အဆိုတော်ပိုင်သက်ကျော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာ

3468
NP News - ဩဂုတ် ၂
ဒုတိယ ဝါဆိုလပြည့်နေ့တွင် နစကမှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးသော အကျဉ်းသား ခုနှစ်ထောင်ကျော်အတွင်း မြန်မာသံစဉ် အဆိုတော် ပိုက်သက်ကျော်လည်း ပါဝင်လာခဲ့ကြောင်း သိရသည်။
မြန်မာသံစဉ် အဆိုတော်ပိုင်သက်ကျော်သည် ဩဂုတ်လ ၁ ရက်၊ နေ့လည်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူများမှ ပြောသည်။
"ဆရာပိုင်သက်ကျော် ဒီနေ့ဝဋ်ကြွေးကျေပြီလို့ ပြောရပါမယ်။ ပြန်လွတ်လာပါပြီ။ အခုအိမ်ကိုပြန်ရောက်နေပါပြီ"ဟု ပိုင်သက်ကျော်၏မိတ်ဆွေတစ်ဦးက ပြောသည်။
ပိုင်သက်ကျော်ကို ၂၀၂၂ ခုနှစ် မတ်လ ၂ ရက်က ၎င်းနေထိုင်သည့် လှိုင်သာယာမြို့နယ် ၊ နဝဒေးအိမ်ရာဝင်းရှိ နေအိမ်၌ဖမ်းဆီခဲ့ပြီး ၄ လအကြာတွင် ထောင်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်။
၎င်းကို CDM များထောက်ပံ့မှုဖြင့် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ(၅၀) ည ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
အဆိုတော်ပိုင်သက်ကျော်သည် မွေးရာပါ မသန်စွမ်းသူဖြစ်သော်လည်း မြန်မာသံတေးသီချင်းသီဆိုရာတွင် အောင်မြင်ပြီး လူကြိုက်များသည့် အဆိုတော်တစ်ဦးဖြစ်ကာ မြန်မာသံသီချင်းအများအပြားသီဆိုထွက်ရှိထားသူလည်း ဖြစ်သည်။
zawgyi version
အဆိုေတာ္ပိုင္သက္ေက်ာ္ လြတ္ၿငိမ္းခ်မ္းသာခြင့္ျဖင့္ ျပန္လြတ္လာ
NP News - ဩဂုတ္ ၂
ဒုတိယ ဝါဆိုလျပည့္ေန႔တြင္ နစကမွ လြတ္ၿငိမ္းခ်မ္းသာခြင့္ျဖင့္ လႊတ္ေပးေသာ အက်ဥ္းသား ခုႏွစ္ေထာင္ေက်ာ္အတြင္း ျမန္မာသံစဥ္ အဆိုေတာ္ ပိုက္သက္ေက်ာ္လည္း ပါဝင္လာခဲ့ေၾကာင္း သိရသည္။
ျမန္မာသံစဥ္ အဆိုေတာ္ပိုင္သက္ေက်ာ္သည္ ဩဂုတ္လ ၁ ရက္၊ ေန႔လည္ပိုင္းတြင္ ျပန္လည္လြတ္ေျမာက္လာျခင္းျဖစ္ေၾကာင္း ၎ႏွင့္ နီးစပ္သူမ်ားမွ ေျပာသည္။
"ဆရာပိုင္သက္ေက်ာ္ ဒီေန႔ဝဋ္ေႂကြးေက်ၿပီလို႔ ေျပာရပါမယ္။ ျပန္လြတ္လာပါၿပီ။ အခုအိမ္ကိုျပန္ေရာက္ေနပါၿပီ"ဟု ပိုင္သက္ေက်ာ္၏မိတ္ေဆြတစ္ဦးက ေျပာသည္။
ပိုင္သက္ေက်ာ္ကို ၂၀၂၂ ခုႏွစ္ မတ္လ ၂ ရက္က ၎ေနထိုင္သည့္ လႈိင္သာယာၿမိဳ႕နယ္ ၊ နဝေဒးအိမ္ရာဝင္းရွိ ေနအိမ္၌ဖမ္းဆီခဲ့ၿပီး ၄ လအၾကာတြင္ ေထာင္ဒဏ္ခ်မွတ္ခံရျခင္းျဖစ္သည္။
၎ကို CDM မ်ားေထာက္ပံ့မႈျဖင့္ အၾကမ္းဖက္တိုက္ဖ်က္ေရး ဥပေဒပုဒ္မ(၅၀) ည ျဖင့္ အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ ၃ ႏွစ္ခ်မွတ္ခဲ့ျခင္းျဖစ္သည္။
အဆိုေတာ္ပိုင္သက္ေက်ာ္သည္ ေမြးရာပါ မသန္စြမ္းသူျဖစ္ေသာ္လည္း ျမန္မာသံေတးသီခ်င္းသီဆိုရာတြင္ ေအာင္ျမင္ၿပီး လူႀကိဳက္မ်ားသည့္ အဆိုေတာ္တစ္ဦးျဖစ္ကာ ျမန္မာသံသီခ်င္းအမ်ားအျပားသီဆိုထြက္ရွိထားသူလည္း ျဖစ္သည္။