ဆန်စပါးဈေးကျဆင်းရန် အရန်ဆန် အိတ်(၅၀၀၀၀)ကို ဈေးကွက်ပေါက်ဈေးထက်နိမ့်သော ဈေးနှုန်းဖြင့် ထုတ်ရောင်းမည်

4698
ယွန်း (NP News) - ဇူလိုင် ၂၈
ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် အရန်ဆန်အိတ်ရေ(၅၀၀၀၀)ကိုထုတ်ရောင်းသွားရန် စီစဥ်နေကြောင်း မြန်မာနိုင်ငံစပါးအသင်းချုပ်မှ ကြေညာထားသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)မှ ယနေ့(ဇူလိုင်လ ၂၈ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ဆန်စပါးဈေးကွက် နှင့် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ပို့ကုန်ကုမ္ပဏီများ၏ ပူးပေါင်းပါဝင်မှုဖြင့် စုဆောင်းထားသည့် အရန်ဆန်များ အပါအဝင် အခြားသောအစီအစဥ်ဖြင့် စီစဥ်ထားသော အရန်ဆန်များအား ဈေးကွက်အတွင်းသို့ အမြန်ဆုံးရောင်းချသွားမည်ဖြစ်ကြောင်း MRF မှ ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ အစီအစဥ်ဖြင့် ကနဦးအနေဖြင့် (၂၅ % အဆင့်- Single Polished & Sorted) ၅၀ ကီလိုအိတ်၊ အိတ်ရေ (၅၀၀၀၀)ကို ဦးစွာထုတ်ရောင်းပေးသွားမည်ဖြစ်ပြီး လိုအပ်ပါကထပ်မံ တိုးမြှင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ဆန်စပါးအသင်းချုပ်ရဲ့ အရန်ဆန်အိတ်(၅၀၀၀၀)ကို ထုတ်ရောင်းမှာပါ။ လိုရင်လည်းလိုသလိုထပ်ပြီးတော့ ထုတ်ရောင်းမှာပေါ့။ ကုန်စည်ဒိုင်တွေကနေရောင်းမယ်။ လက်လီဆိုင်တွေကိုရောင်းပေးမယ်။ ပြီးရင် စက်မှုဇုန်တွေမှာရှိတဲ့ စက်ရုံတွေက ဝန်ထမ်းတွေအတွက် လိုအပ်မှုရှိတယ် ဆိုရင်ရောင်းပေးမှာပါ” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က NP News ကိုပြောသည်။
အဆိုပါ ဆန်အိတ်များကို သြဂုတ်လအတွင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရပြီး ကုန်စည်ဒိုင်များ၊ ရပ်ကွက်များအတွင်းရှိ လက်လီဆန် ဆိုင်များနှင့် စက်မှုဇုန်များရှိ ဝန်ထမ်းများကို ရောင်းချမည်ဖြစ်ကာ ရောင်းချမည့်ရက်ကို သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက အသိပေးပြောကြားထားသည်။
၎င်းအရန်ဆန်များကို သင့်တင်မျှတ၍သက်သာသည့်ဈေးနှုန်းများဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရပြီး သတင်းအမှားများ၊ ကောလာဟလများကြောင့် မဖြစ်သင့်သည့်ဈေးနှုန်းများဖြစ်ပေါ်နေသည့် အတွက် ဈေးကွက်ပေါက်ဈေးထက်နိမ့်သောဈေးဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း ဦးရဲမင်းအောင်က ဆက်လက်ပြောသည်။
“သင့်တင့်မျှတပြီးသက်သာတဲ့ဈေးနဲ့ရောင်းမယ် ဈေးကွက်ပေါက်ဈေးအောက်မှာလျှော့ရောင်းမယ်။ အဓိကကတော့ ရန်ကုန်က အဓိက ဖြစ်တော့ ရန်ကုန်ကိုတော့ဦးစားပေးတာပေါ့။ ရန်ကုန်ကကုန်စည်ဒိုင်ကနေ ရခိုင်အပါအဝင် တစ်နိုင်ငံလုံးကို သွားနေရတာဆိုတော့ ရန်ကုန် ကုန်စည်ဒိုင်တွေမှာရောင်းမယ်။ စက်ရုံအလုပ်ရုံဆိုလည်း ရန်ကုန်မှာက ဝန်ထမ်းတွေအများကြီးရှိတာလေ အခြေခံလိုအပ်ချက်တွေလည်းဖြစ်တယ်” ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ရောင်းမည့် အရန်ဆန်အိတ်(၅၀၀၀၀)သည် ကနဦးထုတ်ရောင်းခြင်းဖြစ်ပြီး ဈေးကွက်အခြေအနေပေါ်မူတည်ပြီး လိုအပ်လျှင် လိုအပ်သလို ထုတ်ရောင်းသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ဆန်ဖူလုံမှုအပြည့်အဝရှိပြီး ပိုလျှံမှုကိုပြည်ပသို့ စနစ်တကျတွက်ချက်တင်ပို့နေခြင်းဖြစ်သောကြောင့် သတင်းမှားများ၊ ကောလာဟလများကြောင့် စားသုံးသူများ စိုးရိမ်မှုဖြင့် ဆန်များဝယ်ယူစုဆောင်းခြင်း၊ စိုးရိမ်ပူပန်ခြင်းများမဖြစ်စေရေးနှင့် ဆန်များကို လိုအပ်မှသာ ဝယ်ယူရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။
လက်ရှိတွင် ဈေးကွက်အတွင်း ဆန်ဈေးနှုန်းမြင့်တက်မှုများသည် ဆက်လက်ဖြစ်ပေါ်လျက်ရှိပြီး ယခင်က တစ်အိတ်လျှင်(၄၀၀၀၀)ကျပ်သာပေးရသည့် ဆန်များသည် တစ်သိန်းကျပ်ဝန်းကျင်ခန့်ရှိနေပြီး (၆၀၀၀၀)ကျပ်ဖြင့် ပေးဝယ်ခဲ့ရသည့် ဆန်အိတ်များသည် လက်ရှိတွင် (၁၅၀၀၀၀)ကျပ်နီးပါးအထိ ဈေးမြင့်တက်လျက်ရှိနေသည်။

zawgyi version
ဆန္စပါးေဈးက်ဆင္းရန္ အရန္ဆန္ အိတ္(၅၀၀၀၀)ကို ေဈးကြက္ေပါက္ေဈးထက္နိမ့္ေသာ ေဈးႏႈန္းျဖင့္ ထုတ္ေရာင္းမည္
ယြန္း (NP News) - ဇူလိုင္ ၂၈
ဆန္စပါးေဈးကြက္ႏွင့္ ေဈးႏႈန္းတည္ၿငိမ္ေစေရးအတြက္ အရန္ဆန္အိတ္ေရ(၅၀၀၀၀)ကိုထုတ္ေရာင္းသြားရန္ စီစဥ္ေနေၾကာင္း ျမန္မာႏိုင္ငံစပါးအသင္းခ်ဳပ္မွ ေၾကညာထားသည္။
ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္(MRF)မွ ယေန႔(ဇူလိုင္လ ၂၈ ရက္)တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
ဆန္စပါးေဈးကြက္ ႏွင့္ ေဈးႏႈန္းတည္ၿငိမ္ေစေရးအတြက္ ပို႔ကုန္ကုမၸဏီမ်ား၏ ပူးေပါင္းပါဝင္မႈျဖင့္ စုေဆာင္းထားသည့္ အရန္ဆန္မ်ား အပါအဝင္ အျခားေသာအစီအစဥ္ျဖင့္ စီစဥ္ထားေသာ အရန္ဆန္မ်ားအား ေဈးကြက္အတြင္းသို႔ အျမန္ဆုံးေရာင္းခ်သြားမည္ျဖစ္ေၾကာင္း MRF မွ ထုတ္ျပန္ထားသည္။
ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္၏ အစီအစဥ္ျဖင့္ ကနဦးအေနျဖင့္ (၂၅ % အဆင့္- Single Polished & Sorted) ၅၀ ကီလိုအိတ္၊ အိတ္ေရ (၅၀၀၀၀)ကို ဦးစြာထုတ္ေရာင္းေပးသြားမည္ျဖစ္ၿပီး လိုအပ္ပါကထပ္မံ တိုးျမႇင့္ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
“ဆန္စပါးအသင္းခ်ဳပ္ရဲ႕ အရန္ဆန္အိတ္(၅၀၀၀၀)ကို ထုတ္ေရာင္းမွာပါ။ လိုရင္လည္းလိုသလိုထပ္ၿပီးေတာ့ ထုတ္ေရာင္းမွာေပါ့။ ကုန္စည္ဒိုင္ေတြကေနေရာင္းမယ္။ လက္လီဆိုင္ေတြကိုေရာင္းေပးမယ္။ ၿပီးရင္ စက္မႈဇုန္ေတြမွာရွိတဲ့ စက္႐ုံေတြက ဝန္ထမ္းေတြအတြက္ လိုအပ္မႈရွိတယ္ ဆိုရင္ေရာင္းေပးမွာပါ” ဟု ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ ဥကၠ႒ ဦးရဲမင္းေအာင္က NP News ကိုေျပာသည္။
အဆိုပါ ဆန္အိတ္မ်ားကို ၾသဂုတ္လအတြင္း ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္းသိရၿပီး ကုန္စည္ဒိုင္မ်ား၊ ရပ္ကြက္မ်ားအတြင္းရွိ လက္လီဆန္ ဆိုင္မ်ားႏွင့္ စက္မႈဇုန္မ်ားရွိ ဝန္ထမ္းမ်ားကို ေရာင္းခ်မည္ျဖစ္ကာ ေရာင္းခ်မည့္ရက္ကို သတင္းထုတ္ျပန္ေပးသြားမည္ျဖစ္ေၾကာင္း ၎က အသိေပးေျပာၾကားထားသည္။
၎အရန္ဆန္မ်ားကို သင့္တင္မွ်တ၍သက္သာသည့္ေဈးႏႈန္းမ်ားျဖင့္ ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း သိရၿပီး သတင္းအမွားမ်ား၊ ေကာလာဟလမ်ားေၾကာင့္ မျဖစ္သင့္သည့္ေဈးႏႈန္းမ်ားျဖစ္ေပၚေနသည့္ အတြက္ ေဈးကြက္ေပါက္ေဈးထက္နိမ့္ေသာေဈးျဖင့္ ေရာင္းခ်သြားမည္ျဖစ္ေၾကာင္း ဦးရဲမင္းေအာင္က ဆက္လက္ေျပာသည္။
“သင့္တင့္မွ်တၿပီးသက္သာတဲ့ေဈးနဲ႔ေရာင္းမယ္ ေဈးကြက္ေပါက္ေဈးေအာက္မွာေလွ်ာ့ေရာင္းမယ္။ အဓိကကေတာ့ ရန္ကုန္က အဓိက ျဖစ္ေတာ့ ရန္ကုန္ကိုေတာ့ဦးစားေပးတာေပါ့။ ရန္ကုန္ကကုန္စည္ဒိုင္ကေန ရခိုင္အပါအဝင္ တစ္ႏိုင္ငံလုံးကို သြားေနရတာဆိုေတာ့ ရန္ကုန္ ကုန္စည္ဒိုင္ေတြမွာေရာင္းမယ္။ စက္႐ုံအလုပ္႐ုံဆိုလည္း ရန္ကုန္မွာက ဝန္ထမ္းေတြအမ်ားႀကီးရွိတာေလ အေျခခံလိုအပ္ခ်က္ေတြလည္းျဖစ္တယ္” ဟု ၎ကေျပာသည္။
ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ ထုတ္ေရာင္းမည့္ အရန္ဆန္အိတ္(၅၀၀၀၀)သည္ ကနဦးထုတ္ေရာင္းျခင္းျဖစ္ၿပီး ေဈးကြက္အေျခအေနေပၚမူတည္ၿပီး လိုအပ္လွ်င္ လိုအပ္သလို ထုတ္ေရာင္းသြားမည္ျဖစ္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံအေနျဖင့္ ဆန္ဖူလုံမႈအျပည့္အဝရွိၿပီး ပိုလွ်ံမႈကိုျပည္ပသို႔ စနစ္တက်တြက္ခ်က္တင္ပို႔ေနျခင္းျဖစ္ေသာေၾကာင့္ သတင္းမွားမ်ား၊ ေကာလာဟလမ်ားေၾကာင့္ စားသုံးသူမ်ား စိုးရိမ္မႈျဖင့္ ဆန္မ်ားဝယ္ယူစုေဆာင္းျခင္း၊ စိုးရိမ္ပူပန္ျခင္းမ်ားမျဖစ္ေစေရးႏွင့္ ဆန္မ်ားကို လိုအပ္မွသာ ဝယ္ယူရန္ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္က ထုတ္ျပန္ထားသည္။
လက္ရွိတြင္ ေဈးကြက္အတြင္း ဆန္ေဈးႏႈန္းျမင့္တက္မႈမ်ားသည္ ဆက္လက္ျဖစ္ေပၚလ်က္ရွိၿပီး ယခင္က တစ္အိတ္လွ်င္(၄၀၀၀၀)က်ပ္သာေပးရသည့္ ဆန္မ်ားသည္ တစ္သိန္းက်ပ္ဝန္းက်င္ခန႔္ရွိေနၿပီး (၆၀၀၀၀)က်ပ္ျဖင့္ ေပးဝယ္ခဲ့ရသည့္ ဆန္အိတ္မ်ားသည္ လက္ရွိတြင္ (၁၅၀၀၀၀)က်ပ္နီးပါးအထိ ေဈးျမင့္တက္လ်က္ရွိေနသည္။