အရန်ဆန်အိတ်ရေ(၅၀၀၀၀) အပါအဝင် ဆန်အိတ်ရေ နှစ်သိန်းနီးပါးကို ယခုလအတွင်း ထုတ်ရောင်းပေးမည်ဟု ဆန်စပါး အသင်းချုပ်ကြေညာ

 783

ယွန်း (NP News) - သြဂုတ် ၇

အရန်ဆန်အိတ်ရေ(၅၀၀၀၀) အပါအဝင် ဆန်အိတ်ရေပေါင်း နှစ်သိန်းနီးပါးကို ယခုလအတွင်းဈေးကွက်၌ ထုတ်ရောင်းပေးမည်ဟု ဆန်စပါးအသင်းချုပ်မှ ကြေညာထားသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)က ယနေ့(သြဂုတ်လ ၇ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အပါအဝင် ညီနောင်အသင်းအဖွဲ့များ၊ ဆန်စပါး ပို့ကုန်ကုမ္ပဏီများ၊ ဆန်စက်များ/ဆန်ကုန်သည်များစုပေါင်း၍ သြဂုတ်လနှင့် စက်တင်ဘာလများတွင် ဆန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ပြည်သူများကို သက်သာသောဈေးဖြင့် ဆန်များရောင်းချပေးရေးကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

ထို့ကြောင့် အသင်းချုပ်အနေဖြင့် အရန်ဆန် အိတ်ရေ (၅၀၀၀၀) အပါအဝင် ဆန်အိတ်ရေပေါင်း (၁၇၀၀၀၀) ကို ယခု သြဂုတ်လအတွင်း ဈေးကွက်အတွင်းထုတ်၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ ဆန်အိတ်ရေ (၁၇၀၀၀၀)၌အရန်ဆန်အိတ်ရေ (၅၀၀၀၀)နှင့် ဧည့်မထ/ရက်(၉၀) စသည့် ဆန်အိတ်ရေ (၁၀၀၀၀၀)၊ ပေါ်ဆန်းမျိုးစုံအိတ်ရေ (၂၀၀၀၀)တို့ ပါဝင်ကြောင်းသိရပြီး လိုအပ်ပါက ထပ်မံ၍ ထည့်သွင်းရောင်းချပေးမည်ဖြစ်ကြောင်း ဆန်းစပါး အသင်းချုပ်မှ အသိပေးထားသည်။

ထို့ပြင် ဆန်စပါးအသင်းချုပ်အနေဖြင့် ယနေ့(သြဂုတ်လ ၇ ရက်)မှစတင်ကာ ‌သက်သာသောဈေးနှုန်းများဖြင့် ပေါ်ဆန်း၊ ဧည့်မထဆန်မျိုးစုံကို လမ်းမတော်- ဝါးတန်းဆန်စပါးကုန်စည်ဒိုင်နှင့် ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်တို့တွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

zawgyi version
အရန္ဆန္အိတ္ေရ(၅၀၀၀၀) အပါအဝင္ ဆန္အိတ္ေရ ႏွစ္သိန္းနီးပါးကို ယခုလအတြင္း ထုတ္ေရာင္းေပးမည္ဟု ဆန္စပါး အသင္းခ်ဳပ္ေၾကညာ

ယြန္း (NP News) - ၾသဂုတ္ ၇

အရန္ဆန္အိတ္ေရ(၅၀၀၀၀) အပါအဝင္ ဆန္အိတ္ေရေပါင္း ႏွစ္သိန္းနီးပါးကို ယခုလအတြင္းေဈးကြက္၌ ထုတ္ေရာင္းေပးမည္ဟု ဆန္စပါးအသင္းခ်ဳပ္မွ ေၾကညာထားသည္။

ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္(MRF)က ယေန႔(ၾသဂုတ္လ ၇ ရက္)တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ အပါအဝင္ ညီေနာင္အသင္းအဖြဲ႕မ်ား၊ ဆန္စပါး ပို႔ကုန္ကုမၸဏီမ်ား၊ ဆန္စက္မ်ား/ဆန္ကုန္သည္မ်ားစုေပါင္း၍ ၾသဂုတ္လႏွင့္ စက္တင္ဘာလမ်ားတြင္ ဆန္ေဈးႏႈန္းတည္ၿငိမ္ေရးႏွင့္ ျပည္သူမ်ားကို သက္သာေသာေဈးျဖင့္ ဆန္မ်ားေရာင္းခ်ေပးေရးကို ေဆာင္႐ြက္သြားမည္ျဖစ္ ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ အသင္းခ်ဳပ္အေနျဖင့္ အရန္ဆန္ အိတ္ေရ (၅၀၀၀၀) အပါအဝင္ ဆန္အိတ္ေရေပါင္း (၁၇၀၀၀၀) ကို ယခု ၾသဂုတ္လအတြင္း ေဈးကြက္အတြင္းထုတ္၍ ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

အဆိုပါ ဆန္အိတ္ေရ (၁၇၀၀၀၀)၌အရန္ဆန္အိတ္ေရ (၅၀၀၀၀)ႏွင့္ ဧည့္မထ/ရက္(၉၀) စသည့္ ဆန္အိတ္ေရ (၁၀၀၀၀၀)၊ ေပၚဆန္းမ်ိဳးစုံအိတ္ေရ (၂၀၀၀၀)တို႔ ပါဝင္ေၾကာင္းသိရၿပီး လိုအပ္ပါက ထပ္မံ၍ ထည့္သြင္းေရာင္းခ်ေပးမည္ျဖစ္ေၾကာင္း ဆန္းစပါး အသင္းခ်ဳပ္မွ အသိေပးထားသည္။

ထို႔ျပင္ ဆန္စပါးအသင္းခ်ဳပ္အေနျဖင့္ ယေန႔(ၾသဂုတ္လ ၇ ရက္)မွစတင္ကာ ‌သက္သာေသာေဈးႏႈန္းမ်ားျဖင့္ ေပၚဆန္း၊ ဧည့္မထဆန္မ်ိဳးစုံကို လမ္းမေတာ္- ဝါးတန္းဆန္စပါးကုန္စည္ဒိုင္ႏွင့္ ဘုရင့္ေနာင္ဆန္စပါးကုန္စည္ဒိုင္တို႔တြင္ ေရာင္းခ်ေပးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.