စာသင်ပေးနေသည့်ဆရာမတစ်ဦးကို PDF အဖွဲ့က ကျောင်းအပြင်သို့ခေါ်ထုတ်ကာ သေနတ်ဖြင့် အနီးကပ် ပစ်သတ်မှုဖြစ်ပွား

 2430

NP News - သြဂုတ် ၆

စာသင်ပေးနေသည့်ဆရာမတစ်ဦးကို PDF အဖွဲ့က ကျောင်းအပြင်သို့ခေါ်ထုတ်ကာ သေနတ်ဖြင့် အနီးကပ် ပစ်သတ်မှု မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၌ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့(သြဂုတ် ၆ ရက်) နံနက် ၁ဝ နာရီအချိန်ခန့်တွင် နွားထိုးကြီးမြို့နယ်၊ ခက်လန်းကျေးရွာအုပ်စု၊ မြိုင်သာကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းအနီးတွင် ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများက ပြောသည်။

မူလတန်းပြကျောင်းဆရာမဖြစ်သူ ဒေါ်နန်းလှဝင်းသည် Grade 4 ကျောင်းသား၊ ကျောင်းသူများကို စာသင်ကြားပေး နေစဉ်အချိန်တွင် PDF အဖွဲ့ဝင် (၂)ဦးက ဆိုင်ကယ်တစ်စီးဖြင့် အမက(မြိုင်သာကျေးရွာ)ကျောင်းသို့ ရောက်ရှိလာခဲ့ ကြောင်း သိရသည်။

ထို့နောက် PDF အဖွဲ့ဝင် (၂)ဦးသည် ဆရာမဒေါ်နန်းလှဝင်းအား ကျောင်းအပြင်သို့ ခေါ်ထုတ်သွားပြီးနောက် ဆရာမ၏ ဦး ခေါင်းအား သေနတ်ဖြင့် အနီးကပ် ပစ်သတ်သွားခဲ့ကြောင်း သိရသည်။

၎င်းကဲ့သို့ ပစ်ခတ်ခံရမှုကြောင့် ဆရာမဒေါ်နန်းလှဝင်း၏ ဦးခေါင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာ (၂)ချက်ရရှိကာ အခင်းဖြစ်ပွားနေရာ၌ပင် ဆုံးပါးသွားခဲ့ကြောင်း သိရသည်။

“ဖြစ်စဉ် ဖြစ်သွားတာက မှန်ပါတယ်။ ကျောင်းဆရာမပါ။ ဒီနေ့မနက်ကမှ ဖြစ်သွားတာ။ ဆရာမအလောင်းကိုတော့ ရွာက ကား နဲ့ ဆေးရုံကို ပို့ပေးတယ်။ ပြီးတော့ အလောင်းကို ရွာပြန်သယ်လာပြီးတော့ သူနေအိမ်ကို ပို့ပေးလိုက်တယ်လို့ သိရတယ်” ဟု မြိုင်သာကျေးရွာဒေသခံတစ်ဦးက NP News ကို ပြောသည်။

ဆရာမဒေါ်နန်းလှဝင်းသည် အသတ်ခံရချိန်၌ အသက်(၅ဝ)နှစ်အရွယ် ရှိပြီဖြစ်ကြောင်း သိရပြီး အဆိုပါကျောင်း၌ မူလတန်း ပြဆရာမ/ ယာယီကျောင်းတာဝန်ခံအဖြစ် တာဝန်ယူ စာသင်ကြားပေးနေသူဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ခဲ့သော နိုင်ငံရေးပဋိပက္ခများကြောင့် ကလေးသူငယ် ကျောင်းသား၊ ကျောင်းသူများကို စာသင်ကြားပေးနေသည့် ဆရာ၊ ဆရာမ (၁ဝဝ)နီးပါး အကြမ်းဖက်သတ်ဖြတ်ခြင်း ခံခဲ့ရသည်။

စာသင်ကျောင်းများနှင့် ဆရာ/ဆရာမများကို ဖျက်ဆီးသတ်ဖြတ်ခြင်းလုပ်ရပ်များသည် အနာဂတ်တိုင်းပြည်၏ ကံကြမ္မာကို အဆိုးဘက်သို့ တွန်းပို့ခြင်းဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ အပြုအမူများကို လက်မခံသင့်ကြောင်း တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေးပါတီမှ အထွေထွေအတွင်းရေးမှူးဦးထွန်းရီက NP News ကို ပြောသည်။

“ဘယ်သူပဲဖြစ်ဖြစ်ပေါ့ တရားမဲ့ အလုပ်ခံရတယ်ဆိုတဲ့ဟာက ကောင်းတဲ့ကိစ္စတော့မဟုတ်ပါဘူး။ အထူးသဖြင့် ဆရာ/ဆရာမတွေဆိုတာက အများကို ဒုက္ခပေးတာမဟုတ်ဘဲနဲ့ တိုင်းပြည်ရဲ့အနာဂတ်အညွန့်အဖူးလေးတွေကို ပြုစုပျိုးထောင်ပေးနေတဲ့အပိုင်းတွေပေါ့။ အဲဒီအပိုင်းတွေကို လုပ်တာကတော့ တိုင်းပြည်အတွက် ကောင်းတဲ့ အလားအလာမဟုတ်ဘူး။ လက်ခံသင့်တဲ့ ကိစ္စမဟုတ်ဘူး”ဟု ဦးထွန်းရီက ပြောသည်။

နိုင်ငံတော် တာဝန်ယူထားသည့် နစကအစိုးရအနေဖြင့် အကြမ်းဖက်သတ်ဖြတ်ခြင်း ခံနေရသည့် ဆရာ၊ ဆရာမများ အပေါ် အပြည့်အဝကာကွယ်ပေးနိုင်ခြင်းမရှိသကဲ့သို့ အကြမ်းဖက်သမားများကလည်း ဆရာ၊ ဆရာမများကို ဆက်လက်အကြမ်းဖက်သတ်ဖြတ်နေဆဲဖြစ်သည်။

Zawgyi Version;
စာသင္ေပးေနသည့္ဆရာမတစ္ဦးကို PDF အဖြဲ႕က ေက်ာင္းအျပင္သို႔ေခၚထုတ္ကာ ေသနတ္ျဖင့္ အနီးကပ္ ပစ္သတ္ မႈျဖစ္ပြား
NP News - ၾသဂုတ္ ၆

စာသင္ေပးေနသည့္ဆရာမတစ္ဦးကို PDF အဖြဲ႕က ေက်ာင္းအျပင္သို႔ေခၚထုတ္ကာ ေသနတ္ျဖင့္ အနီးကပ္ ပစ္သတ္မႈ မႏၲေလးတိုင္း၊ ႏြားထိုးႀကီးၿမိဳ႕နယ္၌ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔(ၾသဂုတ္ ၆ ရက္) နံနက္ ၁ဝ နာရီအခ်ိန္ခန႔္တြင္ ႏြားထိုးႀကီးၿမိဳ႕နယ္၊ ခက္လန္းေက်း႐ြာအုပ္စု၊ ၿမိဳင္သာေက်း႐ြာရွိ အေျခခံပညာမူလတန္းေက်ာင္းအနီးတြင္ ျဖစ္ပြားခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူမ်ားက ေျပာသည္။

မူလတန္းျပေက်ာင္းဆရာမျဖစ္သူ ေဒၚနန္းလွဝင္းသည္ Grade 4 ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို စာသင္ၾကားေပး ေနစဥ္အခ်ိန္တြင္ PDF အဖြဲ႕ဝင္ (၂)ဦးက ဆိုင္ကယ္တစ္စီးျဖင့္ အမက(ၿမိဳင္သာေက်း႐ြာ)ေက်ာင္းသို႔ ေရာက္ရွိလာခဲ့ ေၾကာင္း သိရသည္။

ထို႔ေနာက္ PDF အဖြဲ႕ဝင္ (၂)ဦးသည္ ဆရာမေဒၚနန္းလွဝင္းအား ေက်ာင္းအျပင္သို႔ ေခၚထုတ္သြားၿပီးေနာက္ ဆရာမ၏ ဦး ေခါင္းအား ေသနတ္ျဖင့္ အနီးကပ္ ပစ္သတ္သြားခဲ့ေၾကာင္း သိရသည္။

၎ကဲ့သို႔ ပစ္ခတ္ခံရမႈေၾကာင့္ ဆရာမေဒၚနန္းလွဝင္း၏ ဦးေခါင္းတြင္ က်ည္ေဖာက္ဝင္ဒဏ္ရာ (၂)ခ်က္ရရွိကာ အခင္းျဖစ္ပြားေနရာ၌ပင္ ဆုံးပါးသြားခဲ့ေၾကာင္း သိရသည္။

“ျဖစ္စဥ္ ျဖစ္သြားတာက မွန္ပါတယ္။ ေက်ာင္းဆရာမပါ။ ဒီေန႔မနက္ကမွ ျဖစ္သြားတာ။ ဆရာမအေလာင္းကိုေတာ့ ႐ြာက ကား နဲ႔ ေဆး႐ုံကို ပို႔ေပးတယ္။ ၿပီးေတာ့ အေလာင္းကို ႐ြာျပန္သယ္လာၿပီးေတာ့ သူေနအိမ္ကို ပို႔ေပးလိုက္တယ္လို႔ သိရတယ္” ဟု ၿမိဳင္သာေက်း႐ြာေဒသခံတစ္ဦးက NP News ကို ေျပာသည္။

ဆရာမေဒၚနန္းလွဝင္းသည္ အသတ္ခံရခ်ိန္၌ အသက္(၅ဝ)ႏွစ္အ႐ြယ္ ရွိၿပီျဖစ္ေၾကာင္း သိရၿပီး အဆိုပါေက်ာင္း၌ မူလတန္း ျပဆရာမ/ ယာယီေက်ာင္းတာဝန္ခံအျဖစ္ တာဝန္ယူ စာသင္ၾကားေပးေနသူျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္ ၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွ စတင္ခဲ့ေသာ ႏိုင္ငံေရးပဋိပကၡမ်ားေၾကာင့္ ကေလးသူငယ္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို စာသင္ၾကားေပးေနသည့္ ဆရာ၊ ဆရာမ (၁ဝဝ)နီးပါး အၾကမ္းဖက္သတ္ျဖတ္ျခင္း ခံခဲ့ရသည္။

စာသင္ေက်ာင္းမ်ားႏွင့္ ဆရာ/ဆရာမမ်ားကို ဖ်က္ဆီးသတ္ျဖတ္ျခင္းလုပ္ရပ္မ်ားသည္ အနာဂတ္တိုင္းျပည္၏ ကံၾကမၼာကို အဆိုးဘက္သို႔ တြန္းပို႔ျခင္းျဖစ္ေၾကာင္းႏွင့္ ယင္းကဲ့သို႔ အျပဳအမူမ်ားကို လက္မခံသင့္ေၾကာင္း တိုင္းရင္းသားစည္းလုံးညီ ၫြတ္ေရးပါတီမွ အေထြေထြအတြင္းေရးမႉးဦးထြန္းရီက NP News ကို ေျပာသည္။

“ဘယ္သူပဲျဖစ္ျဖစ္ေပါ့ တရားမဲ့ အလုပ္ခံရတယ္ဆိုတဲ့ဟာက ေကာင္းတဲ့ကိစၥေတာ့မဟုတ္ပါဘူး။ အထူးသျဖင့္ ဆရာ/ဆရာမေတြဆိုတာက အမ်ားကို ဒုကၡေပးတာမဟုတ္ဘဲနဲ႔ တိုင္းျပည္ရဲ႕အနာဂတ္အၫြန႔္အဖူးေလးေတြကို ျပဳစုပ်ိဳးေထာင္ေပးေနတဲ့အပိုင္းေတြေပါ့။ အဲဒီအပိုင္းေတြကို လုပ္တာကေတာ့ တိုင္းျပည္အတြက္ ေကာင္းတဲ့ အလားအလာမဟုတ္ဘူး။ လက္ခံသင့္တဲ့ ကိစၥမဟုတ္ဘူး”ဟု ဦးထြန္းရီက ေျပာသည္။

ႏိုင္ငံေတာ္ တာဝန္ယူထားသည့္ နစကအစိုးရအေနျဖင့္ အၾကမ္းဖက္သတ္ျဖတ္ျခင္း ခံေနရသည့္ ဆရာ၊ ဆရာမမ်ား အေပၚ အျပည့္အဝကာကြယ္ေပးႏိုင္ျခင္းမရွိသကဲ့သို႔ အၾကမ္းဖက္သမားမ်ားကလည္း ဆရာ၊ ဆရာမမ်ားကို ဆက္လက္အၾကမ္းဖက္သတ္ျဖတ္ေနဆဲျဖစ္သည္။

Picture

Kaung Hsu Thar

06/08/2023 19:17

မိုက်ရိုင်းလိုက်တဲ့ PDF အယုတ်တမာကောင်တွေ

Picture

Kaung Hsu Thar

06/08/2023 19:18

တာလီဘန်တွေဖြစ်လာကြပြီ

Related news

© 2021. All rights reserved.