ဘင်္ဂလာဒေ့ရှ်၏ ဧက ၆ဝဝ ခန့်အကျယ်ရှိ အကြီးဆုံးဆိုလာစွမ်းအင်ဥယျာဉ်မှ ဆိုလာချပ်ပေါင်း ၅ သိန်းကျော် အသုံးပြု၍ လျှပ်စစ် ၂ဝဝ မီဂါဝပ် ထုတ်ယူမည်

 713

Htay Oung (NP News) - သြဂုတ် ၃

ဘင်္ဂလားဒေ့ရှ်မှာ အကြီးဆုံးလို့ ဆိုရမယ့် ဆိုလာဓာတ်အားပေးစက်ရုံကို ဗုဒ္ဓဟူးနေ့ (သြဂုတ်လ ၂ ရက်) က ရန်ဂါပူရ် ပြည်နယ်၊ ဂိုင်ဘန်ဒါခရိုင် ဆန်ဒါဂန့်ခ်ျမြို့နယ်မှာ လူထုစုဝေးပွဲအခမ်းအနားနဲ့အတူ ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ဖွင့်လှစ်ပေးလိုက်တယ်လို့ Dhaka Tribune က သြဂုတ်လ ၂ ရက်နေ့မှာ ရေးသားခဲ့ပါတယ်။

လျှပ်စစ်ဓါတ်အား ၂ဝဝ မီဂါဝပ် ထုတ်ယူနိုင်မယ့် အဲဒီစက်ရုံဟာ ဘင်္ဂလားဒေ့ရှ် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍရဲ့ မှတ်တိုင်တစ်ခုဖြစ်လာပါတယ်။ ဧက ၆ဝဝ အကျယ်အ၀န်းရှိ နယ်မြေ ၃ ခုမှာ ဆိုလာချပ်ပေါင်း ၅၂,ဝဝဝ တပ်ဆင် ထားပါတယ်။

ရေကြီးရေလျှံခြင်းနဲ မြစ်ရေတိုက်စားခြင်းတို့လို သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ဖို့အတွက် ဓာတ်အားပေး စက်ရုံဝန်းကျင်မှာ ၄ မိုင်ကျော်ရှည်လျားတဲ့ တာတမံတစ်ခု တည်ဆောက်ခဲ့ရပါတယ်။ ဒေသခံများအနေနဲ့ လမ်းရဲ့ အကျိုးကျေးဇူးကို ခံစားကြပြီး အဲဒီနေရာဟာလည်း ခရီးသွားများအတွက် ဆွဲဆောင်မှုတစ်ခုဖြစ်လာပါတယ်။

“ဘက်ဇင်ကို” လို့ ခေါ်တဲ့ ဘင်္ဂလားဒေ့ရှ် သွင်းကုန်-ထုတ်ကုန်ကော်ပိုရေးရှင်းအတွက် “တီစတာလီမိတက်က ၂ဝ၁၈ ခုနှစ်မှာ စတင်တင်တည်ဆောက်ပေးခဲ့ပါတယ်။ ၂၁ မိုင်ရှည် ဓါတ်အားလိုင်းကိုလည်း အသစ်သွယ်တန်းခဲ့ရပြီး ရမ်ဂါ ပူရ်ဓါတ်အားခွဲရုံမှတဆင့် လျှပ်စစ်ဓါတ်အား ၉ဝ-၁၄ဝ မီဂါ၀ပ်ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကုန်မှာ လျှပ်စစ် ဖြန့်ဖြူး နိုင်ခဲ့ပြီးဖြစ်ပါတယ်။

၂ဝ၁၇ ခုနှစ် အောက်တိုဘာလ ချုပ်ဆိုခဲ့တဲ့ ဓာတ်အားဝယ်ယူရေးသဘောတူစာချုပ်အရ လျှပ်စစ်ဓာတ်အား တစ်ယူနစ်လျှင် ဝ.၁၂၇ အမေရိကန်ဒေါ်လာနှုန်းဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရက နှစ် ၂ဝ စာ ဝယ်ယူထားတယ်လို့ သိရှိရပါတယ်။

ဖွင့်ပွဲအခမ်းအနားမှာ ဘက်ဇင်ကိုကော်ပိုရေးရှင်းဥက္ကဋ္ဌက အမှာစကား ပြောကြားပါတယ်။ ယခုစီမံကိန်းဟာ ဝန်ကြီးချုပ် ရှိတ်ဟာစီနာရဲ့ “ကမ္ဘာမြေပူနွေးလာမှုနဲ့ သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းကာကွယ်ရေး” လမ်းပြ မြေပုံနဲ့အညီ အမေရိကန်ဒေါ်လာ သန်း ၃၃ဝ ခန့် အကုန်အကျခံ အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍဟာ အနာဂတ်စွမ်းအင်အတွက် အလွန်အရေးကြီးလိမ့်မယ်လို့ ယုံကြည်ကြောင်း၊ နောင်ဆက်လက်ပြီး အစိုးရအစီအစဉ်နဲ့ ဆိုလာဓာတ်အားပေးစက်ရုံတွေ ထပ်မံထူထောင်ဖို့ သုံးသပ်လျက်ရှိကြောင်း ပြောခဲ့ပါတယ်။

ယခင် အကြီးဆုံးဆိုလာစက်ရုံမှာ မွန်ဂလာမှာ တည်ရှိပြီး ၁ဝဝ မီဂါ၀ပ် ထုတ်လုပ်နိုင်ပါတယ်။ နိုင်ငံမှာ ပထမဆုံး တည်ဆောက်ခဲ့တာကတော့ ၃.၂၈ မီဂါဝပ်ထုတ်လုပ်နိုင်တဲ့ ဂျမယ်ပူရ်စက်ရုံဖြစ်ပြီး ၂ဝ၁၇ ခုနှစ်ကတည်းက စီးပွားဖြစ် စတင်လည်ပတ်နေပြီဖြစ်ပါတယ်။

စွမ်းအင်နဲ့ လျှပ်စစ်စွမ်းအင်ဝန်ကြီးရဲ့အဆိုအရ ဘင်္ဂလားဒေ့ရ်ှသည် ပြန်လည်ပြည့်ဖြိုးမြဲအရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အား ၁,၁၉၄ မဂ္ဂါဝပ် ထုတ်ယူနိုင်မှာဖြစ်ပေမယ့် ၈၂၅.၂၃ မီဂါဝပ်သာ အမျိုးသားမဟာဓာတ်အားလိုင်း နဲ့ ချိတ်ဆက်နိုင်ပါသေးတယ်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ နောက်ထပ် ၁,၂၆၂ မီဂါဝပ် ထုတ်လုပ်ပေးမယ့် ပရောဂျက် ၃ဝ ကို တည်ဆောက်နေပြီး ၈,၆၆၈ မဂ္ဂါဝပ် ထုတ်ယူဖို့ ပရောဂျက်များကိုလည်း ရှိနေပါသေးတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ တရုတ်၊ အိန္ဒိယ၊ ယူအေအီးနိုင်ငံတို့နဲ့ “ဂီဂါဝပ်_ကလပ်” အဖြစ် ပူးပေါင်းပါဝင်ဖို့အတွက် ၁,ဝဝဝ မဂ္ဂါဝပ်ရှိ စက်ရုံ ၃ ခု အပါအဝင် ဆိုလာဓာတ်အားပေးစက်ရုံ တစ်ဒါဇင်ကျော်ကို အလုံးအရင်းနဲ့ တည်ဆောက် အကောင်အထည်ဖော်လျက် ရှိပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ တည်ရှိတဲ့ အဆိုပါစက်ရုံဖွင့်ပွဲကို ရန်ဂါပူဇီလာစာသင်ကျောင်း အပြင်ဖက် လူထုအစည်းအဝေးပွဲနဲ့အတူ ကျင်းပခြင်းဖြစ်ပါတယ်။ အစည်းအဝေးကို ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ကိုယ်တိုင်တက်ရောက်လာတယ်လို့ သြဂုတ်လ ၃ ရက်က Dhaka Tribune ရဲ့ အခြားသတင်းတစ်ပုဒ်မှာ တွေ့ရှိရပါ တယ်။
..
သူ့ရဲ့ အဝါမီလ်ိခ်ပါတီအစိုးရလက်ထက် အကောင်အထည်ဖော်ခဲ့တဲ့ တိုင်းပြည်ထူထောင်ရေး စီမံကိန်းကြီးများ အကြောင်းကို အသေးစိတ် အကျယ်တဝံ့ပြောကြားသွားပြီး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နေ့မအား ညမအား ကြိုးစားဆောင်ရွက်လျှက်ရှိကြောင်း၊ သူ့ရဲ့ ဖခင် အမျိုးသားခေါင်းဆောင် “ဘင်္ဂလားမိတ်ဆွေ ကြီး_ရှိတ်_မူဂျီ ဘူရ်_ရာမန်“ လို အသက်စွန့်လွှတ်ဖို့ အသင့်ရှိကြောင်း၊ နိုင်ငံအတွက် စေတနာမှန်ကန်စွာ အားကြိုးမာန်တက် ဆောင်ရွက်နေတဲ့ အဝါမီလိခ်ပါတီရဲ့ “လှေ“ သင်္ကေတကို မဲပေးကြဖို့ တက်ရောက်သူ သိန်းချီလူအုပ်ကြီးကို တောင်းဆိုလိုက်ပါတယ်။

အဝါမီလိခ်အစိုးရဟာ ယခင် အိမ်စောင့်အစိုးရလက်ထက် BNP ပါတီခေါင်းဆောင်များကို တရားစွဲဆိုထားပါတယ်။ အတိုက်အခံတို့ရဲ့မဟာမိတ်ပါတီအချို့ကိုလည်း မတရားအသင်းကြေညာခြင်း၊ ၎င်းပါတီခေါင်းဆောင် အတော်များ များကို ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်ဂျီနိုဆိုက်မှုစွပ်စွဲချက်နဲ့ ကြိုးစင်တင် ကွပ်မျက်ခဲ့ပါတယ်။ လျှပ်တပြက် တုံ့ပြန်ရေး တပ် (ခေါ်) RAB အထူးတပ်ကို ခါးပိုက်ဆောင် မွေးမြူထားပြီး နိုင်ငံရေးအတိုက်အခံတို့ကို ဒလကြမ်းဖမ်းဆီးခြင်း၊ အကြမ်းဖက်နှိပ်စက်ခြင်းများ ပြုလုပ်လျက်ရှိတယ်လို့ စွပ်စွဲခြင်း ခံထားရပါတယ်။

#ဘင်္ဂလားဒေ့ရှ် #ပြန်လည်ပြည်ဖြိုးမြဲစွမ်းအင် #လေထုညစ်ညမ်းမှု #ရန်ဂါပူရ် #ကျောက်မီးသွေးစွမ်းအင်စက်ရုံ #မြန်မာ #လူထု_နိုင်ငံရေး_ရေချိန်
(Dhaka Tribune., 2 August 2023,” PM Hasina opens Bangladesh’s largest solar park” ကို #HatyOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
ဘဂၤလာေဒ့ရွ္၏ ဧက ၆ဝဝ ခန္႔အက်ယ္ရွိ အႀကီးဆုံးဆိုလာစြမ္းအင္ဥယ်ာဥ္မွ ဆိုလာခ်ပ္ေပါင္း ၅ သိန္းေက်ာ္ အသုံး ျပဳ၍ လွ်ပ္စစ္ ၂ဝဝ မီဂါဝပ္ ထုတ္ယူမည္
Htay Oung (NP News) - ၾသဂုတ္ ၃

ဘဂၤလားေဒ့ရွ္မွာ အႀကီးဆုံးလို႔ ဆိုရမယ့္ ဆိုလာဓာတ္အားေပးစက္႐ုံကို ဗုဒၶဟူးေန႔ (ၾသဂုတ္လ ၂ ရက္) က ရန္ဂါပူရ္ ျပည္နယ္၊ ဂိုင္ဘန္ဒါခ႐ိုင္ ဆန္ဒါဂန္႔ခ္်ၿမိဳ႕နယ္မွာ လူထုစုေဝးပြဲအခမ္းအနားနဲ႔အတူ ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာက ဖြင့္လွစ္ေပးလိုက္တယ္လို႔ Dhaka Tribune က ၾသဂုတ္လ ၂ ရက္ေန႔မွာ ေရးသားခဲ့ပါတယ္။

လွ်ပ္စစ္ဓါတ္အား ၂ဝဝ မီဂါဝပ္ ထုတ္ယူႏိုင္မယ့္ အဲဒီစက္႐ုံဟာ ဘဂၤလားေဒ့ရွ္ ျပန္လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္က႑ရဲ႕ မွတ္တိုင္တစ္ခုျဖစ္လာပါတယ္။ ဧက ၆ဝဝ အက်ယ္အ၀န္းရွိ နယ္ေျမ ၃ ခုမွာ ဆိုလာခ်ပ္ေပါင္း ၅၂,ဝဝဝ တပ္ဆင္ ထားပါတယ္။

ေရႀကီးေရလွ်ံျခင္းနဲ ျမစ္ေရတိုက္စားျခင္းတို႔လို သဘာဝေဘးအႏၲရာယ္မ်ားမွ ကာကြယ္ဖို႔အတြက္ ဓာတ္အားေပး စက္႐ုံဝန္းက်င္မွာ ၄ မိုင္ေက်ာ္ရွည္လ်ားတဲ့ တာတမံတစ္ခု တည္ေဆာက္ခဲ့ရပါတယ္။ ေဒသခံမ်ားအေနနဲ႔ လမ္းရဲ႕ အက်ိဳးေက်းဇူးကို ခံစားၾကၿပီး အဲဒီေနရာဟာလည္း ခရီးသြားမ်ားအတြက္ ဆြဲေဆာင္မႈတစ္ခုျဖစ္လာပါတယ္။

“ဘက္ဇင္ကို” လို႔ ေခၚတဲ့ ဘဂၤလားေဒ့ရွ္ သြင္းကုန္-ထုတ္ကုန္ေကာ္ပိုေရးရွင္းအတြက္ “တီစတာလီမိတက္က ၂ဝ၁၈ ခုႏွစ္မွာ စတင္တင္တည္ေဆာက္ေပးခဲ့ပါတယ္။ ၂၁ မိုင္ရွည္ ဓါတ္အားလိုင္းကိုလည္း အသစ္သြယ္တန္းခဲ့ရၿပီး ရမ္ဂါ ပူရ္ဓါတ္အားခြဲ႐ုံမွတဆင့္ လွ်ပ္စစ္ဓါတ္အား ၉ဝ-၁၄ဝ မီဂါ၀ပ္ကို ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာလကုန္မွာ လွ်ပ္စစ္ ျဖန္႔ျဖဴး ႏိုင္ခဲ့ၿပီးျဖစ္ပါတယ္။

၂ဝ၁၇ ခုႏွစ္ ေအာက္တိုဘာလ ခ်ဳပ္ဆိုခဲ့တဲ့ ဓာတ္အားဝယ္ယူေရးသေဘာတူစာခ်ဳပ္အရ လွ်ပ္စစ္ဓာတ္အား တစ္ယူနစ္လွ်င္ ဝ.၁၂၇ အေမရိကန္ေဒၚလာႏႈန္းျဖင့္ ဘဂၤလားေဒ့ရွ္အစိုးရက ႏွစ္ ၂ဝ စာ ဝယ္ယူထားတယ္လို႔ သိရွိရပါတယ္။

ဖြင့္ပြဲအခမ္းအနားမွာ ဘက္ဇင္ကိုေကာ္ပိုေရးရွင္းဥကၠ႒က အမွာစကား ေျပာၾကားပါတယ္။ ယခုစီမံကိန္းဟာ ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာရဲ႕ “ကမာၻေျမပူေႏြးလာမႈနဲ႔ သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းကာကြယ္ေရး” လမ္းျပ ေျမပုံနဲ႔အညီ အေမရိကန္ေဒၚလာ သန္း ၃၃ဝ ခန္႔ အကုန္အက်ခံ အေကာင္အထည္ေဖာ္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ျပန္လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္က႑ဟာ အနာဂတ္စြမ္းအင္အတြက္ အလြန္အေရးႀကီးလိမ့္မယ္လို႔ ယုံၾကည္ေၾကာင္း၊ ေနာင္ဆက္လက္ၿပီး အစိုးရအစီအစဥ္နဲ႔ ဆိုလာဓာတ္အားေပးစက္႐ုံေတြ ထပ္မံထူေထာင္ဖို႔ သုံးသပ္လ်က္ရွိေၾကာင္း ေျပာခဲ့ပါတယ္။

ယခင္ အႀကီးဆုံးဆိုလာစက္႐ုံမွာ မြန္ဂလာမွာ တည္ရွိၿပီး ၁ဝဝ မီဂါ၀ပ္ ထုတ္လုပ္ႏိုင္ပါတယ္။ ႏိုင္ငံမွာ ပထမဆုံး တည္ေဆာက္ခဲ့တာကေတာ့ ၃.၂၈ မီဂါဝပ္ထုတ္လုပ္ႏိုင္တဲ့ ဂ်မယ္ပူရ္စက္႐ုံျဖစ္ၿပီး ၂ဝ၁၇ ခုႏွစ္ကတည္းက စီးပြားျဖစ္ စတင္လည္ပတ္ေနၿပီျဖစ္ပါတယ္။

စြမ္းအင္နဲ႔ လွ်ပ္စစ္စြမ္းအင္ဝန္ႀကီးရဲ႕အဆိုအရ ဘဂၤလားေဒ့ရ္ွသည္ ျပန္လည္ျပည့္ၿဖိဳးၿမဲအရင္းအျမစ္မ်ားမွ လွ်ပ္စစ္ဓာတ္အား ၁,၁၉၄ မဂၢါဝပ္ ထုတ္ယူႏိုင္မွာျဖစ္ေပမယ့္ ၈၂၅.၂၃ မီဂါဝပ္သာ အမ်ိဳးသားမဟာဓာတ္အားလိုင္း နဲ႔ ခ်ိတ္ဆက္ႏိုင္ပါေသးတယ္။ ျပန္လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္မွ ေနာက္ထပ္ ၁,၂၆၂ မီဂါဝပ္ ထုတ္လုပ္ေပးမယ့္ ပေရာဂ်က္ ၃ဝ ကို တည္ေဆာက္ေနၿပီး ၈,၆၆၈ မဂၢါဝပ္ ထုတ္ယူဖို႔ ပေရာဂ်က္မ်ားကိုလည္း ရွိေနပါေသးတယ္။

ဘဂၤလားေဒ့ရွ္ဟာ တ႐ုတ္၊ အိႏၵိယ၊ ယူေအအီးႏိုင္ငံတို႔နဲ႔ “ဂီဂါဝပ္_ကလပ္” အျဖစ္ ပူးေပါင္းပါဝင္ဖို႔အတြက္ ၁,ဝဝဝ မဂၢါဝပ္ရွိ စက္႐ုံ ၃ ခု အပါအဝင္ ဆိုလာဓာတ္အားေပးစက္႐ုံ တစ္ဒါဇင္ေက်ာ္ကို အလုံးအရင္းနဲ႔ တည္ေဆာက္ အေကာင္အထည္ေဖာ္လ်က္ ရွိပါတယ္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံ အေနာက္ေျမာက္ပိုင္းမွာ တည္ရွိတဲ့ အဆိုပါစက္႐ုံဖြင့္ပြဲကို ရန္ဂါပူဇီလာစာသင္ေက်ာင္း အျပင္ဖက္ လူထုအစည္းအေဝးပြဲနဲ႔အတူ က်င္းပျခင္းျဖစ္ပါတယ္။ အစည္းအေဝးကို ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာ ကိုယ္တိုင္တက္ေရာက္လာတယ္လို႔ ၾသဂုတ္လ ၃ ရက္က Dhaka Tribune ရဲ႕ အျခားသတင္းတစ္ပုဒ္မွာ ေတြ႕ရွိရပါ တယ္။
..
သူ႔ရဲ႕ အဝါမီလ္ိခ္ပါတီအစိုးရလက္ထက္ အေကာင္အထည္ေဖာ္ခဲ့တဲ့ တိုင္းျပည္ထူေထာင္ေရး စီမံကိန္းႀကီးမ်ား အေၾကာင္းကို အေသးစိတ္ အက်ယ္တဝံ့ေျပာၾကားသြားၿပီး၊ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ေန႔မအား ညမအား ႀကိဳးစားေဆာင္႐ြက္လွ်က္ရွိေၾကာင္း၊ သူ႔ရဲ႕ ဖခင္ အမ်ိဳးသားေခါင္းေဆာင္ “ဘဂၤလားမိတ္ေဆြ ႀကီး_ရွိတ္_မူဂ်ီ ဘူရ္_ရာမန္“ လို အသက္စြန္႔လႊတ္ဖို႔ အသင့္ရွိေၾကာင္း၊ ႏိုင္ငံအတြက္ ေစတနာမွန္ကန္စြာ အားႀကိဳးမာန္တက္ ေဆာင္႐ြက္ေနတဲ့ အဝါမီလိခ္ပါတီရဲ႕ “ေလွ“ သေကၤတကို မဲေပးၾကဖို႔ တက္ေရာက္သူ သိန္းခ်ီလူအုပ္ႀကီးကို ေတာင္းဆိုလိုက္ပါတယ္။

အဝါမီလိခ္အစိုးရဟာ ယခင္ အိမ္ေစာင့္အစိုးရလက္ထက္ BNP ပါတီေခါင္းေဆာင္မ်ားကို တရားစြဲဆိုထားပါတယ္။ အတိုက္အခံတို႔ရဲ႕မဟာမိတ္ပါတီအခ်ိဳ႕ကိုလည္း မတရားအသင္းေၾကညာျခင္း၊ ၎ပါတီေခါင္းေဆာင္ အေတာ္မ်ား မ်ားကို ၁၉၇၁ ခုႏွစ္ ဘဂၤလားေဒ့ရွ္ဂ်ီႏိုဆိုက္မႈစြပ္စြဲခ်က္နဲ႔ ႀကိဳးစင္တင္ ကြပ္မ်က္ခဲ့ပါတယ္။ လွ်ပ္တျပက္ တုံ႔ျပန္ေရး တပ္ (ေခၚ) RAB အထူးတပ္ကို ခါးပိုက္ေဆာင္ ေမြးျမဴထားၿပီး ႏိုင္ငံေရးအတိုက္အခံတို႔ကို ဒလၾကမ္းဖမ္းဆီးျခင္း၊ အၾကမ္းဖက္ႏွိပ္စက္ျခင္းမ်ား ျပဳလုပ္လ်က္ရွိတယ္လို႔ စြပ္စြဲျခင္း ခံထားရပါတယ္။

#ဘဂၤလားေဒ့ရွ္ #ျပန္လည္ျပည္ၿဖိဳးၿမဲစြမ္းအင္ #ေလထုညစ္ညမ္းမႈ #ရန္ဂါပူရ္ #ေက်ာက္မီးေသြးစြမ္းအင္စက္႐ုံ #ျမန္မာ #လူထု_ႏိုင္ငံေရး_ေရခ်ိန္
(Dhaka Tribune., 2 August 2023,” PM Hasina opens Bangladesh’s largest solar park” ကို #HatyOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.