ပဲခူးမြို့တွင် ကားနှင့်ဆိုင်ကယ်တို့မျက်နှာချင်းဆိုင် တိုက်မိရာမှ အမျိုးသား (၂)ဦးထိခိုက်ဒဏ်ရာရရှိ

671
သန့်ဇင် (NP News) - ဇူလိုင် ၂၆
ပဲခူးတိုင်း၊ ပဲခူးမြို့တွင် ကားနှင့်ဆိုင်ကယ်တို့မျက်နှာချင်းဆိုင် တိုက်မိရာမှ အမျိုးသား(၂)ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကလျာဏမိတ္တလူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်သည် ယနေ့(ဇူလိုင်လ ၂၆ ရက်)၊ မွန်းလွဲ ၁နာရီအချိန်တွင် ပဲခူးမြို့၊ ရှင်စောပုရပ်ကွက်၊ ရှင်စောပုအုပ်ကံလမ်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဖြစ်တာတော့ ကားနဲ့ဆိုင်ကယ်နဲ့တိုက်တာပဲသိတာပါ။ ခြေထောက်ထိတာ တစ်ယောက်နဲ့ ခေါင်းထိတာတစ်ယောက်ပါ” ဟု ကလျာဏမိတ္တလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြော သည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်မှ ဒဏ်ရာရရှိခဲ့သော အမျိုးသား(၂)ဦးသည် အသက်(၁၈)နှစ်အရွယ်ခန့်ဖြစ်ပြီး အင်းဝင်(၉)လမ်းတွင်နေထိုင်ကြောင်း သိရသည်။
“မိသားစုဝင်တွေက ဖြစ်စဉ်ပြီးပြီးမကြာဘူး ရောက်လာကြပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
လက်ရှိတွင် ထိခိုက်ဒဏ်ရာရှိခဲ့သော အမျိုးသား(၂)ဦးကို ကလျာဏမိတ္တလူမှုကူညီးအသင်းမှကားဖြင့် ပဲခူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
zawgyi version
ပဲခူးၿမိဳ႕တြင္ ကားႏွင့္ဆိုင္ကယ္တို႔မ်က္ႏွာခ်င္းဆိုင္ တိုက္မိရာမွ အမ်ိဳးသား (၂)ဦးထိခိုက္ဒဏ္ရာရရွိ
သန႔္ဇင္ (NP News) - ဇူလိုင္ ၂၆
ပဲခူးတိုင္း၊ ပဲခူးၿမိဳ႕တြင္ ကားႏွင့္ဆိုင္ကယ္တို႔မ်က္ႏွာခ်င္းဆိုင္ တိုက္မိရာမွ အမ်ိဳးသား(၂)ဦးထိခိုက္ ဒဏ္ရာရရွိခဲ့ေၾကာင္း ကလ်ာဏမိတၱလူမႈကူညီေရးအသင္းထံမွ သိရသည္။
အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္သည္ ယေန႔(ဇူလိုင္လ ၂၆ ရက္)၊ မြန္းလြဲ ၁နာရီအခ်ိန္တြင္ ပဲခူးၿမိဳ႕၊ ရွင္ေစာပုရပ္ကြက္၊ ရွင္ေစာပုအုပ္ကံလမ္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
“ျဖစ္တာေတာ့ ကားနဲ႔ဆိုင္ကယ္နဲ႔တိုက္တာပဲသိတာပါ။ ေျခေထာက္ထိတာ တစ္ေယာက္နဲ႔ ေခါင္းထိတာတစ္ေယာက္ပါ” ဟု ကလ်ာဏမိတၱလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာ သည္။
အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္မွ ဒဏ္ရာရရွိခဲ့ေသာ အမ်ိဳးသား(၂)ဦးသည္ အသက္(၁၈)ႏွစ္အ႐ြယ္ခန႔္ျဖစ္ၿပီး အင္းဝင္(၉)လမ္းတြင္ေနထိုင္ေၾကာင္း သိရသည္။
“မိသားစုဝင္ေတြက ျဖစ္စဥ္ၿပီးၿပီးမၾကာဘူး ေရာက္လာၾကပါတယ္” ဟု ၎ကဆက္လက္ေျပာသည္။
လက္ရွိတြင္ ထိခိုက္ဒဏ္ရာရွိခဲ့ေသာ အမ်ိဳးသား(၂)ဦးကို ကလ်ာဏမိတၱလူမႈကူညီးအသင္းမွကားျဖင့္ ပဲခူးျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။