ဘုတ်ပြင်းမြို့နယ်၌ မိသားစု(၃)ဦးကို PDF အဖွဲ့မှ သေနတ်ဖြင့်ပစ်သတ်ခဲ့ရာ (၂)ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

2925
NP News - ဩဂုတ် ၄
တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်ရှိ မိသားစု(၃)ဦးကို PDF အဖွဲ့မှ သေနတ်ဖြင့်ပစ်သတ်မှုကြောင့် (၂)ဦးသေဆုံး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော ဩဂုတ်လ ၁ ရက်၊ ည ၉နာရီခွဲအချိန်တွင် ဘုတ်ပြင်းမြို့နယ်၊ ဘုတ်ပြင်းကျေးရွာအနီး၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဘုတ်ပြင်းကျေးရွာအနီး၊ ဥယျာဉ်ခြံအတွင်းရှိ နေအိမ်၌ နေထိုင်သည့် မိသားစု(၃)ဦးအား PDF အင်အား(၂)ဦးခန့်ကရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဘုတ်ပြင်းကျေးရွာနေ ဦးခင်မောင်လွင်(၆၈)နှစ်နှင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်မြင့်ခိုင် (၅၈)နှစ်တွင် ရင်ဘက်ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ပြီး သားဖြစ်သူ ကိုကျော်ကျော်လွင်(၂၄)နှစ်တွင် ယာပါးစောင်းကျည်ရှပ်ထိဒဏ်ရာ တစ်ချက်ရရှိခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
zawgyi version
ဘုတ္ျပင္းၿမိဳ႕နယ္၌ မိသားစု(၃)ဦးကို PDF အဖြဲ႕မွ ေသနတ္ျဖင့္ပစ္သတ္ခဲ့ရာ (၂)ဦးေသဆုံးၿပီး တစ္ဦးဒဏ္ရာရ
NP News - ဩဂုတ္ ၄
တနသၤာရီတိုင္း၊ ဘုတ္ျပင္းၿမိဳ႕နယ္ရွိ မိသားစု(၃)ဦးကို PDF အဖြဲ႕မွ ေသနတ္ျဖင့္ပစ္သတ္မႈေၾကာင့္ (၂)ဦးေသဆုံး တစ္ဦးဒဏ္ရာရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့ေသာ ဩဂုတ္လ ၁ ရက္၊ ည ၉နာရီခြဲအခ်ိန္တြင္ ဘုတ္ျပင္းၿမိဳ႕နယ္၊ ဘုတ္ျပင္းေက်း႐ြာအနီး၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါ ဘုတ္ျပင္းေက်း႐ြာအနီး၊ ဥယ်ာဥ္ၿခံအတြင္းရွိ ေနအိမ္၌ ေနထိုင္သည့္ မိသားစု(၃)ဦးအား PDF အင္အား(၂)ဦးခန႔္ကေရာက္ရွိလာၿပီး ေသနတ္ျဖင့္ပစ္ခတ္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။
ထိုသို႔ ေသနတ္ျဖင့္ ပစ္ခတ္မႈေၾကာင့္ ဘုတ္ျပင္းေက်း႐ြာေန ဦးခင္ေမာင္လြင္(၆၈)ႏွစ္ႏွင့္ ၎၏ ဇနီးျဖစ္သူ ေဒၚျမင့္ခိုင္ (၅၈)ႏွစ္တြင္ ရင္ဘက္က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ပြားရာေနရာ၌ ေသဆုံးသြားခဲ့ၿပီး သားျဖစ္သူ ကိုေက်ာ္ေက်ာ္လြင္(၂၄)ႏွစ္တြင္ ယာပါးေစာင္းက်ည္ရွပ္ထိဒဏ္ရာ တစ္ခ်က္ရရွိခဲ့ေၾကာင္း သိရသည္။
အထက္ပါျဖစ္စဥ္မွ အေၾကာင္းမဲ့လုပ္ႀကံသတ္ျဖတ္မႈက်ဴးလြန္ခဲ့သည့္ အၾကမ္းဖက္သမားမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီအျပစ္ေပးအေရးယူႏိုင္ေရးလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။