စဉ့်ကိုင်မြို့နယ်၌ ရထားသံလမ်းဆက်ပြား နှင့် သံလမ်းမူလီများကို ဖြုတ်ခိုးသူအပါအဝင် လက်ခံဝယ်ယူသူများအား ဖမ်းဆီး

 3049

NP News - ဇူလိုင် ၂၉

မန္တလေးတိုင်း၊ စဉ့်ကူမြို့နယ်တွင် ပုလိပ်ဘူတာ နှင့် စဉ့်ကိုင်ဘူတာကြား မိုင်တိုင် အမှတ်(၃၇၁/၁ မှ ၃) အတွင်းရှိ ရထားသံလမ်းဆက်ပြားများနှင့် သံလမ်းမူလီများ ဖြုတ်ခိုးခဲ့သူများအား ဖမ်းဆီးရမိခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်များမှ သိရသည်။

အဆိုပါ ရထားသံလမ်းများဖြုတ်ခိုးခဲ့သူများကို ပြီးခဲ့သော (ဇူလိုင်လ ၂၅ ရက်)တွင် စဉ့်ကိုင်မြို့နယ်၊ မိုင်တိုင်အမှတ် (၃၈၅/၂) အနီးရှိ ကျူးကျော်တဲများတွင် ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

အဆိုပါ ကျူးကျော်တဲများတွင်နေထိုင်သူများသည် ချမ်းငြိမ်းအောင်၊ ရန်အောင်၊ ဇော်ထက်၊ နုနုဝင်းတို့ဖြစ်ပြီး ၎င်းတို့အား ရထားသံလမ်းမူလီနှင့် ဂျွိုင်းဆက်များဖြုတ်ရာတွင် အသုံးပြုသည့် ပိုက်ဂိုက်တစ်ချောင်း၊ ဆိုင်ကယ် (၂)စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ဆက်လက်စစ်ဆေးမေးမြန်းချက်များအရ ၎င်းတို့ဖြုတ်ခိုးခဲ့သောပစ္စည်းများကို ပြည်ကြီးတံခွန်မြို့နယ် (ဆ)ရပ်ကွက် စက်မှုပန်းခြံလမ်းရှိ “ထိပ်တန်း” (ဒန်၊သတ္တု၊သံ၊ပုလင်း)ရောင်းဝယ်ရေးဆိုင်၌ ရောင်းချခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အထက်ပါဆိုင်သို့ သွားရောက်ရှာဖွေခဲ့ရာ ဆိုင်ပိုင်ရှင် တင်တင်ချိုနှင့် ကြွယ်မောင်တို့(၂)ဦးကို မီးရထားသံလမ်းဂျွိုင်းဆက်(၂၄)ချောင်း၊ မီးရထားသံလမ်းမူလီ(၁၅)ချောင်းတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးရမိသူများကို အရေးယူနိုင်ရေး သက်ဆိုင်ရာမှ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆက်စပ်ကျူးလွန်သူများကို စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း နစက၏သတင်းထုတ်ပြန်ချက်များမှ သိရသည်။

၎င်းကဲ့သို့ ရထားသံလမ်းဖြုတ်ခိုးခံရမှုကြောင့် (ဇူလိုင်လ ၂၄ ရက်) ညပိုင်းတွင် မြစ်ငယ်မြို့မှရန်ကုန်တိုင်း ရွာသာကြီးသို့ထွက်ခွါလာသည့် ကွန်တိန်နာတွဲ(၅)တွဲ အပြည့်တင်ဆောင်လာသော အမှတ်(၉၂၄)အစုန် ရထားသည်လည်း လမ်းချော်မှုဖြစ်ပွားခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်များမှ သိရသည်။

zawgyi version
စဥ့္ကိုင္ၿမိဳ႕နယ္၌ ရထားသံလမ္းဆက္ျပား ႏွင့္ သံလမ္းမူလီမ်ားကို ျဖဳတ္ခိုးသူအပါအဝင္ လက္ခံဝယ္ယူသူမ်ားအား ဖမ္းဆီး

NP News - ဇူလိုင္ ၂၉

မႏၲေလးတိုင္း၊ စဥ့္ကူၿမိဳ႕နယ္တြင္ ပုလိပ္ဘူတာ ႏွင့္ စဥ့္ကိုင္ဘူတာၾကား မိုင္တိုင္ အမွတ္(၃၇၁/၁ မွ ၃) အတြင္းရွိ ရထားသံလမ္းဆက္ျပားမ်ားႏွင့္ သံလမ္းမူလီမ်ား ျဖဳတ္ခိုးခဲ့သူမ်ားအား ဖမ္းဆီးရမိခဲ့ေၾကာင္း နစက၏ သတင္းထုတ္ျပန္ခ်က္မ်ားမွ သိရသည္။

အဆိုပါ ရထားသံလမ္းမ်ားျဖဳတ္ခိုးခဲ့သူမ်ားကို ၿပီးခဲ့ေသာ (ဇူလိုင္လ ၂၅ ရက္)တြင္ စဥ့္ကိုင္ၿမိဳ႕နယ္၊ မိုင္တိုင္အမွတ္ (၃၈၅/၂) အနီးရွိ က်ဴးေက်ာ္တဲမ်ားတြင္ ဖမ္းဆီးမိခဲ့ေၾကာင္း သိရသည္။

အဆိုပါ က်ဴးေက်ာ္တဲမ်ားတြင္ေနထိုင္သူမ်ားသည္ ခ်မ္းၿငိမ္းေအာင္၊ ရန္ေအာင္၊ ေဇာ္ထက္၊ ႏုႏုဝင္းတို႔ျဖစ္ၿပီး ၎တို႔အား ရထားသံလမ္းမူလီႏွင့္ ဂြၽိဳင္းဆက္မ်ားျဖဳတ္ရာတြင္ အသုံးျပဳသည့္ ပိုက္ဂိုက္တစ္ေခ်ာင္း၊ ဆိုင္ကယ္ (၂)စီးတို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ေနာက္ ဆက္လက္စစ္ေဆးေမးျမန္းခ်က္မ်ားအရ ၎တို႔ျဖဳတ္ခိုးခဲ့ေသာပစၥည္းမ်ားကို ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ (ဆ)ရပ္ကြက္ စက္မႈပန္းၿခံလမ္းရွိ “ထိပ္တန္း” (ဒန္၊သတၱဳ၊သံ၊ပုလင္း)ေရာင္းဝယ္ေရးဆိုင္၌ ေရာင္းခ်ခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ အထက္ပါဆိုင္သို႔ သြားေရာက္ရွာေဖြခဲ့ရာ ဆိုင္ပိုင္ရွင္ တင္တင္ခ်ိဳႏွင့္ ႂကြယ္ေမာင္တို႔(၂)ဦးကို မီးရထားသံလမ္းဂြၽိဳင္းဆက္(၂၄)ေခ်ာင္း၊ မီးရထားသံလမ္းမူလီ(၁၅)ေခ်ာင္းတို႔ႏွင့္အတူ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ ဖမ္းဆီးရမိသူမ်ားကို အေရးယူႏိုင္ေရး သက္ဆိုင္ရာမွ ေဆာင္႐ြက္လ်က္ရွိေၾကာင္းႏွင့္ ဆက္စပ္က်ဴးလြန္သူမ်ားကို စုံစမ္းေဖာ္ထုတ္လ်က္ရွိေၾကာင္း နစက၏သတင္းထုတ္ျပန္ခ်က္မ်ားမွ သိရသည္။

၎ကဲ့သို႔ ရထားသံလမ္းျဖဳတ္ခိုးခံရမႈေၾကာင့္ (ဇူလိုင္လ ၂၄ ရက္) ညပိုင္းတြင္ ျမစ္ငယ္ၿမိဳ႕မွရန္ကုန္တိုင္း ႐ြာသာႀကီးသို႔ထြက္ခြါလာသည့္ ကြန္တိန္နာတြဲ(၅)တြဲ အျပည့္တင္ေဆာင္လာေသာ အမွတ္(၉၂၄)အစုန္ ရထားသည္လည္း လမ္းေခ်ာ္မႈျဖစ္ပြားခဲ့ေၾကာင္း နစက၏ သတင္းထုတ္ျပန္ခ်က္မ်ားမွ သိရသည္။

Related news

© 2021. All rights reserved.