အားကစားနှင့်ကာယပညာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ရာထူးနေရာ(၂၅)ခုအတွက် လျှောက်လွှာများခေါ်ယူ

1137
စော (NP News) - ဇူလိုင် ၃၁
အားကစားနှင့် ကာယပညာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဒုကြီးကြပ်ရေးမှူးနှင့် နည်းပြရာထူးလျှောက်လွှာများခေါ်ယူနေကြောင်း သိရသည်။

အားကစားနှင့် ကာယပညာဦးစီးဌာနမှ ယနေ့(ဇူလိုင်လ ၃၁ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာများတွင် အထက်ပါကဲ့သို့ အသိပေးကြေညာထားခြင်းဖြစ်သည်။
အဆိုပါ ရာထူး(၂၅)နေရာ အနက် နည်းပြနေရာအတွက် (၁၅)နေရာ၊ စာရင်းကိုင် (၂)နေရာအတွက် (၅)နေရာနှင့် ဒုကြီးကြပ်ရေးမှူး(ထိန်းသိမ်းရေး)နေရာအတွက် (၅)နေရာတို့ကို ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားလိုသူများသည် လျှောက်လွှာပိတ်သည့်နေ့တွင် အသက်(၃၀)နှစ်ထက်မကျော်ရန်လိုအပ်ပြီး ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်မကျော်လွန်သူဖြစ်ရန်လိုကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
လျှောက်လွှာများကို ဩဂုတ်လကုန်တွင် နောက်ဆုံးထား၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ရုံးအမှတ် (၃၁)သို့ လျှောက်ထားရမည်ဖြစ်ပြီး အစိုးရဌာနတစ်ခုခုတွင် ချိန်နှုန်းလစာနှင့် တာဝန်ထမ်းဆောင်နေသူများသည် သက်ဆိုင်ရာဌာနမှတစ်ဆင့် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင်လျှောက်ထားသူများသည် အားကစာဆိုင်ရာ၊ အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတဘာသာရပ်များကို ရေးဖြေစာမေးပွဲဖြေရဆိုရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
နည်းပြရာထူးအတွက် ရေးဖြေစာမေးပွဲအောင်မြင်သူများကို အားကစားနှင့်ကြံ့ခိုင်စွမ်းရည်စစ်ဆေး၍ လူတွေ့စာမေးပွဲဖြေဆိုခွင့်ပြုမည်ဖြစ်ပြီး ကျန်ရာထူးများအတွက် ရေးဖြေအောင်မြင်ပြီးသူများကိုသာ လူတွေ့စာမေးပွဲဖြေဆိုခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
zawgyi version
အားကစားႏွင့္ကာယပညာဦးစီးဌာနတြင္ လစ္လပ္လ်က္ရွိေသာ ရာထူးေနရာ(၂၅)ခုအတြက္ ေလွ်ာက္လႊာမ်ားေခၚယူ
ေစာ (NP News) - ဇူလိုင္ ၃၁
အားကစားႏွင့္ ကာယပညာဦးစီးဌာနတြင္ လစ္လပ္လ်က္ရွိေသာ ဒုႀကီးၾကပ္ေရးမႉးႏွင့္ နည္းျပရာထူးေလွ်ာက္လႊာမ်ားေခၚယူေနေၾကာင္း သိရသည္။
အားကစားႏွင့္ ကာယပညာဦးစီးဌာနမွ ယေန႔(ဇူလိုင္လ ၃၁ ရက္)ထုတ္ ႏိုင္ငံပိုင္သတင္းစာမ်ားတြင္ အထက္ပါကဲ့သို႔ အသိေပးေၾကညာထားျခင္းျဖစ္သည္။
အဆိုပါ ရာထူး(၂၅)ေနရာ အနက္ နည္းျပေနရာအတြက္ (၁၅)ေနရာ၊ စာရင္းကိုင္ (၂)ေနရာအတြက္ (၅)ေနရာႏွင့္ ဒုႀကီးၾကပ္ေရးမႉး(ထိန္းသိမ္းေရး)ေနရာအတြက္ (၅)ေနရာတို႔ကို ေခၚယူသြားမည္ျဖစ္ေၾကာင္း သိရသည္။
ေလွ်ာက္ထားလိုသူမ်ားသည္ ေလွ်ာက္လႊာပိတ္သည့္ေန႔တြင္ အသက္(၃၀)ႏွစ္ထက္မေက်ာ္ရန္လိုအပ္ၿပီး ဝန္ထမ္းျဖစ္ပါက အသက္(၃၅)ႏွစ္မေက်ာ္လြန္သူျဖစ္ရန္လိုေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။
ေလွ်ာက္လႊာမ်ားကို ဩဂုတ္လကုန္တြင္ ေနာက္ဆုံးထား၍ အားကစားႏွင့္ လူငယ္ေရးရာဝန္ႀကီးဌာန၊ ႐ုံးအမွတ္ (၃၁)သို႔ ေလွ်ာက္ထားရမည္ျဖစ္ၿပီး အစိုးရဌာနတစ္ခုခုတြင္ ခ်ိန္ႏႈန္းလစာႏွင့္ တာဝန္ထမ္းေဆာင္ေနသူမ်ားသည္ သက္ဆိုင္ရာဌာနမွတစ္ဆင့္ ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ေလွ်ာက္ထားသူမ်ားသည္ အားကစာဆိုင္ရာ၊ အဂၤလိပ္စာႏွင့္ အေထြေထြဗဟုသုတဘာသာရပ္မ်ားကို ေရးေျဖစာေမးပြဲေျဖရဆိုရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။
နည္းျပရာထူးအတြက္ ေရးေျဖစာေမးပြဲေအာင္ျမင္သူမ်ားကို အားကစားႏွင့္ႀကံ့ခိုင္စြမ္းရည္စစ္ေဆး၍ လူေတြ႕စာေမးပြဲေျဖဆိုခြင့္ျပဳမည္ျဖစ္ၿပီး က်န္ရာထူးမ်ားအတြက္ ေရးေျဖေအာင္ျမင္ၿပီးသူမ်ားကိုသာ လူေတြ႕စာေမးပြဲေျဖဆိုခြင့္ျပဳမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။