ကန်အတွင်း၌ ရေကူးနေစဉ် မြေပြိုကျမှုကြောင့် အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးမှု ဖားကန့်မြို့တွင် ဖြစ်ပွား

 2005

သန့်ဇင် (NP News) - ဩဂုတ် ၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ရေကန်တစ်ခုအတွင်း၌ အမျိုးသမီးတစ်ဦး ရေကူးနေစဉ် မြေပြိုကျမှုကြောင့် ရေနစ်မြုပ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါအမျိုးသမီးသည် ယမန့်နေ ဩဂုတ်လ ၅ ရက် မွန်းလွဲပိုင်းအချိန်တွင် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ အောင်သာယာကျေးရွာ လမ်းဘေးရှိကန်အတွင်း၌ သေဆုံးသွားခဲ့ကြောင်း သင်္ဂဟလူမှုကူညီရေးအသင်းထံမှ သိရ သည်။

“ရွာလမ်းဘေးမှာ ကန်(၂)ကန်ရှိတယ်ဗျ။ အပေါ်ကန်မှာ သူကရေဆင်းကူးနေရင်းက မြေပြိုတော့ ရွာလမ်း ရေစီး ကြောင်းနဲ့မျောပါပြီးတော့ အောက်ကကန်တစ်ကန်ရှိသေးတယ်။ အဲဒီကန်ထဲကိုကျသွားတာ။ ကန်(၂)ခု အကွာ အဝေးက ပေ(၂ဝ)လောက်တော့ ရှိတယ်ဗျ” ဟု သင်္ဂဟလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါ ရေနစ်သေဆုံးသူအမျိုးသမီးမှာ အသက်(၃၇)နှစ်ဝန်းကျင်ရှိပြီး ရေနစ်စဉ်ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်ခဲ့ ရာ ညနေ ၅ နာရီအချိန်တွင် ပြန်လည်ရှာတွေ့ခဲ့ကြောင်း သိရသည်။

“ပြန်တွေ့ပြီဗျ။ မနေ့က ညနေ ၅ နာရီလောက်မှာ အလောင်းကို တွေ့တာဗျ။ အလောင်းကိုတော့ သုသာန်ကိုပဲ ပို့လိုက်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

အထက်ပါဖြစ်စဉ်မှာ ရေနစ်သေဆုံးသူအမျိုးသမီးအား သင်္ဂဟလူမှုကူညီရေးအသင်းမှ ကျေးရွာသုသာန်သို့ ပို့ဆောင် ကူညီပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ကန္အတြင္း၌ ေရကူးေနစဥ္ ေျမၿပိဳက်မႈေၾကာင့္ အမ်ိဳးသမီးတစ္ဦး ေရနစ္ေသဆုံးမႈ ဖားကန႔္ၿမိဳ႕တြင္ ျဖစ္ပြား
သန႔္ဇင္ (NP News) - ဩဂုတ္ ၆

ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္ရွိ ေရကန္တစ္ခုအတြင္း၌ အမ်ိဳးသမီးတစ္ဦး ေရကူးေနစဥ္ ေျမၿပိဳက်မႈေၾကာင့္ ေရနစ္ျမဳပ္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

အဆိုပါအမ်ိဳးသမီးသည္ ယမန႔္ေန ဩဂုတ္လ ၅ ရက္ မြန္းလြဲပိုင္းအခ်ိန္တြင္ ဖားကန႔္ၿမိဳ႕နယ္၊ လုံးခင္းေက်း႐ြာအုပ္စု၊ ေအာင္သာယာေက်း႐ြာ လမ္းေဘးရွိကန္အတြင္း၌ ေသဆုံးသြားခဲ့ေၾကာင္း သဂၤဟလူမႈကူညီေရးအသင္းထံမွ သိရ သည္။

“႐ြာလမ္းေဘးမွာ ကန္(၂)ကန္ရွိတယ္ဗ်။ အေပၚကန္မွာ သူကေရဆင္းကူးေနရင္းက ေျမၿပိဳေတာ့ ႐ြာလမ္း ေရစီး ေၾကာင္းနဲ႔ေမ်ာပါၿပီးေတာ့ ေအာက္ကကန္တစ္ကန္ရွိေသးတယ္။ အဲဒီကန္ထဲကိုက်သြားတာ။ ကန္(၂)ခု အကြာ အေဝးက ေပ(၂ဝ)ေလာက္ေတာ့ ရွိတယ္ဗ်” ဟု သဂၤဟလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါ ေရနစ္ေသဆုံးသူအမ်ိဳးသမီးမွာ အသက္(၃၇)ႏွစ္ဝန္းက်င္ရွိၿပီး ေရနစ္စဥ္ရွာေဖြကယ္ဆယ္မႈမ်ား ျပဳလုပ္ခဲ့ ရာ ညေန ၅ နာရီအခ်ိန္တြင္ ျပန္လည္ရွာေတြ႕ခဲ့ေၾကာင္း သိရသည္။

“ျပန္ေတြ႕ၿပီဗ်။ မေန႔က ညေန ၅ နာရီေလာက္မွာ အေလာင္းကို ေတြ႕တာဗ်။ အေလာင္းကိုေတာ့ သုသာန္ကိုပဲ ပို႔လိုက္ပါတယ္” ဟု ၎က ဆက္လက္ေျပာသည္။

အထက္ပါျဖစ္စဥ္မွာ ေရနစ္ေသဆုံးသူအမ်ိဳးသမီးအား သဂၤဟလူမႈကူညီေရးအသင္းမွ ေက်း႐ြာသုသာန္သို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.