ထိုင်းဗီဇာဝန်ဆောင်မှု လုပ်ကိုင်ခွင့်အတွက် မြန်မာပြည်တွင်းခရီးသွားကုမ္ပဏီ ၂၃ ခုကို ထိုင်းသံရုံးခွင့်ပြု

2083
NP News - ဩဂုတ် ၃
ထိုင်းဗီဇာဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန်အတွက် ပြည်တွင်းခရီးသွားကုမ္ပဏီ ၂၃ ခုကို ထိုင်းသံရုံးက ခွင့်ပြုလိုက်ကြောင်း သံရုံးထုတ်ပြန်ချက်အရသိရသည်။

ထိုင်းဗီဇာယူရန်အတွက် ယခင်ကဲ့သို့ သံရုံးသို့ လူကိုယ်တိုင်သွားရောက် တန်းစီရန်မလိုတော့ဘဲ အထက်ပါ ခရီးသွားကုမ္ပဏီများမှတဆင့် ဗီဇာလျှောက်နိုင်ပြီ ဖြစ်ကြောင်းသိရသည်။
“ကျွန်မတို့ဆီကို စာရွက်စာတမ်း အစုံအလင်လာပေးထားရင် ၃ ရက်အတွင်းဗီဇာရအောင် လျှောက်ပေးပါတယ်။ လိုအပ်တာကတော့ မှတ်ပုံတင်မူရင်း၊ ပတ်စပို့စ်နဲ့ ငွေလက်ကျန် ၁၅ သိန်းရှိတဲ့ ဘဏ်စာအုပ်လိုပါတယ်။ သံရုံးကို သွင်းရတဲ့ဗီဇာကြေးက ဒေါ်လာ ၄၀၊ ဗီဇာဝန် ဆောင်မှုက တိုးရစ်ဗီဇာဆိုရင် ဒေါ်လာ ၃၀၊ စုစုပေါင်း ဒေါ်လာ ၇၀ ကျပါမယ်” ဟု ခရီးသွား ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ဗီဇာဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်နိုင်ရန် ပြည်တွင်းမှ ကုမ္ပဏီ ၄၀၀ ကျော် လျှောက်ထားသည့်အနက်မှ ကုမ္ပဏီ ၂၃ ခုကို ထိုင်းသံရုံးက ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဗီဇာဝန် ဆောင်မှုဖြင့် လျှောက်ထားလိုပါက မိမိလျှောက်ထားလိုသည့် ဗီဇာကြေးအပေါ် မူတည်ပြီး ၃၅ ဒေါ်လာမှ ဒေါ်လာ ၂၀၀၀ အထိ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။
ဗီဇာဝန်ဆောင်မှုပေးရာတွင် ကုမ္ပဏီမှ အစအဆုံး တာဝန်ယူဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး နယ်မှဗီဇာလျှောက်ထားလိုသူများအတွက် အဆင်ပြေနိုင်ပြီး အထူးသဖြင့် ထိုင်းနိုင်ငံနှင့် နယ်နမိတ်ချင်း ထိစပ်နေသည့်မြို့များတွင် နေထိုင်သူများအတွက် ပိုမိုအဆင်ပြေနိုင်မည်ဖြစ် ကြောင်း သိရသည်။

zawgyi version
ထိုင္းဗီဇာဝန္ေဆာင္မႈ လုပ္ကိုင္ခြင့္အတြက္ ျမန္မာျပည္တြင္းခရီးသြားကုမၸဏီ ၂၃ ခုကို ထိုင္းသံ႐ုံးခြင့္ျပဳ
NP News - ဩဂုတ္ ၃
ထိုင္းဗီဇာဝန္ေဆာင္မႈလုပ္ငန္း လုပ္ကိုင္ရန္အတြက္ ျပည္တြင္းခရီးသြားကုမၸဏီ ၂၃ ခုကို ထိုင္းသံ႐ုံးက ခြင့္ျပဳလိုက္ေၾကာင္း သံ႐ုံးထုတ္ျပန္ခ်က္အရသိရသည္။
ထိုင္းဗီဇာယူရန္အတြက္ ယခင္ကဲ့သို႔ သံ႐ုံးသို႔ လူကိုယ္တိုင္သြားေရာက္ တန္းစီရန္မလိုေတာ့ဘဲ အထက္ပါ ခရီးသြားကုမၸဏီမ်ားမွတဆင့္ ဗီဇာေလွ်ာက္ႏိုင္ၿပီ ျဖစ္ေၾကာင္းသိရသည္။
“ကြၽန္မတို႔ဆီကို စာ႐ြက္စာတမ္း အစုံအလင္လာေပးထားရင္ ၃ ရက္အတြင္းဗီဇာရေအာင္ ေလွ်ာက္ေပးပါတယ္။ လိုအပ္တာကေတာ့ မွတ္ပုံတင္မူရင္း၊ ပတ္စပို႔စ္နဲ႔ ေငြလက္က်န္ ၁၅ သိန္းရွိတဲ့ ဘဏ္စာအုပ္လိုပါတယ္။ သံ႐ုံးကို သြင္းရတဲ့ဗီဇာေၾကးက ေဒၚလာ ၄၀၊ ဗီဇာဝန္ ေဆာင္မႈက တိုးရစ္ဗီဇာဆိုရင္ ေဒၚလာ ၃၀၊ စုစုေပါင္း ေဒၚလာ ၇၀ က်ပါမယ္” ဟု ခရီးသြား ကုမၸဏီတစ္ခုမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
အဆိုပါ ဗီဇာဝန္ေဆာင္မႈလုပ္ငန္းကို လုပ္ကိုင္ႏိုင္ရန္ ျပည္တြင္းမွ ကုမၸဏီ ၄၀၀ ေက်ာ္ ေလွ်ာက္ထားသည့္အနက္မွ ကုမၸဏီ ၂၃ ခုကို ထိုင္းသံ႐ုံးက ေ႐ြးခ်ယ္ခဲ့ျခင္းျဖစ္ၿပီး ဗီဇာဝန္ ေဆာင္မႈျဖင့္ ေလွ်ာက္ထားလိုပါက မိမိေလွ်ာက္ထားလိုသည့္ ဗီဇာေၾကးအေပၚ မူတည္ၿပီး ၃၅ ေဒၚလာမွ ေဒၚလာ ၂၀၀၀ အထိ က်သင့္မည္ျဖစ္ေၾကာင္း သိရသည္။
ဗီဇာဝန္ေဆာင္မႈေပးရာတြင္ ကုမၸဏီမွ အစအဆုံး တာဝန္ယူေဆာင္႐ြက္ေပးသြားမည္ ျဖစ္ၿပီး နယ္မွဗီဇာေလွ်ာက္ထားလိုသူမ်ားအတြက္ အဆင္ေျပႏိုင္ၿပီး အထူးသျဖင့္ ထိုင္းႏိုင္ငံႏွင့္ နယ္နမိတ္ခ်င္း ထိစပ္ေနသည့္ၿမိဳ႕မ်ားတြင္ ေနထိုင္သူမ်ားအတြက္ ပိုမိုအဆင္ေျပႏိုင္မည္ျဖစ္ ေၾကာင္း သိရသည္။