လျှပ်စစ်ကားများကို Pre Order ဖြင့် ရောင်းချခြင်း နှင့် အမြတ် ၂၀ ရာခိုင်နှုန်းထက် ဈေးတင်ရောင်းချနေသော ကုမ္ပဏီများကို အရေးယူမည်

 810

ပုံစာ - ပြည်တွင်းသို့ တင်သွင်းထားသည့် EV ကားအချို့ကို တွေ့ရစဉ်

မျိုးကြီး (NP News) - ဇူလိုင် ၂၆

လျှပ်စစ်ကားများကို Pre Order ဖြင့် ရောင်းချခြင်း နှင့် CIF တန်ဖိုးအပေါ် အမြတ် (၂၀)ရာခိုင်နှုန်းထက် ပိုမိုဈေးတင်ရောင်းချနေသော ကုမ္ပဏီများကို အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

နစက၏ လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုနှင့် တင်သွင်း၊ တင်ပို့၊ တပ်ဆင်ထုတ်လုပ်မှုမြှင့်တင်ရေး လုပ်ငန်းကော်မတီက အထက်ပါကဲ့သို့ သတိပေးကြေညာထားခြင်းဖြစ်သည်။

လက်ရှိတွင် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းသည့် ကုမ္ပဏီများအနေဖြင့် လျှပ်စစ်ကားများကို လူမှုကွန်ယက်များတွင်လည်းကောင်း၊ Show Room များတွင်လည်းကောင်း Pre Order ဖြင့် ရောင်းချမှုများရှိနေသည်ဟု ကော်မတီက ပြောသည်။

ထို့ပြင် ယင်းကုမ္ပဏီများကိုလည်း လျှပ်စစ်ကားများ ပြန်လည်ရောင်းချရာ၌ CIF တန်ဖိုးအပေါ် အမြတ် (၂၀)ရာခိုင်နှုန်းထက် ပိုမိုရောင်းချခြင်းမပြုလုပ်ရန် အသိပေးပြောဆိုထားပြီး ဖြစ်ကြောင်း ကော်မတီက ပြောသည်။

လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်ပစ္စည်းများ တင်သွင်းသည့် ကုမ္ပဏီများအနေဖြင့် လျှပ်စစ်ကားများကို လူမှုကွန်ယက်၌ ကြော်ငြာရောင်းချခြင်း မပြုလုပ်ရန်နှင့် ယာဉ်ရောက်ရှိခြင်းမရှိဘဲ Pre Order ဖြင့် ကြိုတင်ရောင်းချခြင်း မပြုလုပ်ရန်လည်း အသိပေးထားကြောင်း သိရသည်။

ထို့ကြောင့် ၎င်းတားမြစ်ချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက စီမံခန့်ခွဲမှုနည်းလမ်းအရ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းခြင်း၊ စားသုံးသူရေးရာဥပဒေအရ အရေးယူခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အထက်ပါ ကော်မတီက သတိပေးထားသည်။

လျှပ်စစ်ကားတင်သွင်းသည့် အချို့သော ကုမ္ပဏီများအနေဖြင့် စည်းကမ်းသတ်ချက်များကို လိုက်နာမှုအားနည်းသည့်အပြင် အမြတ်ရာခိုင်နှုန်းများစွာဖြင့် ပိုမိုဈေးတင်ကာ ရောင်းချမှုများလည်းရှိနေကြောင်း ပြောဆိုမှုများရှိနေသည်။

လျှပ်စစ်ကားနှင့် အားသွင်းစက်များကို ပြည်သူများအနေဖြင့် ဝယ်ယူသုံးစွဲရာ၌ စိတ်ကျေနပ်မှု မရှိပါက တိုင်ကြားနိုင်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက ကြေညာထားသည်။

zawgyi version
လွ်ပ္စစ္ကားမ်ားကို Pre Order ျဖင့္ ေရာင္းခ်ျခင္း ႏွင့္ အျမတ္ ၂၀ ရာခိုင္ႏႈန္းထက္ ေဈးတင္ေရာင္းခ်ေနေသာ ကုမၸဏီမ်ားကို အေရးယူမည္

မ်ိဳးႀကီး (NP News) - ဇူလိုင္ ၂၆

လွ်ပ္စစ္ကားမ်ားကို Pre Order ျဖင့္ ေရာင္းခ်ျခင္း ႏွင့္ CIF တန္ဖိုးအေပၚ အျမတ္ (၂၀)ရာခိုင္ႏႈန္းထက္ ပိုမိုေဈးတင္ေရာင္းခ်ေနေသာ ကုမၸဏီမ်ားကို အေရးယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

နစက၏ လွ်ပ္စစ္သုံးယာဥ္ႏွင့္ဆက္စပ္လုပ္ငန္းမ်ား ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ တင္သြင္း၊ တင္ပို႔၊ တပ္ဆင္ထုတ္လုပ္မႈျမႇင့္တင္ေရး လုပ္ငန္းေကာ္မတီက အထက္ပါကဲ့သို႔ သတိေပးေၾကညာထားျခင္းျဖစ္သည္။

လက္ရွိတြင္ လွ်ပ္စစ္သုံးယာဥ္ႏွင့္ ဆက္စပ္ပစၥည္းမ်ား တင္သြင္းသည့္ ကုမၸဏီမ်ားအေနျဖင့္ လွ်ပ္စစ္ကားမ်ားကို လူမႈကြန္ယက္မ်ားတြင္လည္းေကာင္း၊ Show Room မ်ားတြင္လည္းေကာင္း Pre Order ျဖင့္ ေရာင္းခ်မႈမ်ားရွိေနသည္ဟု ေကာ္မတီက ေျပာသည္။

ထို႔ျပင္ ယင္းကုမၸဏီမ်ားကိုလည္း လွ်ပ္စစ္ကားမ်ား ျပန္လည္ေရာင္းခ်ရာ၌ CIF တန္ဖိုးအေပၚ အျမတ္ (၂၀)ရာခိုင္ႏႈန္းထက္ ပိုမိုေရာင္းခ်ျခင္းမျပဳလုပ္ရန္ အသိေပးေျပာဆိုထားၿပီး ျဖစ္ေၾကာင္း ေကာ္မတီက ေျပာသည္။

လွ်ပ္စစ္သုံးယာဥ္ႏွင့္ဆက္စပ္ပစၥည္းမ်ား တင္သြင္းသည့္ ကုမၸဏီမ်ားအေနျဖင့္ လွ်ပ္စစ္ကားမ်ားကို လူမႈကြန္ယက္၌ ေၾကာ္ျငာေရာင္းခ်ျခင္း မျပဳလုပ္ရန္ႏွင့္ ယာဥ္ေရာက္ရွိျခင္းမရွိဘဲ Pre Order ျဖင့္ ႀကိဳတင္ေရာင္းခ်ျခင္း မျပဳလုပ္ရန္လည္း အသိေပးထားေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ၎တားျမစ္ခ်က္မ်ားကို လိုက္နာေဆာင္႐ြက္ျခင္းမရွိပါက စီမံခန႔္ခြဲမႈနည္းလမ္းအရ ပို႔ကုန္သြင္းကုန္လုပ္ငန္းရွင္ မွတ္ပုံတင္လက္မွတ္ ပိတ္သိမ္းျခင္း၊ စားသုံးသူေရးရာဥပေဒအရ အေရးယူျခင္းတို႔ကို ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း အထက္ပါ ေကာ္မတီက သတိေပးထားသည္။

လွ်ပ္စစ္ကားတင္သြင္းသည့္ အခ်ိဳ႕ေသာ ကုမၸဏီမ်ားအေနျဖင့္ စည္းကမ္းသတ္ခ်က္မ်ားကို လိုက္နာမႈအားနည္းသည့္အျပင္ အျမတ္ရာခိုင္ႏႈန္းမ်ားစြာျဖင့္ ပိုမိုေဈးတင္ကာ ေရာင္းခ်မႈမ်ားလည္းရွိေနေၾကာင္း ေျပာဆိုမႈမ်ားရွိေနသည္။

လွ်ပ္စစ္ကားႏွင့္ အားသြင္းစက္မ်ားကို ျပည္သူမ်ားအေနျဖင့္ ဝယ္ယူသုံးစြဲရာ၌ စိတ္ေက်နပ္မႈ မရွိပါက တိုင္ၾကားႏိုင္ေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ စားသုံးသူေရးရာဦးစီးဌာနက ေၾကညာထားသည္။

Picture

Myo Zaw Thein

26/07/2023 21:17

ခုမှသိပုံရတယ်

Related news

© 2021. All rights reserved.