ အကန့်အသတ်နဲ့သာထုတ်ဝေတဲ့ Barbie အရုပ်တွေကို လိမ်လည်ရောင်းချ နေပါတယ်။ အလိမ်ဆိုက်တွေဟာ မားဂေါ့ရော်ဘီ အရုပ်ကို စတာလင်ပေါင် ၁၂ နဲ့ ဆက်စပ်ပစ္စည်းတွေကို ၅၆ စတာလင်ပေါင် နဲ့ ရောင်းချပါတယ်။ စျေးတွေသက်သာနေပေမယ့် ၄င်းတို့က ဝယ်သူရဲ့လိပ်စာ၊ ဖုန်းနံပါတ်နဲ့ ဘဏ်လုပ်ငန်းအသေးစိတ်များအပြင် ငွေကြိုတင်တောင်းလေ့ ရှိတယ်လို့ Kaspersky မှ လုံခြုံရေးကျွမ်းကျင်သူ မစ္စအိုလ်ဂါစဗီတူနိုဗို က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် Barbe တီရှပ်တွေ ဝယ်လိုအားမြင့်တက်လာခြင်းကလည်း လိမ်လည်သူတွေ မျက်စိကျစရာဖြစ်နေသလို ဝယ်ယူဖို့အတွက် လင့်တွေပေးပို့ပြီး လင့်ထဲဝင်ရောက်တာနဲ့ အကောင့်ဟက်ခံရတာမျိုးတွေ ရှိနေတာကြောင့် ဂရုစိုက်ဖို့ ၄င်းက သတိပေးထားပါတယ်။
Zawgyi Version;
Barbie ႐ုပ္ရွင္ကား ေခတ္စားလာတာနဲ႔အမွ် ဘာဘီ 'Limited-edition' အ႐ုပ္ေတြကို အတုလုပ္ လိမ္လည္ ေရာင္းခ်မႈမ်ားရွိေန
ေရာင္နီ (NP News) - ဇူလိုင္ ၂၅
Barbie ႐ုပ္ရွင္ ႐ုံတင္ဖို႔ နီးလာတာနဲ႔အမွ် ဘာဘီပန္းေရာင္ဝတ္စုံ၊ အသုံးအဆာင္ေတြ Trend ျဖစ္လာကာ အလုအယက္ ဝယ္ယူမႈေတြ ရွိလာၾကသလို အြန္လိုင္းလိမ္လည္သူေတြကလည္း အဲဒီ Trend ကို အခြင့္ေကာင္းယူၿပီး 'Limited-edition' ဘာဘီဆိုင္ရာပစၥည္းေတြကို အတုလုပ္ ေရာင္းခ်မႈေတြ ရွိလာပါတယ္။
အြန္လိုင္းလုံၿခဳံေရးကုမၸဏီ Kaspersky က မၾကာေသးမီက ဝက္ဘ္ဆိုက္ေတြနဲ႔ ဆိုရွယ္မီဒီယာပို႔စ္ေတြမွာ ေငြေၾကးနဲ႔ ကိုယ္ေရးကိုယ္တာ အေသးစိတ္ အခ်က္အလက္ေတြ ခိုးယူဖို႔ ရည္႐ြယ္တဲ့ ျဖားေယာင္းလွည့္ျဖားမႈေတြအေၾကာင္း ေတြ႕လာရတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ အခ်ိဳ႕ဝက္ဘ္ဆိုဒ္ေတြမွာ Barbie ႐ုပ္ရွင္ရဲ႕ ေခါင္းေဆာင္မင္းသမီး မားေဂါ့ေရာ္ဘီရဲ႕ပုံနဲ႔ဖန္တီးထားတဲ့ အကန႔္အသတ္နဲ႔သာထုတ္ေဝတဲ့ Barbie အ႐ုပ္ေတြကို လိမ္လည္ေရာင္းခ် ေနပါတယ္။ အလိမ္ဆိုက္ေတြဟာ မားေဂါ့ေရာ္ဘီ အ႐ုပ္ကို စတာလင္ေပါင္ ၁၂ နဲ႔ ဆက္စပ္ပစၥည္းေတြကို ၅၆ စတာလင္ေပါင္ နဲ႔ ေရာင္းခ်ပါတယ္။ ေစ်းေတြသက္သာေနေပမယ့္ ၄င္းတို႔က ဝယ္သူရဲ႕လိပ္စာ၊ ဖုန္းနံပါတ္နဲ႔ ဘဏ္လုပ္ငန္းအေသးစိတ္မ်ားအျပင္ ေငြႀကိဳတင္ေတာင္းေလ့ ရွိတယ္လို႔ Kaspersky မွ လုံၿခဳံေရးကြၽမ္းက်င္သူ မစၥအိုလ္ဂါစဗီတူႏိုဗို က ေျပာၾကားခဲ့ပါတယ္။
ဒါ့အျပင္ Barbe တီရွပ္ေတြ ဝယ္လိုအားျမင့္တက္လာျခင္းကလည္း လိမ္လည္သူေတြ မ်က္စိက်စရာျဖစ္ေနသလို ဝယ္ယူဖို႔အတြက္ လင့္ေတြေပးပို႔ၿပီး လင့္ထဲဝင္ေရာက္တာနဲ႔ အေကာင့္ဟက္ခံရတာမ်ိဳးေတြ ရွိေနတာေၾကာင့္ ဂ႐ုစိုက္ဖို႔ ၄င္းက သတိေပးထားပါတယ္။