“အမေရိကန်ငွေချေးစာချုပ်တွေအစား ရွှေကို အစားထိုးစုဆောင်းလာကြတဲ့ နိုင်ငံတကာ ဗဟိုဘဏ်များ” (ဘာသာပြန်ဆောင်းပါး)

 1835

မောင်တင်ထွန်း (နတ်မောက်) (NP News) - ဩဂုတ် ၁

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဇူလိုင်လ ၁၉ ရက် နောက်ဆုံးထုတ်ပြန်တဲ့ သတင်းအချက် အလက်တွေအရ တရုတ်နိုင်ငံက ကိုင်ထားတဲ့ အမေရိကန်ငွေချေးစာချုပ်ပမာဏဟာ ဖြည်းဖြည်းချင်း ဆက်လက် ကျဆင်းနေတာတွေ့ရပါတယ်။ ဒါဟာ ၂၀၁၃ ခုနှစ်က အမြင့်ဆုံးရှိခဲ့တဲ့ ၁၃.၁၆၇ ထရီလျံဒေါ်လာဖိုးကနေ ၃၅ % ကျဆင်းသွားတာဖြစ်ပြီး ယခုအခါမှာ ၈၄၆.၇ ဘီလျံဒေါ်လာဖိုးသာ ရှိပါတော့တယ်။ ဒီပမာဏဟာ ၂၀၀၉ ခုနှစ်ကစလို့ အနိမ့်ဆုံးပမာဏပါ။ ဒီအခြေအနေမှာ တရုတ်ဟာ သူကိုင်ထားတဲ့ အမေရိကန်ငွေ ချေးစာချုပ် ပမာဏကို ဒေါ်လာဘီလျံ ၁၀၀ လောက်အထိ ဆက်လက်လျှော့ချနိုင်တယ်လို့ အမေရိကန်တွေက စိုးရိမ်ပူပန် နေကြပါတယ်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးကိုယ်တိုင်က အာမခံချက်အပြည့်အဝမပေး
ဘဏ္ဍာရေးဝန်ကြီး ယဲလင်း ‌နောက်ဆုံးသွားခဲ့တဲ့ တရုတ်ခရီးစဉ်အတွင်းမှာ အမေရိကန် ငွေချေးစာ ချုပ်တွေကို ဆက်လက်ဝယ်ယူပေးဖို့ လျှို့ဝှက်ဆွေးနွေးညှိနှိုင်းခဲ့တာရှိပါတယ်။ ဒါပေမယ့် အမေရိကန်ငွေချေး စာချုပ်တဲ့ဝယ်ယူနေတဲ့ လက်ရှိမဟာဗျူဟာကို တရုတ်က တစုံတရာလိုက်လျောတဲ့ ပုံမတွေ့ရပါဘူး။ အမေရိ ကန်က‌တော့ သူ့ရဲ့ငွေချေးစာချုပ်တွေကို အဓိကဝယ်ယူနေတဲ့ ဝယ်လက်ကို အနီးကပ်စောင့်ကြည့်နေပါတယ်။

ဇူလိုင်လ ၁၉ ရက် သတင်းမီဒီယာနဲ့ အင်တာဗျူးရာမှာ ယဲလင်းက “တကယ်လို့ အမေရိကန်ဟာ အများဆုံး အကြွေးယူခွင့် debt ceiling နဲ့ပတ်သက်ပြီး ပြဿနာကြုံလာခဲ့ရင်၊ တရုတ်အပါအဝင် ကြွေးရှင်တွေကို ပေးစရာရှိတာ အပြည့်အဝမပေးနိုင်ခဲ့ရင် အမေရိကန်ငွေချေးစာချုပ်တွေကို အပြည့်အဝငွေပြန်ထုတ်ပေးဖို့က အာမခံချက်မရှိပါဘူး” လို့ ပွင့်ပွင့်လင်းလင်းပြောသွားပါတယ်။ ဒီထုတ်ပြန်ကြေညာချက်ကြောင့် စိုးရိမ်ပူပန်စရာ တွေ ဆက်လက်ဖြစ်ပေါ်လာပါတယ်။ ငွေချေးစာချုပ်တွေကို ဝယ်ယူအားပေးဖို့ စဉ်းစားလာကြပါတယ်။

မကြာသေးခင်နှစ်များအတွင်းမှာ အမေရိကန်ရဲ့ အများဆုံးအကြွေးယူခွင့် အကြပ်အတည်း debt ceiling crisis နဲ့ အကြွေးထူတဲ့ ပြဿနာကြောင့် အမေရိကန်ဘဏ္ဍာရေးအကြပ်အတည်း ဖြစ်နိုင်ချေရှိမှုက ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှုရှိ-မရှိဆိုတာ မေးစရာတွေပေါ်လာပါတယ်။ ၂၀၂၄ ဘဏ္ဍာနှစ် ဘတ်ဂျက်မှာ အကြွေးအတွက်လျာထားငွေ ဖော်ပြလာလိမ့်မယ်လို့ ကြိုတင်တွက်ဆနေကြပြီး အမေရိကန် အစိုးရအနေနဲ့ နောက်ထပ် အကြွေးဘတ်ဂျက် တိုက်ပွဲတစ်ခုကို လွှတ်တော်မှာဆင်နွှဲရပါလိမ့်မယ်။ အမေရိကန်ရဲ့ အများဆုံး အကြွေးယူခွင့် အကြပ်အတည်း debt ceiling crisis က ပိုမိုပြင်းထန်လာတဲ့အတွက် အစိုးရက အကြွေးဆပ်ဖို့ ပျက်ကွက်တဲ့ အကြပ်အတည်းဆီကို ဦးတည်လာနေပါတယ်။

တရုတ်တစ်နိုင်ငံထဲသာမကဘဲ ဂျပန်၊ ယူကေ နဲ့ ဘယ်လ်ဂျီယမ်အပါအဝင် တစ်ကမ္ဘာလုံးက ငွေကြေးအဖွဲ့ အစည်းပေါင်း ၂၂ ခုဟာ သူတို့လက်ဝယ်ကိုင်ထားတဲ့ အမေရိကန်ငွေတိုက်စာချုပ် ပမာဏကို လျှော့ချပစ်ဖို့အတွက် ဆက်လက်ရောင်းထုတ်နေကြပါတယ်။ သူတို့ ကိုင်ထားတဲ့ စုစုပေါင်း အကြွေးပမာဏဟာ လွန်ခဲ့တဲ့နှစ်မှာ ၇.၆၆ ထရီလျံဒေါ်လာရှိရာက ဒီနှစ်မှာ ၇.၅၂၇ ထရီလျံ‌ဒေါ်လာအထိ ကျဆင်းသွားပါတယ်။ အဲဒီအထဲက ဂျပန်နဲ့ တရုတ် နှစ်နိုင်ငံဟာ အမေရိကန်ငွေတိုက်စာချုပ်အများဆုံးကိုင်ထားသူတွေဖြစ်ကြသလို အများဆုံးထုတ်ရောင်းချနေသူ တွေလည်းဖြစ်ကြပြီး ဆက်လက်ရောင်းချနေဆဲဖြစ်ပါတယ်။ ဇူလိုင်လ ၂၀ ရက်က ဂျေပီမော်ဂန်ရဲ့ နောက်ဆုံး အချက်အလက်တွေက ပြနေတာက အမေရိကန်ငွေတိုက်စာချုပ်ရောင်းချမှုတွေဟာ ဖိအားပေးခံနေရတယ်ဆိုတာပါ။ ဒါကြောင့်နောက်နှစ်လအတွင်းမှာ တရုတ်အပါအဝင် တစ်ကမ္ဘာလုံးက ဗဟိုဘဏ်တွေအနေနဲ့ အမေရိကန် ‌ငွေတိုက်စာချုပ်တွေ ပိုမိုထုတ်ရောင်းချလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ငွေတိုက်စာချုပ်တွေအပေါ် (အတိုးနှုန်း+ တန်ဖိုးလျော့ရာခိုင်နှုန်း) The Yield တိုးမြင့်လာခြင်းက စာချုပ်ရောင်းလိုအားက ဝယ်လိုအားထက်ပို မို အားကောင်းနေတာကို ဖေါ်ပြနေပါတယ်။ အမေရိကန်ရဲ့ အကြီးဆုံးကြွေးရှင်ဖြစ်တဲ့ ဂျပန်ဟာ ဒီနှစ်မေလအတွင်းမှာ အမေရိကန်ငွေတိုက်စာချုပ် တော်တော်များများကို ထုတ်ရောင်းခဲ့ပြီး ကိုင်ထားတဲ့ ပမာဏကို လျှော့ချခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်အတွင်း စုစုပေါင်း ၁၂၃.၁ ဘီလျံဒေါ်လာဖိုး ရောင်းထုတ်ခဲ့တာပါ။ ဂျပန်ယန်းငွေ တန်ဖိုးထိန်းသိမ်းဖို့ ဆက်လက်ပြီးလည်း ထုတ်ရောင်းချလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ တရုတ်က ဧပြီလထဲမှာ ဒေါ်လာ သန်း ၄၀၀ ဖိုးနဲ့ မေလထဲမှာ ၂၂.၂ ဘီလျံဒေါ်လာဖိုး ဆက်တိုက်ထုတ်ရောင်းခဲ့ပြီး ကိုင်ထားတဲ့ စာချုပ်ပမာဏ တစ်ထရီလျံဒေါ်လာဖိုးအောက်မှာဘဲ ဆက်လက်ထိန်းသိမ်းထားပါတယ်။

အမေရိကန်ငွေချေးစာချုပ်အစား ရွှေကိုပြောင်းလာကြ
တရုတ်က အမေရိကန်ငွေတိုက်စာချုပ်တွေ ဒီလိုထုတ်ရောင်းနေသလို တစ်ဖက်မှာလည်း ရွှေဝယ်ယူ စုဆောင်းတဲ့ ပမာဏက တိုးမြင့်လာပါတယ်။ ၂၀၂၂ ခုနှစ်က ဝယ်ယူခဲ့တဲ့ ပမာဏဟာ လွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာ အများဆုံးစံချိန်တင်ခဲ့ပြီး တရုတ်ဗဟိုဘဏ်ဟာ ကမ္ဘာ့မှာ အကြီးဆုံး ရွှေဝယ်တဲ့ ဗဟိုဘဏ်ဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့ရွှေကောင်စီက ထုတ်ပြန်တဲ့ ၂၀၂၃ ခုနှစ် ဗဟိုဘဏ်များရဲ့ အရန်ရွှေပမာဏ စစ်တမ်းများအရ တရုတ်နိုင်ငံဟာ ဒီနှစ်ပထမ ၄ လအတွင်း ရွှေတန်ချိန် ၅၄၆ တန်တင်သွင်းခဲ့ကြောင်း သိရှိရပါတယ်။ ဒါဟာ ၂၀၁၅ ခုနှစ်ကစလို့ လေးလပတ်ဝယ်ယူတင်သွင်းမှုတွေမှာ အများဆုံးပါ။
တရုတ်ပြည်သူ့ဘဏ်ရဲ့ ဇူလိုင်လ ၇ ရက်ထုတ်ပြန်တဲ့ စာရင်းတွေအရ ဒီနှစ် ပထမ ၆ လအတွင်းမှာ အရန်ရွှေဘဏ္ဍာတိုက်ထဲကို ၇၄ တန်ဖြည့်တင်းခဲ့ပြီး လွန်ခဲ့တဲ့ နိုဝင်ဘာလကစလို့ စုစုပေါင်း ၁၆၅ တန်ဖြည့်တင်း ခဲ့တယ်လို့ဆိုပါတယ်။

တရုတ်ပြည်သူ့ဘဏ်နဲ့ ကမ္ဘာ့ရွှေကောင်စီကထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ ဒီနှစ်ပထမ ၆ လ အတွင်းမှာ တရုတ်က အမေရိကန်၊ ယူကေ နဲ့ ဆွစ်ဇာလန်တို့လို ကမ္ဘာ့ရွှေစျေးကွက်ကြီးတွေကနေ တင်သွင်းခဲ့တဲ့ ရွှေပမာဏဟာ တန်ချိန် ၆၂၀ ရှိတယ်လို့ဆိုပါတယ်။ ကမ္ဘာ့ရွှေကောင်စီက ဇူလိုင်လ ၁၁ ရက်က ဖော်ပြချက်အရ လွန်ခဲ့တဲ့နှစ်က ရွှေဝယ်ယူမှု စုစုပေါင်းဟာ ၁၁၃၆ တန်နဲ့ စံချိန်ကျိုးသွားခဲ့ပါတယ်။ ဒါဟာ ဗဟိုဘဏ်တွေက လေ့လာတွက်ချက်မှုတွေထက် ၃၀ % ပိုများပါတယ်။ ဒါဟာ သူတို့ရဲ့ အရန်ရွှေပမာဏကို ပိုမိုတိုးမြှင့်ဖို့ ရည် မှန်းနေကြကြောင်း ဖော်ပြချက်တစ်ခုပါ။ ရွှေကို ကိုင်ထားတာက အရင်းအတိုးရှုံးမယ့် အန္တရာယ်ရော တန်ဖိုး လျော့ကျမယ့် အန္တရာယ်ပါမရှိတဲ့အတွက် အမေရိကန် ငွေတိုက်စာချုပ်တွေရဲ့ အရင်းအတိုးဆုံးရှုံးမယ့် အန္တရာယ်ကို တန်ဖိုးဖြတ်ပေးတဲ့ ညွှန်ကိန်းတစ်ခုဖြစ်လာနေပါတယ်။ အမေရိကန်ငွေချေးစာချုပ်တွေ အများဆုံး ဝယ်ယူတဲ့ဗဟိုဘဏ်တွေဟာ အများဆုံးစာချုပ်ထုတ်ရောင်းချသူတွေဖြစ်လာကြတာက ပိုပိုထင်ရှားလာပါတယ်။

ပီတာရှစ်ဖ်က သူ့ရဲ့ ဗီဒီယိုအစီအစဉ်တစ်ခုမှာပြောခဲ့သလိုဘဲ “ကျွန်တော်တို့ဟာ အမေရိကန်ငွေချေး စာချုပ်တွေချရောင်းတဲ့ နောက်ထပ်လှိုင်း တစ်ခုဆီ ဦးတည်နေတာ ဖြစ်နိုင်ပါတယ်။ ထုတ်ရောင်းသူများလို့ စျေးထိုး ကျနေတဲ့ စာချုပ်စျေးကွက်ဟာ အမေရိကန် စတော့တွေနဲ့ အမေရိကန်ဒေါ်လာအပေါ်ကို ဆိုးဆိုးရွားရွား သက် ရောက်ပါလိမ့်မယ်လို့ပြောခဲ့တာပါ။ သူက ဂျပန်နဲ့ တရုတ်အပါအဝင် ကမ္ဘာ့ဗဟိုဘဏ်တွေဟာ အမေရိကန်ငွေချေး စာချုပ်တွေကို အလုံးအရင်းနဲ့ ထုတ်ရောင်းလာနိုင်တယ်လို့ ဆိုပါတယ်။

အဓိကအားဖြင့် အမေရိကန်အစိုးရဲ့ အကြွေးပြန်ဆပ်ဖို့ပျက်ကွက်မှုဖြစ်နိုင်ခြေပိုများလာတာမျိုး မသေ ချာမ‌ရေရာမှုတွေကြောင့်၊ တရုတ်က ငွေချေးစာချုပ်တွေ အကုန်ပြောင်စင်အောင် သွန်ထုတ်ရောင်းချပစ်နိုင်ပါ တယ်။ အမေရိကန် နိုင်ငံတကာ အခြေပစ္စည်းစီမံခန့်ခွဲရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ အင်ဗက်စကို Invesco က ဇူလိုင်လ ၁၈ က ပြုလုပ်တဲ့ လေ့လာဆန်းစစ်ချက်တစ်ခုမှာ လွတ်လပ်တဲ့ ရင်းနှီးမြှုပ်နှံ့ရေး ကုမ္ပဏီ ၈၅ ခုနဲ့ နိုင်ငံပေါင်းစုံက ဗဟိုဘဏ် ၅၇ ခု ကိုမေးမြန်းခဲ့ပါတယ်။ ပြန်လည်ဖြေကြားသူ ၄၁ ယောက်က နောက် ၃ နှစ်အတွင်းမှာ သူတို့ရဲ့ ရွှေဝယ်ယူစုဆောင်းမှုကို တိုးမြှင့်မယ်လို့ဆိုပါတယ်။ ဒီအင်စတီကျူးရှင်းတွေထဲက ၇၀ % သော ဗဟိုဘဏ်များက အမေရိကန်မှာထားတဲ့ သူတို့ရဲ့ရွှေတွေ အသိမ်းခံရမှာကို စိုးရိမ်မှုရှိကြောင်း ဖော်ပြကြပြီး ပြန်သယ်ယူဖို့ စီစဉ်နေကြတယ်လို့ဆိုပါတယ်။

ရွှေတုံးတွေကို ပြန်သယ်နေကြ
၂၀၂၂ ခုနှစ်ကတည်းက ဂျာမနီ၊ ပြင်သစ်၊ ဟန်ဂေရီ၊ တူရကီ၊ နယ်သာလန်၊ ဆလိုဗက်ကီးယား၊ ဘယ်လ်ဂျီယမ်၊ ဗင်နီဇွဲလား၊ သြစတြီးယား၊ ဆွစ်ဇာလန် နဲ့ သြစတြေးလျ နိုင်ငံ ၁၁ နိုင်ငံက ဗဟိုဘဏ်တွေဟာ အမေရိကန် ဗဟိုဘဏ်နဲ့ အင်္ဂလန်ဗဟိုဘဏ်တို့မှာထားတဲ့ ရွှေတွေကို ပြန်သယ်မယ်လို့ကြေငြာတာ၊ ဒါမှမဟုတ် လက်တွေ့ပြန်သယ်ယူတာတွေလုပ်ခဲ့ကြပါတယ်။ ဒါက နိုင်ငံတကာရွှေစျေးကွက်ထဲမှာ အပြောင်းအလဲတွေဖြစ်ဖို့ အလားအလာကို ညွှန်ပြနေတာပါ။ ဇူလိုင် ၁၆ ရက်က ပိုလန် ဗဟိုဘဏ်က နိုင်ငံရပ်ခြားငွေတိုက်တွေမှာရှိတဲ့ သူတို့ရဲ့ ရွှေတန်ချိန် ၁၀၀ ကိုပြန်သယ်ယူမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါက သူတို့ရဲ့ စီးပွားရေးအင်အားကို ထုတ်ဖော် ပြသဖို့ ရည်ရွယ်တာပါ။ ဒါကြောင့် ပိုလန်ဟာ အမေရိကန်မှာထားတဲ့ ရွှေတုံးတွေကို ပြန်သယ်မယ်လို့ ကြေငြာတဲ့ ၁၂ ခု မြောက်နိုင်ငံဖြစ်လာပါတယ်။ အမေရိကန် ဝက်ဆိုက်တစ်ခုဖြစ်တဲ့ Zero Hedge က ဇူလိုင်လ ၁၃ ရက်မှာ နိုင်ငံတော်တော်များဟာ နိုင်ငံရပ်ခြားမှာသိုလှောင်သိမ်းဆည်းထားတဲ့ သူတို့ရဲ့ ရွှေတုံးတွေကို ပြန်လည်သယ်ယူ နေကြတယ်လို့ ဖော်ပြခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအစိတ်စိတ်အမွှာမွှာ ပြိုကွဲပျက်စီးသွားမှာကို ပူပန် ကြတာကြောင့်ပါ။

တရုတ်ပြည်ကတော့ ၂၀၂၂ ခုနှစ်ကတည်းက အမေရိကန်ငွေချေးစာချုပ်တွေကို လျှော့ချဖို့အတွက် ရွှေကိုဝယ်ယူစုဆောင်းနေခဲ့တာပါ။ အမေရိကန်မှာ သိမ်းဆည်းထားတဲ့ ရွှေတုံး တန်ချိန် ၆၀၀ လောက်ကိုလည်း တရုတ်ကိုပြန်သယ်ယူဖို့ စီစဉ်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။ ဇူလိုင်လ ၁၈ ရက်မှာတော့ the bank of Italy အီတလီဘဏ်က အမေရိကန်ဗဟိုဘဏ်မှာ သိုလှောင်ထားတဲ့ ရွှေတုံးတန်ချိန် ၅၈၀ ကို ပြန်သယ်ယူဖို့ စီစဉ်နေတယ်လို့ တရားဝင်ကြေငြာပါတယ်။ ရူမေးနီးယားကလည်း အင်္ဂလန်ဘဏ်မှာရှိတဲ့ သူ့ရဲ့ရွှေတုံးတွေကို ပြန်လည်သယ်ယူဖို့ စီစဉ်နေတယ်လို့ ကြေညာပါတယ်။

ယူဘီအက်စ် အဖွဲ့တစ်ခုရဲ့ သုတေသန အစီရင်ခံစာတစ်ခုမှာ သုတေသီ အယ်လီနာ အမာရူဆိုက ဇူလိုင် ၁၉ ရက်မှာ အထက်ကဖော်ပြခဲ့တဲ့ ဖြစ်ရပ်ကိုအတည်ပြုပါတယ်။ အစီရင်ခံစာက ကမ္ဘာတလွှားက ဗဟိုဘဏ် တွေအနေနဲ့ မကြာသေးခင်က အရန်ရွှေအပေါ် အလွန်အမင်းစိတ်ဝင်စားမှုပြသလာတာဟာ သတိပြုဖို့ကောင်း တယ်လို့ဆိုပါတယ်။ ဘာဘဲဖြစ်ဖြစ်၊ နိုင်ငံအားလုံးရဲ့ အရန်ရွှေတွေကို နိုင်ငံခြားဘဏ်တွေမှာ နိုင်ငံခြားငွေနဲ့ ချေးငွေတွေအတွက် အပေါင်ပစ္စည်းအဖြစ်ထားတာဟာ အကောင်းဆုံးပါ။

ဖော်ပြဖို့သင့်တဲ့အချက်က နိုင်ငံတကာ ဘဏ္ဍာရေး သတင်းတွေအရ တရုတ်ဟာ လောလောဆယ်မှာ အမေရိကန်ဗဟိုဘဏ်မှာ ရွှေတန်ချိန် ၆၀၀ ထားရှိတယ်ဆိုတဲ့အချက်ပါ။
သြဂုတ်လအတွင်း တောင်အာဖရိကနိုင်ငံမှာကျင်းပမယ့် ဘရစ်ထိပ်သီးအစည်းအဝေးမှာ ရွှေကို ကျော ထောက်နောက်ခံထားတဲ့ ငွေကြေးတစ်ရပ်ထူထောင်ကြောင်း ကြေညာနိုင်ပါတယ်။ ဒီငွေကြေးသစ်က အမေရိကန် ဒေါ်လာကို အားနည်းသွားစေပြီး ဒေါ်လာနဲ့အပြိုင် ကမ္ဘာ့ကုန်သွယ်ရေးသုံးငွေတစ်ရပ်ဖြစ်လာနိုင်ပါတယ်။

ကမ္ဘာ့ရွှေကောင်စီရဲ့ အစီရင်ခံစာအရ အရှေ့အလယ်ပိုင်းဒေသက ဆော်ဒီအာရေဗျ၊ အီရန်နဲ့ ယူအေအီး အပါအဝင် ရေနံထုတ်လုပ်တဲ့နိုင်ငံတွေကလည်း ရွှေတွေကို မကြုံဖူးတဲ့ နှုန်းနဲ့ အလျင်အမြန်စုဆောင်းနေကြတယ် လို့ဆိုပါတယ်။ ၂၀၂၂ ခုနှစ်ကတည်းက ဒီနိုင်ငံတွေ သိုလှောင်စုဆောင်းထားတဲ့ ရွှေပမာဏဟာ အများအပြား တိုး တက်လာပါတယ်။ နှစ်စဉ် တစ်နှစ်ထက်တစ်နှစ် တိုးတက်လာတဲ့ ဝယ်လိုအားဟာ ၄၃% ရှိပါတယ်။

ပက်ထရိုဒေါ်လာ သဘောတူညီချက်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့သူတစ်ဦးရဲ့ အဆိုအရ၊ ဆော်ဒီအာ ရေဗျဟာ လွန်ခဲ့တဲ့ ၁၂ လအတွင်း အမေရိကန်ငွေချေးစာချုပ်တွေကို ရောင်းထုတ်ပစ်လိုက်တဲ့အတွက် ၂၀၂၁ ခုနှစ် နောက်ပိုင်း ၎င်းတို့ကိုင်ထားတဲ့ အမေရိကန်ငွေချေးစာချုပ် ပမာဏက အနိမ့်ဆုံးထိ လျော့ကျသွားတယ်လို့ သိရှိရ ပါကြောင်း။

ကိုးကား- BOND SELLING IS ONGOING! Yellen's WARNING to China!12 Nations REPATRIATE GOLD from US|AsianQuickTake

zawgyi version
“အေမရိကန္ေငြေခ်းစာခ်ဳပ္ေတြအစား ေ႐ႊကို အစားထိုးစုေဆာင္းလာၾကတဲ့ ႏိုင္ငံတကာ ဗဟိုဘဏ္မ်ား” (ဘာသာျပန္ေဆာင္းပါး)
ေမာင္တင္ထြန္း (နတ္ေမာက္) (NP News) - ဩဂုတ္ ၁

အေမရိကန္ ဘ႑ာေရးဝန္ႀကီးဌာနရဲ႕ ဇူလိုင္လ ၁၉ ရက္ ေနာက္ဆုံးထုတ္ျပန္တဲ့ သတင္းအခ်က္ အလက္ေတြအရ တ႐ုတ္ႏိုင္ငံက ကိုင္ထားတဲ့ အေမရိကန္ေငြေခ်းစာခ်ဳပ္ပမာဏဟာ ျဖည္းျဖည္းခ်င္း ဆက္လက္ က်ဆင္းေနတာေတြ႕ရပါတယ္။ ဒါဟာ ၂၀၁၃ ခုႏွစ္က အျမင့္ဆုံးရွိခဲ့တဲ့ ၁၃.၁၆၇ ထရီလ်ံေဒၚလာဖိုးကေန ၃၅ % က်ဆင္းသြားတာျဖစ္ၿပီး ယခုအခါမွာ ၈၄၆.၇ ဘီလ်ံေဒၚလာဖိုးသာ ရွိပါေတာ့တယ္။ ဒီပမာဏဟာ ၂၀၀၉ ခုႏွစ္ကစလို႔ အနိမ့္ဆုံးပမာဏပါ။ ဒီအေျခအေနမွာ တ႐ုတ္ဟာ သူကိုင္ထားတဲ့ အေမရိကန္ေငြ ေခ်းစာခ်ဳပ္ ပမာဏကို ေဒၚလာဘီလ်ံ ၁၀၀ ေလာက္အထိ ဆက္လက္ေလွ်ာ့ခ်ႏိုင္တယ္လို႔ အေမရိကန္ေတြက စိုးရိမ္ပူပန္ ေနၾကပါတယ္။

အေမရိကန္ဘ႑ာေရးဝန္ႀကီးကိုယ္တိုင္က အာမခံခ်က္အျပည့္အဝမေပး
ဘ႑ာေရးဝန္ႀကီး ယဲလင္း ‌ေနာက္ဆုံးသြားခဲ့တဲ့ တ႐ုတ္ခရီးစဥ္အတြင္းမွာ အေမရိကန္ ေငြေခ်းစာ ခ်ဳပ္ေတြကို ဆက္လက္ဝယ္ယူေပးဖို႔ လွ်ိဳ႕ဝွက္ေဆြးေႏြးညႇိႏႈိင္းခဲ့တာရွိပါတယ္။ ဒါေပမယ့္ အေမရိကန္ေငြေခ်း စာခ်ဳပ္တဲ့ဝယ္ယူေနတဲ့ လက္ရွိမဟာဗ်ဴဟာကို တ႐ုတ္က တစုံတရာလိုက္ေလ်ာတဲ့ ပုံမေတြ႕ရပါဘူး။ အေမရိ ကန္က‌ေတာ့ သူ႔ရဲ႕ေငြေခ်းစာခ်ဳပ္ေတြကို အဓိကဝယ္ယူေနတဲ့ ဝယ္လက္ကို အနီးကပ္ေစာင့္ၾကည့္ေနပါတယ္။

ဇူလိုင္လ ၁၉ ရက္ သတင္းမီဒီယာနဲ႔ အင္တာဗ်ဴးရာမွာ ယဲလင္းက “တကယ္လို႔ အေမရိကန္ဟာ အမ်ားဆုံး အေႂကြးယူခြင့္ debt ceiling နဲ႔ပတ္သက္ၿပီး ျပႆနာႀကဳံလာခဲ့ရင္၊ တ႐ုတ္အပါအဝင္ ေႂကြးရွင္ေတြကို ေပးစရာရွိတာ အျပည့္အဝမေပးႏိုင္ခဲ့ရင္ အေမရိကန္ေငြေခ်းစာခ်ဳပ္ေတြကို အျပည့္အဝေငြျပန္ထုတ္ေပးဖို႔က အာမခံခ်က္မရွိပါဘူး” လို႔ ပြင့္ပြင့္လင္းလင္းေျပာသြားပါတယ္။ ဒီထုတ္ျပန္ေၾကညာခ်က္ေၾကာင့္ စိုးရိမ္ပူပန္စရာ ေတြ ဆက္လက္ျဖစ္ေပၚလာပါတယ္။ ေငြေခ်းစာခ်ဳပ္ေတြကို ဝယ္ယူအားေပးဖို႔ စဥ္းစားလာၾကပါတယ္။

မၾကာေသးခင္ႏွစ္မ်ားအတြင္းမွာ အေမရိကန္ရဲ႕ အမ်ားဆုံးအေႂကြးယူခြင့္ အၾကပ္အတည္း debt ceiling crisis နဲ႔ အေႂကြးထူတဲ့ ျပႆနာေၾကာင့္ အေမရိကန္ဘ႑ာေရးအၾကပ္အတည္း ျဖစ္ႏိုင္ေခ်ရွိမႈက ကမာၻ႔စီးပြားေရးအေပၚ သက္ေရာက္မႈရွိ-မရွိဆိုတာ ေမးစရာေတြေပၚလာပါတယ္။ ၂၀၂၄ ဘ႑ာႏွစ္ ဘတ္ဂ်က္မွာ အေႂကြးအတြက္လ်ာထားေငြ ေဖာ္ျပလာလိမ့္မယ္လို႔ ႀကိဳတင္တြက္ဆေနၾကၿပီး အေမရိကန္ အစိုးရအေနနဲ႔ ေနာက္ထပ္ အေႂကြးဘတ္ဂ်က္ တိုက္ပြဲတစ္ခုကို လႊတ္ေတာ္မွာဆင္ႏႊဲရပါလိမ့္မယ္။ အေမရိကန္ရဲ႕ အမ်ားဆုံး အေႂကြးယူခြင့္ အၾကပ္အတည္း debt ceiling crisis က ပိုမိုျပင္းထန္လာတဲ့အတြက္ အစိုးရက အေႂကြးဆပ္ဖို႔ ပ်က္ကြက္တဲ့ အၾကပ္အတည္းဆီကို ဦးတည္လာေနပါတယ္။

တ႐ုတ္တစ္ႏိုင္ငံထဲသာမကဘဲ ဂ်ပန္၊ ယူေက နဲ႔ ဘယ္လ္ဂ်ီယမ္အပါအဝင္ တစ္ကမာၻလုံးက ေငြေၾကးအဖြဲ႕ အစည္းေပါင္း ၂၂ ခုဟာ သူတို႔လက္ဝယ္ကိုင္ထားတဲ့ အေမရိကန္ေငြတိုက္စာခ်ဳပ္ ပမာဏကို ေလွ်ာ့ခ်ပစ္ဖို႔အတြက္ ဆက္လက္ေရာင္းထုတ္ေနၾကပါတယ္။ သူတို႔ ကိုင္ထားတဲ့ စုစုေပါင္း အေႂကြးပမာဏဟာ လြန္ခဲ့တဲ့ႏွစ္မွာ ၇.၆၆ ထရီလ်ံေဒၚလာရွိရာက ဒီႏွစ္မွာ ၇.၅၂၇ ထရီလ်ံ‌ေဒၚလာအထိ က်ဆင္းသြားပါတယ္။ အဲဒီအထဲက ဂ်ပန္နဲ႔ တ႐ုတ္ ႏွစ္ႏိုင္ငံဟာ အေမရိကန္ေငြတိုက္စာခ်ဳပ္အမ်ားဆုံးကိုင္ထားသူေတြျဖစ္ၾကသလို အမ်ားဆုံးထုတ္ေရာင္းခ်ေနသူ ေတြလည္းျဖစ္ၾကၿပီး ဆက္လက္ေရာင္းခ်ေနဆဲျဖစ္ပါတယ္။ ဇူလိုင္လ ၂၀ ရက္က ေဂ်ပီေမာ္ဂန္ရဲ႕ ေနာက္ဆုံး အခ်က္အလက္ေတြက ျပေနတာက အေမရိကန္ေငြတိုက္စာခ်ဳပ္ေရာင္းခ်မႈေတြဟာ ဖိအားေပးခံေနရတယ္ဆိုတာပါ။ ဒါေၾကာင့္ေနာက္ႏွစ္လအတြင္းမွာ တ႐ုတ္အပါအဝင္ တစ္ကမာၻလုံးက ဗဟိုဘဏ္ေတြအေနနဲ႔ အေမရိကန္ ‌ေငြတိုက္စာခ်ဳပ္ေတြ ပိုမိုထုတ္ေရာင္းခ်လာလိမ့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ေငြတိုက္စာခ်ဳပ္ေတြအေပၚ (အတိုးႏႈန္း+ တန္ဖိုးေလ်ာ့ရာခိုင္ႏႈန္း) The Yield တိုးျမင့္လာျခင္းက စာခ်ဳပ္ေရာင္းလိုအားက ဝယ္လိုအားထက္ပို မို အားေကာင္းေနတာကို ေဖၚျပေနပါတယ္။ အေမရိကန္ရဲ႕ အႀကီးဆုံးေႂကြးရွင္ျဖစ္တဲ့ ဂ်ပန္ဟာ ဒီႏွစ္ေမလအတြင္းမွာ အေမရိကန္ေငြတိုက္စာခ်ဳပ္ ေတာ္ေတာ္မ်ားမ်ားကို ထုတ္ေရာင္းခဲ့ၿပီး ကိုင္ထားတဲ့ ပမာဏကို ေလွ်ာ့ခ်ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ တစ္ႏွစ္အတြင္း စုစုေပါင္း ၁၂၃.၁ ဘီလ်ံေဒၚလာဖိုး ေရာင္းထုတ္ခဲ့တာပါ။ ဂ်ပန္ယန္းေငြ တန္ဖိုးထိန္းသိမ္းဖို႔ ဆက္လက္ၿပီးလည္း ထုတ္ေရာင္းခ်လိမ့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ တ႐ုတ္က ဧၿပီလထဲမွာ ေဒၚလာ သန္း ၄၀၀ ဖိုးနဲ႔ ေမလထဲမွာ ၂၂.၂ ဘီလ်ံေဒၚလာဖိုး ဆက္တိုက္ထုတ္ေရာင္းခဲ့ၿပီး ကိုင္ထားတဲ့ စာခ်ဳပ္ပမာဏ တစ္ထရီလ်ံေဒၚလာဖိုးေအာက္မွာဘဲ ဆက္လက္ထိန္းသိမ္းထားပါတယ္။

အေမရိကန္ေငြေခ်းစာခ်ဳပ္အစား ေ႐ႊကိုေျပာင္းလာၾက
တ႐ုတ္က အေမရိကန္ေငြတိုက္စာခ်ဳပ္ေတြ ဒီလိုထုတ္ေရာင္းေနသလို တစ္ဖက္မွာလည္း ေ႐ႊဝယ္ယူ စုေဆာင္းတဲ့ ပမာဏက တိုးျမင့္လာပါတယ္။ ၂၀၂၂ ခုႏွစ္က ဝယ္ယူခဲ့တဲ့ ပမာဏဟာ လြန္ခဲ့တဲ့ ၅ ႏွစ္အတြင္းမွာ အမ်ားဆုံးစံခ်ိန္တင္ခဲ့ၿပီး တ႐ုတ္ဗဟိုဘဏ္ဟာ ကမာၻ႔မွာ အႀကီးဆုံး ေ႐ႊဝယ္တဲ့ ဗဟိုဘဏ္ျဖစ္ခဲ့ပါတယ္။ ကမာၻ႔ေ႐ႊေကာင္စီက ထုတ္ျပန္တဲ့ ၂၀၂၃ ခုႏွစ္ ဗဟိုဘဏ္မ်ားရဲ႕ အရန္ေ႐ႊပမာဏ စစ္တမ္းမ်ားအရ တ႐ုတ္ႏိုင္ငံဟာ ဒီႏွစ္ပထမ ၄ လအတြင္း ေ႐ႊတန္ခ်ိန္ ၅၄၆ တန္တင္သြင္းခဲ့ေၾကာင္း သိရွိရပါတယ္။ ဒါဟာ ၂၀၁၅ ခုႏွစ္ကစလို႔ ေလးလပတ္ဝယ္ယူတင္သြင္းမႈေတြမွာ အမ်ားဆုံးပါ။
တ႐ုတ္ျပည္သူ႔ဘဏ္ရဲ႕ ဇူလိုင္လ ၇ ရက္ထုတ္ျပန္တဲ့ စာရင္းေတြအရ ဒီႏွစ္ ပထမ ၆ လအတြင္းမွာ အရန္ေ႐ႊဘ႑ာတိုက္ထဲကို ၇၄ တန္ျဖည့္တင္းခဲ့ၿပီး လြန္ခဲ့တဲ့ ႏိုဝင္ဘာလကစလို႔ စုစုေပါင္း ၁၆၅ တန္ျဖည့္တင္း ခဲ့တယ္လို႔ဆိုပါတယ္။

တ႐ုတ္ျပည္သူ႔ဘဏ္နဲ႔ ကမာၻ႔ေ႐ႊေကာင္စီကထုတ္ျပန္တဲ့ စာရင္းဇယားေတြအရ ဒီႏွစ္ပထမ ၆ လ အတြင္းမွာ တ႐ုတ္က အေမရိကန္၊ ယူေက နဲ႔ ဆြစ္ဇာလန္တို႔လို ကမာၻ႔ေ႐ႊေစ်းကြက္ႀကီးေတြကေန တင္သြင္းခဲ့တဲ့ ေ႐ႊပမာဏဟာ တန္ခ်ိန္ ၆၂၀ ရွိတယ္လို႔ဆိုပါတယ္။ ကမာၻ႔ေ႐ႊေကာင္စီက ဇူလိုင္လ ၁၁ ရက္က ေဖာ္ျပခ်က္အရ လြန္ခဲ့တဲ့ႏွစ္က ေ႐ႊဝယ္ယူမႈ စုစုေပါင္းဟာ ၁၁၃၆ တန္နဲ႔ စံခ်ိန္က်ိဳးသြားခဲ့ပါတယ္။ ဒါဟာ ဗဟိုဘဏ္ေတြက ေလ့လာတြက္ခ်က္မႈေတြထက္ ၃၀ % ပိုမ်ားပါတယ္။ ဒါဟာ သူတို႔ရဲ႕ အရန္ေ႐ႊပမာဏကို ပိုမိုတိုးျမႇင့္ဖို႔ ရည္ မွန္းေနၾကေၾကာင္း ေဖာ္ျပခ်က္တစ္ခုပါ။ ေ႐ႊကို ကိုင္ထားတာက အရင္းအတိုးရႈံးမယ့္ အႏၲရာယ္ေရာ တန္ဖိုး ေလ်ာ့က်မယ့္ အႏၲရာယ္ပါမရွိတဲ့အတြက္ အေမရိကန္ ေငြတိုက္စာခ်ဳပ္ေတြရဲ႕ အရင္းအတိုးဆုံးရႈံးမယ့္ အႏၲရာယ္ကို တန္ဖိုးျဖတ္ေပးတဲ့ ၫႊန္ကိန္းတစ္ခုျဖစ္လာေနပါတယ္။ အေမရိကန္ေငြေခ်းစာခ်ဳပ္ေတြ အမ်ားဆုံး ဝယ္ယူတဲ့ဗဟိုဘဏ္ေတြဟာ အမ်ားဆုံးစာခ်ဳပ္ထုတ္ေရာင္းခ်သူေတြျဖစ္လာၾကတာက ပိုပိုထင္ရွားလာပါတယ္။

ပီတာရွစ္ဖ္က သူ႔ရဲ႕ ဗီဒီယိုအစီအစဥ္တစ္ခုမွာေျပာခဲ့သလိုဘဲ “ကြၽန္ေတာ္တို႔ဟာ အေမရိကန္ေငြေခ်း စာခ်ဳပ္ေတြခ်ေရာင္းတဲ့ ေနာက္ထပ္လႈိင္း တစ္ခုဆီ ဦးတည္ေနတာ ျဖစ္ႏိုင္ပါတယ္။ ထုတ္ေရာင္းသူမ်ားလို႔ ေစ်းထိုး က်ေနတဲ့ စာခ်ဳပ္ေစ်းကြက္ဟာ အေမရိကန္ စေတာ့ေတြနဲ႔ အေမရိကန္ေဒၚလာအေပၚကို ဆိုးဆိုး႐ြား႐ြား သက္ ေရာက္ပါလိမ့္မယ္လို႔ေျပာခဲ့တာပါ။ သူက ဂ်ပန္နဲ႔ တ႐ုတ္အပါအဝင္ ကမာၻ႔ဗဟိုဘဏ္ေတြဟာ အေမရိကန္ေငြေခ်း စာခ်ဳပ္ေတြကို အလုံးအရင္းနဲ႔ ထုတ္ေရာင္းလာႏိုင္တယ္လို႔ ဆိုပါတယ္။

အဓိကအားျဖင့္ အေမရိကန္အစိုးရဲ႕ အေႂကြးျပန္ဆပ္ဖို႔ပ်က္ကြက္မႈျဖစ္ႏိုင္ေျခပိုမ်ားလာတာမ်ိဳး မေသ ခ်ာမ‌ေရရာမႈေတြေၾကာင့္၊ တ႐ုတ္က ေငြေခ်းစာခ်ဳပ္ေတြ အကုန္ေျပာင္စင္ေအာင္ သြန္ထုတ္ေရာင္းခ်ပစ္ႏိုင္ပါ တယ္။ အေမရိကန္ ႏိုင္ငံတကာ အေျခပစၥည္းစီမံခန႔္ခြဲေရးကုမၸဏီတစ္ခုျဖစ္တဲ့ အင္ဗက္စကို Invesco က ဇူလိုင္လ ၁၈ က ျပဳလုပ္တဲ့ ေလ့လာဆန္းစစ္ခ်က္တစ္ခုမွာ လြတ္လပ္တဲ့ ရင္းႏွီးျမႇဳပ္ႏွံ႔ေရး ကုမၸဏီ ၈၅ ခုနဲ႔ ႏိုင္ငံေပါင္းစုံက ဗဟိုဘဏ္ ၅၇ ခု ကိုေမးျမန္းခဲ့ပါတယ္။ ျပန္လည္ေျဖၾကားသူ ၄၁ ေယာက္က ေနာက္ ၃ ႏွစ္အတြင္းမွာ သူတို႔ရဲ႕ ေ႐ႊဝယ္ယူစုေဆာင္းမႈကို တိုးျမႇင့္မယ္လို႔ဆိုပါတယ္။ ဒီအင္စတီက်ဴးရွင္းေတြထဲက ၇၀ % ေသာ ဗဟိုဘဏ္မ်ားက အေမရိကန္မွာထားတဲ့ သူတို႔ရဲ႕ေ႐ႊေတြ အသိမ္းခံရမွာကို စိုးရိမ္မႈရွိေၾကာင္း ေဖာ္ျပၾကၿပီး ျပန္သယ္ယူဖို႔ စီစဥ္ေနၾကတယ္လို႔ဆိုပါတယ္။

ေ႐ႊတုံးေတြကို ျပန္သယ္ေနၾက
၂၀၂၂ ခုႏွစ္ကတည္းက ဂ်ာမနီ၊ ျပင္သစ္၊ ဟန္ေဂရီ၊ တူရကီ၊ နယ္သာလန္၊ ဆလိုဗက္ကီးယား၊ ဘယ္လ္ဂ်ီယမ္၊ ဗင္နီဇြဲလား၊ ၾသစႀတီးယား၊ ဆြစ္ဇာလန္ နဲ႔ ၾသစေၾတးလ် ႏိုင္ငံ ၁၁ ႏိုင္ငံက ဗဟိုဘဏ္ေတြဟာ အေမရိကန္ ဗဟိုဘဏ္နဲ႔ အဂၤလန္ဗဟိုဘဏ္တို႔မွာထားတဲ့ ေ႐ႊေတြကို ျပန္သယ္မယ္လို႔ေၾကျငာတာ၊ ဒါမွမဟုတ္ လက္ေတြ႕ျပန္သယ္ယူတာေတြလုပ္ခဲ့ၾကပါတယ္။ ဒါက ႏိုင္ငံတကာေ႐ႊေစ်းကြက္ထဲမွာ အေျပာင္းအလဲေတြျဖစ္ဖို႔ အလားအလာကို ၫႊန္ျပေနတာပါ။ ဇူလိုင္ ၁၆ ရက္က ပိုလန္ ဗဟိုဘဏ္က ႏိုင္ငံရပ္ျခားေငြတိုက္ေတြမွာရွိတဲ့ သူတို႔ရဲ႕ ေ႐ႊတန္ခ်ိန္ ၁၀၀ ကိုျပန္သယ္ယူမယ္လို႔ ေၾကညာခဲ့ပါတယ္။ ဒါက သူတို႔ရဲ႕ စီးပြားေရးအင္အားကို ထုတ္ေဖာ္ ျပသဖို႔ ရည္႐ြယ္တာပါ။ ဒါေၾကာင့္ ပိုလန္ဟာ အေမရိကန္မွာထားတဲ့ ေ႐ႊတုံးေတြကို ျပန္သယ္မယ္လို႔ ေၾကျငာတဲ့ ၁၂ ခု ေျမာက္ႏိုင္ငံျဖစ္လာပါတယ္။ အေမရိကန္ ဝက္ဆိုက္တစ္ခုျဖစ္တဲ့ Zero Hedge က ဇူလိုင္လ ၁၃ ရက္မွာ ႏိုင္ငံေတာ္ေတာ္မ်ားဟာ ႏိုင္ငံရပ္ျခားမွာသိုေလွာင္သိမ္းဆည္းထားတဲ့ သူတို႔ရဲ႕ ေ႐ႊတုံးေတြကို ျပန္လည္သယ္ယူ ေနၾကတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ ကမာၻလုံးဆိုင္ရာ စီးပြားေရးအစိတ္စိတ္အမႊာမႊာ ၿပိဳကြဲပ်က္စီးသြားမွာကို ပူပန္ ၾကတာေၾကာင့္ပါ။

တ႐ုတ္ျပည္ကေတာ့ ၂၀၂၂ ခုႏွစ္ကတည္းက အေမရိကန္ေငြေခ်းစာခ်ဳပ္ေတြကို ေလွ်ာ့ခ်ဖို႔အတြက္ ေ႐ႊကိုဝယ္ယူစုေဆာင္းေနခဲ့တာပါ။ အေမရိကန္မွာ သိမ္းဆည္းထားတဲ့ ေ႐ႊတုံး တန္ခ်ိန္ ၆၀၀ ေလာက္ကိုလည္း တ႐ုတ္ကိုျပန္သယ္ယူဖို႔ စီစဥ္ေနတယ္လို႔ သတင္းေတြက ဆိုပါတယ္။ ဇူလိုင္လ ၁၈ ရက္မွာေတာ့ the bank of Italy အီတလီဘဏ္က အေမရိကန္ဗဟိုဘဏ္မွာ သိုေလွာင္ထားတဲ့ ေ႐ႊတုံးတန္ခ်ိန္ ၅၈၀ ကို ျပန္သယ္ယူဖို႔ စီစဥ္ေနတယ္လို႔ တရားဝင္ေၾကျငာပါတယ္။ ႐ူေမးနီးယားကလည္း အဂၤလန္ဘဏ္မွာရွိတဲ့ သူ႔ရဲ႕ေ႐ႊတုံးေတြကို ျပန္လည္သယ္ယူဖို႔ စီစဥ္ေနတယ္လို႔ ေၾကညာပါတယ္။

ယူဘီအက္စ္ အဖြဲ႕တစ္ခုရဲ႕ သုေတသန အစီရင္ခံစာတစ္ခုမွာ သုေတသီ အယ္လီနာ အမာ႐ူဆိုက ဇူလိုင္ ၁၉ ရက္မွာ အထက္ကေဖာ္ျပခဲ့တဲ့ ျဖစ္ရပ္ကိုအတည္ျပဳပါတယ္။ အစီရင္ခံစာက ကမာၻတလႊားက ဗဟိုဘဏ္ ေတြအေနနဲ႔ မၾကာေသးခင္က အရန္ေ႐ႊအေပၚ အလြန္အမင္းစိတ္ဝင္စားမႈျပသလာတာဟာ သတိျပဳဖို႔ေကာင္း တယ္လို႔ဆိုပါတယ္။ ဘာဘဲျဖစ္ျဖစ္၊ ႏိုင္ငံအားလုံးရဲ႕ အရန္ေ႐ႊေတြကို ႏိုင္ငံျခားဘဏ္ေတြမွာ ႏိုင္ငံျခားေငြနဲ႔ ေခ်းေငြေတြအတြက္ အေပါင္ပစၥည္းအျဖစ္ထားတာဟာ အေကာင္းဆုံးပါ။

ေဖာ္ျပဖို႔သင့္တဲ့အခ်က္က ႏိုင္ငံတကာ ဘ႑ာေရး သတင္းေတြအရ တ႐ုတ္ဟာ ေလာေလာဆယ္မွာ အေမရိကန္ဗဟိုဘဏ္မွာ ေ႐ႊတန္ခ်ိန္ ၆၀၀ ထားရွိတယ္ဆိုတဲ့အခ်က္ပါ။
ၾသဂုတ္လအတြင္း ေတာင္အာဖရိကႏိုင္ငံမွာက်င္းပမယ့္ ဘရစ္ထိပ္သီးအစည္းအေဝးမွာ ေ႐ႊကို ေက်ာ ေထာက္ေနာက္ခံထားတဲ့ ေငြေၾကးတစ္ရပ္ထူေထာင္ေၾကာင္း ေၾကညာႏိုင္ပါတယ္။ ဒီေငြေၾကးသစ္က အေမရိကန္ ေဒၚလာကို အားနည္းသြားေစၿပီး ေဒၚလာနဲ႔အၿပိဳင္ ကမာၻ႔ကုန္သြယ္ေရးသုံးေငြတစ္ရပ္ျဖစ္လာႏိုင္ပါတယ္။

ကမာၻ႔ေ႐ႊေကာင္စီရဲ႕ အစီရင္ခံစာအရ အေရွ႕အလယ္ပိုင္းေဒသက ေဆာ္ဒီအာေရဗ်၊ အီရန္နဲ႔ ယူေအအီး အပါအဝင္ ေရနံထုတ္လုပ္တဲ့ႏိုင္ငံေတြကလည္း ေ႐ႊေတြကို မႀကဳံဖူးတဲ့ ႏႈန္းနဲ႔ အလ်င္အျမန္စုေဆာင္းေနၾကတယ္ လို႔ဆိုပါတယ္။ ၂၀၂၂ ခုႏွစ္ကတည္းက ဒီႏိုင္ငံေတြ သိုေလွာင္စုေဆာင္းထားတဲ့ ေ႐ႊပမာဏဟာ အမ်ားအျပား တိုး တက္လာပါတယ္။ ႏွစ္စဥ္ တစ္ႏွစ္ထက္တစ္ႏွစ္ တိုးတက္လာတဲ့ ဝယ္လိုအားဟာ ၄၃% ရွိပါတယ္။

ပက္ထ႐ိုေဒၚလာ သေဘာတူညီခ်က္မွာ ပါဝင္လက္မွတ္ေရးထိုးခဲ့သူတစ္ဦးရဲ႕ အဆိုအရ၊ ေဆာ္ဒီအာ ေရဗ်ဟာ လြန္ခဲ့တဲ့ ၁၂ လအတြင္း အေမရိကန္ေငြေခ်းစာခ်ဳပ္ေတြကို ေရာင္းထုတ္ပစ္လိုက္တဲ့အတြက္ ၂၀၂၁ ခုႏွစ္ ေနာက္ပိုင္း ၎တို႔ကိုင္ထားတဲ့ အေမရိကန္ေငြေခ်းစာခ်ဳပ္ ပမာဏက အနိမ့္ဆုံးထိ ေလ်ာ့က်သြားတယ္လို႔ သိရွိရ ပါေၾကာင္း။

ကိုးကား- BOND SELLING IS ONGOING! Yellen's WARNING to China!12 Nations REPATRIATE GOLD from US|AsianQuickTake

Related news

© 2021. All rights reserved.