မကွေးတိုင်းရှိ 100 MW ဓာတ်အားပေးစက်ရုံစီမံကိန်းကို အမေရိကန်ဒေါ်လာသန်း(၂၀၀)ကျော် အကုန်အကျခံကာ တည်ဆောက်နေ

 2232

ယွန်း (NP News) - သြဂုတ် ၇

မကွေးတိုင်းရှိ 100 MW(Gas Engine+ Solar Hybrid) ဓာတ်အားပေးစက်ရုံစီမံကိန်းကို အမေရိကန်ဒေါ်လာသန်း(၂၀၀)ကျော် အကုန်အကျခံကာ တည်ဆောက်နေကြောင်း နစကမှ သိရသည်။

အဆိုပါ ဓာတ်အားပေးစက်ရုံစီမံကိန်း တည်ဆောက်နေမှုကို မကွေးတိုင်းဝန်ကြီးချုပ် ဦးတင့်လွင်က သြဂုတ်လ(၅)ရက်တွင် သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

စီမံကိန်းကို မကွေးမြို့နယ်၊ သပြေစမ်းကျေးရွာအနီးတွင် တည်ဆောက်နေခြင်းဖြစ်ပြီး နေရောင်ခြည်စက်စွမ်းအား (၁၀၀)မဂ္ဂါဝပ် နှင့် သဘာဝဓာတ်ငွေ့သုံးစက်စွမ်းအား (၁၂၆)မဂ္ဂါဝပ်ဖြင့် တည်ဆောက်နေကြောင်း သိရသည်။

အဆိုပါဓာတ်အားပေးစီမံကိန်းကို အမေရိကန်ဒေါ်လာ (၂၁၈ ဒသမ ၈၉၀)သန်းဖြင့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

စီမံကိန်းကို မြေဧက (၅၉၈)ဧကတွင် တည်‌ဆောက်နေခြင်းဖြစ်ပြီး နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရန် တည်ဆောက်ခြင်းဖြစ်ကြောင်း နစကထံမှ သိရသည်။

လက်ရှိတွင် စီမံကိန်းလုပ်ငန်းမှာ (၃၂)ရာခိုင်နှုန်းပြီးစီးနေပြီး လာမည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စီမံကိန်းလုပ်ငန်းများကို ပြီးစီးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
မေကြးတိုင္းရွိ 100 MW ဓာတ္အားေပးစက္႐ုံစီမံကိန္းကို အေမရိကန္ေဒၚလာသန္း(၂၀၀)ေက်ာ္ အကုန္အက်ခံကာ တည္ေဆာက္ေန

ယြန္း (NP News) - ၾသဂုတ္ ၇

မေကြးတိုင္းရွိ 100 MW(Gas Engine+ Solar Hybrid) ဓာတ္အားေပးစက္႐ုံစီမံကိန္းကို အေမရိကန္ေဒၚလာသန္း(၂၀၀)ေက်ာ္ အကုန္အက်ခံကာ တည္ေဆာက္ေနေၾကာင္း နစကမွ သိရသည္။

အဆိုပါ ဓာတ္အားေပးစက္႐ုံစီမံကိန္း တည္ေဆာက္ေနမႈကို မေကြးတိုင္းဝန္ႀကီးခ်ဳပ္ ဦးတင့္လြင္က ၾသဂုတ္လ(၅)ရက္တြင္ သြားေရာက္ၾကည့္ရႈခဲ့ေၾကာင္း သိရသည္။

စီမံကိန္းကို မေကြးၿမိဳ႕နယ္၊ သေျပစမ္းေက်း႐ြာအနီးတြင္ တည္ေဆာက္ေနျခင္းျဖစ္ၿပီး ေနေရာင္ျခည္စက္စြမ္းအား (၁၀၀)မဂၢါဝပ္ ႏွင့္ သဘာဝဓာတ္ေငြ႕သုံးစက္စြမ္းအား (၁၂၆)မဂၢါဝပ္ျဖင့္ တည္ေဆာက္ေနေၾကာင္း သိရသည္။

အဆိုပါဓာတ္အားေပးစီမံကိန္းကို အေမရိကန္ေဒၚလာ (၂၁၈ ဒသမ ၈၉၀)သန္းျဖင့္ ၂၀၂၂ ခုႏွစ္၊ ဇူလိုင္လ ၂၅ ရက္တြင္ စတင္တည္ေဆာက္ခဲ့ျခင္းျဖစ္သည္။

စီမံကိန္းကို ေျမဧက (၅၉၈)ဧကတြင္ တည္‌ေဆာက္ေနျခင္းျဖစ္ၿပီး ႏိုင္ငံအတြင္း လွ်ပ္စစ္ဓာတ္အား ပိုမိုျဖန႔္ျဖဴးေပးႏိုင္ရန္ တည္ေဆာက္ျခင္းျဖစ္ေၾကာင္း နစကထံမွ သိရသည္။

လက္ရွိတြင္ စီမံကိန္းလုပ္ငန္းမွာ (၃၂)ရာခိုင္ႏႈန္းၿပီးစီးေနၿပီး လာမည့္ ၂၀၂၄ ခုႏွစ္၊ ေဖေဖာ္ဝါရီလတြင္ စီမံကိန္းလုပ္ငန္းမ်ားကို ၿပီးစီးႏိုင္ေရး ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.