လဲချားမြို့၌ ရှမ်းလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော SSPP နှင့် တပ်မတော်တို့ကြား ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ဟုဆို

 3067

NP News - သြဂုတ် ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်အတွင်း၌ ရှမ်းလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော SSPP/SSA နှင့် တပ်မတော်တို့အကြား ပြင်းထန်စွာတိုက်ပွဲဖြစ်သွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါတိုက်ပွဲသည် ယနေ့(သြဂုတ် ၆ ရက်) နံနက် ၆ နာရီအချိန်ခန့်တွင် လဲချားမြို့နယ်၊ ဟိုင်းဆိုင်ကျေးရွာအုပ်စုအတွင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)၏ တပ်စခန်းအနီးတွင် ဖြစ်ပွားခဲ့ကြောင်း SSPP က ထုတ်ပြန် ထားသည်။

၎င်း SSPP/SSA ၏ တပ်စခန်းကို တပ်မတော်ဘက်က အင်အား (၇ဝ)ခန့်ဖြင့် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက် အကြားတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် SSPP/SSA အဖွဲ့သည် ယနေ့ နံနက် ၇ နာရီခွဲအချိန်တွင် လဲချားမြို့နယ် မန်ဆေကျေးရွာအုပ်စု၊ မက်လန်းရွာ ၌ တပ်ဆွဲထားသည့် တပ်မတော်၏ ခမရ(၅၇၃)ကို ပြန်လည်သွားရောက် တိုက်ခိုက်ခဲ့သည်ဟုလည်း ထပ်မံ ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ သွားရောက်တိုက်ခိုက်စဉ် နှစ်ဖက်အကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ တိုက်ပွဲဖြစ်နေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲများနှင့်ပတ်သက်၍ နစကဘက်က တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုခြင်းမျိုး မရှိသေးပေ။
ပြီးခဲ့သော ဇွန်လ ပထမပတ်အတွင်း၌ တပ်မတော်သည် လဲချားမြို့နယ်အတွင်းရှိ SSPP/SSA ၏ တပ်စခန်း (၁ဝ) ခု ကို ဆုတ်ခွာပေးရန် သတိပေးတောင်းဆိုမှုများ ရှိခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ တပ်မတော်၏ သတိပေးတောင်းဆိုမှုအပေါ် SSPP/SSA ဘက်က တပ်စခန်းများကို ဆုတ်ခွာပေးနိုင်ခြင်း မရှိကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။

လက်ရှိတွင် တပ်မတော်နှင့် SSPP/SSA တို့အကြားတွင် လဲချားမြို့နယ်၌ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိ နေသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) သည် နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖိတ်ခေါ်ခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့တက်ရောက်ခဲ့သော လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။

ထို့ပြင် ပြီးခဲ့သော ဇူလိုင် ၂ဝ ရက်နှင့် ၂၁ ရက်တို့တွင် SSPP/SSA အဖွဲ့အပါအဝင် UWSP၊ NDAA တို့ (၃)ဖွဲ့သည် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

Zawgyi Version;
လဲခ်ားၿမိဳ႕၌ ရွမ္းလက္နက္ကိုင္အဖြဲ႕တစ္ခုျဖစ္ေသာ SSPP ႏွင့္ တပ္မေတာ္တို႔ၾကား ျပင္းထန္စြာ တိုက္ပြဲျဖစ္ပြားခဲ့ဟုဆို
NP News - ၾသဂုတ္ ၆

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ လဲခ်ားၿမိဳ႕နယ္အတြင္း၌ ရွမ္းလက္နက္ကိုင္အဖြဲ႕တစ္ခုျဖစ္ေသာ SSPP/SSA ႏွင့္ တပ္မေတာ္တို႔အၾကား ျပင္းထန္စြာတိုက္ပြဲျဖစ္သြားခဲ့ေၾကာင္း သတင္းရရွိသည္။

အဆိုပါတိုက္ပြဲသည္ ယေန႔(ၾသဂုတ္ ၆ ရက္) နံနက္ ၆ နာရီအခ်ိန္ခန႔္တြင္ လဲခ်ားၿမိဳ႕နယ္၊ ဟိုင္းဆိုင္ေက်း႐ြာအုပ္စုအတြင္းရွိ ရွမ္းျပည္တိုးတက္ေရးပါတီ(SSPP/SSA)၏ တပ္စခန္းအနီးတြင္ ျဖစ္ပြားခဲ့ေၾကာင္း SSPP က ထုတ္ျပန္ ထားသည္။

၎ SSPP/SSA ၏ တပ္စခန္းကို တပ္မေတာ္ဘက္က အင္အား (၇ဝ)ခန႔္ျဖင့္ စတင္တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး ႏွစ္ဖက္ အၾကားတြင္ တိုက္ပြဲအျပင္းအထန္ျဖစ္ပြားခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။

ထို႔ျပင္ SSPP/SSA အဖြဲ႕သည္ ယေန႔ နံနက္ ၇ နာရီခြဲအခ်ိန္တြင္ လဲခ်ားၿမိဳ႕နယ္ မန္ေဆေက်း႐ြာအုပ္စု၊ မက္လန္း႐ြာ ၌ တပ္ဆြဲထားသည့္ တပ္မေတာ္၏ ခမရ(၅၇၃)ကို ျပန္လည္သြားေရာက္ တိုက္ခိုက္ခဲ့သည္ဟုလည္း ထပ္မံ ထုတ္ျပန္ထားသည္။

ယင္းကဲ့သို႔ သြားေရာက္တိုက္ခိုက္စဥ္ ႏွစ္ဖက္အၾကား တိုက္ပြဲအျပင္းအထန္ျဖစ္ပြားခဲ့ၿပီး လက္ရွိအခ်ိန္အထိ တိုက္ပြဲျဖစ္ေနဆဲျဖစ္ေၾကာင္း သိရသည္။

အဆိုပါတိုက္ပြဲမ်ားႏွင့္ပတ္သက္၍ နစကဘက္က တစ္စုံတစ္ရာထုတ္ျပန္ေျပာဆိုျခင္းမ်ိဳး မရွိေသးေပ။
ၿပီးခဲ့ေသာ ဇြန္လ ပထမပတ္အတြင္း၌ တပ္မေတာ္သည္ လဲခ်ားၿမိဳ႕နယ္အတြင္းရွိ SSPP/SSA ၏ တပ္စခန္း (၁ဝ) ခု ကို ဆုတ္ခြာေပးရန္ သတိေပးေတာင္းဆိုမႈမ်ား ရွိခဲ့ေၾကာင္း သိရသည္။

ယင္းကဲ့သို႔ တပ္မေတာ္၏ သတိေပးေတာင္းဆိုမႈအေပၚ SSPP/SSA ဘက္က တပ္စခန္းမ်ားကို ဆုတ္ခြာေပးႏိုင္ျခင္း မရွိေၾကာင္း ျပန္လည္တုံ႔ျပန္ခဲ့သည္။

လက္ရွိတြင္ တပ္မေတာ္ႏွင့္ SSPP/SSA တို႔အၾကားတြင္ လဲခ်ားၿမိဳ႕နယ္၌ တိုက္ပြဲမ်ား ျပင္းထန္စြာျဖစ္ပြားလ်က္ရွိ ေနသည္။

ရွမ္းျပည္တိုးတက္ေရးပါတီ(SSPP/SSA) သည္ နစကဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ဖိတ္ေခၚခဲ့ေသာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲသို႔တက္ေရာက္ခဲ့ေသာ လက္နက္ကိုင္အဖြဲ႕အစည္းတစ္ခုလည္း ျဖစ္သည္။

ထို႔ျပင္ ၿပီးခဲ့ေသာ ဇူလိုင္ ၂ဝ ရက္ႏွင့္ ၂၁ ရက္တို႔တြင္ SSPP/SSA အဖြဲ႕အပါအဝင္ UWSP၊ NDAA တို႔ (၃)ဖြဲ႕သည္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္ ဦးေဆာင္ေသာ ႏိုင္ငံေတာ္၏ၿငိမ္းခ်မ္းေရးေဆြးေႏြးေရးအဖြဲ႕ႏွင့္ ေတြ႕ဆုံေဆြးေႏြးမႈမ်ား ျပဳလုပ္ခဲ့ၾကသည္။

Related news

© 2021. All rights reserved.